Sunday 15 September 2013


အလိုတော်ပြည့်ဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာသာရေးကိစ္စဆွေးနွေး"

 RFA Burmese'

ရန်ကုန်တိုင်း တာမွေမြို့နယ် အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒ န္တအရိယ၀ံသကို ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။

အဲ့ဒီလိုဖူးမျှော်ရင်း ဆရာတော်နဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဘာသာရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အလိုတော်ပြည့် ဆရာတော်ရဲ့ လက်ထောက်ဆရာတော်အရှင်ဦးကုမာရက RFA ကို မိန့်ကြားပါတယ်။

"နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်း လူမူရေး၊ဘာသာရေး၊ပရဟိတတွေကို ဆရာတော်ကြီးနဲ့ ဆွေးနွေးဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့ ပက်သက်တဲ့ ကိစ္စကတော့ ဒီလိုဖြစ်တာ တစ်နှစ်ကျော်သွားပြီပေါ့၊ဒီလိုဆက်သွားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံ တည်ထောင်နေတဲ့ အချိန်မှာ ထိခိုက်တာတွေ မဖြစ်အောင် ပြည်သူလူထု၊နိုင်ငံရေးပါတီနဲ့ဘာသာရေးခေါင်းဆောင်တွေ ဖော်ဆောင်မှ ငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်နိုင်မယ်ဆိုတာ ဆွေးနွေးဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာတော်ဆီ တင်ပြလျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆရာတော်ကို ဒေါ်အောင်ဆန်းစုကြည်က သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး အလိုတော်ပြည့်ဘုရားတစ်ဆူကို ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ဖို့ ဆရာတော်က ပေးလိုက်တယ်လို့လည်း သိရပါတယ်။
BY ရဲရင့်(ကနေဒါ) ... 9/08/2013




--
http://www.burmaburo.blogspot.com

No comments:

Post a Comment