Monday 1 July 2013

ဒီမိုဝေယံ



Posted: 30 Jun 2013 04:15 AM PDT
မြှားဆိပ်ကိုသာ ဖြေပေးကြပါ 
 (ဆောင်းပါးရှင် မောင်ပါလ)

 ဆရာနဲ့ဒကာညီကြမှ ဆိုတဲ့စကားမှာ ဆရာဆိုတာဟာ ဗုဒ္ဓဘာသာဝင်ရဟန်း သံဃာတော်များကို ရည်ရွယ်တာဖြစ်ပြီး ဒကာဆိုတာ ဗုဒ္ဓဘာသာဝင် နိုင့်ငံထိပ်ပိုင်းအရာရှိများ၊ အစိုးရနဲ့အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊
အတိုက်အခံအဖွဲ့အစည်းများနှင့်
တကွ အောက်ခြေပြည်သူလူထုအားလုံး
ပူးပေါင်းပါဝင်မှုကို ရည်ရွယ်တာဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံ NLD
-------------------------
အတိုက်အခံပါတီ NLD ဟာ လွှတ်တော်ထဲကိုဝင်ပြီးတဲ့နောက်ပိုင်း ကြံ့ဖွတ်အစိုးရနဲ့
ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာပါတယ်။ ဘာတခုကိုမှ
အတိုက်အခံလုပ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ အစိုးရကိုပြောချင်ရင်တောင်မှ
နိုင်ငံခြားရောက်မှပြောတာ များပါတယ်။ ပြည်ပအတိုက်အခံတွေ
ပြင်းထန်တဲ့လူတွေတောင်မှ အတိုက်အခံက အတိုက်အခံအလုပ်မလုပ်တော့ဘူး၊
စစ်ခရိုနီတွေနဲ့ပေါင်းတယ်ဆိုတာကအစ ပြောရလောက်အောင်ကို
အစိုးရနဲ့ဆက်ဆံရေးကောင်းခဲ့ပါတယ်။ အတိုက်အခံဟာ ပြည်သူလူထုအကျိုးစီးပွားအတွက်
အစိုးရနဲ့ပေါင်းပြီးလုပ်သင့်ရင်လုပ်ရမှာပဲဆိုတဲ့ ထောက်ခံကြောင်းစတေးတပ်မျိုး
ကျနော်ကိုယ်တိုင် ရေးဖူးခဲ့ပါတယ်။ ဘဘဦးဝင်းတင်က အစိုးရဟာ
ယုံကြည်လို့မရသေးကြောင်း အခါအားလျော်စွာ ပြတ်ပြတ်သားသားပြောဆိုရင်း
အတိုက်အခံအနေအထားကို ကျားကန်ရပ်တည်ခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင် (သံဃာ့အဖွဲ့အစည်း) တွေ ပါဝင်ပတ်သက်လာမှု
----------------------------------------------------------
ရဟန်းတော်တွေဟာ များသောအားဖြင့် ဒကာ ဒကာမတွေရဲ့ လှူဒါန်းမှုတွေနဲ့
သမမျှတစွာရပ်တည်ပြီး သာသနာအကျိုးကို အေးချမ်းစွာသယ်ပိုးနေကြတာပါ။
(စုန်းပြူးတွေလည်း နေရာတိုင်းမှာရှိပါတယ်) ဒါပေမယ့် ရခိုင်ပြည်နယ်ဖက်က
ဘင်္ဂါလီတွေရဲ့ တိုင်းရင်းသားဖြစ်ခွင့်တောင်းဆိုမှုကအစပြုပြီး ရဟန်းတော်တွေရဲ့
ဘာသာ သာသနာအပေါ် စိုးရိမ်ကြောင့်ကြမှု ပေါ်လွင်ထင်ရှားလာပါတယ်။
ဘယ်ပြဿနာပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုမှာ အသိဥာဏ်ပညာ၊ အမျှော်အမြင်ရှိတဲ့
ခေါင်းဆောင်ဟာ ပိုမြင် ပိုတွေးမိလေ့ရှိကြပါတယ်။
ဖြစ်လာနိုင်တဲ့ဘာသာရေးပြဿနာတွေကို ဆင်ခြင်သုံးသပ်မိတဲ့ ထေရ်ကြီး ၀ါကြီး
ဆရာတော်ကြီးတွေကိုယ်တိုင်က အေးချမ်းစွာသာသနာမပြုနိုင်တော့ဘဲ
လောကုတ္တရာကိုဖယ်ခွာပြီး လောကီရေးအတွက် ခေတ္တအာရုံစိုက်လာရပါတယ်။

အဖွဲ့အစည်း (၀ါ) အ၀န်းအ၀ိုင်းတခုမှာ အပြင်စည်း၊ အတွင်းစည်းဆိုပြီး ရှိကြပါတယ်။
ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ သံဃာကအတွင်းစည်းဆိုရင် ဒကာကအပြင်စည်းအနေအထားမှာ
ရှိနေပါတယ်။ အပြင်စည်းမှာ အစိုးရ၊ အတိုက်အခံနဲ့ ပြည်သူလူထုအားလုံး ရှိနေပါမယ်။
အတွင်းစည်းက သံဃာတွေရဲ့ အေးချမ်းစွာမနေနိုင်ဘဲ စိုးရိမ်ကြောင့်ကြမှုရှိလာရတာ
အပြင်စည်းကတောင့်ခံမထားနိုင်တော့တဲ့ အကြောင်းရင်းပါပဲ။
ဒီလိုအပြင်စည်းကျိုးပေါက်နေတဲ့အချိန်မှာ ရဟန်းသံဃာတွေရဲ့ ပါဝင်ပတ်သက်မှုဟာ
အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်။

အတိုက်အခံခေါင်းဆောင်
------------------------
အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့အနာဂတ်ပါ။
သူမအပြင် မြန်မာပြည်သူလူထုမှာ ခေါင်းဆောင်တင်စရာ နောက်ထပ်လူမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်မှာ စံနှစ်မျိုးရှိပါတယ်။ တခုက သူမဟာ
မြန်မာပြည်သူလူထုအားလုံးရဲ့ လူထုခေါင်းဆောင်ပါ။ နောက်တခုကတော့ နိုင်ငံတကာရဲ့
လူ့အခွင့်အရေးစံပြ၊ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးဒီမိုကရေစီအိုင်ကွန်ပါ။
မြန်မာပြည်သားတွေရဲ့လူထုခေါင်းဆောင်တယောက်အနေနဲ့ တခါတလေမှာ
တိုင်းပြည်နဲ့လူထုရဲ့ အမျိုးသားအကျိုးစီးပွားကိုထောက်ချင့်ပြီး
နိုင်ငံတကာရဲ့လိုအပ်ချက်ကို လျစ်လျူရှုရတတ်ပါတယ်။
နိုင်ငံတကာရဲ့တောင်းဆိုမှုမှန်သမျှကို လိုက်လျောချင်တယ်ဆိုရင်လည်း
နိုင်ငံနဲ့လူထုရဲ့တချို့ အကျိုးစီးပွားကို မျက်ကွယ်ပြုရတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်
ခေါင်းဆောင်ကောင်းတယောက်ပါ။


ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်
-------------------------------
အစိုးရဟာ ရဟန်းသံဃာတွေကို တည်ကြက်လုပ်ပြီး နိုင်ငံရေးအကွက်ရွေ့တယ်။
အတိုက်အခံကိုထောင်ချောက်ဆင်တယ်။ ဒါဟာ စစ်အစိုးရတွေအဆက်ဆက်ရဲ့
လုပ်ထုံးလုပ်နည်းတခုလို့ပဲ သတ်မှတ်နိုင်တယ်။ ကျနော်တို့စဉ်းစားကြည့်ရအောင်ပါ
ဘယ်လိုအခြေအနေမျိုးမှာ အတိုက်အခံဟာ
ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်ထဲဝင်သွားနိုင်မလဲ။ လက်ရှိအနေအထားအရတော့
အတိုက်အခံဟာ ဘာသာရေးခေါင်းဆောင်တွေ (သံဃာအဖွဲ့အစည်း) နဲ့
သဘောကွဲလွဲစွာရပ်တည်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအတွက်
အင်အားချိနဲ့သွားမှာဖြစ်ပြီး ထောင်ချောက်ထဲဝင်သွားနိုင်မယ့် အနေအထားပါ။
(သာမာန်ပြည်သူတယောက်ရဲ့ ဥာဏ်မှီသလောက်စဉ်းစားမိတာမို့
မှားကောင်းမှားနိုင်ပါမယ်) မြန်မာပြည်သူလူထုအတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ
ဆိုးကျိုးတွေ မြောက်များစွာ ရင်ဆိုင်ကြုံတွေ့ရမှာပါ။

ဒါဖြင့်ရင် တခြားတဖက်ကနေ ပြန်ကြည့်ရအောင်ပါ။ အတိုက်အခံဟာ
ဘာသာရေးခေါင်းဆောင်တွေ စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့ကိစ္စတွေကို အရေးတယူ
ဂရုတစိုက်နဲ့ ပူးပေါင်းဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင်
ကြံ့ဖွတ်အစိုးရရဲ့ထောင်ချောက်ဟာ ဘာဆက်ဖြစ်လာနိုင်သလဲ။
အတိုက်အခံအပေါ်အကျိုးသက်ရောက်မှု ရှိနိုင်မလား။ မြန်မာပြည်သူလူထုအတွက်ရော
ဆိုးကျိုးတွေဖြစ်လာနိုင်မလား။ ဘာသာရေးခေါင်းဆောင်၊ အစိုးရ၊ အတိုက်အခံဆိုတာ
ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခပါ။ ဒီခေါင်းဆောင်တွေအားလုံးကပဲ
ကျနော်တို့ကျောမွဲပြည်သူလူထုတွေရဲ့ ဘ၀မြင့်မားတိုးတက်ရေး၊
လုံခြုံစိတ်ချမှုရှိရေးကို ဆောင်ရွက်ပေးနိုင်မှာပါ။
ဒီခေါင်းဆောင်တွေညီညွတ်ကြမှလည်း ကျနော်တို့မြန်မာလူထု စိတ်အေးချမ်းသာစွာနဲ့
ဝမ်းစာရှာဖွေစားသောက်နိုင်မှာပါ

မုန့်ဆီကြော်ဘယ်မှာလဲ
-----------------------
မျိုးစောင့်ဥပဒေဆိုပြီး ပေါ်လာတယ်။ ကောင်းတယ်လို့မထောက်ခံပါဘူး။
ဥပဒေပညာရှင်အနည်းငယ်နဲ့ ဘာသာရေးခေါင်းဆောင်တွေလောက်သာ
ပေါင်းပြီးရေးဆွဲထားတဲ့အတွက် ချို့ယွင်းချက် (၀ါ) အားနည်းချက် (၀ါ)
လက်မခံနိုင်စရာအချက်တွေအနည်းအများ ရှိနိုင်မှာပါ။ ဒီဥပဒေက
ဘယ်မှလည်းမရောက်သေးဘူး။ ဘာမှလည်းဖြစ်မလာသေးဘူး။ ဖြစ်လာချင်မှလည်းဖြစ်လာမယ်။

မိသားစုတစုမှာ သမီးမိန်းကလေးတယောက်လက်ထပ်တော့မယ် ဆိုပါစို့။ သားရှင်ဖက်က
ဘယ်လောက်လက်ဖွဲ့မလဲ၊ ဘာနဲ့တင်တောင်းမလဲ စိန်နဲ့လား၊ ရွှေနဲ့လား၊ တိုက်ပါလား၊
ကားပါလား။ သမီးရှင်ဖက်က ဒီလိုတောင်းဆိုတဲ့ထုံးစံရှိပါတယ်။ ဒီလိုထုံးစံဟာ
ကိုယ့်သမီးလေး တခြားမိသားစုဝင်တွေကြားထဲမှာ ဂုဏ်အားဖြင့်တင့်တယ်စေချင်တဲ့
မိဘတိုင်းရဲ့စေတနာပါ။ မိဘဆိုတဲ့နေရာမှာတောင် အမေနဲ့အဖေဆိုရင် အမေကပိုပြီး
သမီးအတွက်စိုးရိမ်ကြောင့်ကြမှုရှိပါတယ်။ မိခင်စိတ်ပါ။ လျစ်လျူရှုလို့မရပါဘူး။

မုန့်ဆီကြော်ကဘယ်ဆီနေမှန်းမသိသေးဘူး နှုတ်ခမ်းနာနဲ့တည့်ပါ့မလား ဖြစ်နေကြတယ်။
ဘာသာရေးခေါင်းဆောင်တွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို လျစ်လျူမရှုကြစေချင်ပါဘူး။
အကျိုးယုတ်စရာ မရှိတဲ့အတွက် ဂရုတစိုက်ရှိကြောင်း ပြတဲ့အနေနဲ့ ဥပဒေပညာရှင်တွေ၊
နှစ်ဖက်နိုင်ငံ့ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးပြီး
အကောင်းဆုံးအဖြေတခုကို ရှာသင့်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ သာသနာအတွက်
စိုးရိမ်ကြောင့်ကြမှုတွေကို လျော့နည်းစေချင်ပါတယ်။

သိက္ခာကျစရာလား
------------------
မိမိတို့နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကို စုပေါင်းဖြေရှင်းတာ၊
မိမိတို့ကိုးကွယ်တဲ့ ဘာသာ သာသနာကို စုပေါင်းကာကွယ်တာ၊ တိုင်းပြည် လူမျိုး ဘာသာ
အတွက် စုပေါင်းလုပ်ဆောင်ကြတာဟာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသိက္ခာကျ
လက်ညှိုးထိုးခံရစရာ မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်
အားလုံးတသားတည်းဖြစ်နေဖို့ ကြိုးစားတာဟာ နိုင်ငံနဲ့လူမျိုး ဂုဏ်တက်စရာသာ
ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေ
တယောက်တမျိုးကွဲပြဲပြီး ၀ါးအစည်းပြေသလိုဖြစ်နေမှသာ မြန်မာနိုင်ငံသားတွေအဖို့
အရှက်ရစရာ အဖြစ်မျိုးပါ။

မောင်ပါလ
၂၈.၆.၂၀၁၃
(လူပြိန်းတယောက် မရေးရမနေနိုင်လွန်း၍ ရေးသည်)
Posted: 29 Jun 2013 07:34 AM PDT
ယနေ့ ဒီမိုဝေယံသို့ တိုင်ကြားစာ..

 တရုတ်ပိုင် ကုမ္ပဏီတွင် အန္တရာယ်ရှိသော အလုပ်များ စေခိုင်းပြီး မတရား အလုပ်ထုတ်ခံခဲ့ရတဲ့ အသက်မပြည့် မိန်ခလေးများ၏ နစ်နာမှုအား (တိုင်ကြားစာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးစက်မှုဇုန်(၁) မြ၀တီမင်းကြီး ကျောင်းတိုက်လမ်းတွင်
တရုတ်ပြည်မ လာရောက် ရင်းနှီးမြုပ်နှံသော တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီရှိနေပါတယ်။ တရုတ်လူမျိုးတွေက မြန်မာ ဗီဇာနဲ့နေတယ်လို့ပြောပါတယ်။

သက်တန့်နီယွန်ဆိုတဲ့ ဆိုင်းဘုတ်ကလည်း စစ်ဆေးရေးတွေလာမှ တပ်ဆင်ထားလေ့ရှိတယ်လို့သိရပါတယ်။
လျှပ်စစ်မီးသီးပြုလုပ်ရန် မိန်းခလေးတွေကို ခိုင်းစေပါတယ်။ မီသီးတွင်ပါရှိသော ခဲဂဟေဆော်တဲ့ အလုပ်လုပ်ကြရပါတယ်။ ခဲဆော်တဲ့နေရာမှာ ထင်းရှူးဆီသုံးပြီး ခဲဆော်ရမှာဖြစ်ပေမယ့် ပြင်းလွန်းတဲ့ဓါတု
အက်စစ်တမျိုးသုံးပြီး ခဲဆော်ခိုင်းပါတယ်။

မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီယူလာ
ခဲ့ရင်တောင်မှ တရုတ်တွေက လာသိမ်းသွားပါတယ်။ ကျမ္မောရးစောင့်ရှောက်မှု လုံးဝမရှိပါဖူး အကာအကွယ်အနေနဲ့လက်အိပ်နဲ့ ခေါင်းစွပ်ဆိုတဲ့ ပေါပေါရနိုင်တာတောင် မပေးပါ ဖူးလို့ မလှိုင်မြို့ညောင်ကန်ကျေးရွာမှ လာရောက်လုပ်နေကြတဲ့မိန်းခလေးအလုပ်သ
မားတွေကပြောပါတယ်။ နေစရာပေးထားပေမဲ့ မီး၊ရေအသုံးပြုခ လုပ်ခကနေဖြတ်
တောက်ပါတယ်။ မိုးရွာရင်မိုးမလုံလို့မအိပ်ရဖူးလို့ သိရှိရပါတယ်။ သုံးရက်လုပ်ခ
လေးထောင်ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို
ကြတောင်းဆိုကြတော့ နောက်နေ့ကစပြီးလာစရာ မလိုတော့ ဘူးဆိုပြီး တမင်သက်
သက် အလုပ်ထုတ်လိုက်ပါတယ်။

တိုင်ချင်ရာတိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနာမည် ယူထားတဲ့ ကျော်ဝင်းထွန်းက တွန်းထုတ်ရင်းဆိုတယ်လို့သိရပါတယ်။ အလုပ်
ထုတ်ခံရတဲ့  မိန်ခလေးများမှာ

-အသက်(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင်
ညောင်ကန်မလှိုင်မြို့။

 အသက်(၁၃)နှစ်ထဲကလုပ်နေတဲ့မခိုင်မွန်ဟန်-ဘ-ဦကြည်
လင် ညောင်ကန် မလှိုင်မြို့။

အသက်(၁၆)နှစ်ထဲက ၀င်ရောက်လုပ်နေတဲ့မလှလှဝင်း
-ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၂)ခွဲလောက်ထဲကလုပ်နေတဲ့
မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၆)နှစ်ထဲကလုပ်တဲ့
မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။

အသက်(၁၆)နှစ် ထဲကလုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊မလှိုင်မြို့။

အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်ကန်မလှိုင်မြို့။

အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်ညို ညောင်ကန်၊မလှိုင်မြို့။

အသက်(၂၂)ခွဲထဲကလုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ ညောင်ကန်မလှိုင်မြို့။

အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊မလှိုင်မြို့။

အသက်(၁၆)နှစ်ခွဲထဲကလုပ်တဲ့မမိုးမိုး  ဘ-ဦးမင်းလှိုင် ညောင်ကန်မလှိုင်မြို့။ တို့
(၁၁)ဦးမှာအလုပ်သမားနစ်နာရမှုတို့ကိုမြ၀တီဆရာတော်နှင့် တပည့်ဒါယကာ
ဦးဘိုကြိုင်(၀မ်းတွင်း)တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါမီးသီးသွင်းလုပ်ငန်း
၏ ရက်ရက်စက်စက် အလုပ်ထုတ်ခံရသော နစ်နာမှုတို့ကိုသမ္မတကြီးနှင့် နိုင်ငံတော်
အဆင့်လူကြီးများထံ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးပါရန် အကူအညီတောင်း
ခံလာကြောင်း သတင်းရရှိပါတယ်။

မိန်းကပလေး အများစုမှ ခဲဆိပ်များကြောင့်လည်း ကျမ္မရေးချို့တဲ့နေရ
တယ်လို့သိရပါတယ်။

မေးမြန်း ဆက်သွယ်ရန် ..မြ၀တီဆရာတော်
၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။

ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။

တို့ကိုမေးမြန်းနိုင်ပါတယ်။

အမှန်တရားလိုလားသူ..
Posted: 29 Jun 2013 07:15 AM PDT
ဖေ့စ်ဘွတ်ခ်ပေါ်မှ သာသနာအနှစ်(၄)ထောင် ပညာရှင်များသို့

ဒီနေ့ တွေးမိတွေးရာ တွေးမိရင်းက လယ်တီဆရာတော်ကြီးရဲ့ တရားတပုဒ်ကို သွားသတိရမိတယ်...။

တခါက ဘုန်းကြီးကျောင်း ၁ခုမှာ ကိုရင်(၂)ပါး စကားများရန်ဖြစ်နေရာ ကနေ နပန်းလုံးတဲ့ အထိ ဖြစ်လာတော့...။ ကျောင်းထိုင်ဆရာတော်က ကိုရင်(၂)ပါးကို ခေါ်မေးသတဲ့..။ ဘယ်လိုကနေ ဘယ်လို နပန်းလုံး အထိ ရန် ဖြစ်ရတာလဲပေါ့...။ ဒီတော့ ကိုရင်(၂)ပါးက တပါးဆီလျှောက်ထားကြသတဲ့..။ တပါးက တပည့်တော်က ဘုရားရှင် သာသနာတော် အနှစ်(၅)ထောင်လို့ ဆိုပါတယ်ဘုရား..။ ကျန်တပါးက ဆက်ပြောသတဲ့ တပည့်တော်က ဘုရားရှင် သာသနာတော် အနှစ်(၄)ထောင်လို့ ဆိုတာပါဘုရား အဲ့ဒီကနေ သူမှန်တယ် ငါမှန်တယ် ငြင်းခုံရင်းနဲ့ နပန်းတတ်လုံးတဲ့အထိ ဖြစ်လာတာပါဘုရားလို့ ဆိုသတဲ့..။

ဒီတော့ ဆရာတော်ကြီးက သာသနာ အနှစ်(၄)ထောင်လို့ ဆိုတဲ့ ကိုရင်ကို မင်းသွားနိုင်ပြီလို့ ဆိုပြီး ကျန်တဲ့ သာသနာတော် အနှစ်(၅)ထောင်လို့ ဆိုတဲ့ကိုရင်ကိုတော့ မြေမှာမှောက်ခိုင်းပြီး ကြိမ်နဲ့ သုံးချက် ရိုက်သတဲ့..။
ဒီတော့ သာသနာအနှစ်(၅)ထောင်လို့ ဆိုတဲ့ ကိုရင်က အရှင်ဘုရား ဘုရားသာသနာ အနှစ်(၅)ထောင်လို့ တပည့်တော် အမှန်အတိုင်းပြောတာ ဘာကြောင့် တပည့်တော်ကို အပြစ်ပေးရတာလဲပေါ့..။ ဒီတော့ ဆရာတော်ကြီးက သာသနာအနှစ်(၅)ထောင်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်..။ ဒီလိုဗုဒ္ဓဘာသာဝင်တိုင်း သိတဲ့ သာသနာအနှစ်(၅)ထောင် ကိုတောင် မသိတဲ့ လူမိုက်နဲ့ ရန်ဖြစ်တယ်ဆိုတော့ မင်းလည်း လူမိုက်နဲ့ အတူတူပဲပေါ့လို့ ဆုံးမတော်မူသတဲ့..။

ဒီနေရာမှာ ဘာစဉ်းစားမိသလဲ ဆိုတော့ တချို့သော ဖေ့စ်ဘွတ်ခ်ပေါ်က ပညာရှင်တွေ ဘာသာအပေါ် အမည်ပြောင်းလိုပြောင်း သာသနာအပေါ်၊ သံဃာတော်တွေ အပေါ်မှာ ဝိနည်းကိုက်မကိုက် ဘယ်လို နေထိုင်သင့်တယ် ပြုမူသင့်တယ် စာအုပ်ကိုင်ပြီး ဘုန်းကြီးစုံထောက် ပမာ ပြောဆိုနေကြတာ မြင်ကြတော့.. သာသနာ အနှစ်(၄)ထောင် ကိုရင်လို ပညာရှိတွေက သာသနာ အနှစ်(၅)ထောင် သံဃာတော်တွေကို စာပြန်ချနေသလားလို့...။

ဆီသည်လည်း ဆီသည်အလျောက် ကျွမ်းကျင်ရာ လိမ်မာသလို အိုးသည်လည်း အိုးသည်အလျောက် ကျွမ်းကျင်ရာ လိမ်မာကြတာပါပဲ...။ နေရာတကာမှာတော့ ပဲခူးဆားလုပ်နေလို့ မရဘူးပေါ့...။

ဒီနေရာမှာ မသိလို့ ပြောတာနေမှာပါ၊ လုပ်တာနေမှာပါဆိုတဲ့ စကားကိုလည်း ပြန်စဉ်းစားကြည့်ကြရအောင်...။ လူ့ပတ်ဝန်းကျင်မှာတော့ မသိလို့ ပြောတာနေမှာပါ၊ လုပ်တာနေမှာဆိုတဲ့ စကားနဲ့ မသိလို့ လုပ်တဲ့ လူကို သာမန်သဘောနဲ့ တော်ရုံတန်ရုံ အပြစ်မမြင်တတ်ကြပါဘူး...။ သို့ပေတည့် ဘာသာရေးအပိုင်းမှာတော့ မသိလို့လုပ်မိတာပါ၊ ပြောမိတာပါဆိုတဲ့ သူဟာ သိလို့လုပ်တဲ့သူ၊ ပြောမိသူထက် အကုသိုလ်ပိုဖြစ်တယ်ဆိုရင် လက်ခံနိုင်ကြမလားပဲ..။
ဘာကြောင့်ဆိုတော့ ဘယ်ဟာကုသိုလ်၊ ဘယ်ဟာ အကုသိုလ်ဆိုတာကိုတောင် မသိပဲလုပ်တဲ့ အတွက် ပိုပြီးအကုသိုလ် ဖြစ်စေပါတယ်..။ ဥပမာ
မြွေဟာအကောင်သေးပေမယ့် အန္တရာယ်ရှိတယ် ဆိုတာတောင် မသိ၊ ဗဟုသုတမရှိတဲ့ အတွက် မသိလို့လုပ်တာ ပိုဆိုးပါတယ်။

ဆီသည်လည်း ဆီသည်အလျောက် အိုးသည်လည်း အိုးသည်အလျောက် မိမိကျွမ်းကျင်ရာမှာ လိမ်မာကြတာပါ။ နေရာတကာမှာ ကိုယ်သိ ကိုယ်တတ်ဆိုပြီး လုပ်လို့မရပါ...။ သာသနာအနှစ်(၄)ထောင် သမားတွေနဲ့ အပြိုင် ငြင်းခုံရန်ဖြစ်နေရင်တော့ ကိုယ်လည်း ကိုယ်လည်း(၄)ထောင်တန်နဲ့ အဆင့်တူ ဖြစ်သွားလေမလားပဲ..။ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားသိမြင်ပြီး သာသနာတန်ဘိုး ထားနိုင်ကြပါစေ..။

တွေးမိတွေးရာလေးပါ... ဆိုကရေတီးရဲ့ စကားလို ကျွန်တော်ဘာမှ မသိသေးဘူးဆိုတာ ကျွန်တော်သိတာပါပဲလို့ ခံယူထားပါတယ်..။

အားလုံးကို လေးစားစွာဖြင့်..

ဒီမိုဝေယံ

ဓာတ်ပုံကတော့ ဖားအောက်တောရမှာ တရုတ်နိုင်ငံက လာရောက် ကိုရင်ဝတ်တဲ့ ကိုရင်ငယ်လေးပါ.. (အားလုံး ငြိမ်းအေးကြပါစေ)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment