Tuesday 21 January 2014

အီဂျစ်မှာရှိတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်။ ဒီကိစ္စဟာ မွတ်စလင်ကမ္ဘာကို ဒေါသ ဖြစ်စေခဲ့ပြီး ဂျာမဏီအစိုးရထံကနေ
တရားဝင် တောင်းပန်ခြင်းကို အလိုရှိခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါနဲ့  နှစ်ပတ်လောက် အကြာမှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည် ရှန်ကျင်းပြည်နယ်က မွတ်စလင်-ဟန် အဓိကရုန်း
ကိုတော့ အာရပ်ကမ္ဘာ၇လည်း ဂရုမစိုက်ခဲ့သလို တရုတ်ပြည်ထဲက မွတ်စလင်ဆိုသူတွေကလည်း အရေးမလုပ်ခဲ့ကြပါဘူး။

ဇူလိုင် ၅ ရက်နေ့မှာ ရဲတွေက လူနည်းစု Uighurs လူမျိုးတွေ ဆန္ဒပြတာကို နှိမ်နင်းခဲ့တယ်။ အဲ့ဒီ မွတ်စလင်လူနည်းစုဟာ တရုတ်ပြည်အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်ရဲ့
မြို့တော် Urumqi ကဖြစ်တယ်။ Uighur လူငယ်တွေဟာ လူများစု ဟန်လူမျိုးတွေရဲ့ နေအိမ်တွေ ကို ဓါးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ အဓိကရုန်းအပြီးမှာ ဟန် ၁၃၇ ဦးသေဆုံးပြီး
Uighurs ၄၆ ဦးသေဆုံးကာ ဟွေလူမျိုး မွတ်စလင်တစ်ဦးသေဆုံးတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်တယ်။ ဒါပေမယ့် ဒိုင်ယာနာ ရတ်ရှ်ဝန်း လို့ခေါ်တဲ့ နိုင်ငံရေးကျွမ်းကျင်သူ (ကိုင်ရိုအခြေစိုက်)
ကတော့ အာရပ်နဲ့ မွတ်စလင်ကမ္ဘာက ဒီကိစ္စအပေါ် အထူးတလည် အာရုံမထားပါဘူးလို့ ပြောကြားခဲ့တယ်။

အာရပ်မီဒီယာတွေအနေနဲ့ ဒီဖြစ်ရပ်ကို သာမန်ကာလျှံကာပဲ ဖော်ပြခဲ့ပြီး ဂျာမဏီက အမျိုးသမီး ဓါးနဲ့အထိုးသတ်ခံရတဲ့ ကိစ္စအပေါ် ခေါင်းမြီးခြုံအာဇာနည်မ (Headscarf Martyr) လို့ ဖော်ပြခဲ့တဲ့
မီဒီယာတွေ ဟာ ဒီလို တရုတ်ပြည်က မွတ်စလင်မ်-ဟန် အဓိကရုန်း ဖြစ်ရပ်တွေဖြစ်ပေါ်နေပေမယ့် အာရုံမထားခဲ့ကြပါဘူး။ အာရပ်တိုင်းမ် သတင်းစာ လို့ခေါ်တဲ့ ဆော်ဒီအခြေစိုက်သတင်းစာက တော့
ဒီဖြစ်ရပ်ကို ဘာသာရေးအရ ရုန်းကန်လှုပ်ရှားမှုအနေနဲ့ တင်စားခဲ့ပြီး Uighurs တွေကို ပါလက်စတိုင်းလူမျိုးတွေနဲ့ တင်စားခဲ့ကာ ဟန် လူမျိုးတွေကို ဂျုးတွေနဲ့ တင်စားခဲ့တယ်။ အီဂျစ်အခြေစိုက် Al-Ahram
သတင်းစာကတော့ နိုင်ငံတကာမိသားစုတွေကို ဒီလို နှိမ်နင်းဖြိုခွဲမှုအပေါ် အာရုံပိုစိုက်ကြပို့ လှုံ့ဆော်ခဲ့ပါတယ်။ သို့သော်လည်း မွတ်စလင်နဲ့ အာရပ်ခေါင်းဆောင်တွေကို တရုတ်မှာဖြစ်တဲ့ ကိစ္စအပေါ် တရုတ်အစိုးရ
ရဲ့ နှိမ်နင်းဖြိုခွဲမှုကို ရှုတ်ချဖို့ တောင်းဆိုမှုတွေဟာ တုန့်ပြန်မှု အလျင်းကင်းမဲ့ခဲ့ပြီး အာရပ်ကမ္ဘာဟာ ဒီအရေးအခင်းမှာ ရေငုံနှုတ်ပိတ်နေခဲ့တယ်။

ဒါက အံ့သြစရာတော့သိပ်မရှိပါဘူး။ ဒီ အရှေ့အလယ်ပိုင်းအစိုးရတွေနဲ့ အာရပ်မီဒီယာတွေ အထူးသဖြင့် အစိုးရအာဘော်သတင်းမီဒီယာတွေဟာ တရုတ်အစိုးရရဲ့ မွတ်စလင်လူနည်းစု ဆန္ဒပြတဲ့အပေါ် နှိမ်နင်းဖြိုခွဲမှုကို ပါးစပ်ပိတ်နေစရာ အကြောင်းတွေအများကြီးရှိနေပါတယ်။
တစ်ချို့တစ်ချို့သော အာရပ်အစိုးရတွေအတွက်ဆိုရင် သွေးရဲရဲ သံရဲရဲနဲ့ ဒီ အဓိကရုန်းက ဓါတ်ပုံတွေဟာ သူတို့ တိုင်းပြည်တွေမှာ နေ့တစ်ဓူဝဖြစ်နေကြ၊ မြင်နေရတဲ့ မြင်ကွင်းတွေပဲလေ။" ဒီ မွတ်စလင်နိုင်ငံတွေထဲက အစိုးရတွေကိုယ်တိုင် သူတို့နဲ့
ဆန့်ကျင်ဖက် အတိုက်အခံအဖွဲ့အစည်းတွေကို စံနစ်တကျ ဖြိုခွဲနေတာပဲ။ ဖမ်းဆီးနေတာပဲ။ ပြီးတော့ သတ်ဖြတ်ပစ်တာလည်း နည်းတာမှမဟုတ်ဘဲ "လို့ အီဂျစ်မွတ်စလင်ဘရားသားဟုဒ် အဖွဲ့က ခေါင်းဆောင် Essam el-Erian က ပြောပါတယ်။
"ဒီတော့ သူတို့ တရုတ်အစိုး၇ကို ဘယ်လိုလုပ် စွပ်စွဲနိုင်မလဲ။ သူတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတဲ့လူတွေလေ" လို့ ဆက်ပြောသွားပါတယ်။

တစ်ကယ်တမ်းတော့ ဒီ Uighurs တွေနဲ့ နာမည်ကျော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့နဲ့ တူညီနေတာတွေ ရှိပါတယ်။ Uighurs တွေက ဘာသာရေးအရ၊ စီးပွားရေးအရ ဟန် လူမျိုးတွေကြီးစိုးတဲ့ ဒေသခံအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို မကျေနပ်ကြဘူး။ အီဂျစ်မှာရှိတဲ့ မွတ်စလင်ဘရားသားဟုဒ်
အဖွဲ့လို အစိုးရက နိုင်ငံရေးမှာပါဝင်ခွင့်မပေး၊ အဖွဲ့ဝင်တွေ ခဏခဏ အဖမ်းခံရ ဖြစ်တာတွေနဲ့ ခပ်ဆင်ဆင် တရုတ်အစိုးရကလဲ ဒီ Uighurs ဗတွကို နိုင်ငံတကာကို သွားလာခွင့်တွေနဲ့ သူတို့ ဘာသာရေးအရ ဝတ်ပြုခွင့်တွေအပေါ် ထိန်းချုပ်ထားပါတယ်။ လောလောဆယ်တော့ တူရကီနိုင်ငံက
တရုတ်အစိုးရအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်။ တူရကီ ဝန်ကြီးချုပ်ကတော့ ဒီကိစ္စကို မျိုးတုန်းသတ်ဖြတ်မှုလို့တောင် စွပ်စွဲလိုက်တယ်။ တူရကီတွေနဲ့ Uighurs တွေကြားမှာ ဘာသာရေးနဲ့ ဘာသာစကားအရ ပတ်သက်မှုတွေ အများကြီးရှိနေပါတယ်။ တူရကီမှာ ဒီမိုကရေစီအစိုးရ
ရှိနေပြီး ဒီလို ဘာသာရေးအရဆက်နွယ်မှုဟာ တူရကီရဲ့ ရှုတ်ချမှုကို ပိုမို တွန်းအားပေးသွားစေတယ်လို့ el-Erian က ဆက်ပြောသွားတယ်။

ဒီတစ်ပါတ်ထဲမှာတော့ ဂျော်ဒန်မှာ ဆန္ဒပြတာလေး နည်းနည်းပါးပါးတွေ့ရတယ်။ အမေရိကန်ထောက်ပံ့ထားသော သတင်းမီဒီယာဖြစ်တဲ့ al-Hura လို့ခေါ်တဲ့ မီဒီယာမှာ ဂျောဒန် ဥပဒေပြုအမတ်များက ရှင်ကျန်းအရေးအခင်းကို ရှုတ်ချဖို့ အစိုးရကို အဆိုတင်သွင်းခဲ့ကြတယ်။
ဂျော်ဒန်ရဲ့ အလယ်အလတ်ကျင့်လမ်းစဉ်ကျင့်သုံးတဲ့ အစ္စလာမ်ပါတီက အာရပ်နဲ့ အစ္စလာမ်အစိုးရတွေကို ဂျာမဏီနဲ့ တရုတ်က မွတ်စလတွေအရေးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုလုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် အာရပ်နဲ့ကျန်အစိုး၇တွေအားလုံး ပါးစပ်ပိတ်နေခဲ့ကြပါတယ်။

ဒီလို ပါးစပ်ပိတ်နေရတဲ့အဓိက အကြောင်းအရင်းကတော့ ကုန်သွယ်ရေးပဲဖြစ်ပါတယ်။  တစ်ခြား နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်ပိုင်းဆိုင်ရာတွေ လည်းရှိသေးတယ်လို့ ဟာလာမူစတာဖာ (အီဂျစ် သတင်းစာအယ်ဒီတာ) ကပြောပါတယ်။ တရုတ်က
အရှေ့အလယ်ပိုင်းမှာ အင်မတန်ကို အရေးပါတဲ့ စီးပွားရေးဇာတ်ကောင်ကြီးဖြစ်နေပါတယ်။ အမေရိကန်က ပိတ်ဆို့ထားသမျှ သူက ဖြည့်ပေးနေပါတယ်။ တရုတ်က အီရန်နဲ့ ဂျော်ဒန်တို့ကို ထောက်ပံ့ပေးနေတဲ့ အကြီးဆုံး ကုန်သွယ်ဖက်ကြီးဖြစ်တယ်။ နောက်ပြီး တစ်ခြား သွင်းကုန်လုပ်ငန်း
တွေကလည်း မနည်းမနောရှိနေပါသေးတယ်။ နောက်ပြီး Double Standard ပုံစံ ချိုးနေတဲ့ကိစ္စကလည်း ရှိသေးတယ်။ အီဂျစ်မှာ နိုင်ငံရေးအရ စိန်ခေါ်မှုတွေဖြစ်လာတိုင်း တရုတ်က ဘယ်တော့မှ ဝင်မစွက်ခဲပဘူး။ အဲ့ဒီအဆင့်အထိ တရုတ်က ဝင်မပတ်သက်ပါဘူးလို့ မူစတာဖာက ဆက်ပြောပါတယ်။
ဒီလိုအနေအထားက အီဂျစ်ကို တရုတ်ပြည်က မွတ်စလင်မ်အရေးအခင်းတွေ ဖြစ်တိုင်း ပါးစပ်ပိတ်နေစေခဲ့တယ်လို့ပြောပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ မကြာခင် တရုတ်အစိုးရအပေါ် ရှုတ်ချမှုတွေ ပေါ်ထွက်လာမယ်လို့ ယူဆကြပါတယ်။ ရတ်ရှ်ဝန်းကတော့ "ဒါက အခုမှ အစပိုင်းပဲရှိသေးတာမို့ မကြာခင် အာရပ်နဲ့
ကျန်မီဒီယာတွေမှာ ဆက်တိုက်ပါလာမယ်လို့ မျှော်လင့်ပါတယ်" လိုပဆိုပါတယ်။ အယ်လ်ခေးဒါးအဖွဲ့ကတော့ မြောက်အာဖရိကမှာရှိတဲ့ ဟန်တရုတ်တွေကို သတ်ဖြတ်လက်စားချေဖို့ နှိုးဆော်လိုက်ပါတယ်။
အီရန်နိုင်ငံကတော့ ဒီကိစ္စမဖြစ်ခင် လွန်ခဲ့တဲ့ လပိုင်းကပဲ ဆန္ဒပြတဲ့လူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ပါးစပ်ပိတ်နေပါတယ်။ ကြည့်ရတာတော့ အရှေ့အလယ်ပိုင်း နိုင်ငံအစိုးရတွေအနေနဲ့ ပါးစပ် ဆက်ပိတ်နေဖို့ ပဲ များနေပါတယ်။

( ဆောင်းပါးထွက်သော ခုနှစ်မှာ ၂ဝဝ၉ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ဖြစ်ပါသည်။ ဆောင်းပါးရှင်မှာ Abigail Hauslohner ဖြစ်ပြီး ကိုင်ရိုအခြေစိုက်ဖြစ်ပါသည်။ အီဂျစ်တော်လှန်ရေးမဖြစ်သေးသောကာလဖြစ်ပါသည်။ ယနေ့ ရိုဟင်ဂျာအရေးအခင်းနှင့်
နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။)

မျိုးဆက်
(မြန်မာအရေးတွေးမိသမျှ ... မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment