Thursday, 9 August 2012
    Posted: 31 Jul 2012 12:05 AM PDT
    နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်)အဖြစ် ပြန်လည်ပေးအပ်သည့်
    "လူမှုရေးဂီတသူရဲကောင်းများ" MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေး
    ကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက်ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်း
    အတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့သည်။ ယင်းရိုက်ကူးမှုတွင် တေးသံရှင် လင်းလင်းနှင့် နာရေးကူညီမှုအ
    သင်း(ရန်ကုန်) အသင်းသားများမှ ခဲရာခဲဆစ် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြသည်။
    တေးသံရှင် လင်းလင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသင်တန်းအား တက်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်
    သည်။ လင်းလင်း၏ လူမှုရေးစိတ်ဓါတ်၊ လူသားချင်းစာနာသော စိတ်ဓါတ်တို့ကြောင့် ယခုကဲ့သို့ နာရေးကူညီမှုအသင်း
    (ရန်ကုန်)တွင် သင်တန်းတက်ရောက်ခြင်းနှင့် ဂီတ သံစဉ်များဖြင့် "လူဟုခေါ်သည်" ဆိုသည့် လူမှုရေးသီချင်းအား ရေးစပ်
    သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်)အား ကူညီပံ့ပိုးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတတ်စွမ်းသော ဂီတပညာရပ်ဖြင့်
     အများ ပြည်သူတို့အား ပေးဆပ်ခြင်းဖြစ်သည်။ ယင်းရိုက်ကူးမှုအစီအစဉ်အား ဝဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ စက်လှေ
    တစ်စီး၊ အင်ဂျင်နီယာ ကိုခင်မောင်အေး၏ ပံ့ပိုးကူညီသော စက်လှေကြီးတစ်စီး၊ ရိုက်ကူးရေးအ တွက် လိုအပ်သော ကင်မရာ
    အား KNZ ခင်လတ်အဖွဲ့မှ ကူညီပေးခဲ့ပြီး ရိုက်ကူးရေးအဖွဲ့တွင် ရုပ်ရှင်စက်မှု လုပ်သား ကိုထူးလူ၊ နာရေးကူညီမှုအသင်း
    (ရန်ကုန်) အသင်းသားများဖြစ်ကြသော ကင်မရာမင်း ဦးလုံး၊ ဖြိုးကိုကို၊ ကိုစိုင်း၊ ဇာနည်ထက်၊ ဦးပြောင်ကြီး၊ ရုပ်ငြိမ်ဓါတ်ပုံ
     ဦးရောဘတ်၊ ကင်မရာမင်း ဦးကျော်ဟိန်းနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ကင်မရာမင်းများ
    အဖြစ် ပါဝင်ရိုက်ကူး ပုံဖော် ခဲ့ကြသည်။
    လူဟုခေါ်သည်
    ရေး/ဆို - လင်းလင်း
    ကမ္ဘာလည်နေတာ ခဏရပ်ပြီး
    အချိန်တွေပြန် နောက်ဆုတ်လိုက်
    အို …. မင်းမရှက်တက်ရင်လေ
    လူဆိုတာဟာ ကိုယ့်လိပ်ပြာနဲ့ကွယ်
    လူဆိုတာဟာ ကိုယ့်သိက္ခာနဲ့ပေါ့ကွယ်
    ပြန်ဆန်းစစ်ကြည့်ပါလေ
    CHO: ဘာမှငါ သေသေချာချာ မသိ
    ဘာမှငါ ရေရေရာရာ မရှိ
    မြင်သမျှ အရာရာ အိုး …. No ... အို …. No …
    မာန်မာနတွေ စောင်လိုငါ အရေခြုံပြီး ….
    အာဃသတွေ အလိုလိုငါ မွှန်ထူပြီး ….
    လိုချင် ရမ္မက်တွေရယ် အိုး …. No … အို …. No …
    ဒီခန္ဓာ ငရဲမှာကွယ် …
    အာဏာတွေကို တပ်မက်သူရှိတယ်
    နေရာတွေကို ရူးကြသူများလဲရှိတယ်
    မင်းသေသွားလဲ နောက်မှာမပါ
    ထင်ပေါ်တာတွေနောက် လိုက်သူရှိတယ်
    အပေါ်ယံ မျက်နှာဖုံးနဲ့ လူများလဲရှိတယ်
    မင်းသေသွားလဲ နောက်မှမပါ ….
    x x x x x x
    ကိုကျော်သူ
    Posted: 30 Jul 2012 04:50 PM PDT
    နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။
    ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား
    အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနှင့်နိုင်ငံတကာရှိအစ္စလာမ်ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်း
    များ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
    ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်ကထဲက
    လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့်အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူ
    များဖြစ်ပါသည်။
    တမိထဲမှမွေးဖွားလာသောတအူတုံဆင်းညီအစ်ကိုမောင်နှမအရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါ
    သည်။
    ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထားအမြင်ကျဉ်းမြောင်းသူများ-
    အယူသီးသူများ-တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့
    သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
    မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြေရှင်းပေးသည်ဖြစ်စေ-
    မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်
    သာဖြစ်ပေသည်။
    ကျွန်ုပ်တို့အချင်းချင်းဖြစ်သောပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
    ပြည်ပမှကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက်စွက်ဖက်မှုများရှိလာသည့်အခါကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအ
    တွင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော
     သာဓကများရှိခဲ့ပါသည်။
    မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်
    များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှုအမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါ
    သည်။ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည်မဟုတ်တော့ပါ။သို့သော် သူတို့၏ မှားယွင်းသော
     လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
    ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။
    ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို
     နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါ
    သည်။
    နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ပြည်တွင်းမီဒီယာများ၏ မှားယွင်းသောသတင်းတင်ပြမှုများ
    -စိတ်ဆန္ဒစောတင်ပြမှုများအပေါ်အခြေခံကာ ပြည်တွင်းအင်တာနက်စာမျက်နှာများပေါ်တွင်နယ်စပ်ပြသနာကို ပြည်တွင်းနေ
    ထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွား လာစေရန်ကျိုးပမ်းအားထုတ်မှုများ၊အစ္စလာမ်ဘာသာဝင်များကို
    ဆဲဆိုစော်ကားမှုများ၊ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလား သော ဗုဒ္မဘာသာဝင် သံဃာတော်
    များ၊လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။
    ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏တာဝန်သာဖြစ်ပါသည်။
    ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း-နယ်စပ်မှတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများရှိနေခြင်း-
    တဘက်နှင့်တဘက် မဖြစ်နိုင် သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း-များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်
    ရှိနေခြင်း တို့ကြောင့် လည်းကောင်း ၊နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေ
    ရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
    နိုင်ငံတကာအဖွဲ့အစည်းများ၊အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ
    အတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက-နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့်
     ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ငွေရေးကြေးရေးအကူအညီများ၊နည်းပညာအကူအညီ
    များပေးရန်သာ အကြောင်းရှိပါသည်။
    ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားစော်
    ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊မြန်မာနိုင်ငံ
    ၏အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မ
    ဟုတ်ဘဲ-ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလို
    သာဖြစ်မည်ကို သတိချပ်သင့်ပါသည်။
    အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုး
    ယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ
    သံယောင်မလိုက်သင့်ပါ။ပါကစ္စတန်နိုင်ငံအနေနှင့်လည်း မြန်မာ နိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။
    တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ-မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊အစိုးရအဖွဲ့ဝင်
    များကို ခြိမ်းခြောက်မှုလုပ်ခွင့်မရှိပါ။
    မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန်မှာကျွန်ုပ်တို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏တာဝန်လည်းဖြစ်ပါသည်။
    သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွား
    မည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
    သို့ဖြစ်သည့်အတွက်သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ်တိုးတက်ရာတိုးတက်ကြောင်းအတွက်
    လည်းကောင်း၊ဖွံ့ဖြိုးမှုနိမ့်ကျနေသောနိုင်ငံတော်လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊
    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံ
    ပန်ကြားအပ်ပါသည်။
    အစ္စလာမ်သာသနာတော်၏အဆုံးအမများနှင့်ကိုက်ညီမှုမရှိသောနိုင်ငံတကာမှလက်မခံနိုင်သော-ပြည်ထောင်စုမြန်မာနိုင်ငံ
    သားလူမျိုးမရွေးဘာသာမရွေးကလက်မခံနိုင်သောအကျပ်ကိုင်ခြင်း၊ခြိမ်းခြောက်ခြင်း၊သတင်းမှားထုတ်ပြန်ခြင်း၊သတင်းမှန်
    ကိုချဲ့ကားဝါဒဖြန့်ခြင်း၊နိုင်ငံတော်-နိုင်ငံတော်အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအားစော်ကားမော်ကားပြုလုပ်ခြင်းများကို
     ရပ်တန့်ပေးပါရန် လေးနက်တည်ကြည်စွာမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
    မြန်မာမွတ်စလင်မ်အဖွဲ့
    မန္တလေးမြို့။
    ၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့။
    Posted: 30 Jul 2012 10:55 AM PDT
    ABFSU.FAC.JAPAN
    Posted: 30 Jul 2012 10:08 AM PDT
    Video..Nay Myo Linn
    Posted: 30 Jul 2012 09:42 AM PDT
    http://www.scotsman.com/news/international/burma-s-military-still-in-control-1-2438664
    "လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲတွေကို အုံလိုက်ကျင်းလိုက် မတွေ့ရတော့ပါဘူး။ ဒါဟာပြောင်းလဲလာတဲ့ လက္ခဏာကောင်း
    တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲလို့ စောင့်ကြည့်နေတဲ့ အစိုးရသ
    တင်းပေးတွေကတော့ ဟိုတယ်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ လမ်းတွေပေါ်မှာ၊ နေရာတကာမှာ ရှိနေပါတယ်"
    (Scotman News မှ 29 July 2012ရက်စွဲပါ "Burma's military still in control"သတင်းဆောင်းပါးကို ဘာသာပြန်ဆို
    သည်)
    ရှုပ်ထွေးသောရန်ကုန်မြို့တော်လမ်းဆုံမီးပွိုင့်တစ်ခုတွင်ပျင်းရိငြင်းငွေ့နေပုံရသောစစ်သားနှစ်ဦးသည် အော်တိုမတ်တစ်ရိုင်
    ဖယ်သေနတ်ကိုင်၍ မတ်တပ်ရပ်နေကြသည်။ တပ်မတော်(သို့)စစ်တပ်ကကာလများစွာ လွှမ်းမိုးထားခဲ့သောနိုင်ငံတွင် ယခုလို
    စစ်သားနှစ်ဦးသာတွေ့ရသော ဤမြင်ကွင်းသည် ထူးဆန်းသည်။
    မည်သို့ပင်ဖြစ်စေ ရန်ကုန်သည် ယခုအခါ အခြားပုံမှန်အရှေ့တောင်အာရှမြို့တော်များကဲ့သို့ ရှုတ်ထွေးလာ၊ ဆူညံလာ၊ ပွစိတတ်
    လာသလို စိတ်လှုပ်ရှား၍ အားတက်စရာလည်းကောင်းလာသည်။ ယခင်နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့သောအပတ်တွင်လွှတ်တော်၌သူမ၏အဖွင့်စကား ပြောကြားခဲ့ခြင်း
    သည် လမ်းလျှောက်သင်စ မြန်မာ့ဒီမိုကရေစီခြေလှမ်းလေးများကို ထင်ဟပ် နေသည်။
    ပြောင်းလဲနေသောကမ္ဘာသစ်တွင် ယခင်အထီးကျန်နိုင်ငံကို နေရာပိုရလာအောင် အထောက်အကူပြုမည့် စီးပွားရေး၊ လူမှုရေး
     ပြုပြင်ပြောင်းလဲမှုများကို ယခုအရပ်ဖက်အစိုးရသစ်က ဦးစားပေးလုပ်ဆောင်နေသည့် လက္ခဏာရှိသည်။
    သို့ဆိုလျှင် တစ်ချိန်ကမိုးကောင်းခဲ့ကြသည့် ရဲတပ်ဖွဲ့နှင့်တပ်မတော်တို့ ဘယ်ရောက်သွားသနည်း။ ၎င်းတို့ကို မတွေ့ရခြင်းသည်
    ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်စီးပွားရေး ဖွံ့ဖြိုးရေးအနာဂါတ်ဆီသို့ မြန်မာနိုင်ငံဦးတည်နေပြီဟူသော နောက်ထပ် လက္ခ
    ဏာကောင်းတစ်ခုများလား။
    နှစ်ပေါင်းနှစ်ဆယ်ခန့် ပြည်ပတွင်တိမ်းရှောင်နေပြီး မကြာသေးမီက မြန်မာနိုင်ငံသို့ပြန်သွားသော NLD အကြီးတန်းပါတီဝင်
     ဦးသိန်းမောင်သည် တပ်မတော်အစိုးရ ယန္တရားကြီးဖုံးကွယ် ငုတ်လျှိုးနေရုံမျှသာဖြစ်သည်ဟု ယုံကြည်ထားသူဖြစ်သည်။
    "လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲတွေကို အုံလိုက်ကျင်းလိုက် မတွေ့ရတော့ပါဘူး။ ဒါဟာပြောင်းလဲလာတဲ့ လက္ခဏာကောင်းတစ်ခု
    လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲလို့ စောင့်ကြည့်နေတဲ့ အစိုးရသတင်းပေးတွေကတော့
    ဟိုတယ်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ လမ်းတွေပေါ်မှာ၊ နေရာတကာမှာ ရှိနေပါတယ်"ဟု သူကဆိုသည်။
    သြဇာတိက္ကမ ကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်၍ နိုင်ငံရေးနယ်ပယ်၌ ပြန်ပေါ်လာခြင်းသည်
    တကယ်မဟုတ်သော ထင်ယောင်ထင်မှားအပြောင်းအလဲကို ဖန်တီးခြင်းအားဖြင့် မြန်မာအများစု၏အနေအထားကို ပိုဆိုသွားစေ
    ရုံသာရှိသည်ဟု အချို့ကယုံကြည်ကြသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝကပေးသောအဖြေဟု အများစုကလက်ခံထားကြခြင်းထက် အမှန်တကယ်၌ မြန်မာနိုင်ငံ
    အတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ သူမ၏ ကမ္ဘာကျော်ရေပန်းစားမှုသည် မျိုးဆက်
    သစ်ခေါင်းဆောင်များ ပေါ်ထွက်ရေးကို အဟန့်အတားဖြစ်စေသည်ဟု ယခုလထုတ် မြန်မာတိုင်းမ်းစာစောင်တွင် ဖော်ပြထား
    သည်။ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၀ တန်းသို့ ရောက်ရှိနေပေလိမ့်မည်။
    သို့သော်လည်း ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်မှုသည် အမှန်တကယ်၌ အားရစရာမကောင်းသော မြန်မာအစိုးရ
    ၏ လုပ်ပုံကိုင်ပုံများကို မဝေဖန်ရဲသောကြောင့် လေဒီအပေါ်အပြစ်လှည့်ပုံချလိုသည့် နိုင်ငံရေးသမားအချို့၏ စိတ်ပိုင်းဆိုင်ရာ
     ချို့ယွင်းမှုသာဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်အချို့ကဆိုသည်။
    "ဂုရုကြီးဦးသန်းရွှေ ချယ်လှယ်နေတဲ့ မြန်မာ့နိုင်ငံရေးကစားပွဲကို အကောင်းမြင်သမားတွေရဲ့ အယူအဆဖြစ်တဲ့ လုံးဝ
    ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ လှေကြီးထိုး ကစားကွက်တစ်ခုထဲနဲ့ ယှဉ်ပြိုင်ကစားလို့မရပါဘူး။ ဖာဂူဆန်လိုအကွက်စုံတဲ့
     ဦးသန်းရွှေကို ယှဉ်ပြိုင်ဖို့အတွက် မော်ရင်ဟိုလိုနည်းဗျူဟာ စုံလင် ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်းတွေဟာ
     ဒီကနေ့အထိ အမှားအယွင်းမရှိပါဘူး"ဟု မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က သုံးသပ် ပြောကြားသည်။
    ၁၉၈၉ ခုနှစ်မှစ၍အာဏာသိမ်းထားခဲ့သော တပ်မတော်အစိုးရကို ၂၀၁၁ နှစ်ဆန်းတွင် အရပ်ဖက်အစိုးရအဖြစ်
     အသွင်ပြောင်းပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းမှုများ စတင်ပြုလုပ်ခဲ့သည်။
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သူမ၏လုပ်ဖော်ကိုင်ဖက် ပါတီဝင် ၄၀ ကျော်နှင့်အတူ ဧပြီလေ
    ရွးကောက်ပွဲတွင် အနိုင်ရရှိကာ လွှတ်တော်သို့ရောက်ရှိလာခဲ့သည်။
    ဧပြီရွေးကောက်ပွဲနှင့် သူမ၏ ဇွန်လဥရောပခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ သိသိသာ
    သာဖြေလျော့ပေးသည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာသည်။ ဂရုတစိုက်စီစဉ်ထားသော ဖြစ်စဉ်များအဖြစ် အမေရိက
    န်နှင့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ကမ္ဘောဒီးယားတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အမေရိ
    ကန်ကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ကလည်း စီးပွားရေးဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။
    သို့သော်လည်း နေရာတကာတွင် တပ်မတော်အစိုးရယန္တရား စိမ့်ဝင်ပျံ့နှံ့နေသည်ဟူသော အသိအာရုံကို အစိုးရအာဘော်သတင်း
    စာ New Light of Myanmar ပါ ဆောင်းပါးတစ်ပုဒ်က ဖော်ထုတ်လိုက်သည်။ ဆောင်းပါးရှင်ဦးဥာဏ်လင်းဆိုသူက ရုပ်ရှင်ရုံ
    များ၌နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို မယောင်ရာဆီလူး မေးခွန်းထုတ်ထားသည်။ ရုပ်ရှင်ရုံများ၌ ပရိတ်သတ်
    များက နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို ကုစားရန် အစီအစဉ်မရှိတော့ဘူးလားဟု ဆောင်ပါးရှင်က မေးမြန်း
    ထားသည်။
    အရင်တုန်းကတော့ နိုင်ငံတော်အလံကို အလေးမပြုတဲ့သူတွေကိုရှာဖို့အတွက် ရုပ်ရှင်ရုံတွေမှာ ရဲတွေကို တာဝန်ပေးထားတယ်။
    ဒီလိုလူတွေကို ရုပ်ရှင်ရုံထဲကနေထွက်ခိုင်းပြီး ဒဏ်ငွေတပ်ရိုက်တယ်ဟု ယင်းဆောင်းပါးက ဆိုသည်။
    ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းအပြုအမူမျိုးကို သည်းခံတော့မည်မဟုတ်ဟု အမိန့်များ ထုတ်ပြန်ထား
    သည်။ မြင်နိုင်သော ဒေသများတွင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲကာ အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်သည်။
     ထို့အပြင် နိုင်ငံတော်အလံကိုအလေးပြုဖို့ တိုက်တွန်းရန် ဝန်ထမ်းများခန့်ထားရမည်ဟု ရုပ်ရှင်ရုံပိုင်ရှင်များကို ဖိအားပေးလျက်ရှိ
    သည်။
    အဆိုပါ မြောက်ကိုရီးယားပုံစံအပြုအမူမျိုးသည် အနောက်ကမ္ဘာ၌ လက်ရှိပေါ်ထွက်နေသော မြန်မာနိုင်ငံပုံရိပ်နှင့် လုံးဝဆန့်ကျင်
    ဖက် လွဲချော် နေသည်။
    ခင်ဗျားနဲ့ NLD လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အနာဂါတ်ကိုအကောင်းမြင်သလားဟု မေးမြန်းသောအခါ ဦးသိန်းဝမ်းမောင်က
    "အကောင်းမြင်တယ်လို့တော့မရှိပါဘူး။ အရမ်းစိုးရိမ်တာပဲရှိပါတယ်။ Sanctions တွေရုတ်သိမ်းတာဟာ မြန်ဆန်လွန်းအား
    ကြီးပြီး၊ မြန်မာအစိုးရရဲ့လက်ထဲမှာ ကစားခံနေရပါတယ်။ သူတို့(အစိုးရ)က ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်ပေမယ့်၊ အပြောင်းအ
    လဲတွေဟာ တကယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးတည်သွားနေတယ်ဆိုတဲ့ အာမခံချက်တွေမရှိပါဘူး"ဟု ပြောကြားသည်။
    အမေရိကန်ပြည်ထောင်စုသည် တင်းကြပ်သောစည်းကမ်းများချမှတ်ရန် ပျက်ကွက်နေကြောင်း Human Rights Watch
    အုပ်စုက ပြစ်တင်ဝေဖန်လိုက်ပြီး၊ Burma Campaign UK ကလည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း မက်လုံးများကြောင့်
    လူ့အခွင့်အရေးပြဿနာများကို ဖော်ထုတ်မှုနည်းသွားပြီး၊ ချီးမွမ်းသံတွေ ကျယ်လောင်လာသည်ဟု ခနဲ့လိုက်သည်။
    ဧပြီလတွင် အီးယူက Sanctions များဖြေလျော့ဆိုင်းငံ့ပေးပြီးနောက်တွင် Rolls Royce၊ BP British Gas Ernst &Young
    စသော ဗြိတိသျှကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
    သတိကြီးကြီးထားကြဖို့ တိုက်တွန်းသော ဦးသိန်းဝမ်းမောင်က မြန်မာအစိုးရအပေါ် တုံးတိတိမှတ်ချက်ပေး ပြောဆိုသည်။
    "၂၀၁၅ မှာ ဒီမိုကရေစီပါတီတွေ အနိုင်ရသွားရင် သူတို့အစိုးရဖွဲ့ခွင့် ရမှာမဟုတ်ပါဘူး"
    တိုးတက်သယောင်နှင့် မရေမရာဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်
    များစွာထားမှုအပေါ် ယခင် အခိုင်အမာထောက်ခံသူများကပင် စိုးရိမ်လာကြသည်။ မဲဆောက် မြန်မာအသိုင်းအဝိုင်းမှ
     မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာစင်သီယာမောင်က "အထူးသဖြင့် အနောက်နိုင်ငံတွေက ဒေါ်စုအပေါ်မှာ
     မျှော်လင့်ချက် ကြီးကြီးမားမားစုပုံထားနေကြပါတယ်။ တစ်စုံတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုး ထမ်းခိုင်းတာ များလွန်းနေပါတယ်"
    ဟု ပြောကြားသည်။
    အမည်အဖော်လိုသော ပြည်တွင်းမှနိုင်ငံရေးအကဲခတ်တစ်ဦးကမူ "ဒီမိုကရေစီအုပ်စုတွေ အခုချိန်မှာ မစည်းလုံးဘူးဆိုရင်
     နွားကွဲပြီး ကျားဆွဲ သွားလိမ့်မယ်"ဟု သတိပေးပြောဆိုသည်။
    Yangonchronicle
    Posted: 30 Jul 2012 09:37 AM PDT
    မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
     ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
    CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား
     မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်းတင်ပြသွားရန်အတွက်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း
     ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန်
     ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
    ''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့်
     အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့
     လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။
    CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်
    ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်
    ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍
     စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏
    အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်
    အတွက်ဖြစ်ကြောင်း ပြောသည်။
    CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ
     စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏
     တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။
    သူရထွန်း(Popular Myanmar News Journal)
    Posted: 30 Jul 2012 09:12 AM PDT
    နိုင်ငံတော်သမ္မတဦးသိန်းစိန် ခင်ဗျားတို့CNAအနေနဲ့ကတော့နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ
     CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူး
    လာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။
    CNA - ကျွန်မတို့အနေနဲ့အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
     ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်း
    ဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်
    ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့်
     နိုင်ငံတော်သမ္မတကြီးတို့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး
    သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံအင်တာဗျူး
    လုပ်တာပါပဲ။ မေးမယ့်မေးခွန်းတွေကိုလဲ ကြိုပြီးတော့ရထားပါတယ်။ ကျွန်တော်လဲ အတတ်နိုင် ဆုံးကြိုးစားပြီးဖြေပေး ပါ့မယ်။
    CNA - သမ္မတကြီးအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အစီအစဉ်က အင်မတန်မှကြပ်တယ်ဆိုတာနားလည်ပါတယ်။ ဒါ့ကြောင့်မို့လို့
    ကျွန်မတို့အနေနဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ မေးမြန်းသွားဖို့ အတတ်နိုင်ဆုံးဆောင်ရွက် သွားပါမယ်။ ကျွန်မတို့အင်တာဗျူးမတိုင်ခင် သတင်းသမားတွေ ပြင်ဆင်မှုလုပ်နေပါတယ်။ ကျွန်မရဲ့မိသားစုက အိန္ဒိယနိုင်ငံကိုကတ္တားကပါ။ ကျွန်မတို့အဖိုးတွေလက်ထက် ၁၉၃၀ခုနှစ်လောက်တုန်းက ကျွန်မအဖိုးက မြန်မာနိုင်ငံရန်ကုန်မြို့မှာစီးပွားရေးလုပ်ခဲ့ ပါတယ်။ ကိုကတ္တားက ပြည်သူတွေကလဲ မြန်မာနိုင်ငံနဲ့သိကျွမ်းနေကြပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဆိုရင်လဲကျွန်တော်တို့နဲ့ ဆွေမျိုးတွေပေါ့။
    CNA - ကျွန်မရဲ့အဖေက ၁၉၅၀-၆၀လောက်မှာ ဒါဂျီလင်မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ဒါဂျီလင်မှာ လာရောက်ပညာသင်ကြားနေတဲ့ မြန်မာတွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ယဉ်ကျေးမှုအရ ကျွန်မတို့ နှစ်နိုင်ငံက တော်တော်နီးစပ်ပါတယ်။
    ဒါကြောင့် သမ္မတကြီးနဲ့ အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက် သူတို့အနေနဲ့အင်မတန်မှ ၀မ်းသာနေကြပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ထင်တယ်။ ခင်ဗျားအဖေရဲ့သူငယ်ချင်းတွေ မြန်မာနိုင်ငံမှာ အခုထိရှိနေဦးမယ်ထင်ပါတယ်။ ကျွန်တော်ထင်တာက ရုပ်ရှင်မင်းသားဦးညွှန့်ဝင်းတို့နဲ့ အတူတူလောက်ရှိမယ်ထင်တယ်။ ဦးညွှန့်ဝင်းအသက်ဆို ၆၀ကျော် ၇၀နီးပါးလောက်ရှိမယ်ထင်တယ်။
    CNA - ကျွန်မရဲ့အဖေက ဦးညွှန့်ဝင်းထက်အသက်နည်းနည်းပိုကြီးမယ်ထင်ပါတယ်။ ဦးညွှန့်ဝင်းက ကျွန်မအဖေထက်အသက်ငယ်တော့ နည်းနည်းဂျူနီယာပိုကျမယ်ထင်ပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဂျီလင်မှာ ကျောင်းတက်တဲ့သူတွေ ကျွန်တော်တို့ဆီမှာတော်တော်များများရှိပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ဗိုလ်လောင်းသင်တန်းတက်တဲ့သူတွေထဲမှာ ဒါဂျီလင်ကျောင်းဆင်းတွေတော် တော်များများရှိပါ တယ်။
    CNA - ကျွန်မအဖေကျောင်းတက်တဲ့ ဒါဂျီလင်မြို့ကိုရောက်ဖူးပါတယ်။ ဒါဂျီလင်က တော်တော်လေးလှတဲ့မြို့ပါ။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားအဖိုးနေခဲ့တဲ့မြန်မာနိုင်ငံကို ခင်ဗျားတို့ဆွေမျိုးသားချင်းတွေခေါ်လာပြီး လာလည်ပေါ့။
    CNA - နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမား၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတဲ့သူလို့ အများကပြောကြပါတယ်။ ဒီလိုသုံးသပ်မှုကိုဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာကမှန်ပါသလား။ သမ္မတကြီးရဲ့အမြင်လေးကိုသိ ရှိလိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပြုပြင်ပြောင်းလဲရေးကိစ္စကတကယ်တော့ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ စနစ်ကလဲပြောင်းလာပြီ။ စနစ်ပြောင်းလာတဲ့အတွက်ပြည်သူလူထုက နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှုတွေကိုလိုအပ်လာတယ်။ တောင်းဆိုလာတယ်။စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေကိုလိုအပ်လာတယ်။ တောင်းဆိုလာတယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဘာကြောင့်ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်လျောပေးရသလဲဆိုရင် ကျွန်တော်တို့က ပြည်သူလူထုကရွေးချယ်ထားတဲ့ အစိုးရဖြစ်နေပါတယ်။ စနစ်ကလဲပြောင်းသွားပါပြီ။ ဒါကြောင့်ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။
    CNA - နိုင်ငံတော်သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသမှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။ တချို့ကလဲပြောနေကြပါတယ်။ သတင်းတစ်ခုကပေါ့။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဖြစ်ပြီး တော့ ဒီဒေသကိုသွားရောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေ ဒုက္ခဆင်းရဲရောက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာ တယ်လို့ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင်အနေနဲ့ပေါ့။ အဲဒါမှန်ပါသလား။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန်မိဘနှစ်ပါးကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဇာတိဖြစ်ပါတယ်။ နောက်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကြုံ တွေ့ရတဲ့အခါမှာ ကျွန်တော်ကလဲ ဒီဒေသကို ပြန်လည်ထူထောင်ပေးဖို့အတွက်၊ ကယ်ဆယ်ရေးတွေလုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဒေ သကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေလုပ်ပေးရတာလဲပါပါတယ်။ နောက်ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့လုပ်ပေးချင်တဲ့ဆန္ဒဖြစ်မိပါတယ်။ သို့သော်လဲ ဒီပြုပြင်ပြောင်းလဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုထဲကြောင့်တော့မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကိုကျွန်တော်တို့ရောက်ရှိပါတယ်။ ပြည်သူများနဲ့လဲထိတွေ့ပါတယ်။ အဲဒီလို ပြည်သူတွေနဲ့ထိတွေ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ရောက်ရှိဖူးတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့အတွေ့အကြုံတစ်ခုထဲနဲ့မဟုတ်ပါဘူး။ ကျွန်တော်ကဧရာဝတီတိုင်းသားမှန်ပါတယ်။ နာဂစ်ဖြစ်တဲ့အချိန်တုန်း က ကျွန်တော်က ၀န်ကြီးချုပ်တာဝန်ယူထားရပါတယ်။ ၀န်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသရဲ့ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်။ ဒီတာဝန်အရလဲဆောင်ရွက်ရ တာဖြစ်ပါတယ်။ သို့သော်လဲဒီပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါမှာ ဧရာဝတီတိုင်းတစ်တိုင်းထဲရဲ့အတွေ့အကြုံကြောင့်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကိုရောက်ဖူးပါတယ်။ တစ်နိုင်ငံလုံးကိုသွားလာနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလွှာအသီးသီးနဲ့ထိတွေ့မှုကျွန်တော့်မှာရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့လိုအပ်ချက်တွေကိုကြည့်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်တာမှန်ပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းထဲကြောင့်မဟုတ်ပါဘူး။
    CNA - ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ ပူတာအိုဒေသကိုသွားချင်ပါတယ်။ အဲဒီမှာ နှင်းဖုံးနေတဲ့တောင်တွေလဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ လာမယ့်လ မကြာမီအတွင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဟိုတယ်/ခရီးကတာဝန်ရှိသူတွေနဲ့၊ ကျွန်မရဲ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေခေါ်ပြီး ပူတာအိုဒေသကို သွားရောက်ဖို့မျှော်လင့်ထားပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတာအိုက ကချင်ပြည်နယ်ထဲမှာပါလို့ပါ။ လောလောဆယ်ကချင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ အပြည့်အ၀မရသေးပါဘူး။ မရသေးတဲ့အတွက် လုံ ခြုံမှုအတွက်စိုးရိမ်ရပါတယ်။ ငြိမ်းချမ်းမှုရလာတဲ့အခါ ကျွန်တော်ဖိတ်ပေးပါ့မယ်။ သို့သော်လဲ သာမန်ပြည်သူတွေ အနေနဲ့ကတော့သွားလို့ရပါတယ်။ ပူတာအိုမှာလေယာဉ်ကွင်းလဲရှိပါတယ်။ ပူတာအိုရောက်လို့ရှိရင် ရေခဲတောင်တွေ ဟိုမှာလှမ်းတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ရေခဲတောင်တွေရှိတာ ကျွန်တော်တို့တစ်နိုင်ငံထဲရှိပါတယ်။
    CNA - ဒါဂျီလင်ကိုခရီးသွားတဲ့အခါမှာ မြင့်တဲ့အတွက်ကြောင့်မို့လို့နေရတာ အသက်ရှုရတာအခက်အခဲရှိပါတယ်။ ပူတာအိုကရော အမြင့်ဘယ်လောက်လောက်များရှိပါသလဲ။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုက ပေ၁၅၀၀ လောက်ပဲရှိမယ်ထင်ပါတယ်။
    CNA - မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးပါပြီ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေတွေ့နေ့ရပါတယ်။ ဒီလိုထိတွေ့ဆက်ဆံတဲ့အခါမှာ နိုင်ငံ တော် သမ္မတကြီးရဲ့ခံစားမှုရယ်။ နောက်ဒီလိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ဘယ်လိုအချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးတဲ့ (ဗိုလ်ချုပ် အောင်ဆန်း၏ သမီး) ပေါ့။ သူရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တဲ့အတွက် အစကတည်းက ဂုဏ်ယူတဲ့စိတ်ရှိနေပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအပိုင်းတွေမှာ သူနဲ့တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းနဲ့က ဆန့်ကျင်ဘက်တွေရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်ပေါင်း၂၀ကျော်လောက်က တစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းဆန့်ကျင်နေတဲ့သဘောရှိပါတယ်။ သို့သော်လဲပဲ သူကလဲ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ဖို့ကျင့်သုံးလိုက်တဲ့အခါမှာ သူနဲ့ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကိုနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေကျွန်တော်တို့ဆောင်ရွက်ပေးတယ်။ပေးပြီးတော့မှ သူနဲ့ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ကျွန်တော်တို့ တူညီတဲ့အချက်တွေ၊ တူညီတဲ့အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေတိုးတက်အောင်၊ နိုင်ငံရေးတွေတည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလဲသဘောတူပါတယ်။ သို့သော်လဲတစ်ချို့ကွဲပြားခြားနားတဲ့အချက်တွေတော့ရှိမှာပါ။ ဒါတွေကိုတော့ဘေး မှာအသာဖယ်ထားပြီးတော့ သူနဲ့ခုနကလို မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေရခဲ့ပါတယ်။ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ၊ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့တားဆီးထားတာတွေကို ကျွန်တော်တို့ကဖြေလျော့ပေးစေချင်တယ်။ လုံးဝရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ခြင်းမလာဖို့ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လဲ ဒါတွေကညှိနှိုင်းယူလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။
    CNA - တပ်မတော်ထဲမှာလဲ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့အဖွဲ့တွေရှိသလို ရှေးရိုးစွဲနေတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့သိရပါတယ်။ ဒါ့အတူဒေါ်အောင်ဆန်းစုကြည်ဘက်မှာလဲ စံနှုန်းတွေကိုအလေးထားတဲ့သူတွေရှိသလို လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်ဆိုရင် ဒီလိုသဘောထားမတူတဲ့အဖွဲ့နှစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေ နဲ့လုပ်နိုင်မလား။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘက်အုပ်စုနှစ်စုကို အောင်မြင်စွာထိန်းသိမ်းဆောင်ရွက်သွားနိုင်မလားဆိုတာ သိရှိလိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလဲရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလဲရှိပါတယ်။ တပ်မတော်ထဲမှာလဲ အလားတူရှိမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့ထဲမှာလဲ ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြသွားရင်းနဲ့ ဆန့်ကျင်သဘောထားအမြင်ရှိတဲ့သူတွေ နောက်ကအလိုလိုလိုက် ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီလိုပဲယုံကြည်ထားပါတယ်။
    CNA - ကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာလို့ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလဲအရင်ကတည်းကခေါ်ဝေါ်တာကိုစွဲပြီးတော့ Burmaလို့ ခေါ်ဝေါ်သုံးစွဲတာရှိနေသေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည်ရှိပါတယ်။ ခင်ဗျားနာမည်မခေါ်ပဲနဲ့ တခြားနာမည်ခေါ်ရင်စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လဲဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ တခြားနာမည်ခေါ်ရင်တော့ စိတ်ထဲမှာတော့မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။
    CNA - မြန်မာနိုင်ငံက သဘာဝပေါကြယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အများကပြောကြတာကတော့ မြန်မာနိုင်ငံက သဘာဝရင်းမြစ်တွေကို တန်ဘိုးမြှင့်ထုတ်လုပ်ရောင်းချတာသိပ်ပြီးတော့ဆောင်ရွက်ခြင်းမရှိပဲနဲ့ သဘာဝရင်းမြစ်လုပ်ငန်း တွေကို ပိုပြီးတော့ထုတ်လုပ်ရောင်းချနေတာကိုတွေ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ပေါ့ ဘယ်နယ်ပယ်၊ ဘယ်ကဏ္ဍကိုပိုပြီးတော့ အလေးပေးဆောင်ရွက်နေလဲဆိုတာသိ လိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန်-ပထမဆုံးအနေနဲ့သဘာဝဓာတ်ငွေ့တွေကိုကုန်ကြမ်းအတိုင်းထုတ်ရောင်းနေရတာက ငွေကြေးအခြေအနေကြောင့် ငွေကြေးပြသနာကြောင့် ထုတ်ပြီးတော့ရောင်းနေရတာဖြစ်ပါတယ်။ အနာဂတ်မှာသဘာ ၀ဓာတ်ငွေ့တွေကိုသုံးပြီး စက်ရုံအလုပ်ရုံတွေတည်ဆောက်ဖို့ရှိပါတယ်။ ဥပမာလျှပ်စစ်ထုတ်တဲ့ ဂက်စ်တာဘိုင်တွေလုပ်ဖို့ရှိတယ်။ ဓာတ်မြေသြဇာစက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေလုပ်ဖို့ရှိတယ်။Down Stream စက်ရုံတွေတည်ပြီးတော့ဓာတ် ငွေ့တွေကိုအသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမမေးခွန်းပါ။ စီးပွားရေးမှာ ဘယ်ဝန်ကြီးဌာနတွေကို ပိုပြီးတော့အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ရည်မှန်းချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေစားရေး၊၀တ်ရေးနဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့၊ နောင်တိုးလာမယ့်လူဦးရေအတွက် ပြည့်စုံဖူလုံစွာစားနိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင် ပြောင်းလဲပြီးတော့မှလက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ပိုမိုပြီးတော့ထွက်ရှိအောင်ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလဲ အရေးကြီးတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ရည်မှန်း ထားပါတယ်။စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလောလိုအပ်နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေတော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့အလုပ်အကိုင်အခွင့်အလမ်းတွေများများရတဲ့စက်ရုံအလုပ်ရုံတွေများများထူထောင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ နောက်ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ထွက်ကုန်တွေအများ ကြီးရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်းရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီးလုပ်နေပါတယ်။ တတိယအချက်ကတော့ကျွန်တော် တို့မှာဂက်စ်တွေရှိတယ်။ နောက်တခါသတ္တုတွေရိပါတယ်။heavy industryလိုဟာမျိုးထူထောင်ဖို့ စတုတ္ထအချက်ကတော့ IT နဲ့Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့ကကြိုးစားပြီးဆောင်ရွက်နေပါတယ်။စက်မှု ၀န်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေဖြစ်ပါတယ်။
    CNA - လက်ရှိအနေအထားအရမြန်မာနိုင်ငံကို နိုင်ငံခြားအစိုးရတွေ စီးပွားရေအသိုင်းအ၀ိုင်းတွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားနေကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်း တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်တို့၊ ဥရောပတို့ အာဆီယံတို့ ဘယ်ဒေသကစီးပွားရေးလုပ်ငန်းရှင်တွေကိုရွေးရမယ်ဆိုရင် ဘယ်ဒေသကသူတွေကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဦးစားပေးရွေးမလဲဆိုတာသိရှိလိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - အရှေ့ရယ်အနောက်ရယ်မခွဲခြားပါဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာလဲ အရှေ့ရယ်အနောက်ရယ်မခွဲခြားပဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချထားပါတယ်။ တိုင်း ပြည်အတွက် အကျိုးရှိမယ့်ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုမထိခိုက်မနစ် နာစေဖို့ပါ။ ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမထိခိုက် မနစ်နာစေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာ အာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ ဒီမူတွေချပေးထားပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
    CNA - ခုနသမ္မတကြီးနဲ့ပြောသလိုပါပဲ။ ပူတာအိုဒေသကသဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှကောင်းမွန်တဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသကပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့လို့မြန်မာ နိုင်ငံက ကချင်လူမျိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်အရေးကြီးတယ်။ ဘယ်လိုအခက်အခဲတွေရှိသေးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အောင်ဆောင်ရွက်နေတဲ့အရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစားပေး(၁)ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ကပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုတာမှာလဲ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက်ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ကျွန်တော်တို့ဦးစားပေးပြီးလုပ်ပါတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီးဆန့်ကျင်နေတဲ့အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလဲ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လဲ အောင်မြင်တာရှိတယ်၊ မအောင်မြင်တာရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရ သစ်စတက်လာလာခြင်း ဒီငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ပစ်တာ၊ ခတ်တာတိုက် တာ ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံရေးအရဆွေးနွေးသွားစရာတွေကတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင်ဆန့်ကျင်ဘက်အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။လောလောဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ထိတွေ့ဆက်ဆံမှုတွေတော့ရှိနေတယ်။ သို့သော်လဲ ဒီကနေ့အထိ အောက်ခြေပိုင်းမှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာခိုက်တာတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လဲပဲထိတွေ့ ဆက်ဆံမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလဲ မကြာခင်မှာ ငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
    CNA-ကျွန်မတို့သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးကသမ္မတသက်တမ်းတစ်ကြိမ်ပဲတာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရရှိနေစေချင်ပါ သလဲ။ ဘယ်လိုမျိုးမှတ်မှတ်သားသားရှိနေစေချင်ပါသလဲ။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အသက်အရွယ်အရ၊ ကျွန်တော်ရဲ့ကျန်းမာရေးအရ ဒီလိုစဉ်းစားလာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကို နိုင်ငံရေးအရတည်တည်ငြိမ် ငြိမ်ဖြစ်အောင်လုပ် နိုင်မယ့်လူမျိုးတွေ၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ့်မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့တာဝန်ယူသွားစေချင်ပါတယ်။
    CNA - နောက်ဆုံးတစ်ခုမေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေတော်တော်များများရရှိခဲ့ပါတယ်။အခုအခါမြန်မာမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆောင်ရွက် နေတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သိရှိလိုပါတယ်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန် - တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃၀၀လောက် ထိစပ်နေတဲ့
     အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ရှေးပဝေဏသီကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံလာခဲ့ကြတာဖြစ် ပါတယ်။ ပြောမယ်ဆိုရင်
    ချစ်ကြည်ရင်းနှီးတဲ့မိတ်ဆွေ နိုင်ငံတွေလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကျော်လောက်က ကျွန်တော်တို့မြန်မာနိုင်ငံကို အကုန်
    လုံးဝိုင်းဝန်းပြီးပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှအကူအညီမပေးတဲ့အချိန်မှာတရုတ် နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ
     အကူအညီပေးတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ပြီးလုပ်နေတာရှိပါတယ်။
    တရုတ်နိုင်ငံကပြောရမယ်ဆိုရင် ဒီကနေ့လဲ ကျွန်တော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသည်ပင်
    လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံအားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ဆန္ဒရှိပါတယ်။ ဟိုတုန်းကတည်းက
    တိုက်တွန်းနေပါတယ်။ အခုအစိုးရသစ်ပြောင်းလာမှတင်မဟုတ်ပါဘူး။
    CNA- အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေမှာ ကျွန်မတို့ကို စကားပြောဆိုခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်
    ပါတယ် ဂုဏ်ယူပါတယ်ရှင်။
    နိုင်ငံတော်သမ္မတဦးသိန်းစိန်-ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုလဲ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
    CNA ၀မ်းမြောက်ဝမ်းသာနဲ့လက်ခံချင်ပါတယ်။ဗီဇာရဖို့လဲကူညီပါ( ရယ်မောပြောသည်)။
    နိုင်ငံတော်သမ္မတဦးသိန်းစိန်-စပယ်ရှယ်ဗီဇာလုပ်ပေးမယ်လို့ (ရယ်မောပြောသည်)။
    Yangon media Group
    ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်
    Posted: 30 Jul 2012 08:14 AM PDT
    ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၄း၄၀ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ မြအေးနှင့် ဂျင်မီ တို့က ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ်အတွင်း ယခင်ဖြစ်ပျက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ၊ လယ်ယာမြေပြဿနာ၊ အလုပ်သမားပြဿနာ အစရှိသည့် လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား ကိစ္စရပ်များကို လူ့အခွင့်အရေးဆိုင်ရာ ဆက်စပ်မှုများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုဆွေးခဲ့ကြသည်။
    ဗမာပြည်ဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ကွင်တားနား နှင့် ဗကသများအဖွဲ့ ချုပ်မှကိုလင်းထက်နိုင်
    ၊မဖြိုးဖြိုးအောင်နှင့်  မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ ကိုမိုးသွေးတို့ ယနေ့ ညနေ(၄)နာရီမှ ညနေ(၅)နာရီထိတွေ့ 
    ဆုံဆွေးနွေးခဲ့ ကြပါသည်
    88 Generation studients,Abfsu Cwc
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    Posted: 30 Jul 2012 11:09 AM PDT
    (၃၀.၇.၂၀၁၂)
    မိတ္ထီလာခရိုင် သာစည်မြို့တွင် ယနေ့(၃၀.၇.၂၀၁၂)ရက်နေ့ တွင် သာစည်မြို့သူ/သားများ
    ဘဝ မီးဘေးအန္တရာယ်လုံ ခြုံမှုနှင့် အေးချမ်းစွာ နေနိုင်ရေးအတွက် သာစည်မြို့နေ ပြည်သူများက သာစည်မြို့ပေါ်တွင်
    တရားဝင် စီတန်းလှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။ သာစည်မြို့နေပြည်သူ
    များက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို နံနက်(၉း၀၀)နာရီမှ(၁၀း၀၀)ထိ တောင်းဆိုမှု ပြုလုပ်သွားခဲ့
    သည်။ သာစည်မြို့နေပြည်သူများက သာစည်မြို့လယ်ခေါင်တွင် ဖွင့်လှစ် ရောင်းချနေသော ကောင်းဇော်ဟိန်း(K Z H)စက်
    သုံးဆီ ဆိုင်ကို မြို့ပေါ်တွင်ဖွင့်လှစ် ရောင်းချခြင်းမပြုရန် စီတန်း လှည့်လည်၍ လူထုဆန္ဒဖြင့် တောင်းဆိုရခြင်းဖြစ်သည်။
    ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင်တွင် ဂါလံ(၁၀၀၀၀)ဆန့် ဆီ သိုလှောင်ကန်တစ်ကန်နှင့် ဂါလံ(၁၅၀၀)
    ဆန့် ဆီတိုင်ကီကြီး(၆)လုံးကို သိုလှောင်ပြီးရောင်းချနေသည်။ဆီသိုလှောင်မှု ပမာဏများမှုက သာစည်မြို
့ပေါ်နေ အိမ်ခြေပေါင်း(၄၂၀၀၀)တွင် နေထိုင်နေသော လူဦးရေ (၁၈၀၀၀၀)ကျော်
    တို့၏ ဘဝလုံခြုံမှုကို ခြိမ်းခြောက် နေသည့်အတွက် သာစည်မြို့နေလူထုက ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ပြောင်းရွှေ
့ပေးရေး ကို တောင်းဆိုရခြင်းဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို သာစည်မြို့ ပြည်သူ့အ
    ကျိုးဆောင် ကွန်ယက်မှ ဒေါ်နွဲ့ယဉ်၊ ကိုတေဇာလင်းတို့က ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့သည်။သာစည်မြို
့တွင် စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုကို မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ
     ဒေါ်မြင့်မြင့်အေးနှင့် ရန်ကုန်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး၊မမိုး တို့ ကလည်း ပါဝင်ပြီး
     ပူးပေါင်းဆောင်ရွက် လှုပ်ရှားခဲ့သည်။ 
    စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုတွင် ကြွေးကျော်ခဲ့သော ကြွေးကျော်သံများမှာ
    (၁)သာစည်မြို့ သာယာလှပရေး '' ဒို့အရေး ''
    (၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ရွှေ့ပြောင်းရေး '' ဒို့အရေး ''
    (၃)သာစည်မြို့ ပြာမကျရေး '' ဒို့အရေး ''
    (၄)လူထုဆန္ဒ ဖြည့်ဆည်းပေးရေး '' ဒို့အရေး ''
    (၅)ကောင်းဇော်ဟိန်း ဆီဆိုင်ရွှေ့ပြောင်းရေး လှုပ်ရှားမှု '' အောင်ရမည် အောင်ရမည် ''
    တို့ဖြစ်သည်။
    မှတ်ချက်။     ။ သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် မိသားစုများနှင့် ပြည်သူလူထုကြီးက ပေးပို့လာသော
                         သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
    သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် (သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ)(၃၀.၇.၂၀၁၂)
    Posted: 30 Jul 2012 10:55 AM PDT
    သီရိခေတ္တရာသို့ ဒိုင်ယာရီခြေလှမ်းများ
    ပြည်မြို့၊ နဝဒေးနယ်မြေ၊ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော မဟာအောင်မြေအောင်ေ
    စတီ ဗုဒ္ဓပူဇနိယပွဲတော်၊ စိန်ဖူးတော်အထွဋ် တင်လှူပူဇော်ပွဲနှင့် ရွှေပေါက်ပင် ဆရာတော် (၆၂) နှစ်မြောက်
    ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား တက်ရောက်ရန် အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ
     ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အသင်း သား/သူများနှင့် ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်
     (အထူးဧည့်သည်တော် အသင်းသားများ) တို့နှင့်အတူ ၂၅.၇.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ)
     နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ ရွှေစင်စင်္ကြာ ခရီးသွား မော်တော်ယာဉ်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်
     ပြည်မြို့သို့ ထွက်ခွာခဲ့သည်။
    နံနက် (၈း၃ဝ) နာရီအချိန်ခန့်တွင် မှော်ဘီမြို့ရှိ "မြို့မ အခမဲ့ နာရေးကူညီမှုအသင်း" မှ ကြိုဆို၍ နံနက်စာ
     မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ရုံးခန်းနှင့် မှော်ဘီမြို့သုဿန်သို့ သွားရောက်၍ မီးသင်္ဂြိုလ် စက်အား
    သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မှော်ဘီမြို့ရှိ နာရေးကူညီမှုအသင်းသား/သူ များနှင့်
    ရင်းနှီးစွာတွေ့ဆုံပြီး အကြံပြုချက်များ ပြောကြားခဲ့ကာ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပြီး မှော်ဘီမြို့မှ ဆက်လက်ထွက်ခွာခဲ့သည်။
     နံနက် (၁၁းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့ရှိ
    "ဟိတကာရီ သာရေး၊နာရေးကူညီမှုအသင်း" သည် နတ်တလင်းမြို့အဝင်မှ ကြိုဆို နှုတ်ဆက်ကာ ရုံးခန်းရှိရာသို့ ဝင်ရောက်ခဲ့
    သည်။ 
     ယင်းနောက် နတ်တလင်းသုဿန်ရှိ "ကုသိုလ်ဖြစ် သုဗြဟ္မစာရီ" မီးသင်္ဂြိုလ်ရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကာ
    ဖွဲလောင်စာသုံး မီးသဂြိုလ်စက်အား လေ့လာခဲ့ကြပြီး "ဟိတကာရီ သာရေး၊နာရေးကူညီမှုအသင်း" အား
    ထူထောင်ခဲ့သော ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ ဝင်ရောက်၍ ဂါရဝပြုကန်တော့ခဲ့ကြသည်။ ထို့နောက်
     "ဟိတကာရီ သာရေး၊ နာရေး ကူညီမှုအသင်း"မှ နေ့လည်စာ သီးစုံထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီးနောက်
     "ဟိတကာရီ သာရေး၊ နာရေးကူညီမှုအသင်း" အသင်းသား/သူများနှင့် Heart to Heart လူမှုရေးအဖွဲ့သား
     (၃ဝဝ) နီးပါးခန့်နှင့် တွေ့ဆုံ၍ လူမှုရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ည (၇းဝဝ) နာရီ အချိန်တွင်
     ရွှေပေါက်ပင် ဆရာ တော်ကြီး၏ မွေးနေ့အကြိုအဖြစ် အင်းလေးဒေသ၏ ကြာသင်္ကန်းယက်လုပ်ခြင်း ဇာတ်ဝင်ခန်းများ
     ပါဝင်သည့် ဦးကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော "အမေ့နို့ဖိုး" ရုပ်ရှင်ဇာတ်ကားအား ကြွရောက်
     လာကြသော ဘုရားဖူးဓမ္မမိတ်ဆွေများနှင့် လုပ်အားဒါန ဝိုင်းဝန်းပြုလုပ်ပေးကြသော ဆရာတော်ဘုရားကြီး ၏ တပည့်၊
     ဒါယကာ၊ ဒါယကာမများတို့အား ပြသခဲ့သည်။
    ၂၆.၇.၂ဝ၁၂ ရက်နေ့ နံနက် (၅း၃ဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ အောင်မြေတွင် အပူဇော်ခံထား
    ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား မျက်နှာတော်သစ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆက်ကပ်ခြင်းနှင့်
     မြတ်စွယ်တော် ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ နံနက် (၉းဝဝ) နာရီအချိန်တွင် ဝါဆိုကြာသင်္ကန်း ကပ်လှူပူဇော်ရန်
    အတွက် ကြာသင်္ကန်းယက်လုပ်မည်ဖြစ်သော ကြာရိုး ကြာပန်းခိုင်တို့အား ရန်ကုန်မှ လိုက်ပါလာသော OK ရှမ်းအိုးစည်အဖွဲ့နှင့်
    အတူ အပူဇော်ခံလှည့်လည်ခြင်း အခမ်းအနားအား ကျင်းပခဲ့ပြီး ရွှေပေါက်ပင်ကျောင်းဝန်းတွင်
    တည်ဆောက်ဆဲ ဓမ္မာရုံအဆောက်အဦး အပေါ်ထပ်၌ ကြာသင်္ကန်းယက်လုပ်ရန်
    အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ ရေသာဘုရားကျိန်းကျောင်း၌
     "ရေကြည်စမ်း ပညာဒါနသင်တန်း"မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး အောင်မြင်ခဲ့သော ကျောင်းသူလေးများ
    တို့သည် ကြာရိုးမျှင်များထုတ်၍ ဝါဆိုကြာ သင်္ကန်း ယက်လုပ်ခဲ့ကြသည်။
    နေ့လည် (၁းဝဝ) နာရီ အချိန်တွင် ပြည်မြို့ရှိ ရတနာမာန်အောင်ကျောင်း၌ ဖွင့်လှစ်ထားသော သုခကုသိုလ်ဖြစ်ဆေးခန်း
    (ပြည်)မှ သုခအလင်း ပညာဒါနသင်တန်း ဖွင့်လှစ်၍ ပညာ သင်ကြားနေသော ကျောင်းသား/
    သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။ ယင်းအချိန်တွင် ပြည်မြို
့ဆေးရုံကြီး၌ အရေးပေါ်လူနာတစ်ဦးအတွက် အသက်ကယ်တင် ရန် (အို) သွေးလိုအပ်နေကြောင်း သိရှိရသည့်
    အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ ဒေါ်ခင်သီတာအောင်သည် မိုးမေတ္တာသွေးလှူအဖွဲ့နှင့်အတူ
     ဆေးရုံကြီးသို့ လိုက်ပါလှူဒါန်းခဲ့သည်။ 
     နေ့လည် (၃းဝဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းသို့ ရောက်ရှိနေကြသော လုပ်အားပေး
     အဖွဲ့များ၊ ဘုရားဖူးဓမ္မမိတ်ဆွေများအား ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့နှင့်အတူ နာရေးကူညီမှု အသင်း
    (ရန်ကုန်)မှ တွဲဖက်၍ ဖျော်ဖြေပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြသည်။
    ညနေ (၄းဝဝ) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ပြည်မြို့၊
     သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ "စေတနာ နာရေးကူညီမှုအသင်း" သို့ သွားရောက်တွေ့ဆုံခဲ့ရာ အိမ်ခြေ (၂ဝဝဝ) ခန့်၊
     လူဦးရေ တစ်သောင်းဝန်းကျင်တို့ အသုံးပြုလျှက်ရှိသည့် ပုတီးကုန်းမြို့သုဿန်အား ဝင်ရောက်လေ့လာခဲ့ကြသည်။
     ည(၇းဝဝ) နာရီအချိန်မှစတင်၍ မြန်မာပြည်သူ/
    သားများ၊ ကမ္ဘာ့ပြည်သူ/သားများအား မေတ္တာပို့သ၍ မြတ်စွာဘုရားရှင်အား မေတ္တာပန်းရံနံ့စုံဖြင့် ကပ်လှူရန်အတွက်
     သီကုံးခြင်း အခမ်းအနားအား မေတ္တာပို့သ သံများ လွှမ်းခြုံကာ ည (၉းဝဝ) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
    ၂၇.၅.၂ဝ၁၂ ရက်နေ့ နံနက် (၅း၃ဝ) နာရီအချိန်ခန့်တွင် မြတ်စွာဘုရားရှင်အား သစ်သီးဆွမ်း ကပ် လှူဒါန်းခြင်း၊
    နံနက် (၈းဝဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရဆရာတော် ဘဒ္ဒန္တသောမာစာရ (၆၂) နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်
    မင်္ဂလာ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မဟာ အောင်မြေအောင်စေတီ စိန်ဖူးတော်တင် အခမ်းအနား၌
     လိုအပ်သည့် ဝါးငြမ်းတည်ဆောက်မှု ကုန်ကျ စရိတ်များနှင့် ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အသုံးပြုရန်အတွက်
     ရေစုပ်စက် (၁) လုံးအား နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်
    (မိသားစု)တို့မှ လှူဒါန်းပေးအပ်ခြင်းနှင့် ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမာစာရမှ မွေးနေ့အလှူ မြတ်ဒါနအဖြစ်
    ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်း ကျေးရွာ ဣန္ဒနိမ္မိတသုခ ကုသိုလ်ဖြစ်ဆေးပေးခန်းနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အတွက်
     အလှူငွေ (၁) သိန်းကျပ်စီအား လှူဒါန်းခဲ့သည်။
    ဓာတ်ပုံများ လင့်ခ်.. https://picasaweb.google.com/107270164380446272814/FFSSDiary
    နံနက် (၈း၃ဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းရှေ့ရှိ ကြာကန်ကြီးတွင် ငါးဘေးမဲ့လွှတ်ပွဲ
    အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ နံနက် (၉းဝဝ) နာရီအချိန်တွင်
    မဟာအောင်မြေအောင်စေတီ စိန်ဖူးတော်အထွဋ်တင်လှူပူဇော်ပွဲ အခမ်းအနားအား ရွှေပေါက်ပင်ဆ
    ရာတော်ကြီးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့နှင့် ရပ်နီးရပ်ဝေးမှ
     ရောက်ရှိလာကြသော ဘုရားဖူးဓမ္မမိတ်ဆွေများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ ဆရာတော်ကြီး၏
     တပည့် ဒါယကာ/မများတို့ဖြင့် မိုးရေစက်များကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
    နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်သည် ပြည်မြို့ရှိ
    မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင် ကိုညီညီအောင်နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊
     ဥသျှစ်ပင်မြို့ရှိ သာရေးနာရေးအဖွဲ့မှ ထင်းလောင်စာသုံး မီးသင်္ဂြိုလ်စက်အား သွားရောက်လေ့
    လာ ခဲ့ကြသည်။ ရွှေပေါက်တောရကျောင်းတိုက်၏ အလှူဒါန ကုသိုလ်ပွဲကြီးအား တနေ့ကုန်နီးပါး ပင်ပန်း
     နွမ်းနယ်စွာ လုပ်အားဒါနပြုခဲ့ကြသော ဘုရားဖူးဓမ္မ မိတ်ဆွေအပေါင်းတို့အား ဦးကျော်သူ ဒါရိုက်တာအဖြစ်
    ရိုက်ကူးခဲ့သော "ပုဏ္ဍားဘကွန်း" ရုပ်ရှင်ဇာတ်ကားအား ည (၇း၃ဝ) နာရီအချိန်တွင် ပြသခဲ့သည်။
    ၂၈.၇.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် ရွှေတောင်နာရေးကူညီမှု
    အသင်းမှ ဒါနပြု ကျွေးမွေးသော ရွှေတောင်ခေါက်ဆွဲအား ရွှေပေါက်ပင်ကျောင်းဝင်းတွင် နာရေးကူညီမှုအသင်း
    (ရန်ကုန်) အဖွဲ့သား/သူများသုံးဆောင်ပြီး ဆရာတော်ဘုရားကြီးအား နှုတ်ဆက်ဂါရဝပြုကာ
    ရန်ကုန်အပြန်ခရီးတွင် ကြို့ပင်ကောက်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေး
    ခန်းမှ ဖွင့်လှစ်ပေးလိုက်သော နှလုံးလှဆရာတော် အရှင်ပါမောက္ခ ဦးစီးသော နာရေးကူညီမှုအသင်း
    (ရန်ကုန်)၏ "သုခကုသိုလ်ဖြစ် ဆေးခန်း(ကြို့ပင်ကောက်)" ဖွင့်ပွဲအခမ်းအနား ကျင်းပရာသို့ နံနက် (၁၁းဝဝ)
     နာရီ အချိန်တွင် ရောက်ရှိ ခဲ့သည်။
    ထို့နောက် နှလုံးလှဆရာတော် အရှင်ပါမောက္ခ၊ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့် နှင့် နာရေးကူညီမှုအသင်း
    (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးထံမှ
     သြဝါဒခံယူကာ အများပြည်သူကိုယ်စား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ အခမ်းအနားတွင်
     နှလုံးလှဆရာတော် အရှင်ပါမောက္ခမှ ဆေးခန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်း
     ပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ နှုတ်ခွန်းဆက် အမှာစကားပြောကြား
     ခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့်မှ အမှာ
     စကားပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ အမှာစကား
     ပြောကြားခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) ဥက္ကဋ္ဌ ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား
     ပြောကြားခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)တွင်
     ဆေးကုသမှုခံယူခဲ့သော လူနာတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လည်
    (၃းဝဝ) နာရီအချိန်တွင် စည်ကားသိုက် မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီး
     ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့တော့သည်။
    Posted: 30 Jul 2012 09:41 AM PDT
    ထားဝယ်မြို့အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေရပ်ကွက်တချို့ ရေနစ်မြုပ်နေ
    ယခုရက်ပိုင်းအတွင်း မိုးနှစ်ရက်ဆက် အဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်မြို့ အတွင်း ဘုမ္မော်ရပ်ကွက်၊
    ရှမ္မလည်ဆွဲ ကွက်သစ်၊ ကညုံရပ်ကွက်အတွင်း နေရာတချို့နှင့်
    ဆန်းချီ ကမြောကင်းမြို့သစ် နေရာတချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး စုစုပေါင်း အိမ်ထောင်စုသုံး
    ရာကျော် လူဦးရေတစ်ထောင်ခန့်မှာ ရေဘေးနှင့် ကြုံတွေ့ နေကြရသည်။
    ရေကြီးသည့် နေရာများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ထားဝယ်(၈၈)မျိုးဆက်များ၊
    ထားဝယ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ကြက်စားပြင် လူမှုအထောက်ကူပြုအဖွဲ့ (ကြက်စားပြင်NLDနှင့်ံHRDP
     ကွန်ရက် ထားဝယ်တို့မှ ဒုက္ခသည်များအတွက် ထမင်း၊ စားစရာ၊ ရေသန့်နှင့်မုန့်များအား လှေငယ်များဖြင့်
    အိမ်တိုင်ရာရောက် သွားရောက်ဝေငှကြသည်။
    ရေဘေးဒုက္ခသည် အဘွားအိုတစ်ဦးက'ကုသိုလ်ရှင်ကလေးတို့ ကျမ္မာကြပါစေ၊ ချမ်းသာကြပါစေ၊
    ငါတို့လိုဒုက္ခမျိုးနဲ့ ကင်းဝေးကြပါစေကွယ်'ဟုလက်အုပ်ချီကာ ဆုတောင်းပေးလေ၏။ နောက်တစ်ယောက်ကမူ အဘွားလို
     မဟုတ်ဘဲ ယိုးဒယားမှာ ရေကြီးတော့ သူတို့ဝန်ကြီးချုပ်တွေ ချက်ချင်းရောက်
    လာတာ တီဗွီကနေ မြင်ရတယ်ကွဟု နောက်သလိုလိုနှင့်ပြော၏။ လယ်ပိုင်ရှင်တစ်ယောက်၏ ရင်ဖွင့်သံကတော့ 
    အများနဲ့မတူ သတိပြုစရာပင်'ရေထရက်လည်းဖြင့် မိုးကလည်းဆက်တိုက်ရွာ ဒီကြားထဲ ရထားလမ်းကလည်း
     တမံပိတ်သလို ကန့်လန့်ဖြတ် ဖောက်ထားတော့ မယုံရင်ကြည့်နေ ဒီထက်တောင်ရေကြီးအုံးမယ်ကွ
    'ငါတို့ကတော့ ရထားလမ်းကြောင့် လယ်မြေလည်း အသိမ်းခံရတယ်။ ရေကြီးလို့ စပါးတွေလည်း
    အမြဲဆုံးတယ်၊ လယ်တွေအစား ပြန်ပေးတော့လည်း လယ်လုပ်လို့ မရတဲ့နေရာ
    ဘယ်လိုလုပ်မလဲ'ဟု စိတ်လိုက်မာန်ပါ ပြောဆိုသံများကို ထမင်းထုပ်များ လှူနေရင်းပင်
     ရင်တွင်းစကားများကို ကြားခဲ့ရပါသည်။ နောက်ပိုင်းတွင်တော့ ပြည်ထောင်စုနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေး
     ပါတီဝင်များကလည်း မာမားခေါက်ဆွဲထုပ်များကို လာရောက် လှူဒါန်းသွားကြောင်းကြား သိရပါသည်။
    အပတ်စဉ် စနေအာရုဏ်ဆွမ်းအဖွဲ့ (ဘုမ္မော်)နှင့် ကိုသန်းဝင်း (ထားဝယ်၈၈မျိုးဆက် ကျောင်းသား)တို့မှ
     ၃ဝ.၇.၂ဝ၁၂ရက်နေ့ တွင်ဒုက္ခသည်(၄ဝဝ)အတွက် ထမင်း၊ ဟင်း၊ ရေသန့်နှင့် မားမား ခေါက်ဆွဲခြောက်ထုပ်များကို
     လှူဒါန်းခဲ့သည်။ ကိုသန်းဝင်းမှ'ရေကြီးနေပြီဟု သိသိချင်း ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆေးဆိုင်တွေမှာ အလှူခံပြီး
    စနေအာရုဏ်ဆွမ်း လှူအဖွဲ့နဲ့ ပေါင်းပြီး ချက်ချင်းပဲ စီစဉ်နိုင်ခဲ့ပါတယ်' ဟုပြောဆိုသွားခဲ့ပါသည်။
    ထားဝယ်မြို့မှ ရေဘေးဒုက္ခသည် ပြည်သူများအတွက် တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုး လှူဒါန်းကြပါလို့
    တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
    မောင်ထားဝယ်သား..
    အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ 
    (အပိုင်း - ၁)
    တပ်မှူးတပ်သား ပြောစကား (၁၁၇)
    ဗီအိုအေ ။ ။ ၂၀၁၂ ဇူလိုင် ၂၈
    အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့၊ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ်
     အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို၊ ၁၉၄၈ လွတ်လပ်ရေးခါနီး အချိန်က စတင်
     ခဲ့တဲ့၊ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ် အခြေအနေတွေနဲ့ သူ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင် စဉ်က အတွေ့အကြုံ
     တွေကို၊ ဦးရော်နီညိမ်းက မေမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့"တပ်မှူးတပ်သား ပြောစကား" ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။
    ဦးတင်ဦး ။ ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးေ တွ ပေါ်လာ
    တာက ကျနော်တို့နဲ့အတူ တပြိုင်နက်ထဲ အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း
    မစ္စတာဂျင်းနား (ပါကစ္စတန်လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က
    မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေးေ ခါင်းဆောင်များ)
     ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့၊ မဟတ္တမဂန္ဓီတို့၊ နေရူး တို့က သဘောမကျဘူးေ ပါ့။ သို့သော်လည်း
     မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့၊ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့၊ အရှေ့ပါကစ္စတန်
     (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ဘက်က
     လည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို
    အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်)ကလည်း
     ပြီး သွားပြီဆိုတော့၊ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာ
    ကတွေ ဒီဘက်ကို တော်တော်များများ ရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ
    ရှိကောင်းရှိ ခဲ့ပါတယ်။ အဲဒီတုံးက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မော င်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်
    များများ ရှိကြတယ်။ အဲဒီတော့ ၀င်လာတာတွေက မသိသာဘူးေ ပါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။
    ဦးရော်နီညိမ်း ။ ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက၊ အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့
     အတွက် သူတို့(ဘင်္ဂါလီ)တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်၊ အန်ကယ်တို့
     ရဲ့ ဖက်ဆစ်တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့ သဘောနဲ့။
    ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ
     အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။
    ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုံးက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ၊ ဒီဘက်က နောင်သော
     အခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက၊ အရှေ့ပါကစ္စတန်နဲ့ တဆက်ထဲ တတွဲထဲ မေယုမြစ်
     (Mayu River)ရဲ့ အနောက်ဘက်မှာ မေယုနယ်ပေါ့၊ မေယုနယ် ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်
     ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန်ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ
    ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက၊ ဒီဘက်
    (အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။
     နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။
    သို့သော် လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့ တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင်တုံးက
    (ဂျပန်ကိုတိုက်ဇို့ လွတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ)တွေကလည်း
    ရှိနေကြတော့၊ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ်
     ဆိုပြီးေ တာ့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာ သာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦးတစ်ယောက်
     အား မူဂျာဟစ် (Mujahid)၊ တစ်ယောက်ထက်မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahideen)
    ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လိုက်တာပေါ့။ အဓိပ္ပာယ်ကတော့ အဲဒီ မှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီး တာ့၊ မေယုနယ်
    ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင် ငံရဲ့အချုပ်အခြာကို ထိခိုက်လာတာက
    တစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံတွင်
     နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်သုံး
     ကျိပ်ဝင် အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅)(သနက ၅)က သွား
     ပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။ ဒီ သနက(၅)အတွက် လိုအပ်တဲ့ စစ်သည်
     အင်အားကို စစ် ရေးလေ့ကျင့်မှုအတွက် မေမြို့(ပြင်ဦးလွင်)မှာရှိတဲ့ training depot (BATD – Burma Army
     Training Depot) လေ့ ကျင့်ရေးတပ်မှာ လေ့ကျင့်ပေးပြီးတော့၊ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြော တဲ့အတွက်၊
    အဲဒီ train (လေ့ကျင့် ရေး)လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့၊ အဲဒီတုံးက အင်ဒို နီးရှားက
     လာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ ကက်သရင်းနား (Katherina)
     လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက်သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ် တိုင်
     ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက် ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူးတယ်။
    ဦးရော်နီညိမ်း ။ ။ အဲဒီ သွားတိုက်တဲ့ တပ်ရင်း(သနက ၅)ထဲက ထင်ရှားတဲ့သူတွေ ပြောပြပါလား ခင်ဗျ။
    ဦးတင်ဦး ။ ။ ဦးလွင် (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အငြိမ်းစားဗိုလ်မှူးကြီး မောင် လွင်)
     ပါတယ်။ ဦးကြည်မောင် ပါတယ်။။ သူတို့တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ကင်မ်ပက်က်နက် (Lt. Colonel
     Campecgnec)။ ဦးကြည်မောင်က မေဂျာ(ဗိုလ်မှူး)ကြည်မောင် 2 IC (Second-in-Command ဒုတပ်ရင်းမှူး)
     ဗျ။ captain(ဗိုလ်ကြီး)မောင်လွင်တို့ကတော့ သူတို့အောက်က တပ်ခွဲမှူးတွေ။ နောက်တစ်ယောက်က နောက်ပိုင်း
     အင်းစိန် တိုက်ပွဲမှာ ကျသွားတဲ့ ဂျပန်ခေတ်စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်လှ သောင်း (ဗိုလ်မှူးလှသောင်း)။ သူတို့
    ပါကြတယ်။ ( မေဂျာကြည်မောင် = ၁၉၉၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
    ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးကြည်မောင်)
    ဦးရော်နီညိမ်း ။ ။ သူရဦးထွန်းတင်(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ စစ်အာဏာသိမ်းချိန် က၊
     မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရ၏ ၀န်ကြီးချုပ် အငြိမ်းစားဗိုလ်မှူးကြီး သူရထွန်းတင်) လည်းပါတယ်။ သူရေးတဲ့
    (ကျနော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ)စာအုပ်မှာ ပါတယ်။
    ဦးတင်ဦး ။ ။ ဟုတ်တယ်။ ဦးထွန်းတင်က အဲဒီတုံးက captain ။ ဦးထွန်းတင်လည်း ပါမယ်။ ဘာကြောင့်လည်း ဆိုတော့
     သူကလည်း သနက(၅)ကပဲ။ အဲဒီတုံးက ဒီသနက(၅) တပ်ရင်း တစ်ရင်းလုံးပဲ (မူဂျာဟစ်တွေကို) သွား
    တိုက်ခဲ့ပါ တယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။ တပ်က ရဲဘော်တွေဆိုတာက
    သိတဲ့အတိုင်းပဲ ဖက်ဆစ်တော်လှန် ရေးတုံးကကော၊ BDA (Burma Defence Army - ယခင် ဗမာ့လွတ်လပ်ရေးတပ်
    မတော် (Burma Independence Army – BIA) ကို ဂျပန်ခေတ်တွင် BDA ဟု ပြောင်းလဲဖွဲ့စည်း) တုံးကကော၊
    ပါလာကြ တဲ့သူတွေ။ သူတို့ကို စစ်ရေး လေ့ကျင့်ခန်းတွေ ကျနော်တို့က ပေးပြီးမှ ရခိုင်ကို လွှတ်ခဲ့တာဆိုတော့၊
     သူတို့က စစ်ရေးစစ်သွေးစစ်ရည်ဝ နေပြီးသားတွေ။ ကျနော်တို့က လေ့ကျင့်ပေးလိုက်တဲ့ ဒီစစ်သည်တွေကို
     ကျနော်တို့က ကမန်းကတမ်း ကျောင်းဆင်းပေးလိုက်ရ တာ ဗျ။ သူတို့ကို ကျောင်းပြီးအောင် (၆)လ (၇)လ
    သင်တန်းမပေး လိုက်ရဘူး။
    သုံးလေးလလောက်နဲ့ သင်တန်းပေးပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ချက်ချင်း လေယာဉ်နဲ့ ပို့လိုက် ရတာ။
     တောက်လျှောက် ရခိုင်ပြည်နယ်ကို ပို့လိုက်ရတာ။ (ဗမာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဖွဲ့
    စည်းသောအခါ၊ အရာရှိနှင့်စစ်သည်အားလုံး ဗြိတိသျှစစ်တပ်၏ အခြေခံစစ်သင်တန်းမှ စ၍ ပြန်တက်ကြရပြီး၊
     စစ်သည်များမှာ အခြေခံစစ်သင်တန်းပြီးဆုံးလျှင် တပ်သားသစ်များ အဖြစ် ကျမ်းသစ္စာကျန်ဆိုကြရသည်။) အဲဒီ
     တုံးက တိုက်ပြီးပြန်လာကြတဲ့သူတွေ ပြောပြတာက၊ မူဂျာဟစ်တွေကို ကာဆင်ကြီး ဆိုတဲ့ ပုဂ္ဂိုလ်က အုပ်ချုပ် တယ်။
    ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်
    အမွှာမွှာ အကွဲကွဲအပြားအပြား ဖြစ်ပြီးတော့မှ၊ နောက်ထပ်ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်တဲ့။
    နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး တိုက်ရတာကတော့ ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေးထုတ်ထားတဲ့
    စူရစ်အာမက်တို့ စူရတန်မောက် တို့။ ဒီ နောက်ပေါက်ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး
     ဖြစ်လာတော့၊ နည်းနည်းပါးပါး ပြောက် တိပြောက်ကျား တွေ့ရပြန်သေးတယ်။ ဒါပေမယ့်လို့ အရှေ့ပါကစ္စတန်နဲ့
    ကျနော်တို့နဲ့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး
     ပြဿနာဖြစ်လို့ တိုက်ကြရတဲ့အချိန်မှာ၊ ခြေမြန်တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီး ကူညီခဲ့တဲ့
     အတွက်ကြောင့်၊ (ဘူးသီးတောင်မောင်တော) မြောက်ဘက်အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီး
     တော့၊ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော်လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက် လိုက်တာ့၊
     အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ကို အပြတ်ကို ချပစ်လိုက်တယ်။ အဲဒီမှာ မူဂျာ ဟစ်
     လေးဆယ်ကျော် ငါးဆယ် လောက် သေတယ်။
    နောက်ပြီးတော့ လက်နက်တွေ ရလိုက်တယ်။ အဲဒီတုံးက သတင်းကြားလို့၊ အဲဒီတောင်ကျော ပေါ်က
     ဖြတ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရောက်နေတယ် ကြားလို့၊ သွားတိုက်တာ။ ကျနော့်မှာ အခွင့်အရေးကောင်း
     တစ်ခု ရတာက၊ ခြေမြန်တပ်တွေက ရောက်နေတဲ့ အချိန်မှာ နယ်စပ်မှာဖြစ်နေတဲ့ကိစ္စတွေကလည်း (နယ်နိမိတ်)တိုင်း
    ဖို့ထွာဖို့ သဘောတူပြီးဆုံးဖြတ်လိုက်တော့၊ ဒီတပ်တွေကို ပြန်ပို့ရမယ့်အစား မပို့ခင်မှာ အဲဒီ ဂုတ်ပိတံတား ရဲ့ မြောက်
    ဘက်ခြမ်း၊ ဂုတ်ပိတံတားဆိုတာက ဘူးသီးတာင်မြောက်ဘက်ကို တက်သွားတဲ့အခါ တောင်ဘဇား၊၊ တောင်ဘဇား
     ပြီးရင် ဂုတ်ပိတံတား၊ ဂုတ်ပိတံ တားပြီးရင် မြောက်ဘက်မှာ ပန်ဇီဘဇား ဆိုတာရှိတယ်။ အဲဒီတောင်ပေါ်
     တောင်ကျောမှာ သွားတိုက်လိုက်တဲ့ အခါ၊ နောက်ဆုံးအပြတ်ချလိုက်တဲ့အခါ အဲ့ဒီမှာ မူဂျာဟစ်ဟာ ပြတ်ထွက်သွားပြီ။ ပြီးသွားပြီ။
    ဦးရော်နီညိမ်း ။ ။ အဲဒါ ဘယ်ခုနှစ်ကလဲ အန်ကယ်။
    ဦးတင်ဦး ။ ။ အဲဒါက ကျနော် တပ်ပေါင်းစုမှူးဘ၀၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ (၁၉၆၀) ရွေးကောက်ပွဲ မလုပ်ရ
     သေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ် ဆိုတဲ့အချိန်မှာ၊
     နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ၊ လူတော်တော် များများက ရွာတွေမှာ
     စာရင်းမရှိ အင်းမရှိ လူတွေထပ်ပြုပြီးနေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့၊ အဲဒါတွေကို ကျနေယ်တို့က
     ရှင်း ရလင်းရတာပေါ့ဗျာ။ ရှင်းရလင်းရတယ် ဆိုတာက၊ သူတို့နဲ့ပတ်သက်တာတွေ ကို စစ်ဆေး၊ မသင်္ကာဘွယ်ဖြစ်
    တဲ့သူ (အရှေ့ပါကစ္စတန်)ဘက်မှ ခိုးဝင်လာသူတွေကို eviction order (မိမိပိုင် နယ်မြေမှ နှင်ထုတ်သည့် အမိန့်)ပေး
    ရတယ်။ ကျနော် မှတ်မှတ်ရရ မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ တစ်သောင်းသုံးထောင်ရှစ်ရာနီးနီးလောက်ကို၊
     eviction order နဲ့ မောင်တော မြောက်ဘက်ခြမ်းကနေ တောင်ပြို တို့လို နေရာတွေမှာ နတ်မြစ်တလျှောက် ဘေးနားက
    လူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့၊ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင်
    လုပ်တာပဲ ဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာ ပဲ။ အဲဒီတုံးက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။
    ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်မှာ စပြီး အမျိုးသားမှတ်ပုံတင် စပြီးပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားဖူးပါ
    တယ်။
    ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုံးက စပြီး အမျိုးသားမှတ်ပုံတင် စပြီး ဖြစ်လာတာ။ အဲဒါ (eviction order
     ဆောင်ရွက်ခြင်း) ပြီးသွားပြီး နည်းနည်း အေးအေးဆေးဆေး ဖြစ်သွားတော့မှ ဟိုတုံးကအခေါ် ရခိုင်တိုင်း
     အတွက် မှတ်ပုံတင်အရာရှိတွေ (လ၀က - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အရာရှိများ) ရော က်
    လာပြီးတော့၊ သူတို့ကို ၀ိုင်းပြီး ကျနော်က ကူညီရတာကိုး။ မှတ်ပုံတင်ကိစ္စတွေ မြန်မြန်ဆန်
    ဆန်ပြီးအောင် နယ်စပ်တွေမှာ တောက်လျှောက် ကျနော် တို့ဆီက တိုက်ရေယာဉ်တို့ စစ်ရေယာဉ်တို့ နဲ့၊
     နောက်သူတို့အ တွက် ရေယာဉ်တွေကိုလည်း လုံခြုံရေးအကြောင်းပြုပြီး ငှားပြီးတော့ အကုန်လုံးကို မြန်မြန်လုပ်ရတာပဲလေ။
    ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ၁၉၆၀ ရွေးကောက်ပွဲအချိန်ရောက်လာတော့၊ ရိုဟင်ဂျာကို (၀န်ကြီးချုပ်)
     ဦးနုကလည်း အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့အသံတွေကိုလည်း၊ အခုနောက်ပိုင်း ကျနော်တို့ ကြားကြရပါတယ်။
     အဲဒီကိစ္စရဲ့ အရင်းအ မြစ် အစပထမက ဘယ်လိုဖြစ်တာလဲဆိုတာကို၊ အန်ကယ်သိသလောက် ရှင်းပြပါ။
    ဦးတင်ဦး ။ ။ ဒီလိုဗျ။ အဲဒီအချိန်လောက်အထိက၊ ကျနော်လည်း ရိုဟင်ဂျာဆိုတာကို မသိဘူး၊ ကြားလည်း မကြားဖူး ဘူး။
    ဒါပေမယ့် ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတော့ caretaker government (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရ) အချိန်
     မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တစ်ခေါက်လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့၊
     အဲဒီ ဘူးသီးတောင်မောင်တော ကနေ အမတ်လေးယောက် ပေါ်လာခဲ့တယ်။ စူလတန်မာမွတ် ရယ်၊ စူလ တန်အာမက်
     ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်းမှတ်မိတယ်။ စူလတန်မာမွတ်က
     ဘူးသီးေ တာင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင်မြောက်ပိုင်း၊ စူလတန်အာမက်က
     မောင်တောတောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ
    (၀န်ကြီးချုပ်ဦးနု ဦးဆောင်သည့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး ပါတီ)ထဲကနေ ပါလာကြ တယ်။
     ရွေးေ ကာက်ပွဲမှာ ၀င်ပါလာကြတော့………
    ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ တစ်ခုသိချင်တာက အဲဒီတုံးက အမျိုးသားမှတ်ပုံတင် ဆိုတာ မလုပ် ရသေးဘူး
    ဆိုတော့၊ အဲဒီအမတ်အရွေးခံ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသားအဖြစ် ဘယ်လိုနည်းနဲ့ အသိအမှတ်ပြု ခဲ့ကြသလဲ။
    ဦးတင်ဦး ။ ။ အဲဒါက အဲဒီမှာ ဘူးသီးတောင်မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ
     ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင်၊ အဲဒီမှာ ရိုဟင်ဂျာအဖြစ်
    အသိအမှတ်ပြုပေး ဖို့ ပြောလိုက်ကြတာကြောင့်၊ ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေလုပ်ပေးလိုက်သလဲ
    ဆိုတော့၊ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Uradu)
    ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံ မှာ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ အစီအစဉ်အခန်းကဏ္ဍတစ်ခုကို တစ်နေ့ကို
    ၁၅ မိနစ် လွှင့်ပေးတာတို့၊ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့ကို ဒေါတွေကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို
     ပြဿနာေ တွ ဖြစ်ကြတယ်။ အဲဒီ့တော့မှပဲ ရိုဟင်ဂျာ ဆိုတာကို တော်တော်ကြားဖူးလိုက်တာပဲ။
    ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အန်ကယ့်ကို တစ်ခုလောက်တော့ ထပ်ပြီးမေးချင်ပါတယ်။ အဲဒီလို ၁၉၅၆ ခုနှစ် မှာ ဖြစ်လာတော့၊
    ဒါက ဦးနုရဲ့ အရပ်သားအစိုးရက လုပ်တာ။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့
    အိမ်စောင့်အစိုး ရ ပေါ်လာတဲ့အချိန်ကျတော့၊ ဒီကိစ္စကို ဘယ်လို သဘောထားပါသလဲ။
    ဦးတင်ဦး ။ ။ ကျနော်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ သဘောပဲထားတယ်။
    ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးအနေနဲ့ ပြစရာ မရှိဘူးလေ။
    ဦးရော်နီညိမ်း ။ ။ ဒါက အန်ကယ်က အဲဒီအချိန်က ရခိုင်တပ်ပေါင်းစုမှူးအနေနဲ့ သဘောထားတာ။ သို့သော်
    လည်းပဲ ကျနော်သိချင်တာက အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအနေနဲ့ကော၊ သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာန အနေ နဲ့ကော၊
     တရားဝင် ဘယ်လို သဘောထားပါသလဲ။ အဲဒီ ၁၉၅၈ ခုနှစ် caretaker government (အိမ်စောင့်အစိုး ရ) အောက်မှာ။
    ဦးတင်ဦး ။ ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘယ်လိုလုပ်လိုက်လဲဆိုတော့၊ (၁၉၆၀ ရွေးကောက်ပွဲ
    အနိုင်ရ ဦးနု၏ သန့်ရှင်း ဖဆပလ (၁၉၆၁ တွင် ပြည်ထောင်စုပါတီ ပထစဟု အမည်ြေ ပာင်း) က ပြန်လည် အာဏာရချိန်တွင်)
     ဦးနုက အဲဒီ subject (ရိုဟင်ဂျာ ကိစ္စ)ကို သူ့ရဲ့ ၀န်ကြီးချုပ်ရုံးရဲ့ subject အဖြစ် ဗဟိုက ကိုင်တွယ်မယ် ဆိုပြီးတော့၊
     သူက ယူလိုက်တယ် ခင်ဗျ။ အဲဒီတုံးက နယ်စပ်ဒေသ (နယ်နိမိတ် တိုင်းထွာရေး)ကိစ္စတွေနဲ့ ပတ်သက်လို့
     ဗိုလ်မှူးကြီးစောမြင့် (ယိမ်းနွဲ့ပါး )(ယခု မဟေသီမဂ္ဂဇင်း ထုတ်ဝေသူ)၊ တို့က နယ်စပ်စစ်တံခွန်လွှင့်တယ် ဆိုတဲ့
     တာဝန်အရ နယ်စပ်ဒေသ(ကချင်ပြည်နယ်ဘက်)တွေဘက်ကို သွားပြီး (နယ်စပ်လုံခြုံရေး)
    လုပ်ကိုင်ကြရတယ်။ (ဗိုလ်မှူးကြီးစောမြင့်မှ ကချင်ပြည်နယ် နယ်စပ်ဒေသ စစ်တံခွန်လွှင့် ခရီးစဉ်ကို
    ကလောင်အမည် ယိမ်းနွဲ့ပါး နှင့် ဆောင်းပါးများရေးသားခဲ့သည်။) သူတို့အဲဒီလို လုပ်သလို၊ ရခိုင်
     ဘက်မှာလည်း အလားတူနယ်စပ်လုံခြုံရေးကို လုပ်ကြရတဲ့အခါ၊ သူတို့က ဘင်္ဂါလီမူစလင်တွေ ဆိုတော့ကာ၊
     တချို့ကလည်း ရခိုင်မူစလင် ရခိုင်အစ္စလမ်ဆိုပြီး ရှိကြတော့၊ အဲဒီဒေသ ဥပမာ ဘူးသီးတောင်မောင်တော
     မြော က်ခြမ်းမှာရှိတဲ့ ဘော်လီဘဇား အခုတော့ ကြိမ်ချောင်းပေါ့၊ အဲဒီ နောက်က ရှာဗီဘဇား အခုတော့
    သမန်းသားပေါ့၊ အဲဒီကလူတွေက ဟိုက (အရှေ့ပါကစ္စတန်က)လူတွေ ၀င်ပြီးတော့ နောက်ထပ် ရောက်လာကြ
    တာတွေကို၊ အဲ့ဒီကလူတွေက မကြိုက်ဘူးဗျ။
    You are subscribed to email updates from ဒီမိုဝေယံ
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610