Posted: 05 Mar 2014 08:50 AM PST
ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ လောင်းကစားဝိုင်းများ ဖယ်ရှားပေးစေလို.. (တိုင်ကြားစာ)
ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ဘာပွဲရယ်လို့အမည်တပ်စရာမရှိဘဲ လောင်းကစားသက်သက် ကျင်းပနေပါတယ်။ ၂၃-၂-၂၀၁၄ရက်နေ့ကစပြီး တစ်လလောက်ကျင်းပမယ်လို့ ကြားမိပါတယ် ဒီပွဲမှာ လေးကောင်ဂျင် ဒေသအခေါ် ဂုံးကင်း(အံစာတုံးလိုတဖက်မှာ အကောင် တစ်ရုတ်စီ ပါရှိသည်) ဖဲကျူး(တရုတ်ဖဲ)တွေ ခင်းထားပါတယ်။ ပင်လုံဒေသမှာလူငယ်၃၀ရာနှုန်းလောက်မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။ ကလေးတွေရဲ့ အနာဂတ်ဟာမတွေးရဲစရာပါ။တကယ်ဆိုဒီလဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ အရေးကြီးတဲ့ စာမေးပွဲကာလပါ။ ပွဲသံကတချိန်းချိန်းနဲ့စာမကျက်နိုင်တဲ့ကလေးတွေ ပွဲလည်ရင်း အကျင့်ပျက်နေတဲ့ကလေးတွေ ဘာသာရေးပွဲ စာပေဟောပြောပွဲ တွေမှာ ပွဲမိန့်တင်တာမရတတ်တဲ့ တာဝန်ရှိသူတွေ ဒီလောင်းကစားဝိုင်းကိုတော့ ဘယ်လိုအမိန့်နဲ့ပေးတယ်ဆိုတာ စဉ်းစားမရတော့ပါဘူး။ အနာဂတ်ကိုတွေးမိရင် ဒီလို ဥပဒေမဲ့ ဖြစ်ရပ်တွေ မရှိသင့်တော့ပါဘူးကြောင်း ဒီမိုဝေယံမှ တဆင့်ဖော်ပြပေးပါရန်.. ပင်လုံမြို့သူမြို့သားများ ကိုယ်စား တင်ပြလိုက်ပါတယ်။ စိုင်းပြည်ချစ်(ပင်လုံ) |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
No comments:
Post a Comment