Posted: 15 Jul 2013 08:32 AM PDT
ဗြိတိန်နိုင်ငံ (UK) သို့ ရောက်ရှိနေသော မြန်မာ သမ္မတအား တိုင်းရင်းသား ဒေသတွင် ရှိသည့် အစိုးရ တပ်ဖွဲ့များ ရုတ်သိမ်းပေးရန်အတွက် ဖိအားပေးပါရန် UK နိုင်ငံရောက် ကရင် တိုင်းရင်းသား များက ၀န်ကြီးချုပ် ဒေးဗစ်ကမ်းမရွမ်ထံ စာရေးပြီး တောင်းဆို ခဲ့ကြသည်ဟု စာရေး တောင်းဆို မှုတွင် ပါဝင်သော နော်ထူးခုဆာ့စေးက ဆိုပါသည်။ "အရင်က တောင်းဆို မှုတွေကို ကြည့်ရင် အတိအလင်း ချက်ချင်း လိုက်လုပ် ပေးတာမျိုး မရှိပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေ သလို လုပ်ဆောင် ပေးတာမျိုး ရှိခဲ့တယ် ဒါကြောင့် ဒီတစ်ခေါက် တောင်းဆို မှုကိုလည်း လိုက်လုပ် ပေးမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ တောင်းဆိုချက်တွေကို မလုပ်ဆောင်ပေးဘူး ဆိုရင် ကျမတို့ လုပ်သင့် လုပ်ထိုက် တာတွေ ဆက်လုပ် သွားဖို့ ရှိပါတယ်" ဟု ဆိုပါသည်။ တောင်းဆို စာတွင် ပါဝင်သော အချက်များမှာ (၁) ကရင်ပြည်နယ်၌ ရှိသော အစိုးရ စစ်တပ်များ ရုပ်သိမ်းပေးရန်။ (၂) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာ ပေးရန်နှင့် (၃) တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် နိုင်ငံရေး အရ ဆွေးနွေးပွဲကို အမြန်ဆုံး အကောင်အထည် ဖော်ရန် တို့ဖြစ်ပါသည်။ ထို့အပြင် KNU နှင့် အပစ်အခတ် ရပ်စဲထားသော်ငြားလည်းကရင်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မ လုပ်အားစေခိုင်းခြင်းများနှင့် မတရား ညှင်းပမ်း နှိပ်စက်မှုများ ရှိနေဆဲပင် ဖြစ်ကြောင်း၊ လူအခွင့်အရေး ချိုးဖောက်ရာ တွင်လည်း အစိုးရစစ်သား တစ်ဦးချင်း အနေဖြင့် ကျူးလွန်တာမျိုး မဟုတ်ပဲ ပေါ်လစီတစ်ရပ်အနေဖြင့် အကောင် အထည်ဖေါ်လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း တိုင်စာတွင် ရေးသား ထားပါသည်။ ဤကဲ့သို့ ဗြိတိန် နိုင်ငံရောက် ကရင် လူမျိုး များက တောင်းဆို နေသလို ဗြိတိန် ပါလီမန် အမတ်များကလည်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသည့်အခါ မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး ချိုးဖောက် မှုများအပေါ် အလေးပေး ဆွေးနွေးကြရန် လိုအပ်သည်ဟု ဗြိတိန် ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့အား တိုက်တွန်းခဲ့ပါသည်။ ထို့သို့ တောင်းဆိုသည့် အပြင် မြန်မာ့ ဒီမိုကရေစီရေးအတွက် ဗြိတိန် ပါလီမန်ရှိ ပါတီပေါင်းစုံ စုဖွဲ့ထားသည့် All-Party Parliamentary Group(APPG) ကလည်း ကြေညာချက် ထုတ်၍ တောင်းဆို ထားပါသည်။ UK နိုင်ငံရောက် ကရင် တိုင်းရင်းသား များသည် ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေကို အကြောင်းပြုပြီး နှစ်စဉ် (၄) ကြိမ်ခန့် ဗြိတိန် အစိုးရအား စာရေး တောင်းဆိုခဲ့ပါသည်။ UK နိုင်ငံရောက် ကရင်အမျိုးသားများ အဖွဲ့အနေဖြင့်UK နှင့် မြန်မာ နိုင်ငံအကြား အကျိုးစီးပွားဖက် နိုင်ငံအဖြစ် ဆက်ဆံရေး ထားရှိမှုကို ထောက်ခံကြောင်း၊ ၄င်း ဆက်ဆံ ရေးသည် မြန်မာ့ ပြုပြင် ပြောင်းလဲမှုအား၊ ရှေ့ဆက်နိုင်ရန် တွန်းအား တစ်ရပ် ဖြစ်သင့်ကြောင်းကို လိုလား သော်လည်း လက်ရှိ အခြေအနေတွင် သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သော ပြုပြင် ပြောင်းလဲရေးကို လိုလား ဆောင်ရွက်သူ အဖြစ် ကြိုဆို လက်ခံ ရန်မှာ စောလွန်း သေးကြောင်း ၄င်းတို့၏ ကြေငြာချက်တွင် တောင်းဆို ထားပါသည်။ UK နိုင်ငံတွင် ကရင် တိုင်းရင်းသား (၅၀၀) ခန့် ရှိနေပြီး၊ လူမှုဒုက္ခသည်ဘ၀နှင့် ပညာရေး လေ့လာမှုများဖြင့် ရောက်ရှိ နေကြကြောင်း UK နိုင်ငံရောက် ကရင်အမျိုးသားများ အဖွဲ့၏ ဥက္ကဋ္ဌ နော်ထူးခုဆာ့စေးက ပြောကြားခဲ့ပါသည်။ http://www.burmese.phophtawnews.org/ |
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
No comments:
Post a Comment