Saturday 26 October 2013

ဒေါ်စုရဲ့ တိုင်းပြည်အတွက် အကျိုးပြုသောလုပ်ရပ်များ။



Posted: 24 Oct 2013 09:01 AM PDT
Posted: 24 Oct 2013 08:58 AM PDT

မိမိကို တောင်းပန်ရန်မလို စစ်အစိုးရအဖွဲ့ဝင်များ တိုင်းပြည်ကိုသာ ၀န်ချတောင်းပန်ဖို့ကောင်းဟု

ဟံသာဝတီ ဦးဝင်းတင်ပြော

ရန်ကုန်၊အောက်တိုဘာ ၂၂
ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန်ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။
ယခု အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာရေးသို့ အောက်တိုဘာလ (၁၉)ရက်နေ့က ဆရာကြီး ဟံသာဝတီဦးဝင်းတင် သွားရောက်စဉ် ဦးခင်ညွန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် နီးစပ်ရာ တပည့်များက ဆရာကြီး ဟံသာဝတီဦးဝင်းတင်ထံ ၀ါကျွတ်ကာလ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် မေးမြန်းရာ ဆရာကြီးက ပြန်လည် ဖြေကြားမှုပြုရင်း အထက်ပါကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

""ငါ့ဘာသာငါ RFA ရုံးကို ခဏသွားတယ်။ ပြီးတော့ သခင်သိန်းမောင်အိမ် ၀င်တယ်။ ပြီးမှ ဂါးဒီးယန်း ဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ။ လူတွေက အထဲက ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ငါက ကြမ်းပေါ်ထိုင်ပြီး အထခက်လို့ အပြင် ဆင်ဝင်အောက် ထိုင်နေတာ။ … အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်၊ စကားပြောတယ်။ ငါတို့သွားလည်း အဲဒီအောက် ထိုင်ဖြစ်တာပဲ။ ဦးစိန်ဝင်း ကိုယ်တိုင် ကလည်း အဲ့နေရာကို ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးပေါ့ကွာ။အဲဒီနေ့ကလည်း ငါက မအေးအေးဝင်းနဲ့ စကား ပြောတာ။ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာ တွေ့ပါတယ်။ အထဲက တစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီးဆိုလို့ ငါမော့ကြည့်တယ်။ သူကသူ့ဟာ သူမိတ်ဆက်တယ်။ သူ့ကိုငါက မသိဘူး။ ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး။ မသိဘူး။ သူ့ကိုအပြင်မှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မမြင်ဖူးဘူး။ သိလည်း မသိဘူး။ သူပြောတာတော့ စုံနေတာပေါ့ကွာ။ အတော်လေးလည်း အာသွက် လျှာသွက်ကွ။ (NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဦးခင်ညွန့် ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ် ကြားတယ် အဘဟု စကားထောက်ပြောကြားသည်။) လုပ်မှာပေါ့။ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး။ လူထု စည်းရုံးရေးတွေ လည်း လုပ်ဖူးတယ်။ လူတွေလက်အုပ်ချီတာ သူကစတယ်လို့ ငါထင်တယ်။ မသေချာဘူး။ တွေ့တော့ သူက ပြောတာက အရင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့။ ဆရာကြီးတို့လို လူတွေ တိုင်းပြည်မှာ လိုအပ်တယ်။ ဒီလို အတွေ့အကြုံများတဲ့ သူတွေ တိုင်းပြည်မှာ လိုတယ်။ ဆရာကြီး အသက် ဘယ်လောက်လဲ မေးတော့ (၈၄) ဆိုတော့ ကျွန်တော်က (၇၅) ပါ။ ဆရာကြီးက ကျွန်တော့်ထက် (၉) နှစ်ကြီးတယ် ဆိုပြီး မတ်တတ်ပဲ လက်အုပ် ချီတာပါ။ ထိုင်မကန်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်ပါ ဘာညာလည်း မပြောပါဘူး။ ငါလည်း လမ်းကျတော့ အဖော် တစ်ယောက်ကို ပြောတယ်။ ဒီလူတွေ နောင်တမရဘူး။ ငါ့ကို သီးခြား တောင်းပန်ရမယ် မပြောဘူး။ ဒါပေမဲ့ ဒီလူတွေ တိုင်းပြည် ၀န်ချဖို့ ကောင်းတယ်။ သူတို့ လုပ်ခဲ့တာတွေဟာ အလွန်အကျွံတွေချည်းပဲ။ သူတို့တွေဟာ ဟိုပြော ဒီပြောနဲ့ အပြစ်မဲ့သလို နေနေမယ်ဆိုရင် အစဉ်အလာဆိုးဟာ အမြဲတည်တော့မယ်။ သူတို့ ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ်""ဟု ပြောသည်။

အာဏာသိမ်း အစိုးရအဖွဲ့ဝင်များ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများအပေါ် တိုင်းပြည်ကို ၀န်ချ တောင်းပန်သင့်ကြောင်း ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၌ ပြောကြားခဲ့သေးသည်။
ဦးခင်ညွန့်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အစပြုသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပင် ပြောကြားမှု ရှိသည့် ဦးနေ၀င်း၏ တပည့်အရင်းတစ်ဦး ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ် ပျက်သုဉ်းပြီးနောက် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူမှု ပြုလုပ်မှုတွင် အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် န၀တ၊ နယက အစိုးရ နှစ်ဆက်စလုံးတွင် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး အစိုးရနှင့် အတိုက်အခံဖြစ်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှု ပြုလုပ်သည့် နိုင်ငံရေးသမားများကို ဖမ်းဆီး အကျဉ်းချမှုများတွင်လည်း အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းသည် နယကအစိုးရ လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့အစိုးရ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှုဟု သုံးသပ်ကြသော ဖြစ်စဉ်ဖြင့် တာဝန်များမှ ရပ်စဲ ခံရကာ ၎င်းအကြီးအကဲ တာဝန်ယူထားသော ထောက်လှမ်းရေးဌာနရှိ လူအများအပြားနှင့်အတူ နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

၎င်းပြန်လည် လွတ်မြောက်လာပြီးနောက် လုပ်ကိုင်ဆောင်ရွက်မှုများကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ""ရှင်းရှင်း ပြောရရင် အခု ဗိုလ်ခင်ညွန့် လွတ်လာပြီး ဟိုတုန်းက ဗိုလ်အောင်ကြီး လုပ်သွားတဲ့ နည်းပဲ လက်ဖက်ရည်ဆိုင် ထောင်တဲ့ဟာ လုပ်ပြန်ပြီ။ အဲဒီကနေပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး ပြောပြီးတော့ ဗိုလ်အောင်ကြီးလည်း နိုင်ငံရေးထဲ ၀င်လာတာပဲ။ ဗိုလ်ခင်ညွန့်လည်း ဒီလို လက္ခဏာတွေကို အများကြီး ပြတယ်""ဟု သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ သုံးသပ် ပြောကြားခဲ့သေးသည်။

ယခင် စစ်အာဏာသိမ်း အစိုးရ အဖွဲ့အတွင်း ပါဝင်ခဲ့သူများ အနေဖြင့် ၎င်းတို့ ပြုမူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်ရေးအပေါ် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ""သူတို့တွေဟာ တိုင်းပြည်အတွက် မှားယွင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပြီးပြီ။ တာဝန် မရှိဘူးလို့ ပြောလို့မရဘူး။ ဦးသိန်းစိန်မှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးရွှေမန်းမှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးခင်ညွန့်မှာ တာဝန်တွေ အများကြီး ရှိတယ်။ ဗိုလ်ခင်ညွန့်က ပြောတယ် အဲဒါတွေ ပြောမနေပါနဲ့တဲ့။ လူတိုင်းဟာ ပြောချင်တဲ့ သူတွေ တစ်ယောက် တစ်မျိုး ပြောရရင်သမိုင်းဟာ အသံတွေအမျိုးမျိုး ထွက်နေမှာပဲ။ ဒါတွေ မလုပ်နဲ့ အခုအချိန်မှာ အားလုံး မေ့ပစ် နိုင်ရမယ်တဲ့။ ဘယ်လိုလုပ် မေ့ပစ်နိုင်မလဲ။ ကျုပ်တို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျုပ်တို့ ဘာမှလည်း မလုပ်ဘူး။ ဆိုင်လည်း မဆိုင်ဘူး။ သိလည်း မသိဘူး ဆိုပြီးတော့ အထက်အမိန့်ပဲ တည်ဆဲဥပဒေ ဗိုလ်ခင်ညွန့် ပြောတဲ့ဟာမျိုး ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ဘာမှမသိဘူး။ ကျုပ်တို့က တည်ဆဲ ဥပဒေအတိုင်း လုပ်ခဲ့တာဆိုတဲ့ မျောက်သုံးကောင် ၀ါဒအတိုင်း။ မမြင်ဘူး၊ မကြားဘူး၊ မပြောဘူး ဆိုပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့၊ နားပိတ် မျက်စိပိတ် ပြီးတော့  ဗိုလ်ခင်ညွန့်လို ပုဂ္ဂိုလ်တွေက ကျင့်သုံး နေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်ဘူး။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့က ပြင်ရမယ်။ ပြောင်းရမယ်။ ဒီလူတွေဟာ လူမသေရင်တောင်နေမယ်၊ နိုင်ငံရေးတော့ သေရလိ့မ်မယ် ဟုတ်လား။ အလားတူပဲ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက် ပြီးတော့လည်း သူတို့ဘက်က ဘာမှ အပြစ်မရှိဘူး။ တည်ဆဲဥပဒေအရ လုပ်တယ်လို့ ပြောတယ်။ အဲလိုဆိုရင် တည်ဆဲဥပဒေဆိုတာ ဘယ်သူတွေ လုပ်ထားတဲ့ ဥပဒေလဲ။ သူတို့ လုပ်ထားတဲ့ ဥပဒေ။ ကျွန်တော်တို့ မေ့ချင်ပါတယ်။ ကျွန်တော်တို့ အရမ်းတော့ မေ့လို့မရဘူး။ ကျွန်တော်တို့ ခွင့်လွှတ်ချင်ပါတယ် အရမ်းတော့ ခွင့်လွှတ်လို့ မရဘူး။ သူတို့ကလည်း ပြင်ရလိမ့်မယ်"" ဟုလည်း သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ ပြောကြားခဲ့သည်။

လင်းယုံ
မြန်မာသံတော်ဆင့်
Posted: 24 Oct 2013 08:01 AM PDT
(European Voice မှ 22 Oct 2013 ရက်စွဲပါ Suu Kyi urges EU's support for reform ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွင် ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် ရှင်းလင်း ပြတ်သားသော ထောက်ပံ့မှုပြုလုပ်ပေးရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆို လိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာတွင် အီးယူ အနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရအား နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင် လာစေရေးအတွက် ဖိအားပေးရန်လိုအပ်ကြောင်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရပေါ်ထွန်းဖို့ တကယ့်ကို အဝေးကြီး(အဝေးကြီး) လိုပါသေးတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးအတွက်

အခြေခံကျသောအရေးကိစ္စတစ်ခုဖြစ်သည်ဟု ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဥရောပ ဒေသသို့ ဒုတိယအကြိမ်အဖြစ် အလည်အပတ်ရောက်ရှိ နေခြင်းဖြစ်သည်။ သူမသည် ယမန်နှစ်က ယခင်နေထိုင်ခဲ့ဖူး သော ဗြိတိန်နိုင်ငံနှင့် နော်ဝေနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ လူဇင်ဘတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ ညစာအတူစားကြသည်။ ယင်းခရီးစဉ်သည် လွန်ခဲ့သည့် ၁၈ လကတည်းက အီးယူအဖွဲ့ဝင်နိုင်ငံများက ဖိတ်ကြားထားခဲ့သော ခရီးစဉ်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဥရောပကောင်စီ ဥက္ကဌ Herman Van Rompuy နှင့်တွေ့ဆုံပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် Strasbourg မြို့ရှိ ဥရောပပါလီမန်တွင် မိန့်ခွန်းပြောကြားကာ ဥရောပ ပါလီမန်က ပေးအပ်သော ဆုကိုလက်ခံရယူသည်။ အဆိုပါဆုသည် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်း ၂၀ နီးပါးခန့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ် ကာလအတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

အီးယူ အင်စတီကျူးရှင်းကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုသည် သူမ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံတွင် အီးယူ ကုမ္ပဏီကြီးများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အီးယူကပင် ကမကထပြုလုပ်မည့် အစီအစဉ်မတိုင်မီ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို လာမည့်နိုဝင်ဘာလတွင် စတင်ရန် စီစဉ်ထားသော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့အနေဖြင့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် သုံးရက်တာဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ထောက်ပံ့မှုပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ အီးယူနိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton က အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအတွက် ခိုင်မာသော ထောက်ပံ့ ပေးမှုများကို ပြသလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းအဖွဲ့က အီးယူ အင်စတီကျူးရှင်းကြီးများ၊ အေဂျင်စီများ၊ စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို တစ်ပါးတည်း ခေါ်ဆောင်လာမည်ဖြစ်သည်။

အခြေခံဥပဒေ ပြဿနာများ အဆိုပါအဖွဲ့သည် ဇူလိုင်လအတွင်း အီးယူက ချမှတ်ခဲ့သည့် သုံးနှစ်တာ မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းမဟာဗျူဟာမှာ ကုန်သွယ်ရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ စနစ်ထဲသို့ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အီးယူ၏ ကမ်းလင့်ထောက်ကူမှု ပြုသည့် အစီအစဉ်များထဲတွင် အီးယူ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ မဟာမင်းကြီး Antonio Jajani နှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ မဟာမင်းကြီး Dacian Ciolos တို့၏ မြန်မာနိုင်ငံခရီးစဉ်များ လည်းပါဝင်သည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အရေးကြီးပုံကို အဓိက မှတ်ချက်ပြု ပြောဆိုထားသည်။ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် နိုင်ငံတော် အကြီးအကဲအဖြစ် ယှဉ်ပြိုင်နိုင်ခွင့်မရှိပေ။ ယင်းရာထူးကို စစ်တပ်တွင် အမှုထမ်းဖူးသူများသာ ရပိုင်ခွင့် ရှိသည်။ ထို့အတူ စစ်တပ်အနေဖြင့် ပါလီမန်လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တိုက်ရိုက်ခန့်အပ်ထားနိုင်သည်။

အရေးကြီးသည့်ကိစ္စတစ်ခုမှာ မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်အပေါ် အရပ်ဘက်က ထိန်းချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ခေတ်မီဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲသင့်သည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ဖြင့်ပြောရလျှင် အီးယူ၏ ကြေညာချက်မှာ ပို၍ပင် ခိုင်မာပြတ်သားမှုရှိသင့်ပေသည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အီးယူအနေနဲ့ ပြတ်ပြတ်သားသား အလေးပေး လုပ်ဆောင်စေလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီမှ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ နှစ်နေရာမှလွဲ၍ ကျန်နေရာများအားလုံးကို ရရှိခဲ့ကြသည်။ သို့သော် ယင်းအချိန်ကာလမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိအောင် အသေအချာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ပါမည်ဟူသော ကတိကဝတ်ပြု ပြောဆိုရမည့်ကိစ္စကို ကန့်ကွက်ခဲ့ပြီး အခြေခံဥပဒေတွင်း စစ်တပ်အာဏာ ကြီးထွားမှုကို လျှော့ချနိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နည်းလမ်းရှာခဲ့သည်။

အကူအညီများနှင့် ဖွံ့ဖြိုးရေး မြန်မာအစိုးရသည် သေဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မီဒီယာများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ကိုလည်းလျှော့ချခဲ့သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်အောင်လုပ် ဆောင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကမူ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ဆိုထားသည်။

အဆိုပါ တိုးတက်ဖွံ့ဖြိုးမှုများကို တုံ့ပြန်သောအားဖြင့် အီးယူ ပိတ်ဆို့အရေးယူမှုများ အားလုံး (စစ်လက်နက် ရောင်းချမှုအပေါ် ပိတ်ပင်ထားမှုမှအပ) ကိုရုပ်သိမ်းပေးလိုက်သည်။ ယခင်က စစ်ဘက်အရာရှိကြီးများနှင့် ထိပ်ပိုင်း နိုင်ငံရေးသမား ၅၀၀ ခန့်မှာ ခရီးသွားလာခွင့်ပိတ်ပင်ခံရခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ပင်ခံရခြင်းတို့ ခံခဲ့ကြရသည်။ သစ်ထုတ်လုပ်ရေး လုပ်ကိုင်သည့် နိုင်ငံပိုင်ကုမ္ပဏီများနှင့် သတ္တုအပါအဝင် အဖိုးတန်တွင်းထွက်ပစ္စည်း တူးဖော် ထုတ်လုပ်သည့် နိုင်ငံပိုင်လုပ်ငန်းများ နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အီးယူကပိတ်ပင်ခဲ့သည်။

ယခုအခါတွင်မူ အီးယူသည် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီဖြစ်သည်။ ယင်းရုံးခန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ စတင်လည်ပတ်လုပ်ကိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများမှာ ဆက်၍ကြီးမား နေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေးသမားများမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အချို့သော နယ်ပယ်များတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ယမန်နှစ်ကဆိုလျှင် ရိုဟင်ဂျာမွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့အတွက်ကြောင့် ဒုက္ခရောက်ခဲ့ကြသော ရိုဟင်ဂျာမွတ်စလင် များနှင့် အခြားသော ဒေသတွင် ပြည်တွင်းစစ်မက် ပဋိပက္ခဒဏ်သင့်ခဲ့သူများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရန် ထောက်ပံ့ငွေ ယူရိုငွေ ၁၉ ဒသမ ၅ သန်းပေးအပ်ခဲ့သည်။ အီးယူသည် နှစ်ကာလကြာရှည်စွာ မြန်မာနိုင်ငံကို အရေးပါ သည့် အကူအညီများနှင့် အလှူငွေများ ပေးခဲ့သည့်အဖွဲ့ ဖြစ်သည်။

နိုင်ငံရေးအရ အကဲဆတ်မှုနည်းပါးသည့် နယ်ပယ်များဖြစ်ကြသော ပညာရေး၊ကျန်းမာရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးရေး အစရှိသည်တို့ကို အဓိကအလေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့်အချိန်မှစ၍ အီးယူက ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများကို နှစ်ဆခန့်တိုးမြှင့် ပေးခဲ့သည်။
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment