Saturday 21 June 2014

သာသနာရေးဝန်ကြီးကို အရေးယူပြီးနောက် ထိန်းသိမ်းထားသည့် သံဃာငါးပါးအား ပြန်လွှတ်ပေး

Jun 20, 2014
SOCIALIZE IT →
Facebook "Like"-Dummy



Friday, June 20, 2014

သာသနာရေးဝန်ကြီးကို တာဝန်မှရပ်စဲသည့်ကြေညာချက်ထွက်လာပြီးနောက် ထိန်းသိမ်းထားသည့် သံဃာငါးပါးအား အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။


သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အဂတိ လိုက်စားမှု၊ သံဃာနှင့် သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနှင့် အစိုးရကြား အထင်မြင်လွဲမှားအောင် လုပ်ဆောင်ခဲ့မှု တို့ဖြင့် ဇွန်လ ၁၉ ရက်တွင် တာဝန်မှဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ဦးဆန်းဆင့်အား တာဝန်မှရပ်စဲပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် ထိန်းသိမ်းထားသည့် သံဃာငါးပါးအား ရုံးထုတ်စစ်ဆေးကာ ထိုသို့ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လူဝတ်လဲခံထားရသော သံဃာငါးပါးကို တာမွေတရားရုံးမှာပင် သင်္ကန်းပြန်ဆီးပေးသွားဖွယ်ရှိကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဦးဆန်းဆင့် ပြုတ်သွားရခြင်းမှာ မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက် ကြောင်း၊ မဟာသန္တိသုခကျောင်းကိစ္စကို သမ္မတက ငြိမ်းချမ်းစွာဖြေရှင်းရန် ညွှန်ကြားသော်လည်း ဦးဆန်းဆင့်က သမ္မတအမိန့်ကို မနာခံဘဲ မဟာသန္တိသုခကျောင်းကို အင်အားသုံးစီးနင်းခဲ့သည့်အပြင် ဘုန်းတော်ကြီးငါးပါးကိုပါ လူဝတ်လဲ ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲဆိုခဲ့ကြောင်း၊ ဝန်ကြီး ဦးဆန်းဆင့်၏ လုပ်ရပ်သည် သမ္မတကိုပမာမခန့်လုပ်ရာရောက်သည့်အပြင် သံဃာနှင့် သမ္မတကြား ရန်တိုက် ပေးသည့် သဘောဖြစ်၍ အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁) အရ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း၊ ဦးဆန်းဆင့်သည် မဟာသန္တိသုခ ကိစ္စအပါအဝင် နိုင်ငံတော်သမ္မက တာဝန်ပေးသည့် လုပ်ငန်းတာဝန်များတွင် လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်မှုများ ရှိနေခြင်းကြောင့်
ပြည်ထဲရေးဝန်ကြီးဌာနက ယခုလို အရေးယူရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြားသည်။

ငွေကြေး အလွဲသုံးစားမှုနှင့် ပတ်သက်၍ ဦးဆန်းဆင့်၏မိသားစုဝင်များ၊ သူနှင့် ပတ်သက်သူများ၏ နေအိမ်များကို ဝင်ရောက် စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ အတည်ပြုပြောကြားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိချက် အပေါ် မူတည်ပြီး ဦးဆန်းဆင့်ကို အရေးယူမှု ပြုလုပ်မည် ဟု ယင်း အကြီးတန်း အရာရှိက ပြောကြားသည်။

မဟာသန္တိသုခကျောင်းကိစ္စနှင့်ပတ်သက်၍ သမ္မတကြားဝင်ဖြေရှင်းပေးရန် ကာယကံရှင် ပီနန်ဆရာတော်ကြီး၊ အထက်မြန်မာပြည် သံဃာတော်များနှင့် အခြားသံဃာအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ကြပြီးနောက် သာသနာရေးဝန်ကြီးအား တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

ကျပ်သိန်းတစ်ထောင်ဖြင့် ဖမ်းဆီးခံသံဃာငါးပါးအား အာမခံရ

Written by 
ရန်ကုန်၊ မဇ္ဈိမ ။                  ။ မဟာသန္တိသုခ ကျောင်းတိုက် ချိတ်ပိတ်သည့် ညက ဖမ်းဆီး လူဝတ်လဲ ခံထားရသည့် သံဃာငါးပါး အား တာမွေတရားရုံးတွင် တစ်ပါးလျှင် ကျပ်သိန်းနှစ်ရာနှုန်းဖြင့် ကျပ်သိန်းတစ်ထောင် အာမခံကြေးပေးပြီး ပြန် လွတ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်များက သတင်းပေးပို့ပါ သည်။
20j1
ယင်းအပြင် အဆိုပါသံဃာတစ်ပါးစီအတွက် ဆရာတော်နှစ်ပါးစီက ကျောင်းပိုင်ဆိုင်မှု မြေဂရန်ပြပြီး အာမခံခဲ့ရခြင်းလည်းဖြစ်သည်။
လက်ရှိတွင် သံဃာငါးပါးစလုံး သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်ပြီးဖြစ်ကာ အာမခံပေးသည့် ဆရာတော် တစ်ပါးဖြစ်သော တာမွေမြို့နယ်အတွင်းရှိ သုံးထပ်ကျောင်းဆရာတော်၏ ကျောင်းတိုက်တွင် သတင်းသုံးမည် ဖြစ်သည်။
ထို့နောက် တရားရုံးက ယခုလ ၂၇ရက်တွင် ရုံးချိန်ပြန်ခေါ်ထားသည့်အတွက် ပြန်လည်အမှုရင်ဆိုင်ကြရမည်ဖြစ် သည်။
လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးမှာ ဇွန်လ ၁ဝရက်ညက မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ် စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဆန်းဆင့်ကိုလည်း ငွေအလွှဲသုံးစားမှုဖြင့် အမှုဖွင့်ထားသလို တာဝန်မှ ရပ်စဲလိုက်ကြောင်းလည်း ဇွန်လ ၂ဝရက်တွင် သမ္မတ ဦးသိန်းစိန်က ကြေငြာထားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

20 June 2014 09:34(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

Facebook "Like"-Dummy
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၃/၂၀၁၄)

၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်

(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်အား ၎င်း၏သဘော ဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။

(ပုံ) သိန်းစိန်                 

နိုင်ငံတော်သမ္မတ             

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံး ၀က်ဆိုဒ်








--
http://www.burmaburo.blogspot.com

No comments:

Post a Comment