Saturday 1 February 2014


ရခိုင်ပဋိပက္ခအပေါ် မှားယွင်း သတင်းထုတ်ပြန်ချက် ဗြိတိသျှသံရုံး ပြန်လည်ရုပ်သိမ်း

မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် မှားယွင်းသတင်း ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ဗြိတိသျှ သံရုံးမှ ယနေ့ ကြေညာချက် ထုတ်ပြန် သည်။ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အဖြစ်အပျက်များ အပေါ် များစွာ စိုးရိမ်မိပါကြောင်း၊ ယင်းကြောင့် မြန်မာ အစိုးရအား လွတ်လပ်ပြီး ထင်သာမြင်သာ ရှိသည့် စုံစမ်းစစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ဒုချီးယားတန်းရွာတွင် ရိုဟင်ဂျာ မွတ်စလင်များ သတ်ဖြတ်ခံသည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဗြိတိသျှသံရုံးနှင့် အမေရိကန် သံရုံးတို့က ပူးတွဲ သတင်းထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းခြင်း ဖြစ်သည်။

Irrawaddy ဧရာဝတီ သတင်း
Profilbild von Myo Thein
It is welcoming news that UK Government withdrawn her statement on 23/01/14 regarding Arakan crisis of Burma by saying information in the statement are WRONG. Keep it up citizen activists. Keep posting genuine news on the ground. It is the duty of all the responsible persons to stand up for truth and to speak out for justice in Arakan state of Burma.

ရခိုင်ပြည်နယ်အရေး ဝင်မစွက်ဖက်ဟု ဗြိတိန်ဝန်ကြီးဆို

31 January 2014  |
By The Voice Journal
ရခိုင်ပြည်နယ်အရေး ဝင်မစွက်ဖက်ဟု ဗြိတိန်ဝန်ကြီးဆိုရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး ဘာသာရေး အသွင်ဆောင် ပဋိပက္ခ များနှင့် ပတ်သက်၍ ဗြိတိန် အစိုးရအနေနှင့် တစ်စုံတစ်ရာ ကြားဝင် စွက်ဖက်မှု ပြုလုပ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှရေးရာ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီး Hugo Swire က ပြောကြားသည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့က ဗြိတိန်သံရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
"တကယ်တမ်း ဒီကိစ္စတွေ ဖြေရှင်းရာမှာ ကျွန်တော်တို့ အပြင်ကလူတွေ ဘာမှဝင်ပါစရာ မလိုပါဘူး။ ခင်ဗျားတို့ နိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဆောင်ရွက်ရမယ့် တာဝန်တွေပါ" ဟု ဝန်ကြီးက ဆိုသည်။ ဗြိတိန်နိုင်ငံ အနေနှင့် ရခိုင်ပြည်နယ်တွင်သာမက ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို အကူအညီများ ပေးအပ်ခဲ့သလို ပဋိပက္ခများ၊ စစ်ပွဲများ အပြီးသတ်စေရန် ကြားဝင် ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကိုသာ အထောက်အပံ့များ ပေးလေ့ ရှိကြောင်း ၎င်းကဆိုသည်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရသည် ဟူသော သတင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားမည်ဟု မြန်မာအစိုးရက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။ "အစကတော့ အစိုးရဘက်က ငြင်းပါတယ်။ အခုကျတော့ သူတို့ စုံစမ်းစစ်ဆေး ဖော်ထုတ်မယ်လို့ ပြောပါတယ်။ ဒါဆို အဲဒီမှာ ပဋိပက္ခတွေ တကယ်ဖြစ်ခဲ့လို့ များလား။ ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမယ် ဆိုတာကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်" ဟု ၎င်းကဆိုသည်။
ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် နှစ်ဖက် အသိုင်းအဝိုင်းလုံးကို ခြုံငုံ၍ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း၊ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျေနပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်သို့ ၂၀၁၃ ခုနှစ်အတွင်းက ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး အစိုးရ အရာရှိများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် ရခိုင်ပြည်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် နိုင်ငံတကာ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အသိအမှတ်ပြု ခံထားရသည့် ပုဂ္ဂိုလ်များ ရခိုင် ပြည်နယ်သို့ သွားရောက် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ အနေနှင့် ယင်းဒေသသို့ သွားရောက် လေ့လာခွင့် ပြုထားသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် သီးခြား စုံစမ်းစစ်ဆေးခွင့်ပေးရန် မလိုကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂါလီများလို ရခိုင်များလည်းပိတ်မိနေဟုEU သံအဖွဲ့ကို ရခိုင်ဝန်ကြီးချုပ်တုံ့ပြန်


Post 31 January 2014
By မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ဘဂါင်္လီများမှာ အပြင်သို့ထွက်ခွင့်မရ ဖြစ်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြောဆိုသော်လည်း မောင်တောမြို့နယ်ရှိ ရခိုင်ဒေသခံ အချို့မှာလည်း ပိတ်မိနေကြောင်း စစ်တွေသို့ရောက်ရှိနေသည့် ဥရောပသမဂ္ဂသံတမန်များနှင့်တွေ့ဆုံပွဲ၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တုံ့ပြန်ပြောကြားလိုက်သည်။
ဇန်န၀ါရီ ၂၉ရက်နေ့က စစ်တွေမြို့ရှိ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံတမန်တို့၏ ပြောဆိုချက်များအပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။
 "အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဘင်္ဂါလီတွေ ပိတ်မိနေသလိုဘဲ မောင်တောမြို့နယ်က ရခိုင်ရွာတွေရဲ့ ပတ်လည်မှာ ဘင်္ဂါလီရွာတွေရှိတဲ့ အတွက်ကြောင့် အပြင်ထွက်လို့ မရတဲ့ ရခိုင်ဒေသခံတွေလည်း ရှိနေပါတယ်"ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောသည်။
အီတလီနိုင်ငံသံအမတ် H.E Mr.Paolo Andrea Bartorelli ကလည်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ အပေါ် ယခုလိုပြောဆိုခဲ့သည်။
'' ဒီရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဘာကြောင့်နိုင်ငံတကာက စိတ်ဝင်စားနေကြသလဲ။ ရခိုင်မှာ ဒီလောက် ကြီးမားတဲ့ပြဿနာဖြစ်ခဲ့တာကို ကျွန်တော်တို့အနေနဲ့ စဉ်းစားလို့ကိုမရဘူး။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံတကာကလည်း စိတ်ဝင်တစားရေးသားဖော်ပြမှုတွေလည်း အမျိုးမျိုးရှိ နေပါတယ်''ဟု ၄င်းကပြောသည်။
ရခိုင်ပြည်နယ်၌ ကယ်ဆယ်ရေးကိစ္စတွေအတွက် နိုင်ငံတကာမှအိုင်အမ်ဂျီအိုများကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုရန် လိုအပ်ကြောင်း၊သို့သော် သူတို့သည် လူသားများဖြစ်သည့်အတွက် အမှားမရှိဟု ပြောဆို၍မရကြောင်း၊ကျွန်တော်တို့ အီးယူအနေဖြင့် နှစ်ဘက်ပြန်လည် သင့်မြတ်ရေး လုပ်ငန်းဆောင် ရွက်မှုများကို ကူညီပေးသွားမည်ဖြစ်ကြောင်း အီယူ သံအမတ် H.E. Mr. Roland Kobia က ပြောသည်။ 
"ရခိုင်မှာဖြစ်နေတဲ့ပြဿနာကို  ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့ ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ သိရှိရပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒီလောက် ကြီးမားတဲ့ကိစ္စရပ်တွေကို ဖြေရှင်းနေရတဲ့အတွက်ပေါ့။ ကျွန်တော်သိချင်တာ တစ်ခုရှိပါတယ်၊ ရခိုင်မှာဖြစ်နေတဲ့ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ ကြောက်ရွံ့မှုတွေ ကိုဘယ်လိုဖြေရှင်း သွားမလဲဆိုတာပါပဲ''ဟု သံအမတ်  H.E.  Mr. Roland Kobia က ပြောသည်။
ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးအတွက်အဖွဲ့(၆)ဖွဲ့ဖြင့်ဆောင်ရွက်လျက်ရှိပြီး နောက်ဆက်တွဲ ပဋိပက္ခများသည် တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုများရှိနေရာ လူသားအလျောက်ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဆိုသည်။
''ကျေးလက်ဒေသတွေမှာ အထူးသဖြင့် ရခိုင်နဲ့ဘင်္ဂါလီ နီးကပ်တဲ့ကျေးရွာမှာဆိုရင် ဒေသအလျောက် ဟင်းရှာခြင်း၊ ငါးဖမ်းခြင်းတွေမှာ တွေတဲ့အခါ  ထိတ်တိုက်တွေ့ကြတော့ အဲလိုမျိုး ခိုက်ရန်ဖြစ်တာတော့ ရှိနေတာပါ'' ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များလေ့လာရန် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ ယူကေ၊ အီတလီ၊ ဆွိဒိန်၊ အီးယူ နိုင်ငံများမှ  သံတမန် ၁၁ ဦးပါဝင်ပြီး စစ်တွေမြို့နယ် သက္ကေပြင် ဘင်္ဂလီဒုက္ခသည် စခန်း၊သဲချောင်း ဒုက္ခသည်စခန်းအပြင် ရဟတ်ယာဉ်ဖြင့်မောင်တောမြို့နယ်နှင့်  မြောက်ဦးမြို့နယ် များသို့ ဇန်န၀ါရီ ၃၀ ရက်နေ့က သွားရောက်ခဲ့သည်ဟု သိရသည်။
အဆိုပါသံတမန်အဖွဲ့သည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၉ရက်နေ့မှဖေဖေါ်ဝါရီ(၁)ရက်နေ့ အထိနေထိုင် မည်ဖြစ်ပြီး အဆိုပါအဖွဲ့နှင့်အတူနယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်ချုပ်မောင်မောင်အုန်း  (ဒုတိယဝန်ကြီး)ဦးထွေးလှ     (ညွှန်ကြားရေးမှူးချူပ်) ဗိုလ်ကြီးဟိန်းမြင့်နိုင် ၊ဦးဥာဏ်မျိုး(လက်ထောက် ညွှန်ကြားရေးမှူး) ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ဦးလှမောင်တင်( ရခိုင်ပြည်နယ်ဝန်ကြီးချုပ်) ဗိုလ်မှူးကြီးထိန်လင်း( လုံခြုံရေးနှင့် နယ်စပ်ဒေသ ရေးရာ ဝန်ကြီး)တို့ ပါဝင်သည်။

စစ်တွေနှင့် ဘူးသီးတောင်မြို့တို့တွင် ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ပေးရေးနှင့် ခုခံကာကွယ်နိုင်ခွင့်များပေးရန် ဆန္ဒထုတ်ဖော်မည်

Published on: January 31, 2014
Written by: 
သန်းလှိုင်(စစ်တွေ)
ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့်ဘူးသီးတောင်မြို့တို့တွင် ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ပေးရေးနှင့် မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ခွင့်များပေးရန်နှင့် အချက်သုံးချက်ပါသော ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
  
ယင်းသို့ဆန္ဒထုတ်ဖော်ရခြင်းမှာ မကြာသေးမီရက်ပိုင်းအတွင်းက မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဘင်္ဂါလီများက ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်နေကြောင်းနှင့် ယခင်ကလည်း အလားတူဖြစ်ရပ်များရှိသည်ကို အကြောင်းပြုကာ ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်းလည်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်မည့်သူများထံမှ သိရသည်။
  
"ဆန္ဒထုတ်ဖော်မှာက အချက်သုံးချက် တောင်းဆိုမှာဖြစ်တယ်။ အဲဒီမှာ ၁၉၈၂ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်ဆိုတဲ့ အချက်ရယ်၊ white ကတ်များနှင့် ယာယီမှတ်ပုံတင်ကတ်များကို သန်းခေါင်စာရင်းမကောက်မီ တရားမ၀င်ကတ်များအဖြစ် အစိုးရက အမြန်ဆုံးကြေညာရန်ဆိုတဲ့ အချက်တွေပါမယ်။ နောက်အရေးကြီးဆုံး တစ်ချက်ကတော့ ဒေသတွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မီလက်နက်တွေ တပ်ဆင်ပေးရေးနှင့် ကိုယ်ပိုင်ခုခံကာကွယ်နိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေပေးထားဖို့ရယ်ဆိုတဲ့ တောင်းဆိုချက်တွေပါမယ်"ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်မည့် ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုအေးက ပြောကြားသည်။
  
အဆိုပါဆန္ဒထုတ်ဖော်မှုအတွက် ထုတ်ဖော်ခွင့်ရရှိရေး ခွင့်ပြုချက်တောင်းခံခဲ့ရာတွင် ၂၉ ရက်က ခွင့်ပြုချက် ရရှိခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၃ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း လူဦးရေတစ်ထောင်ဖြင့် ခွင့်ပြုချက်တောင်းခံခဲ့ရာတွင် ငါးရာသာခွင့်ပြုကြောင်းလည်း သိရသည်။ ထို့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင်လည်း အလားတူဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
  
ယင်းသို့ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့မှ ကိုထွန်းအောင်သိန်းက " UN, INGO အဖွဲ့တွေနေနဲ့ ပြည်တွင်းအရေးကို ၀င်ရောက်စွက်ဖက်နေတာ တွေ့ရတယ်။ ဒေသတွင်း မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စတွေမှာ အားပေးအားမြှောက် ပြုလုပ်နေတာကို တွေ့မြင်လာရတဲ့အတွက် မောင်တောခရိုင်ကနေ မောင်းထုတ်ဖို့အတွက် ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ ပြီးတော့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိရေးအတွက်လည်း တောင်းဆိုသွားမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
  
ဒေသတွင်းတည်ငြိမ်အေးချမ်းမှုမရှိလျှင် ဒေသခံတိုင်းရင်းသားများ ဒေသတွင်းမှ ထွက်ခွာသွားနိုင်သည့်အတွက် ထိုသို့တောင်းဆိုခြင်း ဖြစ်ကြောင်းလည်း ယင်းက ထည့်သွင်းပြောကြားသည်။         

မဟုတ်မမှန်သတင်းထုတ်ပြန်မှုဂယက် ရခိုင်ဒေသမှ လူမှုအဖွဲ့အစည်းများအပေါ် ရိုက်ခတ်


Post 29 January 2014
By မင်းအောင်မြင်(မြစ်မခ)

ရခိုင်ပြည်နယ်အတွင်းရှိ ပဋ္ဋိပက္ခများဖြစ်ပွားသော ဒေသများ၌ နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများမှာ NGO အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ယုံကြည်မှုကင်းမဲ့ကာ ကြောက်ရွှံ့လာကြသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီပဋ္ဋိပက္ခအရေးများတွင် နိုင်ငံတကာမှလူမှုအဖွဲ့အစည်းများ၊ တချို့ ရုပ်သံ မီဒီယာများ၊နိုင်ငံခြားသံရုံးအချို့၏ မဟုတ်မမှန်သတင်းများ ထုတ်ပြန်ကာ ပဋ္ဋိပက္ခများကို ပိုမိုကြီးထွားလာစေခြင်းကြောင့် အဆိုပါ လူမှုအဖွဲ့အစည်းများအပေါ်ယုံကြည်မှုကင်းမဲ့ကာ ကြောက်ရွံ့လာခြင်းဖြစ်သည်ဟု သိရှိရသည်။
 ''မဟုတ်မမှန်သတင်းတွေ ဖော်ပြပေးတော့ ပဋ္ဋိပက္ခတွေကိုပိုပြီး ကြီးထွားလာစေတယ်။ အဲဒါကြောင့် လူမှုကူညီရေး အဖွဲ့အစည်း တွေကပါ ဆိုပြီး ပြောလည်း တချို့ရွာသားတွေက မယုံကြည်ကြတော့ဘူး။ ကြောက်နေကြတယ်။ သူ တို့တွေက မဟုတ်သတင်း တွေကိုပြောပြီး ပဋ္ဋိပက္ခတွေကိုကြီးထွားစေတဲ့လူတွေ၊ ရခိုင်တိုင်းရင်းသားတွေကို ဒုက္ခပေးနေတဲ့ လူတွေလို့ မြင်လာကြတယ်''ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
ဇန်န၀ါရီ ၂၉ရက်နေ့ နေ့လယ်တစ်နာရီအချိန်က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ခုနစ်မိုင်ခွဲ Cafe 47 ၌ပြုလုပ် သည့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သို့ လာရောက်ကြသည့်အချို့သောလူမှုကူညီရေးအဖွဲ့အစည်းများမှာ ရခိုင်ဒုက္ခသည်များကို မကူညီကြဘဲ ဘဂါင်္လီဒုက္ခသည်များထံသို့သာ သွားရောက်၍ ကူညီထောက်ပံ့ပေးမှုများလည်း ရှိနေကြကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
''ကျွန်မတို့တွေက ဘယ်သူတွေကဘာတွေလုပ်နေကြတယ်ဆိုတာကို မသိဘူး။ မဟုတ်တဲ့ သတင်းတွေထွက်လာ ပြီဆိုရင် အသက်အန္တရာယ်တွေက စိုးရိမ်လာရပြီ၊ တိုက်ခိုက်မှုတွေ များလာမယ်။ အဲဒါကြောင့် ဘယ်သူတွေကြောင့် ဖြစ်တယ်လို့တော့ အတိအကျမသိပေမယ့်လူမှုကူညီရေးအဖွဲ့အစည်းတွေဆိုရင်လည်း အကုန်အတူတူပဲထင်ပြီးတော့ရော ကြောက်နေရတယ်'' ဟု ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၌ဖြစ်ပွားနေသည့် ပဋ္ဋိပက္ခများမှာမကြာခဏဖြစ်ပွားနေသဖြင့် နစ်နာဆုံးရှုံးများအများအပြားရှိကြောင်း အချို့ ကိစ္စများဆိုလျှင် အစိုးရအဖွဲ့အစည်းများမှလည်း အမှုမှန်များပေါ်ပေါက်အောင်မဆောင်ရွက်ပေးနိုင်ကြောင်း၊ စေတနာ မှန်ကန် သော နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်း အများအပြားလိုအပ်နေကြောင်း ဒေသခံပြည်သူများက ဆိုသည်။

ကမ္ဘာသိ မီဒီယာနှင့် မြန်မာဖိ ကျီးကန်း မီဒီယာများ

Thursday, January 30, 2014  Myanmar Express Group  No comments
From : .... www.MyanmarExpress.net



၂၀၁၀ ရွေးကောက်ပွဲ အပြီး သိသာထင်ရှားသည့် တောင်းဆိုမှုများတွင် ဒုက္ခမဏ္ဍိုင်ကြီးမှလည်း မီဒီယာ ဖိနှိပ်မှု ရပ်ဆိုသည့် ခေါင်းစဉ်ဖြင့် အခွင့်အရေးအတွက် အပြည့်အ၀ တိုက်ပွဲဝင်ပြီး အမြတ် ထုတ်သွားခဲ့ သည်။ အကျိုး အမြတ် အဖြစ် ထင်ရာရေး သားခွင့် ရ၇ှိခြင်း၊ လူဖတ်များစေသည့် အတင်း အပုပ်များကို ဆွဲထုတ် ခွင့် ရခြင်း၊ အခွင့် ထူးခံ အဖြစ် နေခွင့်ရခြင်း များရရှိခဲ့သည်။

ကချင် စစ်ပွဲအတွက် ဒုက္ခသည်များ ဗန်းပြရေးကြ၏။ ကချင်နှင့်စစ်ပွဲသည် သူတို့နှင့် မဆိုင် သကဲ့သို့ မည်သည့် သုံးသပ်ချ က်မှ မထုတ်။ မိုင်းထောင် ဗုံးခွဲ ကိုယ့်ဂျာနယ် တိုက် လာမခွဲရင် ပြီး ရော နေနိုင်လွန်း ကြသည်။ ရခိုင်တွင် ဘင်္ဂလီများကြောင့် ရခိုင်တိုင်းရင်းသားများ၏ မျက်ရည်ကို နန်းခင်ဇေယျာ၏ အဖော် အချွတ် များ၊ ဒေါ်အောင်ဆန်း စုကြည်၏ စည်းရုံးရေးများ၊ မင်းကိုနိုင်တို့၏ ဆူပူလှုံ့ဆော်မှုများ ဖြင်သာ ဖုံးလွှမ်းခဲ့ကြသည်။

  မည်သူတွေ အကျိုးအမြတ် ရှိသည်တော့ မသိ။ ဘယ်သူတက်တက် မီဒီယာ လွတ်လပ်ခွင့်က တော့ အပြည့် ရရှိနေမည်သာ ဖြစ်သည်။ ဒါတွင်မက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွယ် ဆုံး နည်းဖြင့် ၂၀၁၅ မတိုင်ခင် ပြင်ဆင်နိုင်မည့် အကျိုးကျေးဇူးများ၊ တရုတ်လုပ်ငန်းများ ရပ် ဆိုင်းနိုင် သည့် အကျိုးများကြောင့် မီဒီယာများ အကြိုက်တွေ့ကာ ကျီးအာသလို ၀ိုင်းအာပေးနေကြသည်။
ဘင်္ဂလီများ က အချိန်ကိုက် ဆိုသလို ကမ္ဘာသိ မီဒီယာများ အသုံးချ၍ ရခိုင်တွေ သတ်လို့ ဘင်္ဂလီတွေ သေ
နေရပါတယ် ဆိုပြီးကမ္ဘာကို ကြေငြာသွားသည်။ မြန်မာ မီဒီယာသမားများမှာတော့ ဘာကိုကြောက်၍လည်း
မသိတုတ်တုတ်မျှ မလှုပ်ရဲကြ ။ ဘင်္ဂလီ သတင်းနှင့် ပတ်သတ်လျှင် မသိချင်ဟန်ဆောင်နေကြသည်။ကိုယ့်
အချင်းချင်းသာ ကိုက်ဖို့ချောင်းနေသည်။ ဘင်္ဂလီ တော့ မထိရဲကြ။ တရားကြဖို့ကောင်းပေသည်။ဘင်္ဂလီ
တွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ရခိုင်ရှို့သည်ဟု လိမ်ညာ သတင်းလွင့်သည်။
မြန်မာ မီဒီယာများ သတင်းအချိန်မှီလွင့်ဖို့  ကြက်သေသေနေကြသည်။ အထူးသဖြင့် လွှတ်တော် အမတ် ကုလားရွှေမောင်
ဟာ ဘင်္ဂလီ သတင်းနဲ့ ပတ်သတ်လို့  လိမ်လည်ထုတ်လွင့်နေသည်။ မြန်မာ တစ်နိုင်ငံလုံးသိသည် ။ သို့သော် မြန်မာမီဒီယာများ မသိကြဟန်ဆောင်နေသည်။ သတင်းလိုက်ရကောင်းမှန်းမသိချေ။


    ယခုတော့ ကမ္ဘာသိ အယ်လ်ဂျာဇီးရားမှ ဘင်္ဂလီများအတွက် အခိုင်အမာ ဖော်ထုတ် ပေးနေလေပြီ။ ရခိုင်များ၏ စိတ်ဆိုးမှုများ၊ အစိုးရ၏ ထိန်းသိမ်းမှုများကြားမှ ဘင်္ဂလီများအတွက် အမြတ်ထွက်နိုင်သည့် အစီအစဉ် တစ်ခု ကို မြန်မာနိုင်ငံတွင်း ရအောင် လာရိုက်သွားကြသည်။ ကိုယ့်မြန်မာကို ဖိသည့် မီဒီယာများကတော့ အစီအစဉ် တစ်ခု ဝေးစွ။ သတင်းတစ်ခု၊ ဆောင်းပါး တစ်ခုဖြင့်ပင် ဘင်္ဂလီတို့၏ ရက်စက်မှု၊ ဘာသာခြားတို့၏ အနိုင်ကျင့် မှုကို ဖော်ထုတ်ခြင်း မရှိကြ။ ကိုယ့်မြန်မာ ကိုယ်ပြန်ဖိသည့် မြန်မာဖိ ကျီးကန်းမီဒီယာများပင် ဖြစ်တော့သည်။
 

မိုးကတော့မပြို ပြိုခဲ့သည်ရှိသော် (Ashin Dhammapiya)




?


မိုးကတော့မပြို ပြိုခဲ့သည်ရှိသော်
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၄
          ၂၀၁၄-ခု၊ ဇန်န၀ါရီလ (၅)ရက်နေ့မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။ ခရီးစဉ်အရ ရောက်ခဲ့တဲ့နိုင်ငံ တိုင်းမှာ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ရခိုင်အရေးအခင်း၊ မိတ္ထီလာအရေးခင်းနှင့်စပ်လျဉ်းပြီး သတင်းမှားတွေကို အင်တာနက်စာမျက်နှာပေါ်မှာ တင်ခဲ့ကြတဲ့အတွက်ကြောင့် နိုင်ငံတကာပြည်သူ၊ ပြည်သားတွေက မြန်မာပြည်သူ၊ ပြည်သားတွေအပေါ်မှာ များစွာအထင်လွဲခဲ့ကြတယ်။ မရက်စက်တတ်တဲ့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ အထူးသဖြင့် ရဟန်းတော်များဟာ နေရင်းထိုင်ရင်း အကြမ်းဖက်ခေါင်း ဆောင်တွေရယ်လို့ အမည်နာမတွေ အတပ်ခံခဲ့ရတယ်။   
          ရောက်တဲ့နိုင်ငံတိုင်းမှာလိုလို ဖြစ်စကဆိုရင် နိုင်ငံခြားမှာရှိတဲ့ အများစုသော ပြည်သူ၊ ပြည်သားတွေဟာ မြန်မာပြည်သူ၊ ပြည်သား တွေအပေါ်မှာ အတော်ကြီးကို အထင်အမြင် လွဲနေခဲ့တာကို တွေ့ခဲ့ရတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးတွေအပေါ်မှာ ခါးခါးသီးသီးကြီး စက်ဆုပ်ရွံရှာနေခဲ့ကြတယ်။ အကြမ်းဖက်ဝါဒီတွေရယ်လို့ ပြစ်မှားပြောဆိုလာတဲ့အထိ ဖြစ်နေခဲ့ကြတယ်။ ထိုသို့ပြောသူတွေထဲမှာ နိုင်ငံ ခြားရောက် မြန်မာဒကာ၊ ဒကာမအချို့သည်ပင် ပါဝင်နေခဲ့တာကြောင့် များစွာအံ့အားသင့်မိတယ်။ ကံရဲ့နိယာမ သဘောပဲလို့ ဖြေသိမ့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ အပြစ်ပြုသူနှင့် အပြစ်ရှိသူ ကွဲပြားခြားနားစွာ သက်သေမပြနိုင်သေးသသမျှကာလပတ်လုံး ကံဆိုးသူတို့အပေါ်မှာသာ အပြစ်တွေ ကျရောက်နေဦးမည်ဆိုတာ ဘုရားဟောဒေသနာတော်အရ နားလည်သဘောက်ပေါက်ခဲ့တယ်။   
          အပြစ်ပြုခြင်းနှင့်စပ်လျဉ်း၍ ဘာသာရေးရှုဒေါင့်ကနေကြည့်၍ ပြောရလျှင် အပြစ်ဆိုတာ ကိုယ်တိုင် လုပ်မှ၊ ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိမှ အပြစ်ဖြစ်နိုင်တယ်လို့  ဆိုနိုင်ပေမဲ့၊ ဆိုနေကြပေမဲ့ သိပ္ပံအမြင်က ဒီနေရာ မှာ တစ်မျိုးဆန်းသစ်နေတယ်လို့ဆိုရမယ်။  
          သိပ္ပံဆရာကြီး အိုင်းစတိုင်းက – "ဒီနေ့ ကမ္ဘာကြီးဟာ (လူသားတွေ) နေဖို့အတွက် အန္တရာယ်တွေ ပိုများ လာတယ်။ ဒီလိုဖြစ်ရတာဟာ မကောင်းမှုဒုစရိုက်တွေကို ပြုလုပ်နေသူတွေကြောင့်ချည်းမဟုတ်ပဲ။ အကြမ်းဖက် သမားတွေကို အကြမ်းဖက်ခွင့်ရအောင် ထိုင်ကြည့်နေသူတွေ (လက်ပိုက်ကြည့်နေသူတွေ) အကြမ်းဖက်ခွင့်ကို (မသိမသာ သို့မဟုတ် သိသိသာသာကြီး) လုပ်ခွင့်ပေးထားသူတွေကြောင့်လည်း ဒီကမ္ဘာကြီးဟာ အန္တရာယ်တွေ ပိုများလာနေခြင်း ဖြစ်တယ်↔လို့ ဆိုထားတယ်။ (The world is too dangerous to live in, not because of people who do evil, but because of people who sit and let it happen.) သိပ္ပံဆရာကြီးရဲ့အဆိုဟာ သဘာဝအလွန်ကျပြီး၊ ဘာသာရေးအစွန်းရောက်နေသူတွေ၊ ပြောသမျှ၊ ဆိုသမျှကို ယုံလွယ်သူတွေအတွက် စဉ်စားဖို့ကောင်းတဲ့ အချက်တစ်ခုဖြစ်တယ်။
          နိုင်ငံခြားခရီးစဉ်တွေအတွင်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများကိုလည်း ရောက်ခဲ့တယ်။  ရောက်တဲ့အခါ ထိုနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုးတွေရဲ့ စကားကို ကြားရတော့မှ ဘာကြောင့် မြန်မာပြည်က ရဟန်းသံဃာတွေနှင့် ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာ ခါခါသီးသီး မုန်းတီးနေရသလဲဆိုတဲ့မေးခွန်းဟာ သဲကွဲလာ တော့တယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ ရခိုင်အရေးအခင်း၊ မိတ္ထိလာအရေးအခင်း သတင်း တွေနှင့်စပ်လျဉ်းပြီး သတင်းမှန်တွေကို မသိရှာကြတဲ့လူတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ တက်လာတဲ့ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေကို ဖတ်ရှုပြီး အမှားကိုပင် အမှန်ထင်ခဲ့ကြတာကြောင့် ဘုန်းကြီးများကို ရက်စက်သူတွေရယ်လို့ အထင်ရောက်သွားခဲ့ကြတာကြောင့် ဂလဲ့စားချေတဲ့အနေနှင့် မလေးရှားမှာ မြန်မာဗုဒ္ဓဘာသာဝင်တွေ နေ့တိုင်းနီးနီး အကြမ်းဖက်ခံနေရတာ၊ အသတ်ခံနေရတာကို ကြားသိခဲ့ရတယ်။
          ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်ဒေသမှာ ဖြစ်ပျက်သွားခဲ့တဲ့အရေးအခင်းမှာ အများစု ဖြစ်တဲ့ ဘာသာခြားတွေက အနည်းစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများကို အင်းအားသုံး၍ အကြမ်းဖက်တိုက်ခိုက်ခဲ့တာတွေ၊ မိတ္ထိလာမြို့မှာပြဿ     နာကြီးထွားအောင် ရဟန်းတစ်ပါးကို အစွန်းရောက် သမားများက ၀ိုင်းဝန်းသတ်ဖြစ်ခဲ့မှုကို အကြောင်းပြု၍ မိတ္ထီလာမြို့ကြီးလည်း မီးဟုန်းဟုန်း တောက်ခဲ့ရတဲ့ အဖြစ်မှန်တွေကို ခြေခြေမြစ်မြစ် မသိခဲ့ကြလေတော့ပြဿ     နာကို ဖန်တီးသူများဟာ ဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်တယ်လို့ အထင်ရောက်နေခဲ့ကြသူတွေပါ။ မလေးရှားမှာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အကြမ်းဖက်ခံနေခြင်းဟာ အစွန်းရောက် အကြမ်းဖက်သမားတွေချည်းကြောင့်မဟုတ်ပဲ၊ ထိုသူများအား အားပေးအားမြောက်ပြုပေးနေသူတွေကြောင့်လည်း များစွာဖြစ်နိုင်ခြင်းပါ။
          ဤသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ သာသနာတော်သည် အကျဉ်းအကြပ် တည်း ကျရောက်နေတဲ့ အချိန်အခါမျိုးလို့ ပြောဆိုနိုင်ခြင်းပါ။ မြန်မာနိုင်ငံရဲ့သာသနာ အရှည်တည်တန့် ခိုင်ခန့်နိုင်ရေးသည် တိုင်းပြည်ကလည်း ငြိမ်းချမ်းပြီး၊ ဘာသာဝင်အချင်းချင်းကလည်း အကြမ်းမဖက်ကြပဲ သူ့စည်းကိုယ့်စည်းကို လုံခြုံအောင် ထိမ်းသိမ်းကြရန် အလွန်အရေးကြီးကြောင်း အထူးလိုအပ်နေခြင်းပါ။မန်မာပြည် အရေးအခင်းတွေနှင့်ပတ်သက်ပြီး မလေးရှားရှိ ဗုဒ္ဓဘာသာဝင်များဖြစ်ကြတဲ့ တရုတ်လူမျိုးများသည် ဗုဒ္ဓဘာသာသည် သူများအသက်ကို သတ်ခြင်းကိုလည်း ဘယ်တုံးကမှ အားမပေး၊ သူတပါးပစ္စည်းကို ခိုးခြင်း ကိုလည်း ဘယ်သောခါမှ အားပေးသည်မဟုတ်သောကြောင့် အင်တာနက်စာမျက်နှာများပေါ်၌ အများစွပ်စွဲသော စွပ်စွဲချက်များသည် မဟုတ်မမှန်နိုင်ကြောင်း သိထားပြီးဖြစ်သော်လည်း "မိုးကတော့မပြို ပြိုခဲ့သည်ရှိသော်↔ဆိုတဲ့စိတ်နှင့် အနေကျဉ်းကျပ်ခဲ့ရကြောင်း ပြန်လည်ကြားခဲ့ခြင်းပါ။
          ဘာပဲဖြစ်ဖြစ် အချို့သတင်းမီဒီယာများရဲ့ စွပ်စွဲချက်တွေက ပြင်းထန်လွန်းလှတယ်။ လူနည်းစုဖြစ်တဲ့ မူစလင်တွေကို လူမျိုးတုန်း ခြေမှုန်းသတ်ဖြတ်နေကြတယ်ဆိုတဲ့ လူမဆန်တဲ့ စွပ်စွဲချက်တွေဟာ ထိုလူမဆန်တဲ့သူများကိုသာ မုန်းတီးရမဲ့အစား ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များအပေါ်မှာ မုန်းတီးမှုတွေကို ဖြစ်စေခဲ့ကြတယ်။ သံဃာတော်များဟာ ထိုမုန်းတီးမှုတွေကို ဖြေလျှော့နိုင်ဖို့အတွက် မေတ္တာကို လက်နက်သဖွယ်အသုံးပြုပြီး၊ သစ္စာကို မန္တာန်သဖွယ် အသုံးပြုခဲ့ကြရတယ်။
          အဂုင်္လိမာလပရိတ်တော်မှာ အဂုင်္လိမာလမထေရ်သုံးစွဲခဲ့တဲ့ မန္တာန်ကို အတုယူပြီး၊  သစ္စာစကားကို ဆိုခဲ့ကြရတယ်။ အဂုင်္လိမာလမထေရ်သုံးစွဲခဲ့တဲ့ မန္တာန်က- "ကျွန်ုပ်သည် အရိယာဇာတ်သို့ ရောက်ရှိသည့် နေမှစ၍ သတ္တ၀ါတစ်ဦးတစ်ယောက်အား သေစေလိုသောစိတ်ထားဖြင့် သတ္တ၀ါ၏အသက်ကို သတ်ခဲ့ဘူး သည်ဟူ၍ မရှိပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် သင်နှမအား ချမ်းသာစွာ မီးဖွားနိုင်ပါစေ↔ဆိုတဲ့ သစ္စာမန္တာန်ပါ။ တဲ့။
          ဘာသာတရားကို ယုံကြည်ထားကြသူများဟာလည်း အဂုင်္လိမာလမထေရ်ရဲ့ သစ္စာမန္တာန်ကို နည်ုးယူ လျှက် သစ္စာမန္တာန်ကို ရွတ်ဆိုခဲ့ကြတယ်။ ကျွန်ုပ်တို့ ရွတ်ဆိုခဲ့ကြသောမန္တာန်က – "မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ သံဃာစစ်၊ သံဃာမှန်များသည် လူသားဖြစ်သော ဘာသာခြားတို့အားလည်းကောင်း၊ ဘာသာခြားတို့ ပိုင်ဆိုင်သော ပစ္စည်းများကိုလည်းကောင်း သေစေလိုသောစိတ်ထားများ၊ ပျက်စီးစေလိုသော စိတ်ထားများ အမှန်တကယ်ပင်မရှိကြပါ။ ဤမှန်ကန်သော သစ္စာစကားကြောင့် သံဃာတော်များအပေါ်၌ ကျရောက်နေသော စွပ်စွဲပြောဆိုချက်များသည် အလျှင်အမြန် ပျောက်ကင်းပါစေ။ အမှားနှင့်အမှန်ကိုလည်း ကမ္တာ့လူသားများက အမြန်ဖေါ်ထုတ်ပေးနိုင်ကြပါစေ↔လို့ သစ္စာမန္တာန်များကို ဆိုခဲ့မိခြင်းပါ။  
          ဖြစ်ခဲ့ပြီးတာတွေလည်း ဖြစ်ခဲ့ပြီလို့ ရှိပါစေလို့ ဆိုနိုင်ပေမဲ့၊ နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာဝင်များအားလုံးသည် အစွန်းရောက်တဲ့ ကျူးကျော်သှုများကို လက်ပိုက်ကြည့် မနေပဲ၊ ဆက်လက်ပြီး လုပ်ခွင့်များ ပေးမထားကြဖို့ အလေးအနက် တိုက်တွန်းလိုခြင်းပါ။ အမုန်းတရားကို ပွားစေနိုင်တဲ့ ဟောပြောမှုများကို အထူးရှောင်ရှားကြဖို့ပါ။ တိုင်းပြည်တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေး တို့အတွက် လူတိုင်းမှာ တာဝန်ရှိနေခြင်းပါ။
          တိုင်းပြည်တည်ငြိမ်အောင် အများဆုံးဖြစ်နိုင်ခြေရှိတဲ့ အားမခံချက်ပေးနိုင်တဲ့ မူဝါဒတစ်ခုမှာ  ပညာရေးမူဝါဒများကို အလျှင်အမြန် ပြုပြင်ပြောင်းလဲပေးဖို့ပါ။ လူမှုရေးပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ ထပ်မံမဖြစ်ပွားရလေအောင် ၀ိုင်းဝန်းစီမံဆောင်ရွက်ပေးကြဖို့ပါ။ မည်သည့် တိုင်းပြည် မျိုးမှာမဆို ပညာတတ်များ နည်းပါးနေမည်ဆိုလျှင် ပဋိပက္ခများလည်း များပြားနေတတ်၍ လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ နည်းပါးသွားရလေအောင် ပညာတတ်များကို တိုင်းပြည်တွင်းမှာ များများ မွေးထုတ် ပေးနိုင်ကြဖို့ပါ။ ̏ပညာမြင့်လျှင် လူမျိုးတင့်သည်။ ပညာကင်းလျှင် လူမျိုးဖျင်းသည်˝ ဆိုတဲ့အဆိုဟာ ကမ္ဘာ့နိယာမ တရားတစ်ခုလို့ပင် ဆိုသင့်ခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU
- See more at: http://moemaka.com/archives/35487#sthash.twzd1K9b.dpuf




--
http://www.burmaburo.blogspot.com

No comments:

Post a Comment