Thursday 1 January 2015



ကိုရာရှစ်.. ကိုမြအေး.. နဲ့ သမိုင်းလည်ပြန် ( စ၊ဆုံး)

Dec 30, 2014





၁၉၃၆ ဗကသ စတင်ဖွဲ့စည်းဖို့ ဥက္ကဋ္ဌရွေးချယ်တော့ အဆိုပြုခံရသူက ကိုရာရှစ်.. ကိုညိုမြ.. ဒီအချိန်မှာ သခင်နုက ကျောင်းထုတ်ခံထားရပြီး.. ကိုအောင်ဆန်းက ကျောင်းထုတ်ခံရဆဲဆဲအချိန်.. အပြင်းဖျားပြီး တက္ကသိုလ် ဆေးရုံတက်ရောက်နေချိန်.. ပထမဆုံး အိုးဝေဂျာနယ်မှာ ``ငရဲခွေးကြီး လွတ်နေသည် ´´ ဆောင်းပါးနဲ့ ကလောင်လက်သံ ပြောင်ခဲ့သူ ကိုညိုမြက စင်ပေါ်တက်ရမဲ့ အလုပ်မျိုး ဝေးဝေးရှောင်သူ.. ကိုရာရှစ်က ကုလားဖြစ်နေတော့ ခေါင်းဆောင်တင်ဖို့အရေး ကျောင်းသားထု ကြားမှာ ဝေဖန်သံ ဆူညံနေတယ်..

နောက်ဆုံးမှာ ပြဿနာ အတက်မခံနိုင်လို့ ကိုညိုမြက ကိုအောင်ဆန်းရှိရာ ဆေးရုံကိုသွားပြီး အကျိုးအကြောင်း ပြောပြတယ်.. အဖျားတက်နေတဲ့ကြားက စည်းဝေးပွဲရှိရာကို လူတွဲပြီး တက်ရောက်ခဲ့တယ်.. စကားပြောနိုင်အောင် လမ်းမှာ မုန့်နဲ့လ္ဘက်ရည် တက်သုတ်ရိုက်စားပြီး ကွီနိုင်းဆေး သောက်ခဲ့တယ်.. ကိုအောင်ဆန်းရဲ့ ထောက်ခံမှု့ .. ကိုရာရှစ်ရဲ့ ကောင်းကွက်
တွေကို ဟောပြောပေးမှု့ ကြောင့် အားလုံးသဘောတူစွာပဲ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ကြတယ်..
ကျောင်းသားလှုပ်ရှားမှု့ တွေမှာလဲ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်..

ဗကသ ဥက္ကဋ္ဌ (၁၉၃၆-၃၇) ဖြစ်ခဲ့သူ ကိုရာရှစ်ဟာ ပါ
လီမာန်ခေတ်မှာ ဦးနုရဲ့ ဖေးမမှု့ နဲ့ ဝန်ကြီးဖြစ်လာခဲ့တယ်.. တစ်ရက်မှာ ပါလီမာန်လွှတ်တော်အသွား ဝန်ကြီးရဲ့ကားဘေးမှာ ဗမာတွေ အလှူပွဲတစ်ခုအတွက် ဝက်သားတွေဝယ်တင်လာတဲ့ကားနဲ့ယှဉ်ရပ်မိတယ်.. ဒါကို မနက်စောစော တွေ့မိလိုက်တော့ ဝန်ကြီးခမျာ စိတ်မသာမယာဖြစ်တယ်.. သိပ်မကြာခင်မှာပဲ ပါလီမာန်လွှတ်တော်မှာ ဦးရာရှစ်ဟာ အဆိုတစ်ခု တင်သွင်းဖို့ ကြံစည်ပါတယ်.. လွှတ်တော်အတွင်းမှာသာမက ပြင်ပအထိပါ ဒီသတင်းဟာ တော်တော်ရိုက်ခတ်သွားတယ်.. ဒါက ဘာလဲဆိုတော့
`` ဝက်သား ဝယ်ယူ သယ်ဆောင်ရာမှာ အသားစကို အများမမြင်နိုင်အောင် လုံခြုံစွာ သယ်ယူရမယ်.. ´´ ဆိုတဲ့ အဆိုပါပဲ...

စာရှည်ရင်မဖတ်ကြလို့ ဒီမှာခနရပ်မယ်...

သမိုင်းလည်ပြန် ( ၂ )

ကိုရာရှစ်ဆိုတာ တက္ကသိုလ်ကျောင်းသား အရေးတွေမှာ ရှေ့တန်းက ပါဝင်တတ်ပြီး ဒုတိယ ကျောင်းသားသပိတ်မှာ ဦးဆောင်ခဲ့တယ်.. ခင်မင်ဖော်ရွေတတ်ပြီး ဘာသာအယူဝါဒမှာလဲ အစွန်းမရောက်တဲ့သူဖြစ်လို့ အားလုံးနဲ့သင့်မြတ်သူ တစ်ဦးပါ.. ကျောင်းသားဘဝက ဒီလိုရှိခဲ့ပေမဲ့ နိုင်ငံ့ရဲ့ အရေးပါ အရာရောက်တဲ့ တာဝန်တွေ ထမ်းဆောင်လာရချိန်မှာတော့ သူ့ဘာသာနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေပဲ တောင်းဆိုလာတယ်.. ဒီအသားငါးသယ်ဆောင်ရာမှာ အစ္စလာမ်ဘာသာဝင်တွေ စိတ်အနှောက်အယှက် မဖြစ်ရလေအောင် တောင်းဆိုလာမှု့ ကတော့ လူအများဝေဖန်စရာ ဖြစ်လာရပါတယ်.. ခင်ဗျားတင်ပြစရာတွေက ဒါတွေချည်းပဲလားလို့.. ဝန်ကြီးချုပ်ရဲ့ သတိပေးခံရလောက်တဲ့အထိ ဖြစ်ခဲ့ရတာပါ..

ဒီသမိုင်းကြောင်းလေး ပြောပြရတာကလဲ ကျွန်တော်တို့ ဗမာတွေ စိတ်သဘောထား မသေးသိမ်ဘူး.. နေရာပေးတယ်.. ဆိုတာကို သိစေချင်တာပါ.. ဘာကိုအဓိကထား ပြောချင်တာလဲဆိုတော့ အခု လူပြောများနေတဲ့ ကိုမြအေး အကြောင်းပါ.. သူ့ကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာ အကြောင်းမရှိသလို ၈၈ ကျောင်းသားအရေး လှုပ်ရှားမှု့ မှာ ပါဝင်ခဲ့ပြီး ထောင်ဒဏ်ကျခံခဲ့ရတာကိုလဲ အသိအမှတ်ပြုပါတယ်.. ဒါပေမဲ့ အဲ့ဒီအချိန်.. အဲ့ဒီကာလက တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားတိုင်း ဒီအရေးတော်ပုံထဲမှာ တနည်းနည်းနဲ့တော့ ပါဝင် ပတ်သက်ခဲ့ကြသူတွေချည်းပါ.. ဒီအထဲက ပါဝင်ခဲ့သူအဖြစ်ကလွဲလို့ ထူးထူးခြားခြား ကျောင်းသားအရေး လှုပ်ရှားမှု့ တွေမှာ လုပ်ဆောင်ခဲ့တာ မတွေ့ရပါဘူး..

သူ့ကိုလူသိများလာစေခဲ့တာကတော့ သမီးဝေနှင်းပွင့်သုံရဲ့ လှုပ်ရှားမှု့ တွေကြောင့်ပါ.. ဖခင်အမည်နဲ့ စင်ပေါ်ရောက်လာရသူ ဖြစ်ပေမဲ့ နောက်ပိုင်းတော့ ဖခင်ထက် ခြေလှမ်းပိုခဲ့ပါတယ်.. ငယ်ရွယ်တယ်.. အင်္ဂလိပ်စကားကို ပီပီသသပြောဆိုနိုင်တယ်.. အစောပိုင်းကတော့ ဖတဆိုးသမီးလေးအဖြစ် အများရဲ့ သနားဂရုနာသက်ခြင်းကို ခံခဲ့ရပါတယ်.. အင်္ဂလန်မှာ ပညာသင်ကြားခွင့်ရပြီး ဒီမိုကရေစီအရေး လှုပ်ရှားခဲ့တဲ့ အချိန်ထိကတော့ ဘာမှပြောစရာမရှိခဲ့ပါဘူး..

ဒါပေမဲ့ နောက်ပိုင်းမှာ ရိုညာအရေး ဆောင်ရွက်တဲ့ ထွန်းခင်တို့ရဲ့ စည်းရုံးသိမ်သွင်းမှု့ အောက်မှာ ရောက်ခဲ့ပြီး ရိုညာကိုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့.. ဖိနှိပ်ခံ လူမျိုးစုအဖြစ် ပုံဖော်ပြီး ကမ္ဘာ့နိုင်ငံတွေက စိတ်ဝင်စားလာအောင်.. ထောက်ပံ့လာအောင်.. လုပ်ဆောင်လာတဲ့အပြင်.. ကြိုးစားဆောင်ရွက်မှု့ တို့ကလဲ တစ်ဖက်စွန်းရောက်လာပြီဆိုတာ ဂျီနိုးဆိုဒ်ဆိုတဲ့ စကားလုံးတွင်တွင်သုံးလို့ မြန်မာပြည်မြေပုံနဲ့ နိုင်ငံတော်အလံ တို့ဟာ သူတို့ခြေဖဝါးအောက် ရောက်ခဲ့ရတာက သက်သေပါ.. ကမ္ဘာ့ မီဒီယာတွေထဲမှာ ရခိုင်နဲ့ ဗမာဆိုတာ အကြမ်းဖက် လူရမ်းကားတွေ အဖြစ် ပုံဖော်ခဲ့ကြပါတယ်..

ကိုမြအေးလဲ စောစောပိုင်း အချိန်တွေအထိ သူ့သဘောထား ရပ်တည်ချက်က မှန်ကန်တယ်.. မျှတတဲ့ အနေအထား ရှိပါတယ်.. ဒါပေမဲ့ ၈၈ကျောင်းသားခေါင်းဆောင် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသုံးချချင်တဲ့သူတွေ ဝန်းရံလာတာကိုတော့ သူသတိမထားမိခဲ့ပါဘူး.. ၂၀၁၂ ခုနှစ်အတွင်း ၈၈အဖွဲ့ရဲ့ ဖိလစ်ပိုင်ခရီးစဉ်အဖြစ် အစ္စလာမ်အစွန်းရောက်သူပုန်အဖွဲ့နဲ့ အစိုးရတို့ကြား နားလည်မှု့ တည်ဆောက်တာကို လေ့လာရေးအဖြစ် သွားရောက်တဲ့ ခရီးစဉ်ဟာ ဘာကို ရည်ရွယ်သလဲ...? နောက်ကွယ်က ဘယ်သူတွေ စီစဉ်ပေးခဲ့သလဲ...? ဒီခရီးစဉ်က ဘာတွေ အကျိုးအမြတ်ရခဲ့လဲ...? ဆိုတာ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာပါ.. တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ ကမန်းကတန်း ပြန်ပြေးလာခဲ့ကြရတာပဲ အဖတ်တင်ခဲ့တာပါ.. အရှုံးကတော့ ၈၈အဖွဲ့ဝင်တွေ အစ္စလာမ်အစွန်းရောက် သူပုန်တွေရဲ့ စစ်ရေးပြ ခြိမ်းခြောက်ခံရတယ်လို့ပဲ အောက်မေ့မိပါတယ်..

အပိုင်း (၃)



မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ ဒီခရီးစဉ်ဟာလဲ ပြင်ပမီဒီယာတွေမှာ မှေးမှိန်ခဲ့ရပါတယ်..
မြန်မာ့နိုင်ငံရေးမှာ စေတနာပါပါ အနှောင်အဖွဲ့ကင်းကင်းနဲ့ ပါဝင်ဆောင်ရွက်ရင် ဘယ်ဘာသာဝင်.. ဘယ်လူမျိုးကိုမဆို ကြိုဆိုပါတယ်.. ငါ.. မြန်မာနိုင်ငံသား တစ်ယောက်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တိုင်းပြည်ရဲ့အမျိုးသား အကျိုးစီးပွားရေးကိုပဲ ဦးတည် ဆောင်ရွက်ကြမယ်ဆိုရင် အခုလို အငြင်းပွားစရာတွေ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး..


လူအများက အာရုံစိုက်ကြည့်ခံ နေရချိန်မှာ ကိုမြအေးအနေနဲ့ သမီးဖြစ်သူရဲ့ တိုင်းပြည်မျက်နှာ အိုးမဲသုတ်တဲ့ အဆင့်ထိရောက်နေတဲ့ လှုပ်ရှားမှု့ တွေကို ထိထိရောက်ရောက် အများမြင်သာအောင် တားဆီးခဲ့ဖို့ လိုပါတယ်.. မြန်မာပြည်သူ အများစုက ဆန့်ကျင်ကန့်ကွက်နေတဲ့ ဘင်္ဂလီတွေရဲ့ ကျူးကျော်မှု့ .. တိုင်းရင်းသား အခွင့်အရေး တောင်းဆိုလာမှု့ တို့မှာလဲ အများနဲ့ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့ဖို့ လိုပါတယ်..

ဒီအရေးတွေမှာ သူ့တာဝန်ကျေခဲ့သလား....? အဆိုးဆုံးကတော့ မြန်မာ့နိုင်ငံရေးမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေးနဲ့ ရောထွေးပြီး အခွင့်အရေး တောင်းဆိုဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းလုလင် (Dr.မြင့်သိန်း) ၊ M.M media မှ ဘလော်ကာ ရဲရင့်သစ္စာ တို့ရဲ့ နောက်ကွယ်ကနေ သူ့ပုံရိပ်ကို အသုံးချဖို့ ကြိုးစားလာတာကို တွေ့လာရတာပါ.. သူတို့တွေဟာ ပြည်တွင်းမှာ ကွန်ယက်တွေ ချိတ်ဆက်ပြီး မကြာခင် ကောက်ယူတော့မယ့် သန်းခေါင်စာရင်းမှာ အစ္စလာမ်ဘာသာဝင် တွေရဲ့ အရေအတွက် များများရရှိစေရေး ပညာပေး စည်းရုံးမှု့ တွေကို တရားဝင်ကော.. တရားမဝင်ပါ လှုပ်ရှားဆောင်ရွက်နေသူတွေပါ.. ပြီးတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ အစ္စလာမ် အရေအတွက်ကိုပါ တရားဝင်ဖြစ်ဖို့ ကြိုးစားလာတာကို အန္တရာယ်ကြီးစွာ တွေ့လာရတာပါ..

၂၀၁၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရာမှာ RSO ၊ ရိုညာအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် သန်းနှစ်ဆယ် နီးပါးအထိ အရေအတွက် ရရှိအောင်.. ကမ္ဘာက အသိအမှတ်ပြု လာအောင် အကောင်အထည်ဖော်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာ အဲ့ဒီအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ စာတွေကြည့်ရင် သိနိုင်မှာပါ..

ကျွန်တော်တို့ နိုင်ငံအတွင်း ဥပဒေအောက်မှာ ငြိမ်းချမ်းစွာ နေထိုင်ကြရင်း နိုင်ငံသားအခွင့်အရေး မရသေးတဲ့ အစ္စလာမ် ဘာသာဝင်တွေ အချို့ရှိနေသေးတာကိုလဲ လက်ခံပါတယ်.. အခုလွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ဥပဒေဘောင်အတွင်းက တောင်းဆိုနိုင်တဲ့ အခွင့်အရေး တွေလဲရှိနေပါတယ်.. ဒီ့အတွက် ကြိုးစားဆောင်ရွက်နိုင်ပါတယ်.. ဒါပေမဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသား အကျိုးစီးပွားကို ထိပါးလာနိုင်တဲ့ အခွင့်အရေး တောင်းဆိုမှု့ မျိုးကိုတော့ ကျွန်တော်တို့ ကာကွယ်ဖို့ လိုပါမယ်..

ကိုမြအေးကို အစ္စလာမ်ဘာသာဝင်ဖြစ်လို့ လက်မခံတာ မဟုတ်ပဲ သူ့နောက်ကွယ်မှာ ရှိနေတဲ့ အရိပ်မဲတွေ အပေါ်မှာ သံသယ ဖြစ်နေတာပါ.. ပုဂ္ဂိုလ်ရေး မုန်းတီးမှု့  မရှိ.. သူ့အနေနဲ့ နိုင်ငံ့အရေးကို ရိုးရိုးသားသား ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ဒီအရိပ်မဲတွေထဲက ရုန်းထွက်ပြဖို့ လိုပါလိမ့်မယ်.. မြန်မာတွေ သဘောထား မသေးသိမ်ပါဘူး.. သံသယတွေ ရှိလာရအောင် သမိုင်းကြောင်း ဖြစ်ရပ်တွေကလဲ ရှိခဲ့တာကို သိစေချင်တာပါ..

နိဂုံးချုပ်ပါစို့...
ကိုရာရှစ်နဲ့ စထားလို့ သူနဲ့ပဲ အဆုံးသတ်ပါ့မယ်.. သူဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဆဲ
မြန်မာ့နိုင်ငံရေးဟာ အခုလို အခြေအနေ ရှုပ်ထွေးနေတာပါ.. ဖဆပလ ပါတီအကွဲအပြဲသာမက မေယုခရိုင်က ကုလားအရေး(ထိုခေတ်အခေါ်အဝေါ်) ကလဲ တဖြည်းဖြည်းကြီးထွား လာနေပါပြီ.. ပါလီမာန်မှာပါ အသားကိစ္စလို အသေးအဖွဲ့ ကိစ္စမျိုးကစ အခွင့် အရေး တောင်းဆိုလာပြီ.. လွတ်လပ်ရေး ကြိုးပမ်းမှု့ ကာလတလျှောက် အတူလက်တွဲပါဝင်ခဲ့တဲ့ ဗမက ( ဗမာမွတ်စလင်မ် ကွန်ဂရက် ) အတွင်းမှာလဲ ဘာသာရေး အယူပြင်းထန်သူတွေ တစ်စ တစ်စ ထိုးဖောက်နေရာယူလာပြီး မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများရှိ အဖွဲ့အစည်း များနဲ့ ချိတ်ဆက်ဆောင်ရွက်မှု့ တွေလဲ တွေ့လာရပါပြီ..

မြန်မာ့နိုင်ငံရေးနယ်ပယ်မှာလဲ ဗမာမွတ်စလင်မ် ဝေါဟာရအပေါ် ဗမာသည်လူမျိုး.. မွတ်စလင်မ်သည် ဘာသာရေးဖြစ်နေ၍ ယှဉ်တွဲသုံးစွဲရန် မသင့် ဆိုတဲ့ ဝေဖန်မှု့ တွေ များလာပါတယ်.. နောက်ဆုံးမှာ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဗမက ဗဟိုညီလာခံကို တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဗမက အဖွဲ့ကြီးကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ရပါတော့တယ်.. ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ရန်ကုန်မြို့တော်ခမ်းမမှာ ပြောကြားခဲ့တာပါ.. ဗမက ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု့ မှာပါဝင်ခဲ့မှု့ ကို အသိအမှတ်ပြုပေးခဲ့ပေမဲ့ ဖျက်သိမ်းချိန်ရောက်လာပြီမို့ နိုင်ငံရေးဆက်လုပ်လိုလျှင် ပါတီထဲဝင်.. ဘာသာရေး ဆက်လုပ်လိုလျှင် ကောင်စီထဲဝင်.. မရောထွေးသင့်.. ဒီလိုစဉ်းစားဖို့ နှစ်မိနစ်တောင် မကြာဘူးလို့.. လို့ ပြောခဲ့ပါတယ်..

အခြေအနေတွေဟာ တင်းမာခဲ့ရပြီး ဝေဖန်သံညံခဲ့ပေမဲ့ ၁၉၅၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ လုံးဝဖျက်သိမ်း နိုင်ခဲ့ပါတယ်.. ပါလီမာန်နိုင်ငံရေးမှာ ဦးရာရှစ်ရဲ့ အရိပ်ကနေမှီခိုပြီး နေရာယူဖို့ ကြိုးစားခဲ့မှု့ တွေကို အခုလို ခြေလှမ်းရပ်တန့် ပစ်နိုင်ခဲ့ပေမဲ့ မေယုခရိုင်မှာ တဖြည်းဖြည်းချင်း စိမ့်ဝင်လာတဲ့ ဘင်္ဂလီအရေးကိုတော့ ပါလီမာန်အစိုးရက မြို့နှစ်မြို့စာ နယ်မြေကို စွန့်လွှတ်ပေးပြီး ခိုးဝင်လာသူတွေကိုတော့ အမြစ်ပြတ်အောင် နှင်မထုတ်နိုင်ခဲ့ပါဘူး.. ဦးနေဝင်းခေတ်ရောက်မှသာ စစ်ဆင်ရေးများ ပြုလုပ်ပြီး နှင်ထုတ်နိုင်ခဲ့တာပါ..

သမိုင်းဆိုတာမျိုးက အချိန်တန်ရင် တပတ်လည်တတ်တယ် ဆိုသလို ယခုအနေအထားတွေအရ
တွေ့ကြုံလာရပါပြီ.. ဒါတွေကို ခြုံငုံသုံးသပ်နိုင်အောင် ရှည်ရှည်ဝေးဝေး ပြောပြရခြင်းပါ.. နှောင်းခေတ်က လူကြီးတွေ ငြီးခဲ့ကြတဲ့`` အောင်ဆန်းရေ.. အချိန်တန်တော့ ကုလားက ကုလားပါပဲကွာ..´´ လို စကားမျိုး ကျွန်တော်တို့ မျိုးဆက်မှာ ဆက်မငြီးစေချင်လို့ပါဗျာ.....။

ဤတွင်ပြီး၏

အက်ရှင်ဘဘဒီမို




--

No comments:

Post a Comment