Thursday 9 August 2012
Posted: 30 Jul 2012 11:09 AM PDT
(၃၀.၇.၂၀၁၂)
မိတ္ထီလာခရိုင် သာစည်မြို့တွင် ယနေ့(၃၀.၇.၂၀၁၂)ရက်နေ့ တွင် သာစည်မြို့သူ/သားများ
ဘဝ မီးဘေးအန္တရာယ်လုံ ခြုံမှုနှင့် အေးချမ်းစွာ နေနိုင်ရေးအတွက် သာစည်မြို့နေ ပြည်သူများက သာစည်မြို့ပေါ်တွင်
တရားဝင် စီတန်းလှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။ သာစည်မြို့နေပြည်သူ
များက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို နံနက်(၉း၀၀)နာရီမှ(၁၀း၀၀)ထိ တောင်းဆိုမှု ပြုလုပ်သွားခဲ့
သည်။ သာစည်မြို့နေပြည်သူများက သာစည်မြို့လယ်ခေါင်တွင် ဖွင့်လှစ် ရောင်းချနေသော ကောင်းဇော်ဟိန်း(K Z H)စက်
သုံးဆီ ဆိုင်ကို မြို့ပေါ်တွင်ဖွင့်လှစ် ရောင်းချခြင်းမပြုရန် စီတန်း လှည့်လည်၍ လူထုဆန္ဒဖြင့် တောင်းဆိုရခြင်းဖြစ်သည်။
ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင်တွင် ဂါလံ(၁၀၀၀၀)ဆန့် ဆီ သိုလှောင်ကန်တစ်ကန်နှင့် ဂါလံ(၁၅၀၀)
ဆန့် ဆီတိုင်ကီကြီး(၆)လုံးကို သိုလှောင်ပြီးရောင်းချနေသည်။ဆီသိုလှောင်မှု ပမာဏများမှုက သာစည်မြို
့ပေါ်နေ အိမ်ခြေပေါင်း(၄၂၀၀၀)တွင် နေထိုင်နေသော လူဦးရေ (၁၈၀၀၀၀)ကျော်
တို့၏ ဘဝလုံခြုံမှုကို ခြိမ်းခြောက် နေသည့်အတွက် သာစည်မြို့နေလူထုက ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ပြောင်းရွှေ
့ပေးရေး ကို တောင်းဆိုရခြင်းဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို သာစည်မြို့ ပြည်သူ့အ
ကျိုးဆောင် ကွန်ယက်မှ ဒေါ်နွဲ့ယဉ်၊ ကိုတေဇာလင်းတို့က ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့သည်။သာစည်မြို
့တွင် စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုကို မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ
 ဒေါ်မြင့်မြင့်အေးနှင့် ရန်ကုန်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး၊မမိုး တို့ ကလည်း ပါဝင်ပြီး
 ပူးပေါင်းဆောင်ရွက် လှုပ်ရှားခဲ့သည်။ 
စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုတွင် ကြွေးကျော်ခဲ့သော ကြွေးကျော်သံများမှာ
(၁)သာစည်မြို့ သာယာလှပရေး '' ဒို့အရေး ''
(၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ရွှေ့ပြောင်းရေး '' ဒို့အရေး ''
(၃)သာစည်မြို့ ပြာမကျရေး '' ဒို့အရေး ''
(၄)လူထုဆန္ဒ ဖြည့်ဆည်းပေးရေး '' ဒို့အရေး ''
(၅)ကောင်းဇော်ဟိန်း ဆီဆိုင်ရွှေ့ပြောင်းရေး လှုပ်ရှားမှု '' အောင်ရမည် အောင်ရမည် ''
တို့ဖြစ်သည်။
မှတ်ချက်။     ။ သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် မိသားစုများနှင့် ပြည်သူလူထုကြီးက ပေးပို့လာသော
                     သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် (သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ)(၃၀.၇.၂၀၁၂)
Posted: 30 Jul 2012 10:55 AM PDT
သီရိခေတ္တရာသို့ ဒိုင်ယာရီခြေလှမ်းများ
ပြည်မြို့၊ နဝဒေးနယ်မြေ၊ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော မဟာအောင်မြေအောင်ေ
စတီ ဗုဒ္ဓပူဇနိယပွဲတော်၊ စိန်ဖူးတော်အထွဋ် တင်လှူပူဇော်ပွဲနှင့် ရွှေပေါက်ပင် ဆရာတော် (၆၂) နှစ်မြောက်
ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား တက်ရောက်ရန် အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ
 ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အသင်း သား/သူများနှင့် ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်
 (အထူးဧည့်သည်တော် အသင်းသားများ) တို့နှင့်အတူ ၂၅.၇.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ)
 နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ ရွှေစင်စင်္ကြာ ခရီးသွား မော်တော်ယာဉ်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်
 ပြည်မြို့သို့ ထွက်ခွာခဲ့သည်။
နံနက် (၈း၃ဝ) နာရီအချိန်ခန့်တွင် မှော်ဘီမြို့ရှိ "မြို့မ အခမဲ့ နာရေးကူညီမှုအသင်း" မှ ကြိုဆို၍ နံနက်စာ
 မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ရုံးခန်းနှင့် မှော်ဘီမြို့သုဿန်သို့ သွားရောက်၍ မီးသင်္ဂြိုလ် စက်အား
သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မှော်ဘီမြို့ရှိ နာရေးကူညီမှုအသင်းသား/သူ များနှင့်
ရင်းနှီးစွာတွေ့ဆုံပြီး အကြံပြုချက်များ ပြောကြားခဲ့ကာ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပြီး မှော်ဘီမြို့မှ ဆက်လက်ထွက်ခွာခဲ့သည်။
 နံနက် (၁၁းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့ရှိ
"ဟိတကာရီ သာရေး၊နာရေးကူညီမှုအသင်း" သည် နတ်တလင်းမြို့အဝင်မှ ကြိုဆို နှုတ်ဆက်ကာ ရုံးခန်းရှိရာသို့ ဝင်ရောက်ခဲ့
သည်။ 
 ယင်းနောက် နတ်တလင်းသုဿန်ရှိ "ကုသိုလ်ဖြစ် သုဗြဟ္မစာရီ" မီးသင်္ဂြိုလ်ရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကာ
ဖွဲလောင်စာသုံး မီးသဂြိုလ်စက်အား လေ့လာခဲ့ကြပြီး "ဟိတကာရီ သာရေး၊နာရေးကူညီမှုအသင်း" အား
ထူထောင်ခဲ့သော ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ ဝင်ရောက်၍ ဂါရဝပြုကန်တော့ခဲ့ကြသည်။ ထို့နောက်
 "ဟိတကာရီ သာရေး၊ နာရေး ကူညီမှုအသင်း"မှ နေ့လည်စာ သီးစုံထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီးနောက်
 "ဟိတကာရီ သာရေး၊ နာရေးကူညီမှုအသင်း" အသင်းသား/သူများနှင့် Heart to Heart လူမှုရေးအဖွဲ့သား
 (၃ဝဝ) နီးပါးခန့်နှင့် တွေ့ဆုံ၍ လူမှုရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ည (၇းဝဝ) နာရီ အချိန်တွင်
 ရွှေပေါက်ပင် ဆရာ တော်ကြီး၏ မွေးနေ့အကြိုအဖြစ် အင်းလေးဒေသ၏ ကြာသင်္ကန်းယက်လုပ်ခြင်း ဇာတ်ဝင်ခန်းများ
 ပါဝင်သည့် ဦးကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော "အမေ့နို့ဖိုး" ရုပ်ရှင်ဇာတ်ကားအား ကြွရောက်
 လာကြသော ဘုရားဖူးဓမ္မမိတ်ဆွေများနှင့် လုပ်အားဒါန ဝိုင်းဝန်းပြုလုပ်ပေးကြသော ဆရာတော်ဘုရားကြီး ၏ တပည့်၊
 ဒါယကာ၊ ဒါယကာမများတို့အား ပြသခဲ့သည်။
၂၆.၇.၂ဝ၁၂ ရက်နေ့ နံနက် (၅း၃ဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ အောင်မြေတွင် အပူဇော်ခံထား
ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား မျက်နှာတော်သစ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆက်ကပ်ခြင်းနှင့်
 မြတ်စွယ်တော် ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ နံနက် (၉းဝဝ) နာရီအချိန်တွင် ဝါဆိုကြာသင်္ကန်း ကပ်လှူပူဇော်ရန်
အတွက် ကြာသင်္ကန်းယက်လုပ်မည်ဖြစ်သော ကြာရိုး ကြာပန်းခိုင်တို့အား ရန်ကုန်မှ လိုက်ပါလာသော OK ရှမ်းအိုးစည်အဖွဲ့နှင့်
အတူ အပူဇော်ခံလှည့်လည်ခြင်း အခမ်းအနားအား ကျင်းပခဲ့ပြီး ရွှေပေါက်ပင်ကျောင်းဝန်းတွင်
တည်ဆောက်ဆဲ ဓမ္မာရုံအဆောက်အဦး အပေါ်ထပ်၌ ကြာသင်္ကန်းယက်လုပ်ရန်
အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ ရေသာဘုရားကျိန်းကျောင်း၌
 "ရေကြည်စမ်း ပညာဒါနသင်တန်း"မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး အောင်မြင်ခဲ့သော ကျောင်းသူလေးများ
တို့သည် ကြာရိုးမျှင်များထုတ်၍ ဝါဆိုကြာ သင်္ကန်း ယက်လုပ်ခဲ့ကြသည်။
နေ့လည် (၁းဝဝ) နာရီ အချိန်တွင် ပြည်မြို့ရှိ ရတနာမာန်အောင်ကျောင်း၌ ဖွင့်လှစ်ထားသော သုခကုသိုလ်ဖြစ်ဆေးခန်း
(ပြည်)မှ သုခအလင်း ပညာဒါနသင်တန်း ဖွင့်လှစ်၍ ပညာ သင်ကြားနေသော ကျောင်းသား/
သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။ ယင်းအချိန်တွင် ပြည်မြို
့ဆေးရုံကြီး၌ အရေးပေါ်လူနာတစ်ဦးအတွက် အသက်ကယ်တင် ရန် (အို) သွေးလိုအပ်နေကြောင်း သိရှိရသည့်
အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ ဒေါ်ခင်သီတာအောင်သည် မိုးမေတ္တာသွေးလှူအဖွဲ့နှင့်အတူ
 ဆေးရုံကြီးသို့ လိုက်ပါလှူဒါန်းခဲ့သည်။ 
 နေ့လည် (၃းဝဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းသို့ ရောက်ရှိနေကြသော လုပ်အားပေး
 အဖွဲ့များ၊ ဘုရားဖူးဓမ္မမိတ်ဆွေများအား ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့နှင့်အတူ နာရေးကူညီမှု အသင်း
(ရန်ကုန်)မှ တွဲဖက်၍ ဖျော်ဖြေပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြသည်။
ညနေ (၄းဝဝ) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ပြည်မြို့၊
 သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ "စေတနာ နာရေးကူညီမှုအသင်း" သို့ သွားရောက်တွေ့ဆုံခဲ့ရာ အိမ်ခြေ (၂ဝဝဝ) ခန့်၊
 လူဦးရေ တစ်သောင်းဝန်းကျင်တို့ အသုံးပြုလျှက်ရှိသည့် ပုတီးကုန်းမြို့သုဿန်အား ဝင်ရောက်လေ့လာခဲ့ကြသည်။
 ည(၇းဝဝ) နာရီအချိန်မှစတင်၍ မြန်မာပြည်သူ/
သားများ၊ ကမ္ဘာ့ပြည်သူ/သားများအား မေတ္တာပို့သ၍ မြတ်စွာဘုရားရှင်အား မေတ္တာပန်းရံနံ့စုံဖြင့် ကပ်လှူရန်အတွက်
 သီကုံးခြင်း အခမ်းအနားအား မေတ္တာပို့သ သံများ လွှမ်းခြုံကာ ည (၉းဝဝ) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
၂၇.၅.၂ဝ၁၂ ရက်နေ့ နံနက် (၅း၃ဝ) နာရီအချိန်ခန့်တွင် မြတ်စွာဘုရားရှင်အား သစ်သီးဆွမ်း ကပ် လှူဒါန်းခြင်း၊
နံနက် (၈းဝဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရဆရာတော် ဘဒ္ဒန္တသောမာစာရ (၆၂) နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်
မင်္ဂလာ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မဟာ အောင်မြေအောင်စေတီ စိန်ဖူးတော်တင် အခမ်းအနား၌
 လိုအပ်သည့် ဝါးငြမ်းတည်ဆောက်မှု ကုန်ကျ စရိတ်များနှင့် ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အသုံးပြုရန်အတွက်
 ရေစုပ်စက် (၁) လုံးအား နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်
(မိသားစု)တို့မှ လှူဒါန်းပေးအပ်ခြင်းနှင့် ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမာစာရမှ မွေးနေ့အလှူ မြတ်ဒါနအဖြစ်
ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်း ကျေးရွာ ဣန္ဒနိမ္မိတသုခ ကုသိုလ်ဖြစ်ဆေးပေးခန်းနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အတွက်
 အလှူငွေ (၁) သိန်းကျပ်စီအား လှူဒါန်းခဲ့သည်။
ဓာတ်ပုံများ လင့်ခ်.. https://picasaweb.google.com/107270164380446272814/FFSSDiary
နံနက် (၈း၃ဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းရှေ့ရှိ ကြာကန်ကြီးတွင် ငါးဘေးမဲ့လွှတ်ပွဲ
အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ နံနက် (၉းဝဝ) နာရီအချိန်တွင်
မဟာအောင်မြေအောင်စေတီ စိန်ဖူးတော်အထွဋ်တင်လှူပူဇော်ပွဲ အခမ်းအနားအား ရွှေပေါက်ပင်ဆ
ရာတော်ကြီးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့နှင့် ရပ်နီးရပ်ဝေးမှ
 ရောက်ရှိလာကြသော ဘုရားဖူးဓမ္မမိတ်ဆွေများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ ဆရာတော်ကြီး၏
 တပည့် ဒါယကာ/မများတို့ဖြင့် မိုးရေစက်များကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်သည် ပြည်မြို့ရှိ
မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင် ကိုညီညီအောင်နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊
 ဥသျှစ်ပင်မြို့ရှိ သာရေးနာရေးအဖွဲ့မှ ထင်းလောင်စာသုံး မီးသင်္ဂြိုလ်စက်အား သွားရောက်လေ့
လာ ခဲ့ကြသည်။ ရွှေပေါက်တောရကျောင်းတိုက်၏ အလှူဒါန ကုသိုလ်ပွဲကြီးအား တနေ့ကုန်နီးပါး ပင်ပန်း
 နွမ်းနယ်စွာ လုပ်အားဒါနပြုခဲ့ကြသော ဘုရားဖူးဓမ္မ မိတ်ဆွေအပေါင်းတို့အား ဦးကျော်သူ ဒါရိုက်တာအဖြစ်
ရိုက်ကူးခဲ့သော "ပုဏ္ဍားဘကွန်း" ရုပ်ရှင်ဇာတ်ကားအား ည (၇း၃ဝ) နာရီအချိန်တွင် ပြသခဲ့သည်။
၂၈.၇.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် ရွှေတောင်နာရေးကူညီမှု
အသင်းမှ ဒါနပြု ကျွေးမွေးသော ရွှေတောင်ခေါက်ဆွဲအား ရွှေပေါက်ပင်ကျောင်းဝင်းတွင် နာရေးကူညီမှုအသင်း
(ရန်ကုန်) အဖွဲ့သား/သူများသုံးဆောင်ပြီး ဆရာတော်ဘုရားကြီးအား နှုတ်ဆက်ဂါရဝပြုကာ
ရန်ကုန်အပြန်ခရီးတွင် ကြို့ပင်ကောက်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေး
ခန်းမှ ဖွင့်လှစ်ပေးလိုက်သော နှလုံးလှဆရာတော် အရှင်ပါမောက္ခ ဦးစီးသော နာရေးကူညီမှုအသင်း
(ရန်ကုန်)၏ "သုခကုသိုလ်ဖြစ် ဆေးခန်း(ကြို့ပင်ကောက်)" ဖွင့်ပွဲအခမ်းအနား ကျင်းပရာသို့ နံနက် (၁၁းဝဝ)
 နာရီ အချိန်တွင် ရောက်ရှိ ခဲ့သည်။
ထို့နောက် နှလုံးလှဆရာတော် အရှင်ပါမောက္ခ၊ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့် နှင့် နာရေးကူညီမှုအသင်း
(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးထံမှ
 သြဝါဒခံယူကာ အများပြည်သူကိုယ်စား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ အခမ်းအနားတွင်
 နှလုံးလှဆရာတော် အရှင်ပါမောက္ခမှ ဆေးခန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်း
 ပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ နှုတ်ခွန်းဆက် အမှာစကားပြောကြား
 ခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့်မှ အမှာ
 စကားပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ အမှာစကား
 ပြောကြားခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) ဥက္ကဋ္ဌ ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား
 ပြောကြားခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)တွင်
 ဆေးကုသမှုခံယူခဲ့သော လူနာတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လည်
(၃းဝဝ) နာရီအချိန်တွင် စည်ကားသိုက် မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီး
 ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့တော့သည်။
Posted: 30 Jul 2012 09:41 AM PDT
ထားဝယ်မြို့အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေရပ်ကွက်တချို့ ရေနစ်မြုပ်နေ
ယခုရက်ပိုင်းအတွင်း မိုးနှစ်ရက်ဆက် အဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်မြို့ အတွင်း ဘုမ္မော်ရပ်ကွက်၊
ရှမ္မလည်ဆွဲ ကွက်သစ်၊ ကညုံရပ်ကွက်အတွင်း နေရာတချို့နှင့်
ဆန်းချီ ကမြောကင်းမြို့သစ် နေရာတချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး စုစုပေါင်း အိမ်ထောင်စုသုံး
ရာကျော် လူဦးရေတစ်ထောင်ခန့်မှာ ရေဘေးနှင့် ကြုံတွေ့ နေကြရသည်။
ရေကြီးသည့် နေရာများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ထားဝယ်(၈၈)မျိုးဆက်များ၊
ထားဝယ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ကြက်စားပြင် လူမှုအထောက်ကူပြုအဖွဲ့ (ကြက်စားပြင်NLDနှင့်ံHRDP
 ကွန်ရက် ထားဝယ်တို့မှ ဒုက္ခသည်များအတွက် ထမင်း၊ စားစရာ၊ ရေသန့်နှင့်မုန့်များအား လှေငယ်များဖြင့်
အိမ်တိုင်ရာရောက် သွားရောက်ဝေငှကြသည်။
ရေဘေးဒုက္ခသည် အဘွားအိုတစ်ဦးက'ကုသိုလ်ရှင်ကလေးတို့ ကျမ္မာကြပါစေ၊ ချမ်းသာကြပါစေ၊
ငါတို့လိုဒုက္ခမျိုးနဲ့ ကင်းဝေးကြပါစေကွယ်'ဟုလက်အုပ်ချီကာ ဆုတောင်းပေးလေ၏။ နောက်တစ်ယောက်ကမူ အဘွားလို
 မဟုတ်ဘဲ ယိုးဒယားမှာ ရေကြီးတော့ သူတို့ဝန်ကြီးချုပ်တွေ ချက်ချင်းရောက်
လာတာ တီဗွီကနေ မြင်ရတယ်ကွဟု နောက်သလိုလိုနှင့်ပြော၏။ လယ်ပိုင်ရှင်တစ်ယောက်၏ ရင်ဖွင့်သံကတော့ 
အများနဲ့မတူ သတိပြုစရာပင်'ရေထရက်လည်းဖြင့် မိုးကလည်းဆက်တိုက်ရွာ ဒီကြားထဲ ရထားလမ်းကလည်း
 တမံပိတ်သလို ကန့်လန့်ဖြတ် ဖောက်ထားတော့ မယုံရင်ကြည့်နေ ဒီထက်တောင်ရေကြီးအုံးမယ်ကွ
'ငါတို့ကတော့ ရထားလမ်းကြောင့် လယ်မြေလည်း အသိမ်းခံရတယ်။ ရေကြီးလို့ စပါးတွေလည်း
အမြဲဆုံးတယ်၊ လယ်တွေအစား ပြန်ပေးတော့လည်း လယ်လုပ်လို့ မရတဲ့နေရာ
ဘယ်လိုလုပ်မလဲ'ဟု စိတ်လိုက်မာန်ပါ ပြောဆိုသံများကို ထမင်းထုပ်များ လှူနေရင်းပင်
 ရင်တွင်းစကားများကို ကြားခဲ့ရပါသည်။ နောက်ပိုင်းတွင်တော့ ပြည်ထောင်စုနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေး
 ပါတီဝင်များကလည်း မာမားခေါက်ဆွဲထုပ်များကို လာရောက် လှူဒါန်းသွားကြောင်းကြား သိရပါသည်။
အပတ်စဉ် စနေအာရုဏ်ဆွမ်းအဖွဲ့ (ဘုမ္မော်)နှင့် ကိုသန်းဝင်း (ထားဝယ်၈၈မျိုးဆက် ကျောင်းသား)တို့မှ
 ၃ဝ.၇.၂ဝ၁၂ရက်နေ့ တွင်ဒုက္ခသည်(၄ဝဝ)အတွက် ထမင်း၊ ဟင်း၊ ရေသန့်နှင့် မားမား ခေါက်ဆွဲခြောက်ထုပ်များကို
 လှူဒါန်းခဲ့သည်။ ကိုသန်းဝင်းမှ'ရေကြီးနေပြီဟု သိသိချင်း ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆေးဆိုင်တွေမှာ အလှူခံပြီး
စနေအာရုဏ်ဆွမ်း လှူအဖွဲ့နဲ့ ပေါင်းပြီး ချက်ချင်းပဲ စီစဉ်နိုင်ခဲ့ပါတယ်' ဟုပြောဆိုသွားခဲ့ပါသည်။
ထားဝယ်မြို့မှ ရေဘေးဒုက္ခသည် ပြည်သူများအတွက် တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုး လှူဒါန်းကြပါလို့
တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။
မောင်ထားဝယ်သား..
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ 
(အပိုင်း - ၁)
တပ်မှူးတပ်သား ပြောစကား (၁၁၇)
ဗီအိုအေ ။ ။ ၂၀၁၂ ဇူလိုင် ၂၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့၊ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ်
 အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို၊ ၁၉၄၈ လွတ်လပ်ရေးခါနီး အချိန်က စတင်
 ခဲ့တဲ့၊ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ် အခြေအနေတွေနဲ့ သူ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင် စဉ်က အတွေ့အကြုံ
 တွေကို၊ ဦးရော်နီညိမ်းက မေမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့"တပ်မှူးတပ်သား ပြောစကား" ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။
ဦးတင်ဦး ။ ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးေ တွ ပေါ်လာ
တာက ကျနော်တို့နဲ့အတူ တပြိုင်နက်ထဲ အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း
မစ္စတာဂျင်းနား (ပါကစ္စတန်လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က
မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေးေ ခါင်းဆောင်များ)
 ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့၊ မဟတ္တမဂန္ဓီတို့၊ နေရူး တို့က သဘောမကျဘူးေ ပါ့။ သို့သော်လည်း
 မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့၊ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့၊ အရှေ့ပါကစ္စတန်
 (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ဘက်က
 လည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို
အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်)ကလည်း
 ပြီး သွားပြီဆိုတော့၊ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာ
ကတွေ ဒီဘက်ကို တော်တော်များများ ရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ
ရှိကောင်းရှိ ခဲ့ပါတယ်။ အဲဒီတုံးက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မော င်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်
များများ ရှိကြတယ်။ အဲဒီတော့ ၀င်လာတာတွေက မသိသာဘူးေ ပါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။
ဦးရော်နီညိမ်း ။ ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက၊ အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့
 အတွက် သူတို့(ဘင်္ဂါလီ)တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်၊ အန်ကယ်တို့
 ရဲ့ ဖက်ဆစ်တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့ သဘောနဲ့။
ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ
 အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။
ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုံးက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ၊ ဒီဘက်က နောင်သော
 အခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက၊ အရှေ့ပါကစ္စတန်နဲ့ တဆက်ထဲ တတွဲထဲ မေယုမြစ်
 (Mayu River)ရဲ့ အနောက်ဘက်မှာ မေယုနယ်ပေါ့၊ မေယုနယ် ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်
 ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန်ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ
ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက၊ ဒီဘက်
(အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။
 နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။
သို့သော် လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့ တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင်တုံးက
(ဂျပန်ကိုတိုက်ဇို့ လွတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ)တွေကလည်း
ရှိနေကြတော့၊ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ်
 ဆိုပြီးေ တာ့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာ သာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦးတစ်ယောက်
 အား မူဂျာဟစ် (Mujahid)၊ တစ်ယောက်ထက်မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahideen)
ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လိုက်တာပေါ့။ အဓိပ္ပာယ်ကတော့ အဲဒီ မှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီး တာ့၊ မေယုနယ်
ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင် ငံရဲ့အချုပ်အခြာကို ထိခိုက်လာတာက
တစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံတွင်
 နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်သုံး
 ကျိပ်ဝင် အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅)(သနက ၅)က သွား
 ပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။ ဒီ သနက(၅)အတွက် လိုအပ်တဲ့ စစ်သည်
 အင်အားကို စစ် ရေးလေ့ကျင့်မှုအတွက် မေမြို့(ပြင်ဦးလွင်)မှာရှိတဲ့ training depot (BATD – Burma Army
 Training Depot) လေ့ ကျင့်ရေးတပ်မှာ လေ့ကျင့်ပေးပြီးတော့၊ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြော တဲ့အတွက်၊
အဲဒီ train (လေ့ကျင့် ရေး)လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့၊ အဲဒီတုံးက အင်ဒို နီးရှားက
 လာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ ကက်သရင်းနား (Katherina)
 လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက်သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ် တိုင်
 ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက် ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူးတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီ သွားတိုက်တဲ့ တပ်ရင်း(သနက ၅)ထဲက ထင်ရှားတဲ့သူတွေ ပြောပြပါလား ခင်ဗျ။
ဦးတင်ဦး ။ ။ ဦးလွင် (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အငြိမ်းစားဗိုလ်မှူးကြီး မောင် လွင်)
 ပါတယ်။ ဦးကြည်မောင် ပါတယ်။။ သူတို့တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ကင်မ်ပက်က်နက် (Lt. Colonel
 Campecgnec)။ ဦးကြည်မောင်က မေဂျာ(ဗိုလ်မှူး)ကြည်မောင် 2 IC (Second-in-Command ဒုတပ်ရင်းမှူး)
 ဗျ။ captain(ဗိုလ်ကြီး)မောင်လွင်တို့ကတော့ သူတို့အောက်က တပ်ခွဲမှူးတွေ။ နောက်တစ်ယောက်က နောက်ပိုင်း
 အင်းစိန် တိုက်ပွဲမှာ ကျသွားတဲ့ ဂျပန်ခေတ်စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်လှ သောင်း (ဗိုလ်မှူးလှသောင်း)။ သူတို့
ပါကြတယ်။ ( မေဂျာကြည်မောင် = ၁၉၉၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးကြည်မောင်)
ဦးရော်နီညိမ်း ။ ။ သူရဦးထွန်းတင်(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ စစ်အာဏာသိမ်းချိန် က၊
 မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရ၏ ၀န်ကြီးချုပ် အငြိမ်းစားဗိုလ်မှူးကြီး သူရထွန်းတင်) လည်းပါတယ်။ သူရေးတဲ့
(ကျနော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ)စာအုပ်မှာ ပါတယ်။
ဦးတင်ဦး ။ ။ ဟုတ်တယ်။ ဦးထွန်းတင်က အဲဒီတုံးက captain ။ ဦးထွန်းတင်လည်း ပါမယ်။ ဘာကြောင့်လည်း ဆိုတော့
 သူကလည်း သနက(၅)ကပဲ။ အဲဒီတုံးက ဒီသနက(၅) တပ်ရင်း တစ်ရင်းလုံးပဲ (မူဂျာဟစ်တွေကို) သွား
တိုက်ခဲ့ပါ တယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။ တပ်က ရဲဘော်တွေဆိုတာက
သိတဲ့အတိုင်းပဲ ဖက်ဆစ်တော်လှန် ရေးတုံးကကော၊ BDA (Burma Defence Army - ယခင် ဗမာ့လွတ်လပ်ရေးတပ်
မတော် (Burma Independence Army – BIA) ကို ဂျပန်ခေတ်တွင် BDA ဟု ပြောင်းလဲဖွဲ့စည်း) တုံးကကော၊
ပါလာကြ တဲ့သူတွေ။ သူတို့ကို စစ်ရေး လေ့ကျင့်ခန်းတွေ ကျနော်တို့က ပေးပြီးမှ ရခိုင်ကို လွှတ်ခဲ့တာဆိုတော့၊
 သူတို့က စစ်ရေးစစ်သွေးစစ်ရည်ဝ နေပြီးသားတွေ။ ကျနော်တို့က လေ့ကျင့်ပေးလိုက်တဲ့ ဒီစစ်သည်တွေကို
 ကျနော်တို့က ကမန်းကတမ်း ကျောင်းဆင်းပေးလိုက်ရ တာ ဗျ။ သူတို့ကို ကျောင်းပြီးအောင် (၆)လ (၇)လ
သင်တန်းမပေး လိုက်ရဘူး။
သုံးလေးလလောက်နဲ့ သင်တန်းပေးပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ချက်ချင်း လေယာဉ်နဲ့ ပို့လိုက် ရတာ။
 တောက်လျှောက် ရခိုင်ပြည်နယ်ကို ပို့လိုက်ရတာ။ (ဗမာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဖွဲ့
စည်းသောအခါ၊ အရာရှိနှင့်စစ်သည်အားလုံး ဗြိတိသျှစစ်တပ်၏ အခြေခံစစ်သင်တန်းမှ စ၍ ပြန်တက်ကြရပြီး၊
 စစ်သည်များမှာ အခြေခံစစ်သင်တန်းပြီးဆုံးလျှင် တပ်သားသစ်များ အဖြစ် ကျမ်းသစ္စာကျန်ဆိုကြရသည်။) အဲဒီ
 တုံးက တိုက်ပြီးပြန်လာကြတဲ့သူတွေ ပြောပြတာက၊ မူဂျာဟစ်တွေကို ကာဆင်ကြီး ဆိုတဲ့ ပုဂ္ဂိုလ်က အုပ်ချုပ် တယ်။
ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်
အမွှာမွှာ အကွဲကွဲအပြားအပြား ဖြစ်ပြီးတော့မှ၊ နောက်ထပ်ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်တဲ့။
နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး တိုက်ရတာကတော့ ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေးထုတ်ထားတဲ့
စူရစ်အာမက်တို့ စူရတန်မောက် တို့။ ဒီ နောက်ပေါက်ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး
 ဖြစ်လာတော့၊ နည်းနည်းပါးပါး ပြောက် တိပြောက်ကျား တွေ့ရပြန်သေးတယ်။ ဒါပေမယ့်လို့ အရှေ့ပါကစ္စတန်နဲ့
ကျနော်တို့နဲ့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး
 ပြဿနာဖြစ်လို့ တိုက်ကြရတဲ့အချိန်မှာ၊ ခြေမြန်တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီး ကူညီခဲ့တဲ့
 အတွက်ကြောင့်၊ (ဘူးသီးတောင်မောင်တော) မြောက်ဘက်အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီး
 တော့၊ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော်လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက် လိုက်တာ့၊
 အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ကို အပြတ်ကို ချပစ်လိုက်တယ်။ အဲဒီမှာ မူဂျာ ဟစ်
 လေးဆယ်ကျော် ငါးဆယ် လောက် သေတယ်။
နောက်ပြီးတော့ လက်နက်တွေ ရလိုက်တယ်။ အဲဒီတုံးက သတင်းကြားလို့၊ အဲဒီတောင်ကျော ပေါ်က
 ဖြတ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရောက်နေတယ် ကြားလို့၊ သွားတိုက်တာ။ ကျနော့်မှာ အခွင့်အရေးကောင်း
 တစ်ခု ရတာက၊ ခြေမြန်တပ်တွေက ရောက်နေတဲ့ အချိန်မှာ နယ်စပ်မှာဖြစ်နေတဲ့ကိစ္စတွေကလည်း (နယ်နိမိတ်)တိုင်း
ဖို့ထွာဖို့ သဘောတူပြီးဆုံးဖြတ်လိုက်တော့၊ ဒီတပ်တွေကို ပြန်ပို့ရမယ့်အစား မပို့ခင်မှာ အဲဒီ ဂုတ်ပိတံတား ရဲ့ မြောက်
ဘက်ခြမ်း၊ ဂုတ်ပိတံတားဆိုတာက ဘူးသီးတာင်မြောက်ဘက်ကို တက်သွားတဲ့အခါ တောင်ဘဇား၊၊ တောင်ဘဇား
 ပြီးရင် ဂုတ်ပိတံတား၊ ဂုတ်ပိတံ တားပြီးရင် မြောက်ဘက်မှာ ပန်ဇီဘဇား ဆိုတာရှိတယ်။ အဲဒီတောင်ပေါ်
 တောင်ကျောမှာ သွားတိုက်လိုက်တဲ့ အခါ၊ နောက်ဆုံးအပြတ်ချလိုက်တဲ့အခါ အဲ့ဒီမှာ မူဂျာဟစ်ဟာ ပြတ်ထွက်သွားပြီ။ ပြီးသွားပြီ။
ဦးရော်နီညိမ်း ။ ။ အဲဒါ ဘယ်ခုနှစ်ကလဲ အန်ကယ်။
ဦးတင်ဦး ။ ။ အဲဒါက ကျနော် တပ်ပေါင်းစုမှူးဘ၀၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ (၁၉၆၀) ရွေးကောက်ပွဲ မလုပ်ရ
 သေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ် ဆိုတဲ့အချိန်မှာ၊
 နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ၊ လူတော်တော် များများက ရွာတွေမှာ
 စာရင်းမရှိ အင်းမရှိ လူတွေထပ်ပြုပြီးနေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့၊ အဲဒါတွေကို ကျနေယ်တို့က
 ရှင်း ရလင်းရတာပေါ့ဗျာ။ ရှင်းရလင်းရတယ် ဆိုတာက၊ သူတို့နဲ့ပတ်သက်တာတွေ ကို စစ်ဆေး၊ မသင်္ကာဘွယ်ဖြစ်
တဲ့သူ (အရှေ့ပါကစ္စတန်)ဘက်မှ ခိုးဝင်လာသူတွေကို eviction order (မိမိပိုင် နယ်မြေမှ နှင်ထုတ်သည့် အမိန့်)ပေး
ရတယ်။ ကျနော် မှတ်မှတ်ရရ မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ တစ်သောင်းသုံးထောင်ရှစ်ရာနီးနီးလောက်ကို၊
 eviction order နဲ့ မောင်တော မြောက်ဘက်ခြမ်းကနေ တောင်ပြို တို့လို နေရာတွေမှာ နတ်မြစ်တလျှောက် ဘေးနားက
လူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့၊ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင်
လုပ်တာပဲ ဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာ ပဲ။ အဲဒီတုံးက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်မှာ စပြီး အမျိုးသားမှတ်ပုံတင် စပြီးပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားဖူးပါ
တယ်။
ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုံးက စပြီး အမျိုးသားမှတ်ပုံတင် စပြီး ဖြစ်လာတာ။ အဲဒါ (eviction order
 ဆောင်ရွက်ခြင်း) ပြီးသွားပြီး နည်းနည်း အေးအေးဆေးဆေး ဖြစ်သွားတော့မှ ဟိုတုံးကအခေါ် ရခိုင်တိုင်း
 အတွက် မှတ်ပုံတင်အရာရှိတွေ (လ၀က - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အရာရှိများ) ရော က်
လာပြီးတော့၊ သူတို့ကို ၀ိုင်းပြီး ကျနော်က ကူညီရတာကိုး။ မှတ်ပုံတင်ကိစ္စတွေ မြန်မြန်ဆန်
ဆန်ပြီးအောင် နယ်စပ်တွေမှာ တောက်လျှောက် ကျနော် တို့ဆီက တိုက်ရေယာဉ်တို့ စစ်ရေယာဉ်တို့ နဲ့၊
 နောက်သူတို့အ တွက် ရေယာဉ်တွေကိုလည်း လုံခြုံရေးအကြောင်းပြုပြီး ငှားပြီးတော့ အကုန်လုံးကို မြန်မြန်လုပ်ရတာပဲလေ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ၁၉၆၀ ရွေးကောက်ပွဲအချိန်ရောက်လာတော့၊ ရိုဟင်ဂျာကို (၀န်ကြီးချုပ်)
 ဦးနုကလည်း အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့အသံတွေကိုလည်း၊ အခုနောက်ပိုင်း ကျနော်တို့ ကြားကြရပါတယ်။
 အဲဒီကိစ္စရဲ့ အရင်းအ မြစ် အစပထမက ဘယ်လိုဖြစ်တာလဲဆိုတာကို၊ အန်ကယ်သိသလောက် ရှင်းပြပါ။
ဦးတင်ဦး ။ ။ ဒီလိုဗျ။ အဲဒီအချိန်လောက်အထိက၊ ကျနော်လည်း ရိုဟင်ဂျာဆိုတာကို မသိဘူး၊ ကြားလည်း မကြားဖူး ဘူး။
ဒါပေမယ့် ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတော့ caretaker government (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရ) အချိန်
 မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တစ်ခေါက်လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့၊
 အဲဒီ ဘူးသီးတောင်မောင်တော ကနေ အမတ်လေးယောက် ပေါ်လာခဲ့တယ်။ စူလတန်မာမွတ် ရယ်၊ စူလ တန်အာမက်
 ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်းမှတ်မိတယ်။ စူလတန်မာမွတ်က
 ဘူးသီးေ တာင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင်မြောက်ပိုင်း၊ စူလတန်အာမက်က
 မောင်တောတောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ
(၀န်ကြီးချုပ်ဦးနု ဦးဆောင်သည့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး ပါတီ)ထဲကနေ ပါလာကြ တယ်။
 ရွေးေ ကာက်ပွဲမှာ ၀င်ပါလာကြတော့………
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ တစ်ခုသိချင်တာက အဲဒီတုံးက အမျိုးသားမှတ်ပုံတင် ဆိုတာ မလုပ် ရသေးဘူး
ဆိုတော့၊ အဲဒီအမတ်အရွေးခံ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသားအဖြစ် ဘယ်လိုနည်းနဲ့ အသိအမှတ်ပြု ခဲ့ကြသလဲ။
ဦးတင်ဦး ။ ။ အဲဒါက အဲဒီမှာ ဘူးသီးတောင်မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ
 ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင်၊ အဲဒီမှာ ရိုဟင်ဂျာအဖြစ်
အသိအမှတ်ပြုပေး ဖို့ ပြောလိုက်ကြတာကြောင့်၊ ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေလုပ်ပေးလိုက်သလဲ
ဆိုတော့၊ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Uradu)
ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံ မှာ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ အစီအစဉ်အခန်းကဏ္ဍတစ်ခုကို တစ်နေ့ကို
၁၅ မိနစ် လွှင့်ပေးတာတို့၊ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့ကို ဒေါတွေကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို
 ပြဿနာေ တွ ဖြစ်ကြတယ်။ အဲဒီ့တော့မှပဲ ရိုဟင်ဂျာ ဆိုတာကို တော်တော်ကြားဖူးလိုက်တာပဲ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အန်ကယ့်ကို တစ်ခုလောက်တော့ ထပ်ပြီးမေးချင်ပါတယ်။ အဲဒီလို ၁၉၅၆ ခုနှစ် မှာ ဖြစ်လာတော့၊
ဒါက ဦးနုရဲ့ အရပ်သားအစိုးရက လုပ်တာ။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့
အိမ်စောင့်အစိုး ရ ပေါ်လာတဲ့အချိန်ကျတော့၊ ဒီကိစ္စကို ဘယ်လို သဘောထားပါသလဲ။
ဦးတင်ဦး ။ ။ ကျနော်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ သဘောပဲထားတယ်။
ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးအနေနဲ့ ပြစရာ မရှိဘူးလေ။
ဦးရော်နီညိမ်း ။ ။ ဒါက အန်ကယ်က အဲဒီအချိန်က ရခိုင်တပ်ပေါင်းစုမှူးအနေနဲ့ သဘောထားတာ။ သို့သော်
လည်းပဲ ကျနော်သိချင်တာက အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအနေနဲ့ကော၊ သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာန အနေ နဲ့ကော၊
 တရားဝင် ဘယ်လို သဘောထားပါသလဲ။ အဲဒီ ၁၉၅၈ ခုနှစ် caretaker government (အိမ်စောင့်အစိုး ရ) အောက်မှာ။
ဦးတင်ဦး ။ ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘယ်လိုလုပ်လိုက်လဲဆိုတော့၊ (၁၉၆၀ ရွေးကောက်ပွဲ
အနိုင်ရ ဦးနု၏ သန့်ရှင်း ဖဆပလ (၁၉၆၁ တွင် ပြည်ထောင်စုပါတီ ပထစဟု အမည်ြေ ပာင်း) က ပြန်လည် အာဏာရချိန်တွင်)
 ဦးနုက အဲဒီ subject (ရိုဟင်ဂျာ ကိစ္စ)ကို သူ့ရဲ့ ၀န်ကြီးချုပ်ရုံးရဲ့ subject အဖြစ် ဗဟိုက ကိုင်တွယ်မယ် ဆိုပြီးတော့၊
 သူက ယူလိုက်တယ် ခင်ဗျ။ အဲဒီတုံးက နယ်စပ်ဒေသ (နယ်နိမိတ် တိုင်းထွာရေး)ကိစ္စတွေနဲ့ ပတ်သက်လို့
 ဗိုလ်မှူးကြီးစောမြင့် (ယိမ်းနွဲ့ပါး )(ယခု မဟေသီမဂ္ဂဇင်း ထုတ်ဝေသူ)၊ တို့က နယ်စပ်စစ်တံခွန်လွှင့်တယ် ဆိုတဲ့
 တာဝန်အရ နယ်စပ်ဒေသ(ကချင်ပြည်နယ်ဘက်)တွေဘက်ကို သွားပြီး (နယ်စပ်လုံခြုံရေး)
လုပ်ကိုင်ကြရတယ်။ (ဗိုလ်မှူးကြီးစောမြင့်မှ ကချင်ပြည်နယ် နယ်စပ်ဒေသ စစ်တံခွန်လွှင့် ခရီးစဉ်ကို
ကလောင်အမည် ယိမ်းနွဲ့ပါး နှင့် ဆောင်းပါးများရေးသားခဲ့သည်။) သူတို့အဲဒီလို လုပ်သလို၊ ရခိုင်
 ဘက်မှာလည်း အလားတူနယ်စပ်လုံခြုံရေးကို လုပ်ကြရတဲ့အခါ၊ သူတို့က ဘင်္ဂါလီမူစလင်တွေ ဆိုတော့ကာ၊
 တချို့ကလည်း ရခိုင်မူစလင် ရခိုင်အစ္စလမ်ဆိုပြီး ရှိကြတော့၊ အဲဒီဒေသ ဥပမာ ဘူးသီးတောင်မောင်တော
 မြော က်ခြမ်းမှာရှိတဲ့ ဘော်လီဘဇား အခုတော့ ကြိမ်ချောင်းပေါ့၊ အဲဒီ နောက်က ရှာဗီဘဇား အခုတော့
သမန်းသားပေါ့၊ အဲဒီကလူတွေက ဟိုက (အရှေ့ပါကစ္စတန်က)လူတွေ ၀င်ပြီးတော့ နောက်ထပ် ရောက်လာကြ
တာတွေကို၊ အဲ့ဒီကလူတွေက မကြိုက်ဘူးဗျ။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment