Saturday 9 August 2014









ြ ပည်ပနိုင်ငံ၏ ၀င်ရောက် စွက်ဖက်လာသော မြန်မာ့နိုင်ငံအရေး

Aug 8, 2014


မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထ၀ီမြေအနေအထား၊ စစ်ရေး၊ စီးပွားရေးအရ အချက်အချာကြသော နိုင်ငံဆိုတာ အားလုံးအသိပင်ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကို လက်ရှိအခြေအနေတွင် နိုင်ငံကြီးများက ၎င်းတို့လက်အောက်သို့ သွတ်သွင်းရန် ကြိုးစားနေကြသော နိုင်ငံများ စွာရှိနေပါတယ်။ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများဟာ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးဖြစ်သည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအားလုံးတွင် သြဇာအာဏာ လွှမ်းမိုးချင်လာကြပါတယ်။ ကမ္ဘာ့ နိုင်ငံအရပ်ရပ်တွင်ဖြစ်ပျက်နေသော ပြည်တွင်းပြည်ပ ကိစ္စအားလုံးကိုပင် လူ့အခွင့်အရေးတွေ လူသားချင်းစာနာထောက်ထားရေး တရားမျှတမှုရှိရေးစသဖြင့် နည်းအမျိုးမျိုးဖြင့် ၀င်ရောက်စွက်ဖက်မှုများ ပေါ်ပေါ်တင်တင် ပြုလုပ်လာသည်မှာ အားလုံးအသိပင် ဖြစ်ပါတယ်။

ထိုနိုင်ငံကြီးများသည် နိုင်ငံငယ်များ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက် အားနည်းချက် ပျော့ကွက်များကို ရှာပြီး ထိုနိုင်ငံထဲသို့ စိမ့်ဝင်ထိုးဖောက်ကာ ၎င်းတို့သြဇာခံဖြစ်သည့်အထိ နည်းမျိုးစုံဖြင့် ပြုလုပ်လာခဲ့ပါတယ်။ အရှေ့တောင် အာရှတွင် အနီးဆုံး ကြည့်မည်ဆိုလျှင် မိမိတို့၏ အိမ်နီးချင်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်ပင်လျင် နိုင်ငံကြီးတစ်ခု၏ သြဇာခံ နိုင်ငံအဖြစ် သိမ်းသွင်းနိုင်ခဲ့ပါတာ ယခုဆိုလျှင် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ သြဇာခံ နိုင်ငံ တစ်ခုပင်ဆိုရပေမည်။ အမေရိကန်နိုင်ငံဟာ ပစ်မှတ် နိုင်ငံရဲ့ အစိုးရအတိုက်ခံများကို စီးပွားရေး၊ စစ်လက်နက်များနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ကူညီထောက်ပံ့ပေးအပ်ကာ လက်ရှိအစိုးရအားဖြုတ်ကာ အတိုက်အခံကို ၎င်းတို့အလိုရာ စေခိုင်းနိုင်သော ရုပ်သေးအစိုးရ တင်မြောက်နိုင်ရေးအထိ စွမ်းဆောင်လာကြပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ခေတ်သစ် ကျူးကျော်ရေး မူဝါဒတစ်ရပ်ပင်ဖြစ်ပါတယ်။ အမေရိကန်အနေဖြင့် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံကို နည်းမျိုးစုံဖြင့်ချဉ်းကပ်ကာ ၎င်းတို့၏ သြဇာခံ ရုပ်သေးအစိုးရတင်မြောက်ရေးကို ကြိုးပမ်းနေတာ ကမ္ဘာ့နိုင်ငံရေး စိတ်ဝင်စားသော သူများ အသိပင်ဖြစ်ပါလိမ့်မယ်။

၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် သဘာဝဘေးဒဏ်ခံ နေရသော မြန်မာပြည်သူများကို ကူညီရန်အတွက်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာ့ရေပိုင်နက်အတွင်းသို့ စစ်သဘောင်္များ ဖြင့် အခွင့်သာခိုက်မှာ ၀င်ရောက် စစ်စခန်းချ နေထိုင်ရန် ကြိုးပမ်းမှုတွေလဲရှိခဲ့ပါတယ်။ သို့ပေမဲ့ စစ်အစိုးရလက်ထက်မို့ စစ်ရေး နိုင်ငံရေးအရ အမျှော်အမြင်ရှိစွာဖြင့် ၎င်းတို့၏ ချဉ်းကပ်မှုနှောင်းကြိုးများနဲ့ အကူအညီကို လက်မခံခဲ့တာ အားလုံးမှတ်မိကြပေလိမ့်မယ်။ ယနေ့ခေတ် မြန်မာနိုင်ငံဟာ အရပ်ဘက်အစိုးရ ဒီမိုကရေစီနိုင်ငံ ဖြစ်လာသည်နှင့်အမျှ နိုင်ငံအတွင်းသို့ ပြောင်းလဲမှုတွေ ကူညီမှုတွေအကြောင်းမျိုးစုံဖြင့်အမျိုးမျိုးသော အဖွဲ့အစည်း ၀င်ရောက်လာနေပါတယ်။ မြန်မာနိုင်ငံရေးလောကတွင် အစိုးရနှင့်အတိုက်ခံအကြားတွင် အမျိုးမျိုးသော သပ်လျှိုမှုများ ရှိနေပါတယ်။ နိုင်ငံရဲ့ သံတမံရေးရာ ဆက်သွယ်မှုများရှိလာသလို အစိုးရအတိုက်ခံများကိုလည်း နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီမှုများ သိသိသာသာ ပြုလုပ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုလဲ သိသိသာသာ ၀င်ရောက်စွက်ဖက်ကာ ဝေဖန်ထောက်ပြလာမှုတွေရှိလာပါတယ်။

သြဂုတ်လ ၁ဝ ရက် တွင် ၊ နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ASEAN Regional Forum – ARF အစည်းအဝေးတက်သို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အား အမေရိကန် ကွန်ဂရက် အမတ် ၇ဝ ကျော်က မြန်မာ့ပြည်တွင်းအရေး ကိစ္စများနှင့် ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေ ပြုလုပ်လာတာတွေ့ရပါတယ်။ ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးမှ မြန်မာအစိုးရအားပြောဆိုစေသော အချက်များအနေဖြင့် မြန်မာနိုင်ငံဟာ နောက်ပြန်ဆုတ်သွားနေတာကြောင့် မြန်မာ-အမေရိကန် ၂နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက် စီးစေတယ်ဆိုတဲ့အကြောင်း၊ ပြည်တွင်းရေးကိစ္စဖြစ်သော ဘင်္ဂလီအရေးကိစ္စများ အထူးကာကွယ် ပြောဆိုထားကြသလို၊ အထူးသဖြင့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုအကြမ်းဖက်မှုတွေ ဖြစ်တာတွေ၊ မျိုးစောင့် ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေနဲ့ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာအပါအဝင်၊ မြန်မာသတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတာတွေဟာ အခြေအနေ ဆိုးတွေဖြစ်တယ်လို့ ကွန်ဂရက်အမတ်တွေက ထောက်ပြဝေဖန်ထားပါတယ်။

 ဒါအပြင် နိုင်ငံတစ်နိုင်ငံအတွက် အဓိကကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အထိ ၀င်ရောက်စွက်ဖက် ပြောဆိုလာပါတယ်။ ၎င်းတို့ဖြစ်စေချင်သော ရုပ်သေးအစိုးရ၏ နာမည်ခံသမ္မတဖြစ်လာမည့် ရုပ်သေးသမ္မတ ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်အခဲဆုံးနဲ့အဟန့် အတား ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိစ္စတွေ အရာမထင်သေးတဲ့ကြောင်းကို ဖိအားပေးပြောဆိုဖို့ မှာကြားလိုက်ကြပါသေးတယ်။

ဒါ့အပြင် မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အရေးအပါဆုံး ခြေလှမ်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာဟာ မှေးမှိန်နေဆဲဖြစ်တဲ့အကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စတွေမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ချုပ်ချယ်မှုတွေလုပ်ဖို့ ကြိုးစားလာတဲ့ကြောင်း ၎င်းတို့ ရုပ်သေးအစိုးရအတွက် ပြောဆိုထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်နေပေမယ့် အခုထိ အာမခံချက်ရှိတဲ့ အခြေအနေတခုကို မရောက်သေးတဲ့ အကြောင်းပြောဆိုဖို့မှာလိုက်ကြပါတယ်။ ၎င်းတို့ကြိုးဆွဲရာကမဲ့ ရုပ်သေးသမ္မတလောင်းလျာကို ဘယ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုမှ ကြိုးပမ်းခဲ့ဖူးခြင်း မရှိခဲ့ဖူးဘဲ ဖခင်နာမည်အရှိန်အ၀ါနှင့် အစိုးရအတိုက်အခံပြုလုပ်သော အချက်ဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေးထားပြီး ယခုပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား လစ်လျူ  ရှူ  ခြင်းအပေါ် မည်သို့မျှတုန့်ပြန်ခြင်းမရှိတာ တွေ့ရပါတယ်။

ထို့အပြင် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီုး ပြည်တွင်းက ကိစ္စရပ် အမှန်အတိုင်း မသိဘဲ အင်တာနက် အွန်လိုင်းပေါ်က ကုလား ဘင်္ဂလီများရဲ့ ၀ါဒဖြန့်ကာ မဟုတ်မှန်သော Media များ၏ တဖက်သတ် လိမ်လည် ၀ါဒဖြန့်မှုကိုကြည့်ပြီး ဝေဖန်နေခြင်းဟာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့်လက်ခံနိုင်စရာမပေးပါချေ။ ထိုကြောင့် ၎င်းတို့၏ ရုပ်သေးအစိုးရဖြစ်လာမည် အတိုက်ခံကိုအားပေးပြီး အတိုက်ခံကို ထောက်ခံသော မွတ်ဆလင် ကုလားများကို ကာကွယ်ပေးနေခြင်းဟာ သိသာထင်ရှားနေခြင်းပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်သူများအနေဖြင့် ခေတ်သစ်သူ့ကျွန်ဘ၀ မရောက်ရှိရေး၊ အမျိုးဘာသာ ကွယ်ပျောက်မသွားရေး၊ ရုပ်သေးအစိုးရ အုပ်ချုပ်ခြင်းမခံရရေးအတွက် အထူးပင် သတိကြီးစွာ ကာကွယ်ဟန့်တားဖို့ လိုအပ်ပါကြောင်း အများပြည်သူများ သိရှိနိုင်ပါရန် ရေးသားဖော်ပြလိုရပါတယ်။

သုတအောင်(ပန်းတနော်)
မြန်မာပြည်သား


ရွှေသင်္ကန်း ကပ်လှူ နေရာသို့ မိန်းမလျာများကို ခွင့်မပြု ဟုဆို

Written by  မျိုးသန့်
မဟာမြတ်မုနိဘုရားကြီး ရွှေသင်္ကန်း ကပ်လှူရန် အမျိုးသားများကိုသာ ခွင့်ပြုထားသော် လည်းမိန်းမလျာ များကိုတက် ရောက်ကပ်လှူခွင့်ပေး သွားမည်မ ဟုတ်ဘဲ စောင့်ကြပ် မှုများ လုပ်ဆောင်ထား မည်ဖြစ်ကြောင်း မဟာမုနိ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
wai-23
မိန်းမလျာများက အမျိုးသမီး အ၀တ်အစားများ ၀တ်ဆင်၍ တက်ရောက်မှုများ ရှိခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ စီစဉ် ခြင်းဖြစ် ကြောင်းနှင့် စောင့်ကြည်ရေးအဖွဲ့ကို အမြဲတမ်းထားရှိသော်လည်း တောင်ပြုံး ပွဲကာလအတွင်း သေချာစောင့် ကြည့်မှုများ ကို လုပ်ဆောင်မည်ဖြစ်သည်။
"ဘုရားကို ရွှေသင်္ကန်း ကပ်လှူပူဇော်တာမှာ ယောင်္ကျားတွေကိုပဲ တက်ရောက် ခွင့်ပြုတာဖြစ်တယ်။ ယောင်္ကျားဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့ သူတွေကမိန်းမ အ၀တ်အစား ၀တ်ဆင်တာတို့၊ မိတ်ကပ် လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့် အရင်နှစ်က ပြဿနာဖြစ်ဖူးပါတယ်။ ဒါကြောင့် အခုတောင်ပြုံး ပွဲတော်ကာလကစပြီး တက်ရောက်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး"ဟု မဟာမြတ်မုနိ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ဘုရားဖူး ပြည်သူများက မိန်းမလျာများ ကို မိန်းမအသွင်မြင်၍ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊ တိကျသေချာသော စည်းကမ်းချက်များ ထုတ်ပြန်ထားရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်စေလိုခြင်းကြောင့် ရည်ရွယ်၍ ယခုကဲ့သို့လုပ်ခြင်းဖြစ်သည်။
ရွှေသင်္ကန်း ကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီး လုံခြုံရေးများကို ချထားဆောင်ရွက်၍ မိန်းမလျာများကို စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ လုံခြုံ ရေးပိုင်း ဆိုင်ရာများကိုလည်း ဂရုပြုဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီစီတီဗီ များကို တပ်ဆင်ထားရှိ၍ လိုအပ်သလို ထိန်းသိမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။
"ဘုရားကြီးအတွင်း လိုအပ်တဲ့ စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင် ပြဿနာတွေဖြေရှင်း နိုင်အောင် လုံခြုံရေး အတွက် လုံခြုံရေးအင်အား ၆၀ ကျော်ခန့်အပ်ထားရှိပြီး ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် စီစီတီဗွီ ကင်မရာ ၁၀ လုံးနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်""ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ဘုရားကြီးပရ၀ုဏ်အတွင်း ခိုးဆိုးနှိုက်များကိုလည်း နေ့စဉ်ဘုရားကြီး လုံခြုံရေးအဖွဲ့နှင့် နယ်မြေအလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများကို ပြုလုပ်လျက်ရှိကြောင်း၊  ဘုရားကြီးဝန်းကျင်တွင် ကော်ရှုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှုသူများကို ယခုအခါတွင် ကော်ရှုသူများကိုလည်း ဖမ်းဆီး၍ သက်ဆိုင်ရာရဲဌာနသို့ အပ်နှံဆောင်ရွက်ခြင်းမျိုးကိုလည်း လုပ်ဆောင်သည်ဟု ၎င်းတို့က ဆိုသည်။


စစ်တွေဒါးပိုင်ဒုက္ခသည်စခန်းတွင် လူတစ်ဦးသေဆုံးခဲ့ရသောဆူပူမူ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် တိုက်ဆိုင်နေ

8 August 2014 14:31(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)

Facebook "Like"-Dummy
 ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည်စခန်းတွင် သြဂုတ်စ်လ (၆) ရက်နေ့က လူတစ်ဦး သေဆုံးရသည့် အထိ ဖြစ်ပွားခဲ့သော ဆူပူမူသည် နေပြည်တော်တွင် သြဂုတ်စ်လ (၈) ရက်နေ့တွင် စတင်ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် အာရှ၏ အဓိက လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ( Asean Regional Forum) နှင့် တိုက်ဆိုင်နေသည်။

သို့အတွက် ယခု ယင်းဆူပူမူသည် အကွက်ချချ စီစဉ်ပြီး အချိန်ကိုက် လုပ်ဆောင်မူဟုတ်/ မဟုတ်ကို သက်ဆိုင်ရာမှ အမြန်ဆုံး စုံစမ်းစစ်ဆေး ဖေါ်ထုတ်မူများ ပြုလုပ်ရန် လိုအပ်ကြောင်း စစ်တွေမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

" မြန်မာနိုင်ငံကို ကုလသမဂ္ဂကဖြစ်စေ၊ နိုင်ငံတစ်ခုခုက အကြီးအကဲတွေ လာရောက်လည်ပတ်တဲ့ အခါတိုင်း ဖြစ်စေ သူတို့က ခုလို ပြသနာတွေကို ဖန်တီးခဲ့တာတွေရှိတယ်။ အခုလည်း နေပြည်တော်မှာ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးရှိနေတဲ့ အချိန်မှာ ဒါးပိုင် ဒုက္ခသည် စခန်းမှာ ဆူပူမူဖြစ်တယ်။ ဒီအပေါ်မှာ တမင်အကွက်ချ စီစဉ်တာလားဆိုတာကို ကျနော်တို့ သံသယ ဖြစ်နေတဲ့ အပိုင်းတွေရှိတယ်။ ဒါကို သက်ဆိုင်ရာ စုံစမ်းဖေါ်ထုတ် အရေးယူဆောင်ရွက်ဖို့လိုတယ်" ဟု သူက ဆိုသည်။

ယခင်ကလည်း အလားတူ ဆူပူမူများ တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့မူများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူခြင်း မရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။

သြဂုတ်စ်လ (၆) ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် ဆူပူမူ ဖြစ်ပွားခဲ့သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဘင်္ဂလီ ဒုက္ခသည် တစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါနေ့ ညနေ ၇ နာရီခွဲခန့်တွင် ဒါးပိုင် ဘင်္ဂလီရွာမှ လူငယ် နှစ်ဦးသည် ဒါးပိုင် ဒုက္ခသည် စခန်းသို့ ဈေးဝယ်ရန် သွားရောက်စဉ် ဒါးပိုင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ များမှ သူခိုးဟု စွပ်စွဲကာ ကြိုးများဖြင့် တုတ်နှောင်ပြီး ဖမ်းဆီးရိုက်နှက်မူများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နေသဖြင့် မိဘဖြစ်သူများက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် (၃၆) ရဲတပ်ဖွဲ့သို့ သို့လာရောက် တိုင်းတန်း အကြောင်းကြားခဲ့ကြောင်း၊ သို့အတွက် ရဲတပ်ဖွဲ့က လိုက်ပါသွားရာ ရဲကို တိုင်ကြားရမည်လားဟုဆိုကာ အဆိုပါ ဖမ်းဆီးထားသူ ဘင်္ဂလီ လူငယ် (၂) ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဓါးကိုင်ထားသော လူတစ်စုမှ ဒုက္ခသည်စခန်း အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်တားဆီးသော်လည်း လိုက်နာမူ မရှိသည့် အပြင် လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြသည့်အတွက် သေနတ် (၅) ချက် မိုးပေါ်ထောင်ပစ်ခဲ့ရသည်ဟု စတင် ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရဲတာဝန်ရှိသူ  တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

သေနတ် ပစ်ဖေါက်မူကြောင့် ဒုက္ခသည်စခန်းမှ လူအုပ်မှာပြိုကွဲသွားခဲ့သော်လည်း ညဥ့်အမှောင်ကိုယူကာ အဆောက်အအုံများ၊ သစ်ပင်များကို အကာအကွယ်ယူလျှက် လေးခွ၊ ဂျင်ဂလိများဖြင့် ထပ်မံပစ်ခတ်ပြီး လူအုပ်ကြီးက ၀ိုင်းအုံလာသဖြင့် အဓိဂရုဏ်းဖြိုခွင်းရေးလက်နက်များဖြင့် တစ်ချက်ချင်း ပစ်ခတ် ဖြိုခွင်း သော်လည်း နောက်မဆုတ်ဘဲ ဆက်လက် ၀ိုင်းအုံလာသဖြင့် သေနတ်ဖြင့် လေးချက် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းတွင် လူအုပ်ပြိုကွဲသွားသဖြင့် ဖမ်းဆီးခံထားရသူ လူငယ်နှစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ယင်းလူငယ် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်သူများထဲမှ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူ တစ်ဦးမှ နောက်ကွယ်မှ ၀ှက်ယူလာသော ဓါးဖြင့် ရဲတပ်ဖွဲ့ တစ်ဦးအား လိုက်ခုတ်ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း၊ သို့အတွက်  ချောင်ရှုးအာလောင် (၃၀) နှစ် ဆိုသူမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန် သေဆုံးသွားကြောင်း သူက ပြောကြားသည်။

" သူတို့အချင်းချင်း ဖြစ်ကြတာ။ ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ထိန်းသိမ်းဖို့သွားတာ။ ဒါကို သူတို့က လူအုပ်စုဖွဲ့ပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အတွက် ခုလို အဆင့်ထိ ဖြစ်သွားရတာပါ" ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။

၎င်းသေဆုံးသွားသူ ချောင်ရှုးအာလောင် အလောင်းအား ယမန်နေ့ ကြာသပတေးနေ့ နံနက်က ဘာရေးဆရာများနှင့် အရပ်လူကြီးလက်သို့  လွှဲပြောင်း ပေးအပ်လိုက်ပြီး မန်ဇီ မူဆလင် သချိုင်းတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။

ယနေ့ သြဂုတ်လ (၈) ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အာရှလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ အဖြစ် လူသိများသော ( Asean Regional Forum) တို့ကို စတင် ကျင်းပမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသာမက အမေရိကန်၊ ရုရှား၊ ဂျပန် တရုတ်စသည့် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲကို သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိပြုလုပ်မည် ဖြစ်သည်။

(နိရဉ္စရာ- ၈ သြဂုတ် ၂၀၁၄)
http://www.narinjara.com/burmese/?p=11538

ယခင်က စစ်တွေရှိ ဘင်္ဂလီဒုက္ခသည် စခန်းတွင် ဖြစ်ပွားခဲ့သော ဆူပူမူ (ဓါတ်ပုံ- အင်တာနက်)




--
http://www.burmaburo.blogspot.com

No comments:

Post a Comment