ဖုန်းမော်ဥဒါန်း
ကိုဖုန်းမော်
စွယ်တော်ပန်းပွင့်
မရင့်မှည့်မှီ
လွင့်ကြွေမြေခ
နွေဦးကိုနှိုးထစေခဲ့ 
ဖုန်းမော်မသေ
ဤမြေအနှံ
လွင့်ပျံစီးဆင်း
ရဲရင့်ခြင်းနွေဦး
ဖူးပွင့်ထောင်သောင်း
လှည်းနေမြေအောင်း
မြင်းစောင်းမကျန်
တော်လှန်ဖူးသစ်
ရှစ်လေးလုံး။
စစ်ဖိနပ်အောက်
မလွတ်မြောက်သေး
နွေဦးတေးကို
သွေးနဲ့ ပေးဆပ်
မြင့်မြတ်ခြင်းတွေကို
ဒို့ မြေဆီမှာတွေ့ နေရပေါ့ 
ချွှန်မြဒေါင်းတွေ
လာခြေတော့မည်
ပြည်သူ့ တပ်ဦး
ဖူးပွင့်နီမြန်း
ဖုန်းမော်ဥဒါန်း တွင်မဆုံး။
(၂၃ကြိမ်မြောက် ကိုဖုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်နေ့ သို့ ဦးညွတ်ခြင်း) နီလွင်သွေး (ဒဿနိက)
၅ ရက် ဖေဖေါ်ဝါရီလ ၂၀၁၁ (စနေနေ့ )
ငုရင်ပြင်ဘလောက်မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment