Thursday 5 September 2013

တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတို.အတွက် နေရာ








Posted: 04 Sep 2013 03:57 PM PDT
တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတို.အတွက် နေရာ
=====================================
အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင်ရေဝေးပို့ မယ်။ ထိန်ပင်ဆိုရင် "အင်" ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။
သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။သိပ်ရင်းမှ.. အင်း..။

မနေ့ ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့ တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်ကအဘဗိုလ်ဇင်ယော်ရဲ့ အိမ်ရောက်တော့ သူ့ အိမ်မှာ စကားပြောဖြစ်တယ်။
သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာသင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊
ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့ တယ်။ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ် နောက်ခံနဲ့ 
ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာအုတ်ဂူ သားသားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ ခဲ့ရပါတယ်။
အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။ထိန်ပင်မှာ တဲ့။

ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကားခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။ ဈေးမပြောဘူး၊
မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့ မောင်းပေးရင်တစ်နာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။

ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာ
ရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာလောက်သွားရင်အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေးရှိတယ်။ မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာလူသွားလမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေအုတ်ဂူလေးတွေ စတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။

ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊နောက် ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီး
မုဆိုးဝတ္ထု စာရေးဆရာပေါ့) နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )
ဆိုတာ ဖတ်လို့ ရတယ်။

နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့အကောင်းသား။ ကြံတောမှာတုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့ ။
ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ ပါ။ တာဝန်ရှိတယ်ထင်ရင်၊တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။

ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊ကမ္ပည်းလေးတစ်ချပ်လောက်များ ရှိလေမလားလို့ ။

ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးကဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့
ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ်ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်က ဟာမမတ်စု (Hamamatsu) တဲ့၊
ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။

ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာချစ်ကြည်ရေးကျောက်စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို
ရေးထားတယ်။ "ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ" တဲ့။အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။

ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည်တစ်သိန်းခြောက်သောင်းခုနစ်ထောင်ကျော်ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာကဒီအထိမ်းအမှတ်လေးဟာ ဗမာပြည်
စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည်
တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်တဲ့။

ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့ အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာ
ဗိုလ်မှူးကြီး ဆူဇူကီးနဲ့  လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ ဝှက်အစီအစဉ်ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။

အားတော့နာတယ်။ အဲဒီတုန်းကသူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။

ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။
ခုတော့..မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့လိုက်ပို့ တဲ့ညီငယ်က "အစ်ကို ခြေထောက်ဆေးဦးလေ" တဲ့။ ဟုတ်သားဘဲ။

ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က "ဆံပင်ဝယ်သည်" လို့ ဆိုင်းဘုတ်အကြီးကြီး ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေး
ကြားလိုက်ရတယ်။

"ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်...
တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်...
သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်..." တဲ့.....။

ကျော်ကျော်
(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁)
Posted: 04 Sep 2013 08:32 AM PDT
သူတို့မေ့ပြစ်လိုက်ပါပြောသော မနက်ဖြန်စက်တင်ဘာ (၅)ရက်နေ့မှာကျရောက်တော့မည်။ ၆နှစ်ပြည့် ပခုက္ကူရွှေဝါရောင်တော်လှန်ရေးသို့။

၂ဝဝ၇ စက်တင်ဘာ (၅) ရက် ပခုက္ကူသံဃာ အရေးအခင်း မတိုင်ခင် သြဂုတ်လ (၂၁)ရက်နေ့ ညမှာ ကတည်းက အာဏာရှင်စစ်အုပ်စုက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

သြဂုတ်လ (၂၂)ရက်နေ့ကနေ ၂၅-၂၆ နေ့တွေလောက် အထိ ရန်ကုန်မြို့ နေရာအနှံ့မှာ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေးနဲ့ မနော်အုန်းလှတို့ ဦးဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ထွက် ခဲ့တယ်။

အဲဒီဆန္ဒပြပွဲတွေမှာ အန်အယ်လ်ဒီ လူငယ်တွေနဲ့ လက်ရှိ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အင်နဲ့အားနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို အာရှင်စစ်အုပ်စုက စစ်တပ်၊ လုံထိန်း၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ လက်ကိုင်တုတ်တွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ အများအပြား ဖမ်းဆီးခံကြရပါတယ်။ အသတ်ခံခဲ့ရတယ်။ဒီနေ့မျိုးသမိုင်းတွေကိုမေ့ခိုင်တာလောက်အသဲနှာတာမရှိဘူး။လူငယ်များကို တစ်ခုလောက်တော့ မေတ္တာရပ်ခံပါရစေ။
ဦးဇင်းမျက်လုံးထဲမှာ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရွှေတိဂုံဘုရားမှာ၊ ဆူးလေမှာ တလူလူ လွှင့်ထူခဲ့တဲ့ သာသနာအလံ တော်များကိုပြန်မြင်ယောင်နေမိပါတယ်။ ဦးဇင်းတို့ဟာ ကြက်သီးဖြန်းဖြန်း ထလောက်အောင် ကျေနပ် အားရစရာ ကောင်းလှတဲ့သမိုင်းတခုကိုစတင်ခဲ့တာပါ သွေးနဲ့ရင်ပြီးရခဲ့တဲ့ ဒီသမိုင်းကို ဘယ်တော့မှာမလုပ်ပါနဲ့လို့လာမပြောကြပါနဲ့ကိုယ်ပိုင်းလွတ်လပ်ခွင့်နဲ့ကိုယ်ဘာသာကိုယ်လုပ်ကြပါ။

စက်တင်ဘာ (၁၈) ရက်နေ့ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြတာကနေစပြီး ကျောင်းသားပြည်သူတွေဟာ ဒီမိုကရေစီတိုက်ပွဲထဲ ပါဝင်လာခဲ့ကြတာပါ။ စက်တင်ဘာလ (၂၄)ရက်နေ့မှာ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်တဲ့ အထွေထွေသပိတ်ကြီး စတင်လိုက်ပါတယ်။

ဒါပေမဲ့ အထွေထွေသပိတ်ကြီးရဲ့ ပထမနေ့ စက်တင်ဘာ (၂၄)မှာပဲ ရွှေတိဂုံ အရှေ့မုခ်၊ ကြေးသွန်းဘုရား သပိတ်စခန်းကနေ ရန်ကုန်မြို့တွင်း လှည့်လည်ဖို့ တန်းစီကြတဲ့ အချိန်မှာပဲ ကျောင်းသားလူငယ် အင်အားထု တခုက ခွင့်ပန်လာတဲ့ 'အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှု' ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သံဃာ့ ဦဆောင်ကော်မတီကို တင်ပြခဲ့ရာမှာ သံဃာတော်တွေက ခွင့်ပြုလို့ ကျောင်းသား လူငယ်တွေဟာ အားမာန် အပြည့်နဲ့ ကိုင်ဆောင် လှည့်လည် နိုင်ခဲ့ကြပါတယ်။

အထွေထွေသပိတ်ကြီးရဲ့ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ နံနက်မှာတော့ ကျော်ကိုကိုတို့ ဗကသ ကျောင်းသား အင်အားစုက သမိုင်းဝင် ခွပ်ဒေါင်းအလံကို လွှင့်ထူခွင့် တောင်းခံ လာပါတော့တယ်။ သံဃာ့ ကော်မတီကို လျှောက်ထား လိုက်ပြန်တဲ့ အခါမှာတော့ 'ဒါ သိပ်အရေးကြီးတဲ့၊ သိပ်လိုအပ်တဲ့ ကိစ္စပဲ ဒကာကြီး' လို့ သံဃာတော်တွေက ပြတ်ပြတ်သားသား မိန့်ခဲ့တာပါ။
ဒီလို့သမိုင်းတွေကို ဟိုဟာ မလုပ်ပါနဲ့ဒီဟာမလုပ်ပါနဲ့လာမပြောကြပါနဲ့ကိုယ်တိုင်းခံစားတက်တဲ့ နှလုံးသားမရှိသူတွေနဲ့စကားမပြောချင်းဘူး။

စက်တင်ဘာထာဝရ။
Posted: 04 Sep 2013 08:30 AM PDT
(Bangkok Post မှ 3 Sep 2013 ရက်စွဲပါ "Yangon to get 1000 new hotel rooms"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်တွင် ယခုနှစ်အတွင်း နိုင်ငံတကာအဆင့်မှီပာိုတယ်ခန်း ၁၀၀၀ ခန့်အသစ်တိုးလာမည် ဖြစ်သော်လည်း လိုအပ်ချက်ကြီးထွားနေမှုကို ပြည့်မှီရန် မလုံလောက်သေးကြောင်း နာမည်ကျော် အိမ်ခြံမြေ ကုမ္ပဏီက အင်္ဂါနေ့တွင်ပြောကြားသည်။

လက်ရှိဆောက်လုပ်နေဆဲ အခန်းသစ်များကြောင့် ဧည့်သည်လက်ခံနိုင်စွမ်း ၆၅ ရာခိုင်နှုန်းရှိလာမည်ပာု Jones Lang Lasalle အိမ်ခြံမြေကုမ္ပဏီက ထုတ်ပြန်သောအစီရင်ခံစာကဆိုပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်တွင် ပာိုတယ်ခန်းပေါင်း ၉၁၀၀ ခန့်ရှိပြီး ၎င်းတို့အနက်၅၀၀ ခန့်ကို နိုင်ငံတကာအဆင့် မှီကြောင်း သတ်မှတ်ထားသည်။

"၂၀၁၃ မှာ နိုင်ငံတကာအဆင့်မှီ ပာိုတယ်ခန်းအသစ်တွေ သိသိသာသာတိုးလာပေမယ့် အရေအတွက် နည်းတဲ့အတွက် စံချိန်မှီပာိုတယ်ခန်းလိုအပ်ချက် ကြီးထွားနေတာကို ဖြည့်ဆည်းနိုင်စွမ်း ရှိလိမ့်မည် မပာုတ်"ပာု ကုမ္ပဏီဒုတိယအကြီးအကဲ အင်ဒယူးလန်ဒန်က ပြောကြားသည်။

အရှေ့တောင်အာရှတွင် ခေါင်းပြူနေသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် စစ်အာဏာရှင်ပုံရိပ်ကိုခွာချနိုင်ခဲ့သောကြောင့် ပြည်ပခရီးသွားများ လှိမ့်ဝင်လာကာ ၃ နှစ်အတွင်း ရန်ကုန်ပိာုတယ်ခန်း နှုန်းထားများ ခုန်တက်သွားခဲ့သည်။

မနှစ်က ဧည့်သည် ၅၅၉,၆၀၁ ရောက်ရှိလာခဲ့ရာ အရင်တစ်နှစ်ကထက် ၅၅.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အများစုမှာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှ ဝင်ရောက်လာကြခြင်းဖြစ်သည်။

"ဒီနှစ်မကုန်ခင် ခရီးသွားရာသီအတွက် ရန်ကုန်ပိာုတယ်ခန်းဘွတ်ကင်တွေ ပြည့်လုနီးပါးဖြစ်နေပြီဆိုတော့ ၂၀၁၃ လက်ကျန်ကာလမှာ ဧည့်သည်ဝင်ရောက်မှု အားကောင်းနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်"ပာု အင်ဒယူး လန်ဒန်ကဆိုပါသည်။

ထို့အပြင် လာမည့် ၂၀၁၄ မှ ၂၀၁၇ အတွင်း နောက်ထပ်ပာိုတယ်ခန်း ၄၇၀၀ ခန့်ပြီးစီးအောင် စီစဉ်ဆောင်ရွက်နေကြပြီး နိုင်ငံတကာပိာုတယ်ကွန်ယက်အုပ်စုကြီးများလည်း ပါဝင်ကြသည်ပာု အဆိုပါကုမ္ပဏီက ပြောကြားသည်။

လာမည့်နှစ်တွင် Hilton အုပ်စုက အခန်း ၃၀၀ ပါ Hilton Yangon ပိာုတယ်နှင့် ပြင်သစ် Accor အုပ်စုက ၃၆၆ ခန်းပါ Novotal Yangon Max ပာိုတယ်တို့ကို ဖွင့်လှစ်သွားမည်ပာု သိရှိရသည်။

Yangon chronicle
Posted: 04 Sep 2013 08:21 AM PDT
ယနေ့ ကမ္ဘာကြီးပူနွေးလာမှုနှင့် စက်မှုသိပ္ပံများ ထွန်းကားလာမှုတို့ကြောင့် ရာသီဥတုပြောင်းလွဲ ဖောက်ပြန်မှုများ၏ဒဏ်ကို လူသားတို့တစ်ရပ်လုံး ခံစားနေကြရပြီဖြစ်သည်။ ထိုထက်ပို၍ဆိုးသည်မှာ သောက်သုံးရန်သင့်လျှော်သော ရေကောင်းရေသန့်ရရှိရန် ခက်ခဲလာခြင်းဖြစ်သည်။ "နောက်နှစ် အနည်း ငယ်အတွင်း ရေကြောင့်နိုင်ငံအချင်းချင်း စစ်ခင်းကြမည်" ဟူ၍ ပညာရှင်တို့ မိန့်ဆိုနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း သတ္ထုမိုင်းများ နည်းစနစ်မကျစည်းကမ်းမဲ့စွာ လောဘတကြီး ထုတ်ယူနေမှု၊ စိုက်ပျိုး ရေးလုပ်ငန်းများတွင် ဓာတုအဆိပ်ပါသော ပိုးသတ်ဆေးများ အလွန်အကျွံ အဆမတန် သုံးစွဲနေမှုတို့ ကြောင့် ရေထုညစ်ညမ်းမှုများ ဆိုးရွားစွာ သက်ရောက်ခံနေရပြီဖြစ်သည်။ ယနေ့ အာရှတိုက်၏ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်သော အင်းလေကန်နှင့် ဧရာဝတီမြစ်တို့တွင် ရေထုထဲ၌ လူ၏အသက်ကို အန္တရာယ်ပေးနိုင်သော အာဆင်းနစ် အဆိပ်ဓာတ်များပါဝင်မှု မြင့်တက်နေသည်ကို တွေ့ရှိရသည်။ ထိုသည် ကား လူတို့ပြုလုပ်သော ဆန်းသစ်သည့်နည်းပညာ၏ ဘေးထွက်ဆိုးကျိုးများကြောင့် လူတို့အား ဒုက္ခပြန် ပေးခြင်းဖြစ်သည်။ ထို့ကြောင့် နည်းပညာ၏ ဘေးထွက်ဆိုးကျိုးများကို ထိုနည်းပညာနှင့်ပင် ပြန်လည်၍ ကာကွယ်ချေဖြတ်ကြရမည်ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် အများပြည်သူတို့ ကြုံတွေ့ခံစားနေရသော ရေဘေး၊ မီးဘေး၊ လေဘေး၊ သဘာဝဘေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှု ပြဿနာများအား အလှူရှင်များနှင့် လက်တွဲကာ ဖြေရှင်းပေးနေရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသတို့တွင် သန့်ရှင်းသော သောက်/သုံးရေရရှိရေးအတွက် စက် ရေတွင်းများ တူးဖော်ပေးခြင်း၊ သောက်ရေကန်များ တူးဖော်ပြုပြင်ခြင်း၊ ရေပိုက်များ သွယ်တန်းပေးခြင်း အစရှိသည့်လုပ်ငန်းများအား ကူညီလုပ်ဆောင် ပေးလျှက်ရှိသည်။ ထိုရေတွင်း၊ ရေကန်များမှ ထွက်ရှိသော သောက်သုံးရေများအား မိဘပြည်သူများ သောက်သုံးရန် သင့်မသင့် တိုင်းတာစစ်ဆေးနိုင်ရန်အတွက် နီးစပ်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးပြီးမှ မိဘပြည်သူများအား သုံးစွဲစေခဲ့သည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရသည်မှာ ကျွန်တော်တို့အတွက် အခက်အခဲများစွာရှိခဲ့သည်။ ယခုအခါတွင် ၄င်းပြဿနာအား ချက်ခြင်း စမ်းသပ်စစ်ဆေး၍ အဖြေထုတ်ပေးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့် တိုင်းတာစစ်ဆေးနိုင်ရန်အတွက် ဂျာမဏီနိုင်ငံ (Livo bond)ကုမ္ပဏီမှ ထုတ်လုပ်သော (၁၂) သိန်းတန်ဖိုးရှိ ချဉ်/ဖန် (PH)၊ အောက်ဆီဂျင်ပျော်ဝင်မှု (DO)နှင့် လျှပ်လိုက်ပမာဏ တို့အား မိမိတို့ကိုယ်တိုင် အချိန်တိုအတွင်း တိုင်းတာစစ်ဆေးနိုင်သော (Senso Direct-150) စက်နှင့် ၁၃၅၂ဝဝဝိ/- (တစ်ဆယ့်သုံးသိန်းငါးသောင်းနှစ်ထောင်) တန်ဖိုးရှိ ရေထဲတွင် ပျော်ဝင်နေသော သတ္ထု ဓာတ်ပမာဏများအား တိုင်းတစစ်ဆေးနိုင်သော (MD-600 Photo Meter) နှင့် (၃) သိန်းတန်ဖိုးရှိ ရေထဲ တွင် ပျော်ဝင်နေသော အာဆင်းနစ်ဓာတ်များ အကြိမ် (၁ဝဝ) တိတိတိုင်းတာနိုင်သော ကိရိယာတို့အား အများပြည်သူတို့လှူဒါန်းထားသော အလှူငွေတို့ဖြင့် အများပြည်သူတို့၏ ကျန်းမာရေးအတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူခဲ့ပါသည်။

ထို့ကြောင့် ယခုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူသားအရင်းအမြစ်တစ်ခုလုံး၏ အသက်သွေးကြောဖြစ်သော သန့်ရှင်းသော သောက်သုံးရေအား အချိန်တိုတိုအတွင်း မိမိတို့ကိုယ်တိုင် တိုင်းတာစစ်ဆေးနိုင်သော ကိရိယာများအား ဝယ်ယူရရှိပြီးဖြစ်သဖြင့် ရေတွင်းရေကန်များ တူးဖော်လှူဒါန်း ပေးနေရုံမျှမက သန့်ရှင်း၍ အဆိပ်အတောက်ကင်းစင်သော သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် အသစ်ဝယ်ယူထားသည့် ခေတ်မှီနည်းပညာများဖြင့် ထုတ်လုပ်ထားသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အသိအမှတ်ပြု ခေတ်မှီပစ္စည်းများဖြင့်ပင် နည်းပညာ၏ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာသော ရေမသန့်ရှင်းမှုများကို မိဘပြည်သူတို့ သိရှိကာကွယ်တားဆီးပေးနိုင်တော့မည် ဖြစ်ပါ တော့သည်။
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment