Friday 23 May 2014


နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Published on: May 22, 2014
Written by: 
ဝင်းမောင်
နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ်မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၄၂ နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့်
အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

RSO သောင်းကျန်းသူများအား နှစ်နိုင်ငံ ပူးပေါင်းရှင်းလင်းရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား မေ ၁၈ ရက်က အကြောင်းကြားထားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လက်နက်ကိုင်အဖွဲ့များ တစ်ဖက်နိုင်ငံထဲတွင် အခြေမချနိုင်ရေး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း လက်မခံရန်နှင့် သောင်းကျန်းသူများအား ပူးပေါင်းရှင်းလင်းရေး ကိစ္စရပ်များအား အကြောင်းကြားစာ ပို့ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူများထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာကို ပေးပို့ခဲ့သည့်အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံ အနေဖြင့် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးရန်၊ ကျူးကျော်ပစ်ခတ်သော အကြမ်းဖက်သမားများကို ဖော်ထုတ်အရေးယူပေးရန်ကိုပါ ထည့်သွင်းပေးပို့ခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် သောင်းကျန်းသူအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းရာ မေ ၁၃ ရက်က တစ်ကြိမ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မေ ၁၇ ရက်တွင် တစ်ကြိမ် တစ်ဖက်နိုင်ငံမှနေ၍ ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့်အတူ စစ်တပ်မှ ပူးတွဲတာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။ 

ပျောက်ဆုံး နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်တွေ့

19 May 2014 09:17(+0630) (3 ရက် ခန့်က)

Facebook "Like"-Dummy
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြန်မာ ဘင်္ဂလားဒေ့ခ်ျနယ်စပ် နယ်ခြား မှတ်တိုင် ၅၂ အနီး၊ မနေ့ကဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအပြီး ပျောက် ဆုံးနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တပ်သား(၂)ဦးကို ပြန် လည်တွေ့ ရှိခဲ့တယ်လို့ တိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့ ဒု ရဲအုပ် နွေဦးမောင် က ပြော ပါတယ်။

ခြုံခိုအတိုက်ခံရတဲ့ မြန်မာရဲတပ်ဖွဲ့ဟာ နယ်ခြားမှတ်တိုင် ၅၂ နဲ့ ၅၃ ကင်းစခန်း က ဖြစ်ကြပြီး အရာရှိတဦးအပါအ၀င် စုစုပေါင်း (၇) ဦးဖြစ်ပါတယ်။ တိုက်ပွဲ မှာ မြန်မာရဲတပ်ဖွဲ့က ၄ဦးကျဆုံး၊ အရာရှိ တစ်ဦးဒဏ်ရာရပြီး၊(၂)ဦးပျောက် ဆုံးနေတာဖြစ်ပါတယ်။ ဒါပေ မဲ့ ပျေုက်ဆုံးနေသူတွေကို မနေ့ က ပြန်တွေ့ ခဲ့ကြောင်း၊ ဒါ့အပြင် ကျဆုံးသွားသူတွေရဲ့ အလောင်းတွေကို နယ်မြေခံစစ် တပ်က သွားရောက်ကောက်ယူခဲ့ရာမှာ အလောင်းတွေအောက်မှာ မိုင်းထောင် ထားတာတွေ့ရကြောင်း မောင်းတော ဆေးရုံမှာ ကုသမှုခံ ယူနေတဲ့ ဒုရဲအုပ် နွေဦးမောင်က ပြောပါတယ်။

"နှစ်ယောက်ကတော့ပြန်တွေ့တယ်လေ တွေ့တော့သူတို့လည်း ဆုတ် တယ် အောက်ဘက်အထိ ဆုတ်သွားနိုင်လို့ ပြန်တော့တွေ့တယ်ဗျ ၊ ၅၃ စခန်း က နှစ်ယောက်ခင်ဗျ၊အလောင်းတော့ ပြန်ကောက်လို့ရတယ် ခင်ဗျ၊ အလောင်းကောက်ဖို့ အလောင်းအောက်မှာ ဒီကောင်တွေ မိုင်းထောင်ခဲ့ တယ် ၊မိုင်းကို စစ်တပ်က မိုင်းရှင်းပြီးမှ အဲ့အလောင်းတွေ ကောက်တယ် လို့ပြောတယ်ဗျ"

တိုက်ခိုက်တဲ့ အဖွဲ့ဟာ လူ ၆ဝ ခန့်ပါဝင်တဲ့ ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေး အဖွဲ့ RSO ဖြစ်နိုင်တယ်လို့ ဒုရဲအုပ်နွေဦးမောင်က ပြောပါတယ်။

RFA Burmese


တိုက်ပွဲတွင် ဒဏ်ရာရှိခဲ့သော ဒုရဲအုပ် နွေဦးမောင်မှ မောင်တော ဆေးရုံတွင် အတွင်းလူနာအဖြစ်ေ

OIC က ရခိုင်ဒေသကို ကူဖို့အသင့် လို့ ပြော

20 May 2014 09:10(+0630) (၁ ရက် ခန့်က)

Facebook "Like"-Dummy
 ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရခိုင်ဒေသ မှာ လူသားချင်း စာနာ တဲ့ အကူအညီတွေ ဆောင်ရွက်ဖို့ အတွက် OIC အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Syed Hamid Alba ကို အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

OIC အဖွဲ့ အနေနဲ့ ရခိုင်ဒေသကို သွားရောက်ခွင့် ရခဲ့ပြီး အဲဒီမှာ လူသားချင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်နိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဆိုခွင့် ရခဲ့ပုံ၊ OIC အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာရယ်၊ OIC အဖွဲ့ အပေါ် အထင်အမြင် လွဲမှား နေတာတွေကို ရှင်းပြ မှာပါ လို့ Syed Hamid Alba က ဘီဘီစီ ကို ပြောပါတယ်။

ဒီဒေသမှာ ဒုက္ခရောက်နေသူ တွေကို OIC အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာရယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း မှာ လည်း ပါဝင် လာနေလို့၊ ပြုပြင် ပြောင်းလဲရေး တွေလည်း လုပ်နေပြီ ဆိုတော့၊ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံ က သဟဇာတ ရှိတယ်၊ ငြိမ်းချမ်း တည်ငြိမ် တဲ့ နိုင်ငံတခု ဖြစ်တယ် ဆိုတာ မြင်ချင် နေ ကြတယ်၊ ဘာသာ အယူ၊ မတူကွဲပြားတဲ့ အုပ်စုတွေကြား မှာ နားလည်မှု ရှိလာရေး မှာ OIC အနေ နဲ့ တစိတ်တပိုင်း ပါဝင် ဆောင်ရွက် ဖို့ ဖြစ်ပါတယ် လို့ လည်း ရှင်းပြပါတယ်။

အခုလို တာဝန်ပေးအပ် ခံခဲ့ ရတာနဲ့ ပတ်သက်ပြီးတော့၊ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆွေးနွေးမဲ့ အကြောင်း၊ ရခိုင်ဒေသမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဆိုတာရယ်၊ OIC အနေနဲ့ ပြည်တွင်းမှာ ရုံးဖွင့် ဆောင်ရွက်ခွင့် ရချင်တဲ့ အတွက် ဆွေးနွေးယင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ OIC က ဘယ်လို အကျိုးရှိရှိ ဆောင်ရွက် မလဲ မြန်မာအစိုးရ ကို ဘယ်လို ကူညီမလဲဆိုတာတွေကို မြန်မာအစိုးရကို ဆက်သွယ်ပြီး ပြောပြသွား မှာလို့ လည်း ပြောပါတယ်။

OIC ဟာ ဘက်လိုက်တယ် ဆိုပြီး မြန်မာအစိုးရကရော ဒေသခံတွေကပါ သံသယတွေ ရှိနေတယ်ဆိုတော့ ဒီသံသယတွေကို ဖြေဖျောက်ဖို့၊ ဒီပဋိပက္ခအရေးကို စိတ်ဝင်တစား ကူညီ ဖြေရှင်းပေးလိုသူတွေ၊ NGO အဖွဲ့တွေ နိုင်ငံရေး ပါတီတွေ နဲ့ ကိုယ်တိုင် တွေ့ဆုံ စကားပြောနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ သူ့အနေနဲ့ ဒီပဋိပက္ခအရေးကို ဖြေရှင်းပေးလိုတယ် ဒုက္ခရောက်နေသူတွေကို အကူအညီပေးလိုတယ် ဒါ့ကြောင့် မကောင်းတဲ့ ဘက်ကမမြင်ပဲ တဘက်နဲ့ တဘက် နားလည် မှုတွ ရှိဖို့ လိုတယ် လို့ လည်း Syed Hamid Alba က ပြောပါတယ်။

ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အဆိုးဘက်က အမြင်မျိုး မထားသင့်ပါသလို၊ OIC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အခွင့်အရေး ပေးသင့်ပုံ၊ ဖိလစ်ပိုင်၊ အာဖရိက စတဲ့ တခြားနေရာဒေသတွေမှာလည်း OIC က ပဋိပက္ခအရေးတွေ ဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ကို Syed Hamid Alba က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 OIC ကို ရခိုင်ဒေသခံ ကန့်ကွက်

  ရေးမြို့နယ်မှာ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

21 May 2014 18:16(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)

Facebook "Like"-Dummy
နေပြည်တော်၊ မေ ၂၁

၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသ

ရဲဇာနည်





--
http://www.burmaburo.blogspot.com

No comments:

Post a Comment