Sunday, 10 April 2011
Fwd: ဒေါင်းမာန်ဟုန်
Posted: 09 Apr 2011 06:31 AM PDT
ငြိမ်းချမ်းရေးနေအိမ်ထဲက "ဆရာပါ"
      ၂၀၀၈ ခုနှစ်၊ ဒေါ်ပတ္တမြားခင်မွေးနေ့ အထိမ်းအမှတ်ဆွမ်းကျွေးအလှူပွဲကို ပြည်လမ်းရှိ တိပိဋကတ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပစဉ် ဆရာပါရဂူမှ "ကိုကျော်သူ ခင်ဗျားရဲ့ အတ္ထုပတ္တိ၊ ခင်ဗျားရဲ့ သမိုင်းကြောင်းစာအုပ်ကို ကျွန်တော်ရေးအုံးမယ်ဗျာ" တဲ့။
      ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ကျွန်တော်၏ မွေးနေ့ပွဲအမှတ်တရအဖြစ် Kyaw Thu's Art Zone ပန်းချီပြပွဲလုပ်စဉ်က "ကိုကျော်သူ ခင်ဗျားက စုတ်တံကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ သူရဲကောင်းပဲ။ ခင်ဗျားရဲ့အကြောင်းကို ကျွန်တော်ရေးအုံးမယ်ဗျာ" တဲ့။
      ၂၀၁၀ ခုနှစ်၊ နေမျိုးဆေးရဲ့ ပန်းချီပြပွဲမှာ နောက်တစ်ကြိမ် "ကိုကျော်သူ ခင်ဗျားတို့ သုခအလင်း စာကြည့်တိုက်ကို ကျွန်တော် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်က စာအုပ်တွေ လှူချင်တယ်ဗျာ။ လာယူအုံး။ ကိုကျော်သူက တိုက်ပွဲဝင်နေတဲ့ အနုပညာသမား" တဲ့။
      တစ်လေးလုံးနေ့ (၁.၁.၂၀၁၁) နှစ်သစ်ကူးနေ့ ကျွန်တော့်၏ဇနီး ရွှေဇီးကွက်မွေးနေ့ အမှတ်တရ Kyaw Thu's Art Zone Vol:2 ဒုတိယအကြိမ်မြောက် ပြပွဲလုပ်တဲ့နေ့ အဲဒီနေ့ကလည်း ဆရာပါက "ကိုကျော်သူ ခင်ဗျားကို ကျွန်တော်ပြောရအုံးမယ်။ ခင်ဗျားလို လူမှုတော်လှန်ရေး အနုပညာသမားတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုတယ်။ ခင်ဗျားရဲ့ရေးချက်တွေက တော်လှန် ရေး ရေးချက်တွေ။ ပေါက်ကွဲမှုရေးချက်တွေ။ ငြိမ်းချမ်းမှုရေးချက်တွေ။ ဒီလိုလူမျိုးအကြောင်းကို ကျွန်တော်ရေးအုံးမယ်" တဲ့။ ဒါကြောင့် ကျွန်တော်အဲဒီတုန်းက ဆရာပါကို ပြန်ပြောကြားခဲ့တယ်။ "ဆရာပါရေ သမိုင်းကြောင်းတွေရေးမယ်ဆိုရင် မြန်မြန်သာရေးလိုက်ပါတော့။ ကျွန်တော်မသေခင် ဖတ်သွားချင်ပါရဲ့။ သေပြီးမှထွက်လာတဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော်ခံစားလို့၊ ဖတ်ရှုလို့ရတော့မှာ မဟုတ်ဘူး" လို့။ အဲဒီမှာ ဆရာပါက "ရေးထားပြီးပါပြီ။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ၊ စာရွက်ပေါ်ချမရေးရသေးတာ တစ်ခုပါဘဲ၊ စာမျက်နှာပေါ်ကနေ ခင်ဗျားအကြောင်း ချရေးခွင့်ရတဲ့နေ့ တစ်နေ့၊ စာဖတ်ပရိတ်သတ် အများပြည်သူဖတ်ရှုခွင့်ရတဲ့ အချိန်ကာလကြရင် ခင်ဗျားရဲ့ အတ္ထုပတ္တိ၊ ကျွန်တော့်ရဲ့ဆန္ဒကို အကောင်အထည်ဖော်တော့မှာပါ" တဲ့။ အဲဒီလိုနဲ့ အဲဒီအချိန် အဲဒီကာလတစ်ခုကို စောင့်စားရင်း၊ မျှော်လင့်ရင်းနဲ့ . . . . ။
      ခုတော့ ဆရာပါ ဆုံးရှာပြီ။ ကမ္ဘာမြေကြီးက ထွက်ခွာသွားရှာပြီ။
      ဆရာရေးချင်တဲ့ ဆရာတင်ပြချင်တဲ့ ကျွန်တော့်ရဲ့သမိုင်းကတော့ တည်ရှိနေဆဲ၊ ရှင်သန်နေဆဲ။ တကယ်တော့ သမိုင်းဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာပါ ဆရာရယ်။ ကျွန်တော့်သမိုင်းကောင်းဖို့ ကျွန်တော်ဖန်တီးရမှာပါ။ ကျွန်တော့်သမိုင်းလှဖို့ ကျွန်တော်တည်ဆောက်ရမှာပါ။
      ဆရာပါ . . . ဆရာကတော့ ဆရာသမိုင်းကောင်းဖို့ ဆရာဖန်တီးခဲ့ပြီပဲ။ ဆရာသမိုင်းလှဖို့ ဆရာတည်ဆောက်ခဲ့ပြီပဲ။ ဒါအပြင် အနာဂတ်မြန်မာပြည်ရဲ့ သမိုင်းလမ်းကြောင်း သာယာလှပဖို့ ဆရာ လမ်းဖွင့်လှစ်ပေးခဲ့ပြီပဲ။ ဆက်လျှောက်လှမ်းဖို့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားလေသူ ဆရာပါတစ်ယောက် ရှန်တိနိကေတန် (သို့) ငြိမ်းချမ်းရေးနေအိမ် အဆောက်အ အုံထဲမှာ ရှင်သန်ပျော်မွေ့နေမယ်လို့ ယုံကြည်လျက် . . . . ။
ကျော်သူ
      {"ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်"ကို ထူထောင်သူ စာရေးဆရာကြီး ပါရဂူ အသက် (၉၁) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၉း၃၀) အချိန်တွင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ ကြီး၌ ကွယ်လွန်သွားပြီဖြစ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေး မှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများသည် ဆရာပါရဂူ၏ ရုပ်အလောင်းအား ရေဝေးသုဿန် ရှိ အအေးခန်းသို့ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။ ဆရာပါရဂူ၏ နောက်ဆုံးနှုတ်ဆက်ခြင်း အခမ်းအနား ကို ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီတွင် ရေဝေးသုဿန်၌ ကျင်းပမည်ဖြစ်ပါသည်။}
Posted: 09 Apr 2011 06:30 AM PDT
အသင့်အနေအထား မျိုးဆက်သစ်ကလေးငယ်များ
      မဟာသင်္ကြန်ပွဲတော်အပြီး ၂၃.၄.၂၀၁၁ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားအား နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။ ထိုသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ နာယကကြီး ဘဘ ဦးသုခအား ဂုဏ်ပြုမှတ်တမ်းတင်သည့်အနေဖြင့် ဘဘ ဦးသုခ၏ ကျောက်ရုပ်ဖွင့်ပွဲကိုပါ နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခအား နောင်လာနောင်သားများ သိရှိအမှတ်ရစေလိုသော ဆန္ဒဖြင့် ဘဘ ဦးသုခ၏ ရုပ်ထုအားထုလုပ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှေ့ မြက်ခင်း ပြင်တွင် ထားရှိမည်ဖြစ်ပါသည်။
      နာရေးကူညီမှု အသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားတွင် လူမှုရေး သမား ဂီတပညာရှင်များမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား တီးခတ်ဖျော်ဖြေပေးခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အား ဖေးမ ကူညီမှုများကို လိုက်လံရှင်းလင်းပြသခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးကုသမှုများကို လိုက်လံ ရှင်းလင်းပြသခြင်း၊ စားဖွယ်သောက်ဖွယ်များကို ရောင်းချပေးခြင်းတို့အပြင် မျိုးဆက်သစ် ကလေးငယ် များ၏ အကပဒေသာ၊ မြန်မာ/အင်္ဂလိပ် သီချင်းများဖြင့် ဖျော်ဖြေပေးခြင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အဆောက်အဦး အသစ်ဖွင့်လှစ်ခြင်း အခမ်းအနားများ ပါဝင်မည်ဖြစ်သည်။
      မျိုးဆက်သစ်ကလေးငယ်များသည် ယခုအချိန်မှစ၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များ အား ဂီတသီချင်းများ၊ အကပဒေသာများနှင့် ပီပြင်စွာဧည့်ခံနိုင်ရေးအတွက် သီချင်းတိုက်ခြင်း၊ အက တိုက်ခြင်း၊ အကသင်ခြင်းတို့ကို ပြင်းထန်စွာလေ့ကျင့် နေပြီဖြစ်ပါသည်။ သီချင်းတိုက်ရာတွင် ဂီတ ပညာရှင် ကိုဇာနည်၊ အကသင်ကြားခြင်းကို ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာမ ဒေါ်ချောအိအိငြိမ်းနှင့် အသင်းသူ/သားများ၊ အသင်းအုပ်ချုပ်သူများကပါ ၀ိုင်းဝန်းပံ့ပိုးကာ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သူငယ်တော် အက၊ နပန်းဆံ စသည့်အကပညာများကို သင်ကြားပေးလျှက်ရှိသည်။ မျိုးဆက်သစ် ကလေးငယ် များသည် အတတ်ပညာ၊ နည်းပညာများကို သင်ကြားပေးရာတွင် လျင်မြန်စွာ တတ်သိ နားလည် လွယ်ခြင်းတို့ကြောင့် အများပြည်သူတို့အပေါ် အကျိုးပြုမည့်၊ အကျိုးရှိမည့် အတတ်ပညာများ အသိဥာဏ်များ၊ လူမှုရေးစိတ်ဓါတ်များ မွေးဖွားရှင်သန်မှုရှိရန် အရေးကြီးလှသည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ်ကလေးငယ်များ (၅၀၀) ဦးရေကျော်ခန့်တို့၏ အင်္ဂလိပ်စာ အခြေခံသင်တန်းကို ပို့ချပေးလျက်ရှိသလို ကလေးငယ်များ၏ ဘာသာ သာသနာ လူမှုရေးအသိ စိတ်ဓါတ်များ ယဉ်ကျေးလိမ္မာထက်မြက်စေရန်အတွက် အဖက်ဖက်မှ သင်ကြားပို့ချပေးလျှက်ရှိသည်။ 
ကိုကျော်သူ
Posted: 09 Apr 2011 01:01 AM PDT
ကျွန်တော့် အနေနဲ့ အခုလုပ်တဲ့ ရေဝေတောတောင်ပွဲမှာ ပြောတာ ပညာရှင်မဟုတ်ပါဘူး။ ကျွန်တော် စာတော့ရေးတယ်၊ စာရေးသူ ဆိုတော့ လမ်းပေါ်က လူပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတော့ ခံစားမှုတွေ ရှိတယ်။ နောက်ပြီး ကျွန်တော်တို့မှာ တွေးခေါ်မှုတွေရှိတယ်။ အဲဒီနှစ်ခုအပြင် နောက်တစ်ခုကတော့ သမိုင်းတွေးခေါ်ခြင်းပေါ့။ ကျွန်တော်တို့ အတိတ်က ဘာလဲ။ ပစ္စုပ္ပန်က ဘာလဲပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ပြောမယ့် အရာတွေဟာ ဆက်စပ်နေတယ်။
          ကျွန်တော်တို့ မြန်မာပြည်က အန္ဒိယနဲ့ တရုတ်ပြည်ကြားမှာ ရှိနေတယ်။ တရုတ်၊ အိန္ဒိယ တို့ထက် စာရင် နိုင်ငံအနေနဲ့ သေးသေးလေး။ အဲဒီနိုင်ငံတွေ နှစ်ခုကြားက ရေမြေ တောတောင် သဘာဝ ပတ်ဝန်းကျင်ကောင်း ရှိနေသလို သယံဇာတကလည်း ကြွယ်ဝတယ်။ အဲဒီရေမြေ တောတောင်ဟာ ဒါတို့ပြေ၊ ဒါတို့မြေ သာပြောနေတယ်။ ကျွန်တော် တို့ တစ်ကယ်ရော ပိုင်သလား။
         ကျွန်တော်ဘာသာ နောက်နေတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်တို့နဲ့ သမာဒေ၀ နတ်ကောင်းနတ်မြတ်တို့ ပိုင်တာလားပေါ့၊ ဒါမှမဟုတ်လည်း Company ကြီးတွေက ပိုင်တာလား။ ဒါမှ မဟုတ်လည်း ပြည့်ရှင်မင်းက ပိုင်တာလားပေါ့။ ကျွန်တော်တို့ကရော ဘာပိုင်သလဲပေါ့၊ ကျွန်တော်တို့က လမ်းပေါ်ကလူတွေလေ။
        တရုတ်ပြည် ယူနန်တက္ကသိုလ်က ပါမောက္ခတစ်ယောက်ဆီက စာအုပ်လေးတစ်အုပ် ကျွန်တော်ရတယ်။ သူရေးတဲ့ 'The Policy Of China, India To Watch Burma' စာအုပ် တစ်အုပ် (၂၀၁၀) ပြည့်နှစ်ကထွက်တယ်။ အဲဒီ စာအုပ်ထဲမှာ သူတို့ တရုတ်ပြည်နဲ့ အန္ဒိယအနေနဲ့ မြန်မာပြည်လေးကို လိုအပ်ပါတယ် တဲ့။
        တရုတ်ပြည် မြန်မာနိုင်ငံကို လိုအပ်တဲ့ အကြောင်းအချက်က တရုတ်ပြည်က အန္ဒိယပြည်ကို ထွက်ပေါက်ရမှာ မို့လို့တဲ့။ မြန်မာပြည်ကနေပြီး အိန္ဒိယကို ထွက်ပေါက်ရရင် Special Dimension တစ်ခု တိုးလာတယ်တဲ့။ အပြည်ပြည်ဆိုင်ရာ Dimension တစ်ခု တိုးလာတယ်တဲ့။ ဒါကြောင့် မြန်မာပြည်မှာ အန္ဒိယကို သွားတဲ့ ကုန်းလမ်းလည်း ရှမှာပဲ၊ ရေလမ်းလည်း ရှိမှာပဲတဲ့။ ဒါကြောင့် မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေပါ ရအောင်လုပ်မှာပဲတဲ့။ အဲဒါဆို ပြီးပြည့်စုံပြီပေါ့။ အဲဒါ အင်မတန် အရေးကြီးတယ်။ အဲဒါ ကျွန်တော်တို့အပေါ်ထားတဲ့ သူ့သဘောထား ပထမတစ်ချက်ပေါ့။
         နောက်တစ်ချက်က သူတို့ရဲ့ စွမ်းအင် လိုအပ်ချက်အတွက် မြန်မာပြည်ဟာ အရေးကြီးပါတယ်တဲ့။ (၂၀၀၈) ခုနှစ်မှာ တရုတ်ပြည်ရဲ့ စွမ်းအင် (၅၀) ရာခိုင်နှုန်းကို နိုင်ငံခြား ကနေတင်ပို့ရပါတယ်တဲ့။ (၂၀၂၀) ပြည့်နှစ်မှာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်က (၆၀) ရာခိုင်နှုန်း တင်သွင်းရလိမ့်မယ်တဲ့။ အဲဒီ တင်သွင်းရတဲ့ ပမာဏရဲ့ (၈၀) ရာခိုင်နှုန်းက မလကာရေလက်ကြားကို ဖြတ်ရမှာ။ ဒီမလကာ ရေလက်ကြားကို ဖြတ်ရင် တရုတ်ပြည်နဲ့ မတည့်တဲ့ အင်အားစုက လွှမ်းမိုးထားရင် သူတို့ ဒုက္ခရောက်မှာတဲ့။ မြန်မာပြည်ကို ဖြတ်ပြီး ရေနံသယ်ရာ လမ်းကြောင်း ဖန်တီး နိုင်ခဲ့ရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင်တွေကို ဈေးချိုချိုနဲ့ ရလာမှာတဲ့။ အဲဒီတော့ မြန်မာပြည်ဟာ သူတို့ အတွက်တော့ အရေးကြီးတယ်တဲ့။
        နောက်တစ်ခုက မြန်မာပြည်မှာရှိတဲ့ သဘာဝဓာတ်ငွေ့က (၂၅) ဘီလီယံ ကုဗပေ ရှိသတဲ့။ သူတို့ တရုတ်ပြည်ရဲ့ result ကလည်း အဲဒီလောက်ဘဲ ရှိတော့ မြန်မာပြည်က အင်မတန် ချမ်းသာတယ်တဲ့။
         နှစ်ခုရှိပါတယ်။ တစ်ခုက သူတို့ရဲ့ အိန္ဒိယကို သွားဖို့ ထွက်ပေါက်၊ နောက်တစ်ခုက သူတို့ရဲ့ စွမ်းအင် လုံခြုံမှုအတွက်၊ နောက် တတိယ အချက် ရှိသေးတယ် တတိယ အချက်က စီးပွားရေးတဲ့။ ငါတို့ တိုင်းပြည်လေးက သေးပေမယ့် စိုက်ပျိုးလို့လည်းရတယ်၊ ကျောက်မျက်တွေလည်းရှိတယ်၊ သဘာဝ သတ္တုတွင်းထွက်တွေ ရှိတယ်၊ သစ်ပင်တွေ ရှိတယ်ပေါ့။ အဲစာအုပ်လေးထဲမှာ ရေးထားတယ်။ ရေအားလျှပ်စစ်လည်း ရှိတယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နယ်စပ်က ကီလိုမီတာ (၂၁၀၀) လားမသိဘူး ရှိတယ်။
         တရုတ်ပြည်ချည်းကိုပြောရင် ကျွန်တော်တို့ တရားမျှတချင်မှ မျှတမယ်။ အိန္ဒိယပြည်ကလည်း ကျွန်တော်တို့ကို လိုအပ်တာပဲတဲ့။ မဏိပူရတို့ အန္ဒိယပြည်ကို ရောက်ဖို့က ကုလားတန်မြစ်ဘက်စုံ စွမ်းအင်စီမံကိန်း လုပ်တာ၊ စီးပွားရေးလမ်းကြောင်း ပွင့်ဖို့လုပ်တာ။ ကျွန်တော်တို့က အဲလို နေရင်းက ကုန်းလမ်းတံတားကြီး ဖြစ်နေတယ်။
             ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်တာတွေဟာ ကျွန်တော်တို့ နိုင်ငံလေးကို လိုအပ်နေကြတယ် ပေါ့။
             နောက်တစ်ခုလည်းရှိသေးတယ်။ ကျွန်တော်တို့မှာ မေခ နဲ့မလိခ ဆိုတာရှိတယ်။ မလိခ ကတော့ မြန်မာပြည်က လာတာ။ မေခက ဟိုဘက် တရုတ်ပြည်က လာတာ။ အဲဒီတော့ မေခနဲ့ မလိခ နှစ်ခုကြားက ဆက်နေတဲ့ နေရာက မလိအင်မိုင်ဇွပ် ဒေသမှာ သစ်တောတွေ ကုန်သွားပြီ။ အဲဒီအပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း တွေလုပ်တယ်။
            တစ်နှစ်တုန်းက (၂၀၀၉) ခုနှစ်အောက်တိုဘာလ ဖြစ်မယ်။ အင်တာနက် သတင်းတစ်ပုဒ် ရှိတယ်၊ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မြန်မာပြည်ကနေပြီးတော့ တရုတ်ပြည် အနောက်တောင်ပိုင်းမှာ ရှိတဲ့ မဟာဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အား (၃) ထရီလီယံ (၀ပ်) တင်သွင်းလိုက်တိုင်း သူတို့ဆီမှာ ကျောက်မီးသွေး သုံးစွဲမှု ပမာဏ တော်တော်များများလျော့သွားပါတယ်တဲ့။ ကာဗွန် ထုတ်လွှတ်မှု လည်းလျော့သွားပါတယ်တဲ့။ သူတို့ကတော့ ကောင်းနေတာပေါ့လေ။ အဲဒီစာအုပ်ထဲမှာ ပါပါတယ်။
          နောက်ပြီး သူတို့က မြစ်ညှာဘက်မှာ ဆည်မဆောက်ဘူးတဲ့။ ဘာလို့လည်းဆိုတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့တဲ့။ biodiversity ဘာညာတွေကြောင့် မဆောက်ပါဘူးတဲ့။ အဲဒီတော့ ကျွန်တော်တို့က တော်တော်လေးတော့ သတိထားဖို့ ကောင်းနေပြီ။
           ကျွန်တော်တို့ စကားပြောသလိုဘဲ လမ်းပေါ်ကလူဆိုတော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ကြီး ပျောက်သွားမှာကိုတော့ ကျွန်တော်တို့က ကြောက်တယ်၊ ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့ကို စိတ်ရွှင်စေတဲ့ မြစ်ကြီးဘဲ။ အဲဒီ မြစ်ကြီး နောက်ရှိမလားပေါ့။
            ကျွန်တော်ငယ်ငယ်တုန်းက မြစ်ကြီးနား ရောက်တာပေါ့။ ကျွန်တော်ဆရာဝန်ပေါက်စဘ၀က အဲဒီ ဧရာဝတီမြစ်ဘေးမှာ ညနေစောင်း ဆိုရင်လေ ကျေး တွေပျံတယ်၊ ညနေစောင်းနော်။ မနက်ခင်းဆို ကောင်းကင်ကြီး တစ်ခုလုံး သက်ရှိ သက်တံ တွေနဲ့ အဲဒီအရပ်ကို အင်မိုင်ဇွပ် လို့ခေါ်တဲ့ ရေ၀င်တဲ့ ပေါက်လို့ခေါ်တယ်။ အဲဒီ အပေါက်က ရေမ၀င်ရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲပေါ့။ ကျွန်တော်တော့ မသိဘူး၊ မစဉ်းစားတတ်ဘူး။ ကျွန်တော်သိပ်နားမလည်ဘူး။ ကျွန်တော်စဉ်စားတာက ဘာလို့လဲပေါ့။
         နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာ ရှိတယ်။ ငါတို့ နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေလို့ အခု တော့ ငါတို့ပိုင်သေးလား။ ငါတို့ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်းကလည်း ဒီသယံဇာတတွေကြောင့်ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ဘယ်လိုခေါ်လဲ ဆိုတော့ Rape Of Burma တဲ့။ ဗမာပြည်သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတယ်။ အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိဘူး။ အဲဒီ သယံဇာတလိုချင်တဲ့ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။
            ကျွန်တော် တစ်ခါ ပြောဖူးတယ် Ecological Rape Of Burma သယံဇာတတင်မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ပါ အနိုင်ကျင့်ခံနေရတာပေါ့။ အဲဒီလိုမျိုး ယူတာ မကောင်းဘူးပေါ့။ ကျွန်တော်တို့ဆီကို လာတာ သယံဇာတကို ယူတာ ကိစ္စမရှိဘူး။ Ethically ဖြစ်ရင်ကောင်းတာပေါ့။ ကျွန်တော်တို့ဆီက လူတွေကလည်း နားလည်ပြီးတော့ ဒါတွေ လာယူတဲ့သူတွေကလည်း ကျွန်တော်တို့ အတွက်ပါ ထည့်စဉ်းစားဖို့ လိုတာပေါ့။ ကျွန်တော်တို့ စဉ်းစားတာက ကျွန်တော်တို့ လုပ်တဲ့အထဲမှာ သူတို့ ပါပါလာရင် ကောင်းတာပေါ့။ ပါအောင် ကျွန်တော်တို့ ဘယ်လို ခေါ်မလဲ။ ကျွန်တော်တို့ အားလုံးက ဒီမြေက လူတွေပဲလေ။
ကိုတာ
[By Soe Wei Yan Htoon Facebook]
Posted: 08 Apr 2011 07:42 PM PDT
သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး
ကျွန်တော်တို့ တတွေ ဘာ့ကြောင့် နောက်ကျကြပါသလဲ။
    ပြည်တွင်းက သတင်းသမားတွေ၊ ပြည်ပက ဘလော့ခ်တွေ၊ နိုင်ငံရပ်ခြားသတင်းဌာနတွေ နောက်ကျနေကြတယ်။ သတင်းတွေ မြန်ဆန်ဖို့ အရေးကြီးသလိုမျိုး သတင်းတစ်ခု ထွက်မလာမီကအဲဒီသတင်းရဲ့ ရှေ့ ပြေးအချက်အလက်တွေနဲ့ ပကတိ အခြေအနေမှန်တွေဟာ မီဒီယာတချို့ မှာတင်ထားပြီးဖြစ်လို့ သတင်းချစ်ခင်သူတွေအတွက် သတင်းသုံးသပ်ချက်ကို ပိုဆာလောင်တတ်ပါတယ်။
    ဘယ် ရင်းမြစ်ကဖြစ်ဖြစ် ပစ်လွှတ်လိုက်တဲ့ သတင်းကို အမြန်ဆုံး ပိုင်းခြားလက်ခံနိုင်ဖို့ သတင်းရည်ဝ ဖို့ လည်း လိုအပ်ပေမယ့် ရယူသူ အများစုဟာ သူတို့ ရဲ့ ကိုယ်ပိုင်အားလပ်ချိန်လေးမှာ ဖတ်ရှုနားထောင်ရတာ ဖြစ်လို့ ဒီလိုအခြေအနေမျိုး ရှိချင်မှ ရှိပါလိမ့်မယ်။
    အရည်မရ အဖတ်မရ ကြီးတော်နွား ကျောင်းနေတဲ့ မြန်မာ့မျိုးချစ်များအနေနဲ "့ကြယ်တွေလတွေတောင် မြင်လိုက်ရတယ်" ဆိုတဲ့ ဝေဖန်သုံးသပ်ချက်မျိုးကို ခပ်စောစော ချ ပြ နိုင်ရပါမယ်။
     ဒီ့ အတွက် မီဒီယာအမျိုးမျိုးက သတင်းတွေကို အူစင်းစင်းနဲ့ ဖတ်ရပါမယ်။ နိုင်ငံရေးမှာ ရန်ငါ စည်းထားချင် ထားလို့ ရပေမယ့် သတင်းရေးမှာ အားလုံးဟာ ရောင်းရင်းတွေလို့ မှတ်ယူသင့်ပါတယ်။                                                    
    "မုန်းရင် တုံး" ပါလိမ့်မယ်။
     ရန်ကုန်မြို့ တော်ဝန်နဲ့ မန္တလေးမြို့ တော်ဝန်ကို သမ္မတသစ်ရဲ့ ထုတ်ပြန်မှုဟာ သတင်း မဟုတ်သလိုအရင် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်း နေရာပျောက်သွားရတာ သတင်း မဟုတ်ပါဘူး။ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးစာရင်း ကြေညာတဲ့နေ့ မှာဘဲ တိုင်းနဲ့ ပြည်နယ်ဒေသကြီး ၀န်ကြီးချုပ်နဲ့ ဝန်ကြီးအသီးသီးရဲ့ နံမည်တွေနဲ့ သူတို့ ရဲ့ ပို့ စ် တွေကို ပူးတွဲ ထုတ်ပြန်သွားတာကို အစိုးရသတင်းစာတွေမှာ တွေ့ ရပါတယ်။
      မန္တလေးတိုင်းဒေသကြီး။ ဦးဖုန်းဇော်ဟန်  -     မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။
      ရန်ကုန်တိုင်းဒေသကြီး။ ဦးလှမြင့်  -     စည်ပင်သာယာရေးဝန်ကြီး။
      ဦးလှမြင့်ရဲ့ နံမည်ဘေးမှာ မြို့ တော်ဝန် ဆိုတဲ့ ပို့ စ် ပါ မလာပါဘူး။
      ဒီကိစ္စကို မိတ်ဆွေတချို့ နဲ့ ဝေဖန်ဆွေးနွေးခဲ့ပါသေးတယ်။
      ဦးဖုန်းဇော်ဟန်  -   မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။
      ဦးလှမြင့်   -    မြို့ တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး။
      အဲဒီလိုမျိုး ကနဦးကတည်းက ထွက်မလာတာ ဘာ့ကြောင့်များလဲ။ သတင်းချစ်ခင်သူတွေ တွေးကောင်းတိုင်း တွေးဖို့  ကျွန်တော်တို့  အ စ  ဖော်ပေးသင့်ပါတယ်။
      သတင်းတွေ ပျင်းသွားလို့ မဖြစ်သေးဘူး။
 အောင်မျိုးထွန်း
    ၈- ၄- ၂၀၁၁
Posted: 08 Apr 2011 08:55 AM PDT
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ရွာဥက္ကဋ္ဌ ဦးကျော်ထွေး၏ပုံ
talineywar
No comments:
Post a Comment