၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည်
မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နို၏။
အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။
ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။

No comments:
Post a Comment