Friday 25 February 2011
     မဲပေါက်သည့် နိုင်ငံရေးအကျဉ်းသား၅၀ ကိုလည်း လစဉ်အဝေးရောက်မိတ်ဆွေများအဖြစ်လက်တွဲမည်။
                                            မိုးမခ ဖေဖေါ်ဝါရီ ၂၅ ၊ ၂၀၁၁
၀၁၁ နှစ်သစ်တွင် မိုးမခစာနယ်ဇင်းအဖွဲ့ က  NLD  ပါတီ၏ လူမှု ထောက်ကူအဖွဲ့ က ကူညီအားပေးနေသောနိုင်ငံရေးအကျဉ်းသား၆၀၀ ဦးအား မိုးမခ မိတ်ဆွေများဆုဖြင့် ဂုဏ်ပြုမည်ဖြစ်ကြောင်းထုပ်ပြန်ခဲ့ သည်။ ထုပ်ပြန်ခဲ့ သည့် အတိုင်းလည်း မိုးမခရန်ပုံငွေထဲမှ
ဒေါ်လာငွေ ၆၀၀ ကျော်ကို မိုးမခ ဝိုင်းတော်သားများ အလှူအဖြစ် မတည်ခဲ့ ပြီး အများပြည်သူအလှူကိုလည်း လက်ခံခဲ့ ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ တထောင် တန်ဖိုးဖြင့် ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ ကြောင်းတင်ပြလိုက်ပါသည်။ထိုအပြင် NLD  ပါတီကူညီစောင့် ရှောက်နေသည့် နိုင်ငံရေးအကျဉ်းသား စာရင်းများ အနက်မှ စွန်းစားသူ၅၀ဦးကို လည်းမဲနှိုက် ပြီးအဝေး ရောက်မိတ်ဆွေများအဖြစ် လက်တွဲခွင့်၊ မိတ်ဆွေဖွဲ့ ခွင့် ရခဲ့ သည် ဖြစ်ရာ အဆိုပါအဝေးရောက် မိတ်ဆွေ ၅၀ ဦးနှင့် တကွ  NLD ပါတီက စာရင်းပြုစုအားပေးကူညီနေသော နိုင်ငံရေးအကျဉ်းသားများကို မိုးမခမိတ်ဆွေများက လစဉ်အားပေးဂုဏ်ယူ သွားနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်သည်။ မိတ်ဆွေဖွဲ့ လိုသူများအနေဖြင့် မိုးမခမှတဆင့် မဲနှိုက်ပြီး မိမိ၏ အဝေးရောက်မိတ်ဆွေ သူရဲကောင်းတဦး၏အမည်ကို သိရမည်ဖြစ်သည်။ အဝေးရောက် မိတ်ဆွေ အဖြစ်လစဉ် အနဲ ဆုံး မြန်မာငွေကျပ် ၅ ထောင်ဖိုးဖြင့် ကူညီမှု ကိုစတင်နိုင်သည်။ မိုးမခ စာနယ်ဇင်း
အဖွဲ့ ကတာဝန်ယူပြီး အကြောင်းကြားမှု၊ ပြန်ကြားမှုတိုကို ပြုလုပ်ပေးမည်ဟုပြင်ဆင်ထားသည်။
ယခုလက်ရှိတွင် မိုးမခမိတ်ဆွေများ ၊ပရိတ်သတ်များဖြင့်  NLD  လူမှုထောက်ကူအဖွဲ့ ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုလုပ်ငန်းကို ရည်းစူးလှူဒါန်းမှုများ စတင်နေပြီဖြစ်ရာ လက်ရှိတွင် အလှူရှင်ဦးရေ ၂၀ ရှိပြီး နိုင်ငံရေးအကျဉ်းသား၂၇ဦးကို အဝေးရောက်မိတ်ဆွေများအဖြစ် စာရင်းသွင်းထားသည်ကိုတွေ့ ရသည်။ အလှူရှင် အချို့ က အများကောင်းမှု့အဖြစ်နိုင်ငံရေးအကျဉ်းသားများ ကူညီမှု လုပ်ငန်းသို့ ရည်စူးလှူဒါန်းကြသည်ကိုတွေ့ ရသည်။ 
NLD ဦးစီးဆောင်ရွက်နေသော မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသား များ၊ မိသားစုများ ၊လူမှုထောက်ကူပြူ အလုပ်များအတွက် အမေရိကန်ပြည်ထောင်စု အနှံအပြားရှိ မြန်မာကွန်မြူနီတီများကလည်း ဝိုင်းဝန်းခြင်း၊ ပံ့ပိုးခြင်းနှင့် အားပေးကူညီမှူ များပြုလုပ်လာကြသည် ကို ဆက်လက်သတင်းပေးပို့ ပြန်ကြားပေးပါမည်။ လက်ဆင့်ကမ်း သတင်းပေးပို့ ကြရန်တောင်းပန်လိုက်ပါသည်။
(မိုးမခ ဘလောက် မှ ကူးယူဖေါ်ပြပါသည်) 
No comments:
Post a Comment