Tuesday, 31 May 2011

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်.............................




ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်...................

by Lu Cifer on Sunday, February 13, 2011 at 10:55am
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း သည် ဗြိတိသျှ ဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။


သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ "ဘုရင်ခံ အမှုဆောင် ကောင်စီ" ဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန် အလုပ်များလှပါသည်။

တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်း တီး၍ ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။

"ဘာများလည်း ဗိုလ်ချုပ်"

ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် "ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ" ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။

ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍ ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ [မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် "ဘတ်ဂျက်" မအောက်အောင် စီစစ် သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။

စာရေးသူ ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။

"ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ"

ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။

"ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား"

သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။

"ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ"

ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။

"ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ "

"ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်"

ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား

"ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့"

ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။

ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း ဖြစ်ပါသည်။

ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။

"ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက် မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ် လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ မသိစေချင်ဘူး"

ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။

"စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။"

ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။

သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်

"ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်" ဟု ပြောရာ ကျွန်တော်လည်း -

"ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်"

ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း -
"ပိုက်ဆံ ရှင်းပြီးပါပြီ"ဟု ပြုံး၍ ပြောပါသည်။

သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။

"ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား"

ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -

"အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်"

ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုယ်စရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့ အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။

ဗိုလ်ထွန်းလှ (တက္ကသိုလ် နေ၀င်း)
Sunday, 13 February 2011 02:34
http://www.maukkha.org

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ ..................

by San Maung on Sunday, February 13, 2011 at 10:19am
ဆောင်းပါးရှင်။ ဗိုလ်မှူးအောင်လင်းထွဋ်

စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနရဲ့ စစ်ဦးစီးမှူး(ဒုတိယတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။ အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခိုင်းရာမှာ သူပြောသည့်အတိုင်း မလုပ်ရကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီးမဆန်ဘဲ ခလေးဆိုးကြီးလို စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့်ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။



၁၉၉၆ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန်အရ တပ်မတော် အကြီးအကဲများနဲ့အတူ လက်နက်ချအခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါသွားခဲ့ရပါတယ်။ လက်နက်ချအခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်းဝင်လာပါတယ်။ အဲဒီကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယိုတိတ်ခွေနဲ့အတူ ရဟတ်ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန်ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။

ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ်တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ်ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး(Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်ထံသို့ သွားရောက် သတင်းပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်းဆိုသလို ကပ်ရက်အခန်းမှာရှိနေတဲ့ တပ်ချုပ်ကြီးရုံးခန်း ထဲဝင်ပြီး ဗွီဒီယိုတိတ်ခွေကို ပေးလိုက်ပါတယ်။ သူက ပြန်ထွက်လာတဲ့အချိန်မှာ "ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်" လို့ ပြောပါတယ်။

(၄၅) မိနစ်ကျော်ကျော်လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကိုခေါ်ပါတယ်။ Colonel ကြီး အခန်းရောက်သွားတော့ "ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီသတင်းမှာ ပါအောင်ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ" ဆိုပြီး ပြောပါတယ်၊ စာရေးသူက "Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ" ဆိုတော့ "ကိုယ့်ညီဘဲ ရေးလိုက်ပါ" ဆိုလို့ သူရဲ့ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက်ရယူပြီး မြန်မာ့အသံကို စာရေးသူတို့ရဲ့ဌာနက ဗိုလ်မှူးအောင်မင်းနဲ့အတူ အမြန်ထွက်ခဲ့ကြပါတယ်။ မြန်မာ့အသံရောက်တော့ ညနေ(ရ) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့တွေ့ပြီး "ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်" ဆိုပြီး သတင်းနဲ့တိတ်ခွေကို အပ်လိုက်ပါတယ် ၊ ကိုဝင်းကြည်က "ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်းလွှင့်ရင် အချို့အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေအတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့လိုတယ်" ဆိုပြီး တည်းဖြတ်လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမဲ့ အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။




အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမှီတော့ဘူး။ ဒါနဲ့ Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ်ဆိုသည့်အကြောင်း သတင်းပို့ ခွင့်တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ အသံနှင့်အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံလွှင့်ပြီးတာနဲ့ စစ်ရုံးကိုပြန်ဖို့ ကားစောင့်နေတုံး မြန်မာ့အသံဝန်ထမ်းတစ်ဦးက "ဗိုလ်မှူး စစ်ရုံးကအရေးကြီးဖုန်း လာတယ်" ဆိုလို့ ဖုန်းကိုင်လိုက်တော့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်က စာရေးသူကို "ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန်ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ဝင်သွားတာ သူ့စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့အတိုင်း မလုပ်လို့ဆိုပြီး မင်းကိုဒေါသထွက်နေတယ်" ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။

"ကျွန်တော်ဘာမှားလို့လဲ" မေးတော့ Colonelကြီး ပြောတာက "တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသထွက်နေတာ၊ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကိုလွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလားဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်" စာရေးသူ သဘောပေါက်သွားပြီ ၊ စိတ်ထဲကလဲ ကြိတ်ပြီးပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင်လုပ်ပြီး ဒီလောက်တုံးရသလား ဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက်ပြုမိပါတယ်။ ရီစရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်စေချင်တဲ့အတိုင်း အကြမ်းထည် ဗွီဒီယိုအခွေကိုဘဲ (၄၅) မိနစ်ကြာ အစ မှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ်။

အဲဒီတုံးက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်တစ်ယောက်ကတော့ အခုမကြာသေးခင်ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်။

-ဗိုလ်မှူးအောင်လင်းထွဋ်


















ooglegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=en.



Posted: 29 May 2011 07:21 AM PDT
ဗမာဟေ့ ဗမာကွ
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) 
ဒီစကားလေး သုံးဖို့အတော်လေး စဉ်းစားရတယ်။ သုံးသပ်ရတယ်။ တိုင်းရင်းသားတွေက အမြင်လွှဲလေမလားပေါ့။ ဗမာလူမျိုးကြီး ၀ါဒသမားလို့ အပြောခံရမှာ အထင်လွှဲ လာနိုင်ကြလို့ပါ။ ဒါပေမယ့် အကြိမ်ကြိမ် တွေးကြည့်တယ်။ ဒါလွန်ခဲ့တဲ့ ကျနော်တို့ဗမာတွေ စစ်တိုက်ချီတိုင်း ဗမာတွေက ရှမ်း၊ ကဒူး၊ မွန်တလိုင်း အကုန်စုစည်းပြီး တိုက်ခဲ့ရတာပါ။ ဦးစီးက ဗမာများလို့ ဗမာဟေ့ ဆိုပြီး မာန်တက်အောင် ပွဲသိမ်း တိုက်ပွဲကြီးတွေမှာ ညာသံပေးခဲ့ကြတာပါ။ ရာဇ၀င်စာအုပ်တချို့ မှာဆိုရင် ဗမာက ရှမ်းတွေမွန်တွေ ရှေ့က ထားပြီးနောက်က တိုက်တယ်အထိ ဆိုထားတာတွေ ရှိပါတယ်။

အခု ရှေးက ပြီးခဲ့တာရေးလာလို့ အဝေဖန် မစောကြပါနဲ့ဦး။ ကဲအရေးဆိုရင် ဇာတိသွေး ဇာတိမာန်က အလွန်အရေးကြီး အရေးပါလို့ ရေးရတာပါ။ တရုတ်တွေ ကျူးကျော်လာတာလေး စကြရအောင်ပါ။ ၁၉၅၂- ကနေ ၅၉ -အထိ တရုတ်ဖြူ ကျူးကျော်တပ်တွေကို မြန်မာ့တပ်မတော်က တွန်းလှန်ခဲ့ရပါတယ်။ အဲဒါ ဒီမီုကရေစီခေတ်က လေကြောင်း တိုက်ပွဲကြိးတွေမှာ ဗိုလ်ပီတာ ဆိုတာ သူရဲကောင်းအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ ၁၉၅၈- လောက်ကထင်တယ်။ ဗိုလ်ပီတာ အသက်စွန့်ပြီး တရုတ်ဖြူ စစ်လေယာဉ်ကြီးကို မိမိလေယာဉ်နဲ့ အသေခံထိုးချပစ်ခဲ့တာ။ ကျနော်တို့က ငယ်သေးတယ်။ ဒါပေမဲ့ ဗိုလ်ပီတာ ပုံကို ကျောင်းမှာ ပြတယ်။ သူ့သတ္တိနဲ့ သူအသက်စွန် ခဲ့တာကို ချီးမွှန်းကြ ရှင်းပြကြတော့ ငယ်ငယ် ချာတိတ်ဘဝက စစ်သားလုပ်ချင်လိုက်တာ။ ကျနော်တင်မဟုတ်ဘူး။ အတော်များများက အသေခံ တိုက်ရတာ ချချင်ကြတာ။ ကျောင်းမှာ စစ်တိုက်တမ်း ကစားကြရင် ဗိုလ်ပီတာကွ အော်ကြရတာ။

အခု တရုတ်ကြီးက သန်းရွှေ အသုံးမကျ ညံ့တာကို အညှာကိုင် ပြည်သူတွေ သူ့ကို မကြည်လေ မျက်ဖြူဆိုက်လေ ယီးစင်း ကြိုက်လေပေါ့။ ခါးပိုက်ထဲ ထဲ့ထားလို့ အပီပေါ့။ စကားချပ် (မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတ်မှီ ငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက် ဖမ်းဆီးနေကြောင်း သတင်း ဆောင်းပါး အဆုံးမှာ ထပ်ဖြည့်ပေးထားပါတယ်.. ဒီသတင်းနဲ့ ပတ်သက်ပြီး ဆရာပြန်ရေးထားတာပါ..။ တချို့သတင်းတွေ ဆရာဘာကြောင့် သိနေတယ်ဆိုတာ စာဖတ်ပရိသတ်ကို ထပ်ပြောပြချင်တာကတော့ ဒေါက်တာလှိုင်မြင့်ဟာ သန်းရွှေသား ထွန်းနိုင်ရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ညာလက်ရုံး ထောက်လှမ်းရေး အဆင့်မြင့်အရာရှိ ဗိုလ်မှုးချုပ်ကျော်သိန်းနဲ့မယား ညီအကိုတော်သူပါ) ငါးဖမ်းခွင့်က သန်းရွှေ လက်ထဲမှာလေ။ ငါးဖမ်းခွင့်ကို မသိချင်ယောင် ဆောင်ပေးတာက $$$$$ နောက် သူကလည်း ပီကင်းမှာ အိမ်ရှိတယ်လေ။ အိမ်ကြီးတွေမှ ရပ်ကွက်လိုက်။ ပြီးဆွေမျိုး ပေါက်ဖေါ် ဆိုလား။ ဖင်ပေး ပေါင်းနေရတာလေ။

နောက် ခိုးဖမ်းနေတဲ့သင်္ဘောကို ဖမ်းဖို့က သန်းရွှေ အမိန့်မရဘဲ သွားလုပ်လိုက်ရင် ဖမ်းတဲ့အကောင် ဖင်ယားနေတယ်ဆိုပြီး တရုတ်သင်္ဘောပေါ် ဗလာကင်း အတင်ခံ ရမှာ တွေးကြည့်။ အဲ့ဒါကျတော့ ဗိုလ်မှုးစိုင်းသိန်းဝင်းကို ကယ်ခဲ့တဲ့ Blink Hacker Groupလည်း ကယ်နိုင်မှာမဟုတ်ဘူး။ Blink Hacker Groupက အင်တာနက် မှာဘဲ ကယ်နိုင်တာ ရေနက် ဗလာကင်း ကို ဘလင်ကာ ကယ်ဖို့ ဘောကွင်းမရှိဘူး။ နောက် ခိုးဖမ်းနေတာကလည်း ကိုးကိုးကျွန်းမှာ ဧရာမရေဒါကြီးတွေ ထိုင်ထားတော့ သူတို့သင်္ဘောတွေနား ဘယ်လိုလုပ် ကပ်နိုင်ပါ့မလဲ။ အဲဒီသင်္ဘော စောင့်ကြည့်တာ မျက်စောင်းထိုးရင်တောင် အဟမ်းဟမ်း လုပ်ခံရမယ်။ ခိုးနေတာတောင် ဒို့တပ်မတော်ရေက အထက်ကို သတင်းပို့ရဲ ကြပါ့မလား။ ဒါ ဘဘကြိး ဘော်ဘော်တွေလေ။

အဆိုလေးရှိတယ်လေ။ FIGHT , FLOW or FLEE။ ဖိုက် ဖေါ ဖနောင့် (ဖနောင့်နဲ့ တင်ပါးတသားတည်း ကျအောင်ပြေး) တော်လှန်ဖို့ကတော့ အခုနေ ကတည်းကက ဗမာတွေသတ္တိပြပြီး ဗမာဟေ့ ဗမာကွလို့ မအော်ရဲ ကြရင် ပြင်ထားကြပေတော့ ၀မ်စွေ့ဝမ်စွေ့အော်ဖို့။ အော် တခါတခါ တွေးမိတယ်။ ဗမာဟေ့လို့ တချို့စစ်ဗိုလ်တွေ တရုတ်ဖြူနဲ့ တိုက်ရတုန်းက အော်ခဲ့ကြသေးတယ်။ တရုတ်ဖြူတွေ တပ်စွဲထားတဲ့တောင်ကုန်းတွေကို တက်သိမ်းခဲ့ကြတယ်။ ဒီနောက် တချို့ သူပုန်တွေနဲ့ တိုက်ကြတုံးက ဗမာဟေ့လို့အော်ပြီး စခန်းသိမ်း အတင်းတက်သိမ်းပြိး သူရ နှစ်ထပ်ကွမ်းရခဲ့ဘူးသူ ကြားဖူးတယ်။

ဒီဘက်ခေတ်ကြတော့ ဗမာဟေ့ အော်ပြီး တောင်ပေါ်တက် စခန်းသိမ်းတာမျိုး တက်ကြတယ် ပြောသံမကြားရတာ အနှစ် ၅၀- ဘက်ရောက်နေပြီ။ ၀မ်ခ မာနယ်ပလော သိမ်းတာက လက်နက်အသားစီးနဲ့ လက်နက်ကြီးတွေ အသကုန်ပစ် ယင်တကောင်မှ မကျန်တော့မှ တဘက်က လူအကုန်ဆုပ်သွားတော့မှ ပြန်ပစ်သံ တိတ်သွားတော့မှ တယောက်စ နှစ်ယောက်စ ဂျိမ်းဘွန်းပုံစံနဲ့ ဟိုနံရံကပ်ဝင်။ လူနှစ်ယောက်စနဲ့ အရင်ဝင် သိမ်းတာမျိုး။ စခန်းတခုလုံးကို အလစ် ကိုယ့်အင်အားက သိပ်ရှိတာမဟုတ်ဘဲ သတ္တိနဲ့ မိုက်ရူးရဲ တက်သိမ်းတာမျိုး မကြားရတော့ပါဘူး။ အဲဒီဗိုလ်ကြီးကတော့ သူရနှစ်ထပ်ကွမ်းရတယ် ပြောကြတာပဲ။ ရန်သူတပ်စခန်းက ၂၅၀- လောက် တရုတ်ပြည်ကနေ သင်တန်းဆင်းပြန်လာတဲ့ သူပုန်တွေ လက်နက်အပြည့်နဲ့ သူက ရှိတာ စစ်သား ၁၀၀-လောက်နဲ့ သေနတ် မဖေါက်ဘဲ အလစ် ဗမာဟေ့ ဗမာဟေ့ ညာသံပေး အော်ဟစ် တက်သိမ်းတာ ရန်သူက လန့်ထွက်ပြေးကြတော့တာ။ လက်နက်တွေ တပုံကြီးရလိုက်တယ် ပြောတာပဲ။

၁၇၅၂- မှာ အလောင်းမင်းတရားကြီး မုဆိုးဘိုရွာကို ထန်းလုံး ခံတပ်နဲ့ ခံနေတယ်။ မွန်ရန်သူတွေက လချီဝိုင်းထားတယ်။ ခံတပ်ထဲမှာ ရိက္ခာလျှော့လာရယ် နောက်မွန်တပ်က တချို့ စစ်ကိုင်းဘက်ရွှေ့တာ သိလိုက်တော့ သူရသတ္တိ ပြောင်မြောက်တဲ့ လက်ရွေးစင်- ၆၈-ယောက်နဲ့ ဦးအောင်ဇေယျ (ဘုရင်မဖြစ်သေးဘူး ရွာသူကြီးဘဲ ရှိသေးတယ်) ကိုယ်တိုင် စစ်သည် ၆၉- ယောက်ရှေ့ဆုံးက ဦးဆောင်ပြိး (ဗမာဟေ့ ဗမာဟေ့) အော်ထည့်ပြီး ထွက်တိုက်လိုက်တာ ရန်သူတွေ လန့်ပြေးပြေးရတာ စစ်ကိုင်းမှာ ကိုယ့်လူတွေက အချိန်ကိုက် လှေတွေ ရွှေ့ထားလိုက်တော့ စစ်ကိုင်းကမ်းမှာ ရန်သူတွေ အတုန်းအရုံး တပ်ဦးကျိုးသွားပါတယ်။

အဲဒါကြောင့် ပြည်ရွှေဘိုရဲ့  အောင်နမိတ် ဂဏန်းက - ၆၉ - ဖြစ်နေတာပါ။ မြန်မာပြည်မှာ တခြားမြို့ တွေမှာ အောင်နမိတ်ဂဏန်း ရှိ မရှိ မသိပါဘူး။ ရွှေဘိုမြို့ ကတော့ အောင်နမိတ်က- ၆၉- ပါ။ ကျနော် ရွှေဘိုသား လူမိုက် ကလည်း ကျောင်းနေတာ နောက်ကျ တခါအတန်းကျော်တက်ပြိး ဆယ်တန်းကို - ၆၉- မှာအောင်ပါတယ်။ ကြံဖန် အဲဒီနှစ်ကို ချိန် ကိုက် ရောက်ရတာပါ။ ကျနော်တို့ တသက် ဗမာဟေ့ အော်ခွင့် ကြုံချင်ကြရင် အခုအချိန်ဟာ အောင်နိမိတ် ဆောင်နေတဲ့အချိန်ပါ။

အော် ကရင်သူပုန်တွေက မိတ္ထီလာကို သိမ်းလိုက်တယ်။ ၁၉၄၉- ဖေဖေါ်ဝါရီလောက်မှာပေါ့။ ပြီးမေမြို့ကို ကြေးနန်းရိုက်ပြီး လေယာဉ်နဲ့ ဗိုလ်မှုးကြီး(နာမည်မေ့) လာမယ်။ မေမြို့ဗိုလ်မှုးတွေ တပ်မှုးတွေက လေယာဉ်ကွင်း ဆင်းကြိုကြတယ်။ ပြည်တွင်းစစ် ဖြစ်နေပါတယ်ဆိုမှ မင်းခမ်းမင်းနားလုပ်နေကြသေးတယ်။ လေယာဉ်ပေါ်က အဲဒီ့ဗိုလ်မှုးကြီး ဆင်းလာတော့ ပြေးအလေးပြုကြတယ်။ လေယာဉ်ထဲက စက်သေနတ်တွေနဲ့ ကရင်တွေက ချိန်လိုက်ပြီး အားလုံးကို ဖမ်းထည့်လိုက်ပါတယ်..။ လေယာဉ်ကွင်းကနေ မြို့ထဲကိုဗိုလ်မှုးကြိးအမိန့်နဲ့ အားလုံး လက်နက်ချ ခိုင်းလိုက်တယ်။ ကရင်သူပုန်တွေက တပ်မြို့တော် မေမြို့ကို သေနတ် တချက်လေးတောင် မဖေါက်ဘဲ နာရီပိုင်းလေးအတွင်း တမြို့လုံးသိမ်းလိုက်ပါတယ်။ နေ့လည်မှာ ဗမာ့တပ်မတော် စစ်သားအားလုံး သုံးပန့်ဖြစ်နေပါပြီ။ တပ်မတော်က အဲဒီလောက်ချာခဲ့တာပါ။ တကယ်က တပ်မှုးကြီးက သူ့အသက်အတွက် တပ်မြို့ကြီး တစ်ခုလုံးကို ထိုးအပ်လိုက်တာပါ။

ဖေဖေက ပြည်စောင့်ရဲ တပ်မှာ။ နှစ်ပွင့်ဘဲ ရှိသေးတယ်။ သူက မေမြို့ အခုဘီအီး (ရေတံခွန်အနီး) တပ်ထိပ်မှာ မြို့အ၀င် လုံခြုံရေးတာဝန်။ ချက်ချင်း သူစစ်သည် တွေစုပြီး ခံစစ်ပြင်တယ်။ ပြိးတပ်ဆုတ်ဖို့ပါ တပါတည်း ပြင်ထားလိုက်တယ်။ မေမြို့က တပ်မြို့ လက်နက် ထောက်ပံ့မြို့။ လက်နက်တိုက်တွေပါ ကရင်သူပုန်က စီးမိသွားပြီ။ လာတာပဲ။ အင်အားက မမျှတော့ ခံစစ်ခံပြိး ဆုတ်ရတယ်။ ကျောက်မဲမှာ ရှမ်းတပ်တွေ ရယ် ဗ.က.ပ. တပ်တွေနဲ့ ပေါင်းပြီး ကရင် တပ်ကို ခံတယ်။ ထပ်ဆုတ်ရတယ်။ နောင်ချို ဂုတ်ထိပ်မှာ နိုင်လိုက်တယ်။ ကရင်တပ်တွေဆီက လက်နက်တွေ တော်တော်လေး ရလိုက်တယ်။ ပစ်ကွင်းထဲ နယ်မကျွမ်းပဲ ကျွံလာတာ အကုန်သေကုန်တယ်။ ညကျတော့ အောင်သေအောင်ပွဲ သောက်ကြစားကြတယ်။

တိုက်ပွဲက ရက်ဆက်ဖြစ်ထား ငတ်နေ ပင်ပန်းထားတော့ စားသောက်ထားတဲ့ အထဲ အိပ်ဆေး အထည့် ခံလိုက်ကြရတယ်။ မနက် နိုးတော့ အားလုံး ကြိုးအတုတ်ခံထားရပြီ။ ဗ.က.ပ. က ဖမ်းထားလိုက်ပြီ။ ရှမ်းကိုတော့ မထိဘူး မဖမ်းဘူး။ ဖေဖေ တို့စစ်သား- ၇၅-ယောက် ကို သစ္စာဖေါက်ပြီး ဖမ်းထား တန်ဆာခံ လုပ်ပြိး ဗိုလ်နေ၀င်း ဦးနုတို့ဆီက လက်နက်နဲ့ငွေ တောင်းပြိးမှ တသုတ်ချင်း ပြန်လွှတ်ပေးပါတယ်။ အဲဒါ ဦးစန်းယုရေးတဲ့ ပြည်တွင်းစစ်တိုက်ပွဲ စာအုပ်မှာ အဲဒီတိုက်ပွဲအကြောင်းရော ပြန်ပေးခ ညှိနိုင်းရတာကော မပါပါဘူး။ ဘီအီးစခန်းတိုက်ပွဲက မေမြို့ ရဲ့တခုထည်းသော တိုက်ပွဲပါ။ တမြို့ လုံးသိတယ်။  တညနေလုံး ချနေတာ။ ညပိုင်း မှောင်ရိပ်ခို ဆုပ်သွားချိန်အထိ ၅-နာရီလောက်ကြာတဲ့ တိုက်ပွဲကြီး။ အဲဒါကို ဖျောက်ထားပြိးရေးတယ်။ လက်နက်မချတဲ့ တပ်က ပြည်စောင့်ရဲတပ် (UNION MILITARY POLICE - UMP)။ သူတို့တပ်မတော်က ဗျူဟာကြိးတခုလုံး ဗိုလ်မှုးတွေအများကြိး အစုလိုက် အပြုံလိုက် အားလုံးလက်နက်ချ ထားတာ သိက္ခာကျနေလို့.. ဖေဖေက ဗ.က.ပ. တွေ လက်ထဲ (၂-လ) လောက်နေခဲ့ရပါတယ်။

နောက်တခုရှိသေး။ ၁၉၅၉- ခုနှစ်မှာ အခု ၀ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော်ပေါ့။ UNITED WA STATE ARMY အဲဒီတုံးက ဘယ်လိုခေါ်တယ် မသိပါဘူး။ ၀သူပုန်လို့ ဘဲ ကျနော်တို့ သိတာ။ ၅၈-မှာ ဖေဖေ က လာရှိုးပြည်စောင့်ရဲ တပ်ရင်း -၈- မှာ ဒု-တပ်ရင်းမှုး။ ဖေဖေ ကတောပစ် ၀ါသနာသိပ်ကြီးတယ် ။ အဲဒီတော့ ရောက်လေရာ အရပ်တိုင်းမှာ သူပုန်အဆက်တွေနဲ့ ညှိတယ် ခွင့်တောင်းတယ။ စနေ တနင်္ဂနွေ ဆို တောပစ်ထွက်တယ်။ သူတို့ကလည်း ဖေဖေတောပစ်တာ တော်တော့ အတူလိုက်ပြစ်ကြတယ်။ မိတ်ဆွေတွေ ဖြစ်လို့။ လာရှိုးကပြောင်းတော့ အဲဒီတုံးက မီးရထားလမ်း ဗုံးအခွဲဆုံးနေရာ တွေထဲက တခုဖြစ်တဲ့ ဖြူးမြို့ နားက ညောင်ပင်သာ တပ်စခန်းစသစ်ဆောက်တယ်။ ကရင်သူပုန်နဲ့  ဗ.က.ပ .နယ်။ တပ်စည်းရိုးကို သုံးခုကာထားရပြိး စည်းရိုးတခုမှာ မှိုင်းတွေ ထောင်ထားရတယ်။ အဲဒါကို ဖေဖေ က အနီးအနားက ကရင်ရွာသားတွေနဲ့ ညှိတယ် တောပစ်သွားတယ်။ ပုသိမ် ငပုတောဘက်မှာဆို ဂျမ်းကပ် ရွာဆိုတာ ကရင်သူပုန် ဌာနချုပ်။ အဲဒီမှာ သောင်းကျော် သိန်းကျော် ဆိုတာ ကရင်သူပုန် ညီနောင် ခေါင်းဆောင်တွေ။ ဖေဖေက တိုက်ပွဲတွေ မဖြစ်အောင်ညှိတယ်။

ဖြစ်ရင် လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ သူတို့ လက်နက် (သိပ်အကောင်းတော့မဟုတ်) ၅၀၀- နီးပါး။ ရွှေ့ပြောင်းနေတဲ့ ကိုယ်ပျောက်တပ်။ ကျနော်တို့က တပ်ခွဲလေးတခုထဲ ။ တပ်ခွဲက အင်အားအပြည့်မှ စစ်သား ၁၂၇-ယောက်။ ထိမ်းရတဲ့နယ်က အကျယ်ကြီး ငပုတောကနေ လပွတ္တာ ဟိုင်းကြိး ပြင်ခရိုင် အထိ။ ငွေတိုက်တွေ စပါးဒိုင်တွေ အုပ်ချုပ်ရတာ။ နောက် ဂျမ်းကယ် ထွက်ရရင် တောပစ်သေးတာ။ အဲဒီညီနောင်ထဲက တယောက်က ဆုံးသွားတယ်။ တယောက်က နောက်ဆုံး ဖြတ်လေးဖြတ် လုပ်လာတော့ လက်နက်ချ အလင်းဝင်ရတယ်။ ကျနော်တို့ မုံရွာပြန်ရောက်နေတာ ကြာပြီ။ ဖေဖေ က ငပိရည် ငခြောက် ကြိုက်တတ်တော့ တောထဲကနေ မုံရွာကို ငပိရည် ငခြောက်တွေ ခိုးခိုးပို့ ပေးရှာတယ်။

သူအလင်းဝင်လာပြီး မုံရွာကို လာလည်တယ်။ သူ့သမီး ကရင်မချောချောလေးက ဖေဖေ့ အခင်ဆုံးမိတ်ဆွေရဲ့ သားနဲ့ အိမ်ထောင်ကျသွားတယ်။ ရန်သူဖြစ်ပေမဲ့ ဖေဖေ က ကရင်တွေအပေါ် သိပ်ခင်တွယ်ရှာတယ်။ ဖေဖေ အမြဲပြောတတ်တယ်။ နေ၀င်းကွာ ဒီလောက်ရိုးသားတဲ့ သူတွေ ကို ကိုယ့်ဘက်ပါအောင် မလုပ်တတ်ဘူး။ ငါသာဆို ကရင်မလေးတွေ ကို သူနာပြုသင်တန်းတွေပေး နိုင်ငံခြားကိုလွှတ်ရင် ဟိုမှာ ဒီလိုမေတ္တာ စေတနာ ရှိသူတွေ အင်မတန်လိုချင်နေတာတဲ့။

ကဲလားရှိုး ကိုပြန်ဆက်ကြရအောင် ဖေဖေ ၀-နယ်တွေ ဘက်အထိ တောပစ်ထွက်တတ်တယ်။ အဲဒီအချိန်တွေက ၀-တွေက လူသားစားကြတုန်း။ လူစိမ်းဆိုရင် ပစ်သတ် စားကြတာ။ အဲဒီမှာ ၀သူပုန် နဲ့  တပ်မတော်ကို ဖေဖေက ကြားက ညှိနိုင်းပေးတော့ ငြိမ်းချမ်းရေးသဘောတူညီချက် တခု ရသွားတယ်။  လက်မှတ်ထိုးကြတော့ တပ်မမှုးနဲ့ ထိုးရမှာ။ သူတို့ ဖေဖေ ကို ဘဲလက်ခံလို့ ပြည်စောင့်ရဲ ဗိုလ်ကြိးက တပ်မတော် ကိုယ်စား ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးရတယ်။ တချက်လဲ ရှိသေးတယ်။ ဖေဖေ တို့ ပြည်စောင့်ရဲတပ်က ၀လူမျိုးနှစ်ပွင့် ဗိုလ်မောင် ကလည်း အဲဒီမတိုင်ခင်လေးမှာ ၀သူပုန်တွေဘက် တောပြန်ခိုသွားတယ်။ သူကစစ်ရေးအတွေ့ အကြုံလာယူတာ သက်သက်။ သူက ၀သူပုန်မှာ တပ်မှုးဖြစ်နေတော့ သူက ဖေဖေ့စိတ်ကို ယုံကြည်တာလည်း ပါမယ်ထင်တယ်။ ဖေဖေ့ တပည့်အရင်း။

အဲဒါ ကျနော်လဲ မမှတ်မိပါဘူး။ သိတောင်မသိဘူး ထင်ပါတယ်။ မှတ်မိတာ တခုက ၀တပ်တွေက လက်ဆောင်ပေးလိုက်လို့ ကျနော်တို့ ကြက်တွေ ရလာပြီး အိမ်မှာ ကြက်တွေ မွေးကြတယ်။ ကျနော်ရတာက ကြက်မလေး။ နောက်ပျောက်သွားတော့ ကျနော်ငိုရတယ်။ အဖေက တကောင် ထပ်ဝယ်ပေးတယ်။ ဟော မကြာဖူး ကျနော့်ကြက်မကြီးက ကြက်သားပေါက်လေးတွေနဲ့ ပြန်ပေါ်လာတယ်။ ကျနော်လေ ပျော်လွန်းလို့ တုန်နေတာဘဲ။ အခုချိန်အထိ သားသမီးတွေကို ကြက်ပေါက်လေးတွေနဲ့ ကြက်မကြီး ပန်ရောက်လာတာ ပြောပြတတ်တယ်။

အဲဒါ ဆက်ပါအုံးမယ်။ ၁၉၈၉ ကျတော့ အမေရယ် ညီဒေါက်တာဂျိုးဇက်ရယ်၊ ညီမ ဒေါက်တာအေးအေးမူ(ဂျူဒီ) တို့ကို ဖမ်းထားတယ်။ ကျနော်က ဖေဖေ့ကို ဖေဖေလည်း တပ်မတော်မှာ တာဝန်အကြားကြီး ထမ်းခဲ့တာဘဲ အသနားခံစာတင်ပေးပါ တောင်းဆိုတယ်။ ဖေဖေပြောတာက ငါတို့က လူစိတ်အပြည်နဲ့ စစ်သား ပြည်သူမျက်ရည် မကျစေရဘူး မျက်နှာပျက်တာမြင်ရင် ညှာတာတယ်။ အခုဟာက လူလိမ်တွေ ဓါးမြတွေ။ အသနားခံစာတင် ဒူးထောက်ရင် ဒူးဘဲ နာမယ် ဒီကောင်တွေမှာ ကိုယ်ချင်းစာစိတ် ပျောက်နေပြီ။ တင်လည်း ရမှာမဟုတ်ဘူးတဲ့။

အဲဒီတော့ ကျနော်က သူ့လက်မှတ်ကို လေ့ကျင့် မတူဘူး။ ခိုးထိုးပြီး အသနားခံစာ သူ့ လက်မှတ်အတုနဲ့ မေ လလောက်မှာ တင်ပါလေရော။ အခုဝန်ကြီးများရုံးမှာ တစ်စောင်။ နောက် စစ်ရုံးချုပ်ကြီးမှာ နှစ်စောင်။ တင်သမျှအားလုံးက ထောက်လှမ်းရေးဆီ အရင်ရောက်ပုံရတယ်။ နောက်နေ့ မယားညီအကိုတော် ဗိုလ်မှုးချုပ် ကျော်သိမ်းက ခေါ်ပါလေရော။ ခင်ဗျားဒါ ဘာလုပ်တာလဲပေါ့။ ကျနော်ကလည်း သူမသိလောက်ဘူးပေါ့။ ဖေဖေ က တင်ခိုင်းလို့ပါပေါ့။ ကိုလှိုင်မြင့် မညာချင်ပါနဲ့ မရဘူး ငုတ်မိသဲတိုင်ပေါ့။ မညာပါဘူးပေါ့ ရီတယ် ဟားတာပေါ့။ ရော့ ဒီမှာ ခင်ဗျားအဖေ လက်မှတ်အစစ်က။ ကျနော်မျက်လုံးပျူးသွားတယ်။ ဟိုက် - ဒီလူတွေ တော်လှချည်လားပေါ့။

သူက ရီတယ် ရီတယ်။ ကျနော်ကြောင်နေတာကို ရီနေတာ။ ပြီးမှ ခင်ဗျားကလေ ကျားရှေ့ မှောက်လျှက်လဲ ဆိုတာ ခင်ဗျားမှ ကွက်တိတဲ့။ ပြီးမှ သူက ရှင်းပြတယ်။ ၀-တပ်မတော်နဲ့ မတ်လမှာ သူတို့  ငြိမ်းချမ်းရေးလုပ်တော့ သူက အဲဒီငြိမ်းချမ်းရေးတွေ စကားပြောတိုင်း သူက ဦးဆောင်ရတဲ့သူ။ အဲဒီမှာ ၀တပ်က ၁၉၅၉- ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်ကို ထုတ်ပြပါလေရော။ ပြသနာက ကျနော်တို့ တပ်မတော်ကြီးက တပ်မတော်မှတ်တမ်းရုံးကြိး အကြီးကြီး ရှိထားပြီး အဲဒီစာချုပ် ပျောက်နေတယ်။ အဲဒီမှာ သူတို့ ဖေဖေ့ဆီ မေမေ့ အကြောင်း ညီမောင် အကြောင်း မေးသလိုနဲ့ အိမ်ဝင်ထားပြီးပြီ။ ဖေဖေ့ကို ၅၉- ခုနှစ် ငြိမ်းချမ်းရေး ကိစ္စသွားဆွေးနွေး ထားပြီးပြီ။ လက်မှတ်ပါ ယူထားပြီးပြီ ။ အဲဒီတော့ ဖေဖေ့ လက်မှတ်က ဘိုလိုထိုးထားတာ ပြီးစောမောင် သန်းရွှေ ခင်ညွှန့် အာလုံး တကူးတက ကြည့်နေ မှတ်မိနေချိန် ကျနော်က တက်ပြိး လက်မှတ်အတုနဲ့ တင်လိုက်မိချိန်ပေါ့။ စဉ်းစားပြီး မျက်လုံးထဲ မြင်ယောင်ကြည့်ပေါ့။

တော်သေးတယ် ယောက်ဖက အယူမြန်လိုက်လို့။ ပြီးသူက ပြောသေးတယ်။ ခင်ဗျား အေးအေးနေ စမ်းပါ။ ခင်ဗျားအမေနဲ့ ညီတွေ လွှတ်နိုင်ပါတယ်။ သူ့တို့အမှုက ဘာမှမရှိဘူး။ ဖိုင်က သေးသေးလေး။ မတရား တိုင်ထားကြလို့ စစ်နေရတာ။ ခင်ဗျားဖိုင်က လက်လေးချောင်းကို ကားပြပြီး ဟောဒီလောက်ရှိတာ။ ခင်ဗျား လုပ်မှ ထောင်ကျကုန်ကြမယ်။ ရှေ့နေမင်း ဆောင်မမှ ထောင်ကျ ဖြစ်နေမယ်ပေါ့။ ခင်ဗျားဓါတ်ပုံတွေက အိတ်နဲ့ ထည့်ထားတာ တစ်ပေ-ကျော်မြင့်တယ်။ ကြည့်ချင်လား ၀င်လိုက်တဲ့။ ခင်ဗျားကို ၇၁- ကတည်းက ဖိုင်ဖွင့် ထားတာကော သိလားပေါ့။ ကျနော်တော်တော် ပျာသွားတယ်။ ၈၈၈၈- လုံးလုပ်ခဲ့တာ မကြောက်မိသလိုဘဲ။ သူခြောက်လိုက်တော့မှ တော်တော်လေး ဖြုံသွားတယ်။

ငြိမ်နေလိုက်တယ်။ တကယ်ဖြုံသွားပါတယ်။ သူပြောသလိုပါဘဲ။ အမေက အချုပ်- ၁၉- လအရမှာ ပြန်လွတ်လာပါတယ်။ ညီမကတော့ နှလုံးဖေါက် သတိတွေ လစ်လစ်သွားလို့  ပြန်လွှတ်ပေးလိုက်ပါတယ်။ အခု ညီမက SUN CLINIC မြောက်ဥက္ကလာမှာ ဖွင့် လူမှုရေးဆေးခန်းပါ ။ အခု ၂၀၁၁ မှာ ပထမ ရပါတယ်။ ဘီလ်ဂိတ်ခေါင်းဒေးရှင်း (MICROSOFT , BILL GATES FOUNDATION) က လာတုန်းက ညီမဆေးခန်းကို လာလည်သွားပါတယ်။ သူ့သားကဆေးကျောင်းသား ကားမောင်းကြမ်းတယ်။ အိမ်လည်တယ်။ တယောက်က အင်ဂျင်နီယာ။ တခါတခါ မိဘစကား နားမထောင်ကြဘူး။ နားမထောင်ကြရင် ကိုကို ပြောပေးပါဦး။ ကျနော်ပြောလိုက်ရင် တခွန်းဘဲ။ ပါးကိုနမ်း ကံတော့ ပြီး အိတ်ထဲ ဒေါ်လာတွေ ထဲ့ပြီ ။

ညီကတော့ အမှု နှစ်ခု။ တမှုကို ထောင် ၇-နှစ်။ နှစ်မှုကို ၁၄-နှစ်ပေါ့။ အဲဒီမှာ စစ်ခုံရုံး ဗိုလ်မှုးက ဗိုလ်မှုး ခင်အောင်တင့်။ သူက အင်ဂျင်နီယာ။ လူစိတ်ရှိတယ် ။ အထက်က ဒါမောင်းဆိုလို့ သူက မောင်းရရှာတယ်။ ပြိးသူက အမှုနှစ်ခုကို တရက်ဆီ ခွဲချတယ်။ ဒုတိယအမှု မချခင်မှာ သူက သူ့ဒရိုင်ဘာကနေ အမှုနှစ်ကို တပေါင်းထဲ ပေးလို့မရဘူး ။ အဲဒီတော့ သူက အမိန့်မှာ သီးခြားစီလို့လဲ မှတ်ချက်မရေးထားဘူး။ တပေါင်းထဲ ကတော့ ရေးခွင့် မရှိဘူး။ ဘာမှ ရေးမထားဘူး။

ပထမ တမှု ရက်စေ့ရင် ကျနော်ဆီလာခဲ့။ အဲဒီကျမှ တပေါင်းထဲ ရေးထားတာပါ ဆိုပြီးလုပ်ထဲ့လိုက်မယ်ပေါ့။ ရက်စေ့တော့ သူက အင်းတိုင်ရောက်နေပြီ။ စုံစမ်းနေရတာ။ အဲဒီမှာ သူက အမိုက်ခံပြိးသူ မသိလို့ တပေါင်းထဲ ပေးထားမိပါတယ် လုပ်တော့တာ။ ကျနော့်ညီ နောက် -ဒုတိယ အမှု က တပေါင်းထဲနဲ့ လွှတ်လာပါတယ်။ မမေ့နိုင်ပါဘူးဗျာ။ အင်ဂျင်နီယာ ဆိုတော့ စိတ် ဘယ်လောက် လူစိတ်ရှိသလဲ ဆိုတာ။ ကဲပြန်ဆက်ကြရအောင် ကျနော်တို့ တပ်မတော်ကြီးက မှတ်တမ်းရုံးကြီး ရှိထားပြီး ငြိမ်းချမ်းရေးစာချုပ် ပျောက်သွားရတယ်လို့ဗျာ။ ၀-တပ်က ဒီမိုကရေစီခေတ်က အခွင့်အရေးတွေ တောင်းပုံရတယ်။

ကဲကဲ ကျနော်တို့ တပ်မတော်ကြီးက ဖေါက်ပြန်နေပြီ။ လူထုက လက်နက်မရှိဘဲ တရုတ်ပြည်ကြီးက ကျူးကျော်နေတာကို သတ္တိနဲ့ဘဲ တွန်းလှန်ရတော့မှာ။ အလောင်းမင်းတရားကြီး သတ္တိမွေးရဲသူ တွေ ရှိကြသေးရဲ့လား။ ဗမာကွေ အော်ပြီး သေရဲသူတွေ ရှိကြသေးရဲ့ လား။ တရုတ်ကို တကယ်တိုက်ဖို့ ဖြစ်လာရင် လှိုင်မြင့် ရှေ့ဆုံးစစ်ကြောင်းကနေ ကမိခဆဲ အသေခံတက်ပြမယ်။ ရွှေဘို အလောင်းမင်းတရားကြီးရဲ့ ကျုံးရေနဲ့ ချက်ဆေးလာခဲ့သူ။ တရုတ်တပ်တွေကို ( -ီး ) ဘဲထင်တယ် ။

ဟေ့ တရုတ်ကို တိုက်ရမယ်ဆိုရင် မှတ်ထားပါ။ ၁၇၆၅ ကနေ ၁၇၆၉ အထိ တရုတ်တပ် မန်ချူးဗိုလ်ချုပ်ကြီး မင်ဇျူးဟာ ဆင်ဖြူရှင်မင်းတရားကြိး ၁၇၆၇- မတ်လ - ၂၈-ရက်နေ့မှာ အယုဒ္ဓယမြို့ကို အောင်နိုင်လို့ သိမ်းလို့ မပြီးသေးဘူး မြန်မာတပ်တွေ ထိုင်းရောက်နေတာသိတော့ အင်းဝအနား မြစ်ငယ်အထိ ချီတက်လာပါတယ်။ အင်မတန် အင်အားကြိးတဲ့တပ်မကြီးပါ။ (တရုတ်- မြန်မာစစ်ပွဲ wikipedia မှာ ဖတ်ချင်ရင် Click) အဲဒီအချိန်က တပ်မှုးကသာ သန်းရွှေဆိုရင် စစ်ပြေငြိမ်းလိုက်ပြီး ဆွေမျိုးပေါက်ဖေါ်ဆိုပြိး ဆွေမျိုးဆိုပြိး အပေါက်ဖေါ်ပေးလိုက်ပြီ။ အဲဒီတုန်းက တပ်မှုးကြီးတွေက ဗလမင်းထင်၊ တိမ်ကြားမင်းခေါင်နဲ့ မဟာသီဟသူရ။ စစ်သူကြီးတွေအပြင် ဘုရင်ကြီး ဆင်ဖြူရှင် မင်းတရာကြီးကလည်း မေမြို့ အခု အနီးစခန်းနား ဆင်ခေါင်းရွာနေရာအထိ တရုတ်မန်ချူး စစ်ဗိုလ်ချုပ်ကြီးက ရောက်နေပြီ။ မှုးမတ်တွေက ပုဂံကိုဆုတ်နေဖို့ပေါ့ အကြံပြုကြတယ်။
ထိုစဉ်က မန်ချူးဧကရာဇ်
မင်းကြီးက ငါက အလောင်းမင်းတရားကြီး သွေးကွ စစ်ပြေးဖို့ ငါ့လာမပြောနဲ့ဟေ့ နောက်ဆုံး သွေးတစက် ကျန်သည်အထိ တိုက်ရင်းဘဲသေပြမယ်။ ဗမာကွ ဗမာ့သွေးမှန်ရင် သေမှာမကြောက်ဘူးကွ။ ဒီဘုရင်ကြိးသတ္တိက စစ်သည်တော်တွေကို အားတက်စေခဲ့တာက ဒီအင်မတန် ကြိးမားတဲ့ စစ်ပွဲကြီးရဲ့ စစ်ဦး ပြောင်းသွားစေတဲ့ စကားပါ။ ဘုရင်ကြီးရဲ မိန့်ခွန်းက ဗမာဆိုတဲ့ ဇာတိမာန်ကို နှိုးဆွပေးလိုက် ပါတော့တယ်။ အဲဒီစကားကို ဗမာစစ်သည်တွေကြားပြိး ဧရာမတရုတ်တပ်မကြိးတွေကို ဗမာဟေ့ အော်အော်ပြီး အတင်း တက်ခုတ် ကြတော့တာပါဘဲ။

ဝါရင့် မန်ချူး စစ်ဗိုလ်ချုပ်ကြိး မင်ဂရူအီဟာ တရုတ်အင်ပါယာဘုရင်ကြီးရဲ့ သားမက်လညိး တော်တယ်။ အခု တာဂျက် ကစ်စတန်နိုင်ငံကြီးမှာ စစ်ပွဲကြီးနိုင်လိုက်လို့ သမီးတော်နဲ့ ထိမ်းမြား စေတဲ့အထိ စစ်တိုက် ကျော်ကြားတဲ့သူပါ။ ချီတက်လာတဲ့ တရုတ်တပ်တွေကလည်း အင်အားက တပ်မလေးခု အင်အား အသုတ်လိုက် အသုတ်လိုက် ၇သောင်းနဲ့ ချီတက်လာကြတာပါ။ မြန်မာတပ်တွေထက် အင်အား လေးဆကြီးပါတယ်။ အခုမိုးကုတ်လမ်းပေါ်က ခရီးတထောက်နား စခန်းဖြစ်တဲ့ ရွှေညောင်ပင်မှာဆိုရင် အုတ်တွေနဲ့ ခံတပ်ကြိးဆောက် ထားတာ မြို့ကြီး တစ်မြို့စာ ကျယ်ပါတယ်။ အင်မတန်လဲခိုင်ခန့်ပါတယ်။

နောက်ဆုံး ဒီတရုတ် စစ်ဗိုလ်ချုပ်ကြိးဟာ ဒီလောက်အင်အားကြိးမားစွာနဲ့ ချီတက်လာပြီး ဗမာကို စစ်ရှုံးလို့ ပြန်ဆုပ်ရတော့ မန်ချူးစစ်ဗိုလ်ချုပ်တွေရဲ့ အစဉ်အလာအတိုင်း မိမိရဲ့ ကျစ်ထားတဲ့ ဆံပင်ကို ဖြတ်ပြီး တပ်မှုးတဦးရဲ့ လက်ထဲအပ်ပြီး သစ်ပင်မှာကြိုးဆွဲချ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါတယ်။ နောက်တပတ် အကြာမှာ ပီကင်းကနေ စာချွန်လွှာ ရောက်လာပါတယ်။ စာချွန်လွှာက ယူလာသူ သံတော်ဆင့်က လမ်းမှားပြီး နောက်ကျ တာဖြစ်နေပါတယ်။ ဧကရာဇ်ဘုရင်မင်းကြိးကိုယ်တိုင် မြန်မာကို မနိုင်ရင် ဆုတ်ခဲ့ဖို့ အမိန့်နဲ့လမ်းမှာ စစ်သည်တော်တွေ အသေအပျောက် နည်းနိုင်သမျှ နည်းအောင် ကြပ်မတ်ဖို အမိန့် စာရောက်လာပါတယ်။

တရုတ်ရာဇ၀င်မှာ ဒီမာန်ချူး စစ်ဗိုလ်ချုပ်ကြီး မင်ဂရူအီဟာ ရာဇ၀င်တွင်ကျန်ခဲ့တဲ့ စစ်သူကြီး အဖြစ် အလွန်ကျော်ကြား ထင်ရှားပါတယ်။ သူသတ္တိကို စံပြသူရဲကောင်း အဖြစ်ကနေ့တိုင် အသိအမှတ်ြု့ပုတာ ခံရပါတယ်။ ကျုပ်တို့ ဗိုလ်ချုပ်မှုးကြီး (ဗိုလ်ချုပ်ကြီးတဲ့ ကြီးတယ်နော်) ကတော့ တိုင်းပြည် ငတ်နေတာ အရေးမကြီးဘူး သူပုန်းဖို့ လှိုဏ်ခေါင်းတွေ ဦးစားပေး ဆောက်နေတာနဲ့ ယှဉ်ကြည့်ကြပါအုံး အရပ်ကတို့။ စစ်ပွဲက ဘယ်နေမှန်း မသိသေးဘူး ဘယ်သူနဲ့မှ လည်းရန်စောင်နေတာ မရှိသေးဘူး။ ဒီလောက်ကြောက်တတ်ရင် ဆင်ဖြူရှင်မင်းတရာကြီး မိန့်တဲ့ စကားပြောင်းပြန် ယူကြည့် ဗမာ့သွေးစစ်ရင် သေမှာ မကြောက်ဘူးကွရဲ့ပြောင်းပြန် ဒီလောက်ကြောက်နေမှတော့ ဗမာ့သွေးမဟုတ်တော့ဘူး။

ကျုပ်ဟိုနှစ်တွေက ရေးခဲ့သလို ယိုးဒယားကို ဗမာတွေနိုင်တော့ ဆင်ဖြူရှင်မင်းကြီး လက်ထက်မှာတင် ယိုးဒယား သုံ့ပန်း ၃၆၀၀၀- လောက်ဖမ်းလာပြီး စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်ဘက်တွေမှာ ချထားတာ။ သန်းရွှေက ကျောက်ဆည်နယ်က။ ရုပ်ကိုလဲကြည့်။ အခုဖေ့ဘွတ်ပေါ်ကြည့်ပါ။ အသက်ကြီးကြီး ယိုးဒယားလူမျိုးတွေ ကမ်ပူးချားလူမျိုးတွေ ပုံကို ရှာကြည့်ကြပါ။ ကျုပ်ညွှန်းနေရင် စကားရှည်နေပါဦးမယ်။ ပြုံးနေတဲ့ ပုံဆိုရင် အမွှာလား အောက်မေ့ယူရအောင် တထေရာတည်း။ မ.ဆ.လ ခေတ်အထိ မန္တလေး စစ်ကိုင်းဘက်တွေမှာ ထိုင်းသွေးစစ်တွေ ရှိနေကြသေးတယ်။ သူတို့ လူမျိုးချင်း ပြန်အိမ်ထောင်ပြု မျိုးဆက် ထိန်းသိမ်းထားသူတွေ ရှိကြသေးတယ်။


ဗိုလ်ချုပ်ကြီးမင်ဂရူအီဟာ နောက်ဆုံး စစ်ပန်းလာပြီး ရိက္ခာတွေ နည်းလာတော့ သူဟာ စစ်သည်တော်တွေနဲ့ ညီတူ ရိက္ခာကို မျှစားပါတယ်။ နောက်ပိုင်း သိပ်ပြတ်လပ်လာတော့ သူက အငတ်ခံ သစ်ရွက်တွေစားပြီး သူ့ရိက္ခာကို ဒါဏ်ရာရထားသူ စစ်သည်တော်တွေကို ပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ တရုတ်စစ်သည်တော်တွေရဲ့ အသည်းထဲ စွဲနေအောင် ရာဇ၀င် တွင်ကျန်ခဲ့ပါတယ်။ ကျုပ်တို့ ဗိုလ်ချုပ်မှုးကြီးနဲ့ ကိုယ့်ဘာသာကိုယ်သာ နိုင်းယှဉ် ကြည့်ကြပေတော့။ ကျုပ်ကတော့ နှိုင်းယှဉ်ရင် ဟိုကရာဇ၀င် ဥဒါန်းအထိုးခံထားရတဲ့ မဟာသူရဲကောင်း။ မနိုင်းကောင်းဘူး ပဲမြင်တယ်။

ရှက်တတ်ရင် စဉ်းစားတတ်ရင် ပြောပါတယ်။ ကံကုန်တာ နတ်ကျွဲကို ကိုယ်တိုင် တက်သတ်လို့ နတ်ကျွဲခတ်ပြီး ကံကုန်ခဲ့ရတဲ့ သတ္တိရှင် အနော်ရထာ။ နောင်ရိုးတိုက်ပွဲမှာ ဖေါင်ဖျက်တိုက်ခဲ့လို့ ကမ္ဘာ့မှတ်တမ်းတွေမှာက ကဗျည်းအထိုးခံထားရတဲ့ ဘုရင်နောင်နဲ့ နာဖျားနေတာကို ပြန်မဆုတ်ဘဲ တိုက်ခဲ့တဲ့ တရုတ်တပ်တွေကို စစ်ဦးချိုးပစ်ခဲ့တဲ့ အလောင်းမင်းတရား ကြေးရုပ်တွေ တည်ထားပြီး သူမို့  ဒီသတ္တိရှင် ဗမာစစ်ဘုရင်ကြီးတွေ ကို အားမနာ ပါးမနာဗျာ ကြေးရုပ်ကြီးတွေ အောက်မှာ ပုန်းဖို့  လှိုဏ်ခေါင်းတူးရတယ်လို့  ရာဇ၀င် ရိုင်းလိုက်တာ။ ထွီ ......

ဒီတရုတ်ဗမာ စစ်ပွဲကြီးတွေမှာ ဗမာစစ်သည်တော်တွေဟာ ခုတ်ရလွန်းလို့ ဓါးနှောင့်မှာ သွေးတွေ ရွှဲနေလို့ ဓါးနှောာင့်ကို အတော်ခြောက်အောင် သုတ်ယူရတဲ့အထိ အလွန်ကြီးကျယ်သော စစ်ပွဲကြီးတွေဖြစ်ပါတယ်။ အင်မတန် မာန်ကြီးလှတဲ့ မန်ချူးတရုတ် ဧကရာဇ်ဘုရင်ကြီးလည်း ဒီစစ်ပွဲအပြိး စစ်ပြေငြိမ်းရေးစာချုပ် ချုပ်လာပါတယ်။ ဒါကို စစ်သူကြီး မဟာသီဟသူက ရေရှည်တိုက်နေရရင် ကိုယ့်လူက တစတစ ပါးလာပြီမို့ လက်ခံလိုက်လို့  ဆင်ဖြူရှင်မင်းတရားကြီးက ဒါဏ်ခတ်တာခံရပါတယ်။

မ.ဆ.လ .ခေတ်မှာလဲ တရုတ်ဟာ ဦးနေ၀င်းကို အတော်လေး ဒုက္ခပေးခဲ့ပါတယ်။ ဦးနေ၀င်းလက်ထက်က အခု ဖါးကန့် ကျောက်စိမ်းတွင်းမှာ တရုတ်(မှတ်ပုံတင်မယ့်)တယောက်မိလို့ကတော့ ဘာမှအထက်တင်ပြမနေနဲ့ ပစ်သတ်ဘဲ။ တရုတ်ရန်ကိုအဲဒီလို မြင်ထားတာ။ အခုကျတော့ သန်းရွှေဟာ ဘာတွေ လျှို့ဝှက် သဘောတူညီချက်တွေ ထိုးထားလည်း ဘယ်သူမှ မသိနိုင်ဘူး။ ကချင်ပြည်နယ်ဟာ တရုတ်ပြည် တရုတ်ထင်သလို လုပ်တာခံနေရပါပြီ။

အော် ၁၉၈၃/၄ လောက်မှာ ထိုင်းဘုရင့်သမိးတော် သီရိဒုံ (သူတို့က စီရိထောန်း) လို့အသံထွက်တယ်။ မြန်မာပြည်လာလည်တယ်။ ဦးနေ၀င်းကို ဗေဒင်တွေက မိန်းမတက်ကိန်းမြင်တယ် အဟောတွေ ရှိလာတော့ ယတြာချေတာလုပ်တာ။ ထားပါတော့။ လာလည်တယ်။ ဦးနေ၀င်းကိုယ်တိုင် ဧည့်ခံတယ်။ အဲဒီမှာ ဦးနေ၀င်းနဲ့ စကားပြောနေတဲ့ပုံလေး မဂ္ဂဇင်းတွေ ရောက်တာတယ်။ ဟာသလေးပေါ့။
 ထိုင်းဘုရင် မင်းမြတ်နှင့် သမိုင်းတရားခံ အာဏာရှင် မျိုးဆက် ဖခင်ကြီးဦးနေဝင်း
ဦးနေ၀င်းက သီရိဒုံကိုမေးတယ်။ မင်းလူဝင်စားဆိုကို ယုံသလားပေါ့။ ယုံတာပေါ့။ ကျမက ဗမာစစ်သားတွေ အယုဒ္ဓယမြို့ကို သိမ်းတုန်းက ကျမနဲ့ ကျမအကို နှစ်ယောက် အသတ်မခံရမှီလေးမှာ သစ္စာဆိုထားခဲ့တယ်။ ငါတို့ နောက်ဘ၀ လူပြန်ဖြစ်ရင် ငါတို့မောင်နှမနှစ်ဦးပေါင်းပြီး ဗမာတွေကို လက်စားချေခွင့်ရပါစေပေါ့။ ဦးနေ၀င်းက မင်းအခုချေလို့ရပြီလား လို့မေးတယ်။ ငါ့အကိုကြိးကို ငါပြန်မဆုံရသေ;ဘူး။ မင်းအကိုကြီး မင်းဘေးမှာ ရှိနေတယ်လေ မသိဘူးလားပေါ့။ သီရိဒုံက မသိဘူး ဘယ်သူလဲပေါ့။ ဦးနေ၀င်းက ငါလေလို့ မျက်ခုံးပင့်ပြုံးပြတယ်။ မင်းသမီးက ရှင်ကျအမကိုဆိုတာ သက်သေပြပါပေါ့။

မင်းအခုကြည့်လေ။ ဗမာတွေ ကိုငါ ဒုက္ခပေးထားတာ။ ဒါ တောင်အစဘဲရှိသေးတယ်တဲ့။ ဟာသလေးက လူတော်တော်များများက ကြားဖူးပြီးသားပါ။ ဒါပေမဲ့ ဒါအစဘဲ ရှိသေးတယ် ဆိုတာ မရှင်းကြသေးဘူး။ သီရိဒုံရဲ့ အကို အရင်းခေါက်ခေါက်က အခုမှ ပေါ်လာတယ်။ ယိုးဒယားသွေးစစ်စစ် ယိုးဒယား ရုပ်အပြည့်နဲ့ သန်းရွှေ။ ဗမာတွေ ယိုးဒယားက သုံ့ပန်း(ကျွန်) ဖမ်းလာခဲ့တာ အခုသန်းရွှေက ကျွန်တွေပို့ပေးပြီး ရာဇ၀င်အကျွေး ပြန်ဆပ်နေပါကြောင်းနဲ့ ဦးနေ၀င်းက သူ့ထက် လက်စွမ်းထက်တဲ့သူကို အပ်ခဲ့မယ်ဆိုတဲ့ အတိတ်နဲ့ ဒါအစဘဲရှိသေးတယ်ပြောခဲ့တာ အခုမှ ရှင်းတော့တယ်။

တင်ပြရင်းနဲ့ တိုင်းရင်းသားများ နားလည်ပေးကြပါဗျာ။ ဗမာသတ္တိ ဗမာ့သွေး အစစ်ရှိကြသေးရဲ့လား ကိုယ့်ကို ယ်ကိုယ် မေးကြပါဦးလို့။ ကျနော်ကတော့ တရုတ်နဲ့ချရရင် အခုစစ်ဗိုလ်တွေ ထဲက ကျနော်နဲ့ အသေခံ ချရဲသူ ရှိလား။ ကျုပ်ကတော့ ရယ်ဒီဗျာ။ တရုတ်တပ်ကို ( -ီး ) ဘဲထင်တယ်... နောက်ဗဟု သုတလေးပေါ့။ ကနေ့ မြန်မာတွေက ယိုးဒယားကို ထိုင်း ထိုင်း ဘဲခေါ်ကြတယ်။ အရင်က လွန်ခဲ့တဲ့ မ.ဆ.လ .ခေတ်အထိ ယိုးဒယားဘဲ ခေါ်တယ်။ မြန်မာဘုရင်တွေ လက်ထက်ကတည်းကပါ။ ဘုရင်နောင့်မင်းတရားကြီး လက်ထက် ယိုးဒယားမြို့ တော်က အယုဒ္ဓယ။ ပါဋိ စကား။ (အ) ဆိုတာက (မ)။ ယုဒ္ဓယ ဆိုတာက ကျရှုံး။ အ- ထဲ့လိုက်တော့ အဓိပ္ပါယ်က မကျရှုံးနိုင်သောမြို့လို့ ယတြာဗေဒင်နာမ ပေးထားတာ။ အဲဒီတော့ မြန်မာဘုရင်က ယိုးဒယားကို စစ်ချီရင် (အ) ဖြုတ်ပြိး ယုဒ္ဓယကို စစ်ချီတယ်လို့ ပြောစေတယ်။ ရှေ့ က ( အ ) ထည့်ပြောရင် သတ်စေ။ အဲဒီကနေ ယုဒ္ဓယပြည် ယုဒ္ဓယလူမျိုး ပြောရာကနေ ယိုးဒယားလို့ တွင်လာတာပါ။ ဒီလိုဘဲ မန္တလေးက အမရပူရ ဆိုတာကလဲ ပါဋိ စကား က ။ မရ -ဆိုတာက သေတာ။ ပူရ ကတော့မြို့။ အ-မရ ဆိုတော့ မသေသောမြို။့ သေမှာကြောက်သူတွေ သွားနေကြပေါ့။ ဒီလိုဘဲ စင်ကာပူရ ဆိုတာ ကနေ့  စင်ကာပူမြို့ တော်ပါ။ စင်က က င်္ခြသေ့င်္ ။

နောက်ဗဟုသုတလေးပေါ့။ ကြားဖူးတာပြောရတာပါ။ ပြည်တွင်းစစ်ကြီးဖြစ်တော့ ဗမာတပ်တွေကို ကမန်းကတန်းစု ရတာ ဖွဲ့ရတာ။ တခါ အင်္ဂလန်ကနေ ၂-လက္မ မော်တာ။ ၃-လက္မမော်တတာတွေ ပေးလာတယ်။ မြန်မာတပ်တွေကို ဗိုလ်မှုးကြီးစိန်မှန် က မော်တာတွေ ပစ်တတ်အောင် လိုက်သင်ပေးရတယ်။ မြန်မာစစ်သားတွေက မော်တာကို မမှတ်မိကြတော့ အချင်းချင်း ပြောကြရာကနေ မခေါ်တတ်တော့ ဗိုလ်စိန်မှန် လာပို့ပေးတဲ့ပြောင်း လို့ပြောရာကနေ စိန်ပြောင်း ဆိုပြိး ဖြစ်သွားတာလို့ ပြောကြတယ်။ ဗိုလ်စိန်မှန်က လည်း လူရွတ်ကြိး။ ပ်ြညတွင်းစစ်မှာ ဆက်သွယ်ရေးတွေကလဲ မပြည့်စုံ။ စစ်ကလည်း မှန်းမရဘူး ။ ဒီကွေ့  ဒီတက်လှော် ချနေကြရတာ ။

တခါမှာ ဗိုလ်နေ၀င်း ညွှန်ကြားချက်နဲ့ လွှဲနေတော့ ဗိုလ်နေ၀င်းက သူ့ကို ထုချေ လွှာတင်ခိုင်းတယ်။ ဗိုလ်နေ၀င်း တပည့်ရှေ့ မှာ စာရွက်ပေါ် မှာ စာလုံး အကြီးကြီးနဲ့ (-ီး) ဆိုပြီးရေးပြီး ထုတယ်ကွာ ခြေတယ်ကွာ စာရွက်ကို ထုလိုက် ခြေလိုက်လုပ်ပြီး သူ့တပည့် လက်ထဲပေးလိုက်တယ်။ မင်းဆရာပြောလိုက်။ ကြာကူလီရိုက်ပြီး တရေးနိုးမှ လာမကျယ်နေနဲ့လို့ ပြောလိုက်သေးတယ်...။ (အဲဒီအချိန် ဒေါ်ခင်မေသန်းက လက်ရှိလင်ကြီး ဒေါက်တာဘသန်း နဲ့တောင် မကွဲရသေးဘူး။ ဦးနေဝင်းနဲ့ တွဲနေကြတုန်း ၅၁-ခုနှစ်မှာ ဒေါက်တာဘသန်း ခရီးထွက်နေတုန်း ဗိုက်ထွက်လာလို့) အဲဒီလိုလူကြီး။ တိုက်ပွဲတွေ အနီးကပ်တိုက်ရင်း ကျသွားတယ် ထင်တယ်။

အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်။ အားလုံးသတ္တိတွေ မွေးကြပါ။ သေကံမပါရင် မသေပါဘူး။ ကျနော်ငယ်ငယ်က ရေနစ်ဖူးတယ်။ ဟုမ္မလင်း မှာ။ ၂-နှစ် မပြည့်တတ်သေးဘူး။ သင်္ဘောပေါ်က ကျသွားတယ်။ ကျတာဘယ်သူ မှမသိဘူး။ ရေထဲ ပေ- ၃၀၀- မက မျှောသွားတယ်။ ချင်းစစ်သားတဦးက သူ့စစ်ဖိနပ်ကို မချွတ်ဘဲ ရေထဲ ခုန်ချ ကယ်ပေးလို့ ရှင်ခဲ့တယ်။ ဒီလိုဘဲ တခါ ငယ်ငယ် သင်္ကြန်အပြန် အကိုကြီးက ထန်းရည်တိုက် ပြန်လာတာ မူးပြီး ဂျစ်ကားပေါ်က ပြုတ်ကျတာ ကားက ဘီးချိတ်တဲ့ဘုကို ဘောင်းဘီနဲ့ ချိတ်မိပြီး ကားယားကြီး အောက်မကျဘူး။ သေကံပါရင် စကားတောင် မတတ်ခင်သေပြီးပြီ။

နောက်တခုက သန်းရွှေ ဟာလေ ကိုယ့်လူမျိုးချင်းကြရင် သိပ်ပက်စက်ယုတ်မာတာ။ တရုတ်ကိုကျတော့ ဖင်ပေးပေါင်းတယ်။ အခု ခင်ညွှန့် မြေးတွေဆို ဘယ်ကျောင်းကမှ လက်မခံရအောင် လိုက်ယုတ်မာတယ်။ နောက်ဆုံး ဟင်္သာတ ဘက်သွားထားတာကို ကျောင်းအုပ်ကို လက်ခံလို့ ဆိုပြီး နယ်အဝေးကြီး ပို့ပစ်တယ်။ ကျနော်တို့ အတိုက်အခံတွေ အိမ်ခန်းတောင် ငှားမရအောင် လိုက်ယုတ်မာတယ်။ တရုတ်ကို ဖင်ပေးသလောက် ကျနော်တို့ လူမျိုးချင်းအပေါ်ကျတော့ ယုတ်မာတယ်။ ဦးနေ၀င်းနဲ့က ပြောင်းပြန်။ ဦးနေ၀င်းက ဥပမာ ဦအောင်ကြီး လဖက်ရည်ဆိုင်လုပ်တယ်။ နေ့စဉ် သူ့ထောက်လှမ်းရေးတွေ သွားထိုင်နေရတာကိုက တဖက်လှဲ့နဲ့ ထောက်ပံပေးနေသလို။ သူက အလုပ်ထဲမြုပ်နေရင် အသာကြည့်နေတာ။

သန်းရွှေက မငတ်ငတ်အောင်လိုက်ကြပ်တာ။ အခု အဆိုတော် ဟေမာနေ၀င်း အဖိုး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျက ဗ.က.ပ. သူပုန်။ တောထဲမှာ တောခိုနေတာ။ သူ့သမီးတွေက ရန်ကုန်မှာကျောင်းတက် တက္ကသိုလ်တက်နေရင်း ကောလိပ်ဂျင်နေ၀င်းနဲ့ ရတာ။ ဒီလိုဘဲ ကျနော် ၅--၆ တန်းတုံးက အဲဒီသောင်းကျော် ညီနောင်ရဲ့ သမီးတဦးက ကျနော်နဲ့ တတန်းထဲ။ အခုထိ အိမ်မှာ ဓါတ်ပုံရှိသေးတယ်။ ဦးနေ၀င်းက ရန်သူ့ သားသမီးတွေ ပညာတတ်လာရင် တော်လှန်ရေး စိတ်ပြောင်းလာမယ် ဒီလိုယူဆတာ။

သန်းရွှေဟာ အဲဒီလိုယုတ်မာ အောက်တန်းကျတာကို သူ့ကိုယ် ယုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ (မနိုင်လို့  သည်းခံရသူတော့ မဆိုလိုပါ) ဦးနှောက် မရှိဘူးဘဲ ပြောချင်ပါတယ်။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

အောက်ပါ သတင်းနှင့် ပတ်သတ်ပြီး ဒေါက်တာလှိုင်မြင့်မှ ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်...။

ထိုင်းငါးဖမ်း သဘောင်္တွေကိုတော့ ဖမ်းဆီး လူသတ် အစဖျောက်ပစ်ပြီး တရုတ်သဘောင်္ကိုတော့ ဘယ်လိုအရေးယူမယ် ဆိုတာ စောင့်ကြည့်ကြရတာပေါ့..

တရုတ်သဘောင်္ဖမ်းပြီးရင် ဖမ်းစရာကျန်မှာ မဟုတ်ဘူး
 
မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတ်မီငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက် ဖမ်းဆီးနေကြောင်း ပင်လယ်ငါးဖမ်းအသင်း ဥက္ကဌ ဦးမောင်မောင်စိုးက ပြောသည်။ ယင်းသို့ ခေတ်မှီ ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခြင်းကြောင့် ရေသယံဇာတများ ဆုံးရှုံးသည့်အပြင် ပြည်ပမှ တရားမ၀င်ဖမ်းဆီးသူများကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများ ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

"တရုတ်ငါးဖမ်းသဘောင်္တွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်ဖမ်းဆီးနေပါတယ်။ ဒီလိုဝင်ရောက် ဖမ်းဆီးတဲ့အတွက် တိုင်းရင်းသားလုပ်ငန်းရှင်တွေမှာ နစ်နာရပါတယ်။ ဒါ့အပြင် ခေတ်မီကိရိယာတွေနဲ့ ဖမ်းဆီးတာဖြစ်လို့ ရေသယံဇာတကိုဆုံးရှုံးစေတယ်"ဟု ယင်းက ၁၅/၂၀၁၁ သား/ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များအစည်းအဝေး၌ ပြောကြားသည်။ ငါးသယံဇာတမှာ ပင်လယ်ပြင်၌သာမက ကုန်းတွင်းပိုင်း အင်း၊ အိုင်လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှု လျော့ကျနေကြောင်း၊ ယင်းကို ရာသီဥတု ဖောက်ပြန်မှုကြောင့်ဟု ဆိုသော်လည်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းသဘောင်္များ များပြားလာခြင်း၊ ခေတ်မှီ နည်းစနစ်များဖြင့် ဖမ်းဆီးခြင်းနှင့် အလွန်အကျွံ ဖမ်းဆီးခြင်း ထို့ကြောင့် သယံဇာတ လျော့နည်းလာခြင်းဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"ပင်လယ်ငါးဖမ်းအသင်းက ပြောတဲ့အတိုင်းဆိုလျှင် တရုတ်သဘောင်္ဖမ်းပြီးရင် ဖမ်းစရာကျန်မှာ မဟုတ်ဘူး။ တရုတ်က ပိုက်ကွက်စိတ်စိတ်လေးတွေနဲ့ ဖမ်းတာဆိုတော့ ငါးမှုန်၊ ငါးဖွဲတောင်ကျန်မှာ မဟုတ်ဘူး"ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။ သယံဇာတ လျှော့နည်းလာခြင်းကြောင့် ငါးဖမ်းလုပ်ငန်းကို မှီခိုအားထားနေရသော ရေလုပ်သားများ အတွက် စားဝတ်နေရေးပြဿနာများနှင့် ကြုံတွေ့ လာနိုင်ပြီး ရေလုပ်ငန်းနှင့်ဆက်စပ်နေသည့် စက်ရုံ၊
အလုပ်ရုံလုပ်ငန်းများ ရပ်တန့် သွားနိုင်သည်ဟု သိရသည်။

ပြည်ပနိုင်ငံများမှ တရားမ၀င် ပင်လယ်ပြင်၌ဖမ်းဆီးမှုများအပြင် စီးပွားရေးလုပ်ငန်းကြီးများတွင်ပါ တရားမ၀င်ရင်းနှီးမြုပ်နှံမှုများကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု တိုင်းရင်းသား လုပ်ငန်းရှင်များက ပြောသည်။ ယင်းသို့ တရားမ၀င်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အား အခွန်အခပေးဆောင်ရခြင်း မရှိသည့် အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များထက် ဈေးကွက် အသာစီးရနေ၍ ထိခိုက် နစ်နာကြောင်းသိရသည်။

အေမြမြထွန်း

VOL 7 NO.19 THE FLOWER NEWS တရုတ်ငါးဖမ်းသဘောင်္များ မြန်မာ့ရေပြင်တွင် တရားမ၀င်
ငါးဖမ်းဆီးနေ...မှ ကူးယူဖော်ပြပါသည်။
Posted: 29 May 2011 05:21 AM PDT
အမေ့အိမ် နွေရာသီ သင်တန်းဆင်းပွဲ

2011 summer course နွေရာသီသင်တန်းဆင်းပွဲကို မေလ (၂၉ )ရက် မနက်(၁၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ NLD အဖွဲ့ချုပ်မှ လူကြီးများဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ ဦးအောင်ကြည်ညွန့်၊ Dr.မျိုးအောင်၊ ဒေါ်မေ၀င်းမြင့်၊ ဒေါ်ခင်ဋ္ဌေးကြွယ်၊ ဒေါ်အေးအေးမာ၊ ဒေါ်ခင်စောမူ နှင့်ကိုဖြိုးမင်းသိန်း။ အနုပညာရှင်များဖြစ်ကြသော ကိုရဲလွင်၊ ကိုတိုးလွင်၊ ကိုတင်အုန်း၊ ကိုသားထွေး၊ ကိုညီညီလွင်၊ ကိုဝဲ၀ဲ၊ ကိုဟိန်းမြတ်ဇော် နှင့်ကိုမျိုးထွန်း၊ အထူးဧည့်သည်အဖြစ် Englishစာဆရာကြီးဦးမြကြိုင်တို့ တက်ရောက်အားပေး ချီးမြှင့်ကြပါသည်။

သင်တန်းဆင်း ကျောင်းသား(၃၇၆)ယောက်နှင့် ဧည့်သည်အယောက် (၂၀၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားတွင် လူကြီးများမှ အမှာစကား ပြောကြားခြင်း၊ ဆရာဆရာမများအား ကန်တော့ခြင်း၊ ထူးချွန်ကျောင်းသားများအား ဆုချီးမြင့်ခြင်း၊ အနုပညာရှင်များမှ တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ ကြက်သားပလာတာ၊ အအေး ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ကြွရောက်အားပေးကြသော လူကြီးများ၊ အနုပညာရှင်များ၊ စေတနာဖြင့် သင်ကြားပေးသော ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ အလှူရှင်များ၊ ၀ိုင်းဝန်းကူညီကြသော သူငယ်ချင်းများ အားလုံးအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

အမေ့အိမ်ပညာရေးကော်မတီ

အလျှုရှင်များနှင့် သူငယ်ချင်များအားလုံး မင်္ဂလာပါ...

အမေ့အိမ် ပညာဒါနကျောင်းရဲ့  Summer Course သင်တန်းများကို လာမည့် 29th May မှာ သင်တန်းဆင်းပွဲ ကိုကျင်းပပြုလုပ် ပါမည်။ အမှတ်တရအဖြစ် အမေ့အိမ်ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာကို 29th May , 2011 တွင် စတင်ဖွင့်လှစ်ပါမည်။

Facebook name မှာ '' အမေ့အိမ် ( Mother's house ) '' ဖြစ်ပါသည်။

ကျောင်းလိပ်စာ။
အမှတ် ၅၄၈ , မေခလမ်း , ၁၄ ရပ်ကွက် , လှိုင်သာယာမြိုနယ်, ရန်ကုန်တိုင်း။

လေးစားစွာဖြင့်
ကိုငယ်




Posted: 30 May 2011 07:03 AM PDT






Professor Ian Holliday, Dean of Social Sciences, HKU (Left) and Aung San Suu Kyi (Right) at Burma


Burmese political leader, the 1991 Nobel Peace Prize recipient Aung San Suu Kyi


Professor Ian Holliday presents to Aung San Suu Kyi Professor Jao Tsung-i's calligraphy


Professor Ian Holliday, Dean of Social Sciences, HKU (Left) and Aung San Suu Kyi (Right) at Burma


Professor Ian Holliday, Dean of Social Sciences, HKU (Left) and Aung San Suu Kyi (Right) at Burma


HKU Vice-Chancellor Professor Lap-Chee Tsui thanks the lady in his speech for her graciousness in agreeing to take part in the Dialogue.


HKU Centenary Dialogue with Aung San Suu Kyi


HKU Centenary Dialogue with Aung San Suu Kyi


HKU Centenary Dialogue with Aung San Suu Kyi


source/ The university of HonKong

Posted: 30 May 2011 01:59 AM PDT

မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့ သတ္တိရှိကြပြီး အမှန်ကို မလုပ်ရဲရင်တောင်မှ အမှားတွေကို မထောက်ခံကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

ကျနော် ၊ကျမတို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင် ၊အောင်ဇေဖြိုး၊အာကာဗိုလ်၊သီဟ၀င်းတင်တို့သည်စစ်အစိုးရ၏မတရားဖိနှိပ်မှုတွေကိုအမှန်အတိုင်းထုတ်ဖော်ဖွင့်ဟခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်၊မတ်လ (၁၂)ရက်နေ့ တွင်အာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်မှာ ယနေ့ဆိုလျှင်(၃)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ထိုလူငယ်များနည်းတူ စစ်အစိုးရ၏ တစ်ဘက်သတ် စွပ်စွဲချက်အမျိုးမျိုးနှင့် ထောင်ဒဏ်အသီးသီး ကျခံနေရသော Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်(၁၉)ဦးသည်လည်း စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်များ ချမှတ်ခံနေရဆဲ ဖြစ်ပါသည်။

ယုံကြည်မှုနှင့် လွတ်လပ်မှုအတွက် ၊အမှန်တရားနှင့် မိမိတို့၏ နိုင်ငံရေးခံယူချက်တို့အတွက် ယခုလိုမတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ Generation ve(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်ကြသော ကိုဇေယျာသော် ၊ကိုအောင်ဇေဖြိုး ၊ကိုအာကာဗိုလ် ၊ကိုသီဟ၀င်းတင် တို့ အပါအ၀င် ကျွန်ုပ်တို့၏ GW အဖွဲ့ဝင်များအား စစ်အစိုးရအာဏာပိုင်များမှ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ယခုကဲ့သို့ ရဟန်းရှင်လူ မိဘပြည်သူများ သိစေရန်အတွက် " အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု" အားပြုလုပ်ခြင်းဖြစ်ပါသည် ။

GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)သည်အာဏာရှင်စနစ်အားအကြမ်း မဖက်သည့်နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည် ။

စစ်အာဏာရှင်စနစ် အပြီးသတ်ကျဆုံးရေးနှင့် တစ်မျိုးသားလုံး၏ စစ်ကျွန်ဘ၀ အာက်မှ လွတ်မြောက်ရေးအတွက်တောင်းဆိုရင်းအဓမ္မဖမ်းဆီးခံနေရမှုကို စစ်အစိုးရ အာဏာပိုင်များမှ အမြန်ဆုံးလွှတ်ပေးရေးအတွက် ယခုလို အီးမေးလ်ဖြန့်ဝေခြင်းလှုပ်ရှားမှု ပြုလုပ် တောင်းဆိုခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ယခုအီးမေးလ်အား အခြားသူများသို့ ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် ပူးပေါင်းကြပါရန် ဆန္ဒပြုပါသည် ။

"ပြည်သူလူထုတွေကို ကျနော်ပြောချင်တာကတော့ မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့သတ္တိရှိကြပြီး အမှန်ကိုမလုပ်ရဲရင်တောင်မှ အမှားတွေကိုမထောက်ခံမိကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ် "

ဇေယျာသော် (Generation Wave)

" ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ရှေ့ကအာဇာနည်သူရဲကောင်းတွေသူတို့ခေတ်ကာလအလိုက် တိုင်းတပါးရဲ့ ကျွန်ဘ၀ကနေလွတ်မြောက်အောင် လုပ်ပြီး သမိုင်းပေးတာဝန်ကျေခဲ့ပါပြီ။ နောက်လာမယ့် သူတွေအတွက်ကျေးဇူးကြွေးကို ဆပ်သွားကြပါပြီ။ န်ာတို့ခေတ်မှာတိုင်းပြည်ကောင်းစားဖို့လို ပါတယ်။ ဒါကျနော်တို့ရဲ့ တာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ "

သီဟ၀င်းတင်(Generation Wave)

"ခင်ဗျားက GW လို့ပြောရင်ကျွန်တော်က လူငယ်လို့ပြောမယ် ခင်ဗျားက ဒီမိုကရေစီလို့ပြောရင် ကျွန်တော်က ပြည်သူလူထုလွတ်မြောက်ရေးလို့ပြောမယ်"

ငြိမ်းချမ်း (Generation Wave)

လေးစားစွာဖြင့်


Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)



Photo.Zayarthaw Facebook

Posted: 29 May 2011 04:19 PM PDT

ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည်

လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။ ပညာတော်သင်များ၏ ၉၉ ရာခိုင်နှုန်းမှာလည်း အမိနိုင်ငံသို့ ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြသည်။

တက္ကသိုလ်များနှင့် ကျောင်းများတွင်လည်း အရည်အချင်းကို ဦးစားပေးပြီး တကယ်တတ်သူကိုသာ အအောင် ပေးတတ်သဖြင့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်ချက်သည် အများဆုံး ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင်မူ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။


ကျောင်းသား ဆန္ဒပြပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသော်လည်း မည်သည့် အာဏာပိုင် ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမည့် ဘုန်းဘောလအော အအောင်ပေးသည့် စနစ်၊ ကျောင်းသား အချင်းချင်း သွေးကွဲစေမည့် စနစ်၊ ကျောင်းသားများ မဆူပူ ပြီးရော၊ အစိုးရ ဆန့်ကျင်ရေး မလုပ်တာက လွဲပြီး ကျန်ကိစ္စများ ကြိုက်သလို လုပ်ထားခွင့်၊ ဥပမာ၊ ကျောင်းဆောင်များတွင်း အရက်သောက် ဆေးဝါး သုံးစွဲသည်များကို လျစ်လျူပြုထားခြင်း စသည့်ကိစ္စများ ခွင့်မပြုခဲ့ကြပါ။

ပညာရေး စနစ်တွင်လည်း နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင် ကျောင်းများ၊ ခရစ်ယာန် သာသနာပြု ကျောင်းများပါ ရှိသဖြင့် မိမိတို့ ကြိုက်ရာ ကျောင်းတွင် သင်ကြားနိုင်ခဲ့ကြပါသည်။ တက္ကသိုလ် ၀င်တန်းအောင်လျှင် တက္ကသိုလ်တွင် မိမိစိတ်ကြိုက် ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါသည်။ စာမေးပွဲ အောင်မအောင်၊ မိမိ ရည်မှန်းရာ ဘွဲ့ရမရမှာ ကြိုးစားမှုနှင့် ကံအပေါ်မှာ မူတည်ပါသည်။

စာတော်သူ အများစုမှာလည်း မိမိတို့ စိတ်မပါပါက ဆရာဝန် အင်ဂျင်နီယာ စသော ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို မိမိတို့ စိတ်ကြိုက် ဘာသာရပ်ဖြင့် တက်ရောက် သင်ကြားကြ ပါသည်။

ဤသို့ဖြင့် ၀ိဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ် စသည်တို့တွင် တကယ် စိတ်ပါသူများသာ တက်ရောက် ဘွဲ့ယူခဲ့ကြပြီး၊ 'တကယ် တတ်သူက တတ်လိုသူကို ပညာသင်ပေး' သော ခေတ်နှင့် စနစ် ဖြစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာပြီး ၁၉၆၃ ခုနှစ် ဇူလိုင်လ ၇ ရက် ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြုကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးရုံနှင့် အားမရသေးဘဲ အာဏာရှင် ဗိုလ်နေ၀င်းက 'ဓားကို ဓားချင်း၊ လှံကိုလှံချင်း' ရင်ဆိုင်ရန် အသင့်ရှိသည် ဟု 'လူမိုက် ဓားကြိမ်း ကြိမ်း' ခဲ့ပါသည်။

သို့သော် ကျောင်းသား လှုပ်ရှားမှုမှာ ရပ်တံ့မသွားဘဲ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိလာရာ စစ်အာဏာပိုင်တို့က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ၀ိဇာ မဟာဌာန၊ သိပ္ပံ မဟာဌာနနှင့် လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွားရေး တက္ကသိုလ်) တို့ကို ရက်အကန့်သတ်မရှိ ပိတ်ပစ်လိုက်ပြီး၊ ဆေးပညာ မဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနှင့် ပညာရေး မဟာဌာနတို့ကိုမူ ဆက်လက် ဖွင့်ထားခဲ့ပါသည်။

ဤကား ကျောင်းသားများကို သွေးခွဲအုပ်ချုပ်လိုက်ခြင်း (divided and rule) ၏ အစ ပထမပေတည်း။

သို့သော် ကျောင်းသား ဆန္ဒပြမှုများမှာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနှင့် ဂျီတီအိုင်ခေါ် အစိုးရ စက်မှု လက်မှု သိပ္ပံအထိ ကူးစက်သွား၍ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာ မဟာဌာနနှင့် စိုက်ပျိုးရေး မဟာဌာနမှ လွဲပြီး ကျန်ဌာန အားလုံးကို တနှစ်နီးပါး ပိတ်ထားခဲ့သည်။

ကျောင်းသားများ ငြိမ်ဝပ်ပိပြားရေး အတွက် ဗိုလ်နေ၀င်းက ပညာရေးဌာန အတွင်းဝန် (နောင် ပညာရေးဝန်ကြီး ဖြစ်လာသူ) ဒေါက်တာညီညီကို တာဝန်ပေးလိုက်သည်။ ဒေါက်တာညီညီနှင့် အပေါင်းအပါများကလည်း 'ဗောင်းတော်ငြိမ့် စိတ်တော်သိ' ပြီး၊ တိုင်းပြည်နောင်ရေး ဘာဖြစ်ဖြစ် မိမိတို့ လူစု 'စစ်အာဏာရှင် လက်ကျန် အရိုးအရင်း စားရနည်းလား' ဟူသော တကိုယ်ကောင်း စိတ်ဖြင့် 'စနစ်သစ် ပညာရေးကြီး' ကို အကောင်အထည် ဖော်လိုက်ကြပါတော့သည်။

၎င်း စနစ်သစ် ပညာရေးကြီးတွင်

(၁) ယခင် မဟာဌာနများကို institute ခေါ် တဘာသာသင် (၀ါ) ပညာရပ် တခုတည်းကို သင်ပေးသော တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲ ဖွင့်လှစ်ရန် (ကျောင်းများ ကွဲသွားခြင်းဖြင့် ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။

(၂) အမှတ် အများဆုံး ရသူများကို ဆေးပညာ မဟာဌာန တဖြစ်လဲ ဆေးတက္ကသိုလ်များသို့ ၀င်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တဖြစ်လဲ စက်မှု တက္ကသိုလ်သို့ တက်ခွင့်ပြုရန် (ဤနည်းဖြင့် ကျောင်းသားများ တဦးကို တဦး ငုံ့ကြည့်ကြပြီူး သွေးကွဲသွားစေရန်)။

ဤနည်းမှာ နောင်တွင် ထိရောက်သင့်သလောက် ထိရောက်သွားပါသည်။ ဆေးတက္ကသိုလ် ကျောင်းသားများက ၀ိဇာနှင့် သိပ္ပံတက္ကသိုလ်ကို အမှိုက်ပုံးဟု နောက်ပြောင် ခေါ်ကြပါတော့သည်။ တခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းတွင် ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘော အသင်းနှင့် ၀ိဇာနှင့် သိပံ္ပ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကြရာတွင် ၀ိဇာနှင့် သိပ္ပံ ကျောင်းသားများက 'ဆရာမတွေ လင်လိုချင် သမိုင်းကွင်းကိုဝင်' ဟု စကြရာ ဆရာမလောင်းများက 'RASU ကျောင်းသား မစဉ်းစား၊ ပျာတာ ခိုင်းဖို့ထား' ဟု ပြန်နှိမ်ကြပါသည်။

(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီးကို အအောင်ပေးရန်။ ၄င်းနည်းကြောင့် တက္ကသိုလ်များမှာ ဘွဲ့လက်မှတ် ထုတ်ပေးသည့် စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီး၊ ၄င်းဘွဲ့ရများမှာ တက္ကသိုလ်ဆရာ ဖြစ်လာသောအခါ 'မတတ်သူက မသိသူကို သင်ပေး' သည့်အတွက် ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျ သွားပါတော့သည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ စာရေးသူသည် ၁၉၇၀ ခုနှစ်က တချိန်က မိမိ၏ ဆရာဖြစ်ခဲ့ဖူးသော ပါမောက္ခကြီး တဦးကို တင်ပြခဲ့ဖူးပါသည်။ "ဆရာရယ် ကျွန်တော်တို့ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့ ထိသွားရတဲပ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ ခုခေတ် ကျောင်းသားတွေထက် အများကြီးသာပါတယ်" ဟု ပြောလိုက်ရာ ပါမောက္ခကြီးက "ဒါတော့ ငါလည်း ဘာတတ်နိုင်မလဲကွ၊ ပေါ်လစီက ဒီလို ဖြစ်နေတာကိုး" ဟု ပြန်ဖြေပါသည်။

စာရေးသူက ထပ်ပြီး "ဆရာတို့ ဒီကိစ္စကို ဆွေးနွေးကြဖို့ တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်" ဟု ပြောလိုက်ရာ ဆရာကြီးက "ဟေ့ကောင် ငါ့ကို အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီး အနှိပ်စက်ခံရအောင် မင်းက ချောက်တွန်း နေတာလား" ဟုသာ ပြန်ပြောရှာပါတော့သည်။

(၄) ကျောင်းသားများ ဆန္ဒမပြလျှင် ပြီးရော၊ ကျောင်းတက်တက် မတက်တက်၊ ဖဲရိုက်၊ အရက်သောက်။ ဆေးခြောက်ရှု၊ နံပါတ်ဖိုး ထိုးနေကြသော်လည်း မမြင်ဟန် ဆောင်နေရန်။ ၄င်း အချက်ကြောင့် HIV Positive ဖြစ်သူ များလာခြင်း။

(၅) ဒေါက်တာညီညီက အခမ်းအနားတခုတွင် မိန့်ခွန်းချွေလိုက်ပုံမှာ 'ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်နေပြီ ဖြစ်လို့ အမြတ်ကြီးစားစနစ် ဦးစားပေးတဲ့ ဘဲဥတဒါဇင်ကို တကျပ်ဖြင့် ၀ယ်ပြီး တလုံးကို ၁၀ပြားဖြင့် ပြန်ရောင်းသော် မည်မျှ မြတ်မည်နည်း'ဆိုတဲ့ ဂဏန်းသင်္ချာမျိုး၊ လောကသာရပျို့ပါ 'ကြွက်သေတခု အရင်းပြု၍ ကြွယ်မှုတတ်ဆုံး သူဌေးထုံးကို နှလုံးမူလျက် ကြံစည်လျက်ဖြင့် သူ့ထက်ကဲလွန် ကြွယ်စေမင်း' ဆိုတဲ့ လင်္ကာမျိုးကို မသင်စေတော့ဖို့ ညွန်ကြားထားပါတယ် ဟူသတည်း။

ရှေးရိုး မြန်မာ့စဉ်လာ ဆိုစကားမှာမူ 'ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင် ရှုံးမည်မှတ်' ဟု အတိအကျ ဆိုထားပါသည်။ ၁၉၈၇ ခုနှစ်တွင် ဒေ၀ါလီခံပြီး LDC (ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းဝင်) အဖြစ် လျှောက်ထားခဲ့ရပြီး၊ ၁၉၈၈ ခုနှစ်တွင် လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာသည်မှာ မဆန်းတော့ပါ။

(၆) တက္ကသိုလ်များတွင် ယခင်က အင်္ဂလိပ်ဘာသာဖြင့် သင်နေရာမှ မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ယူစေရာတွင် ဝေါဟာရများကို မြန်မာလို မည်သို့ ခေါ်သည်ကို ဘာသာပြန်ဆိုသူ ဆရာများကိုယ်တိုင် အသေအချာ မတွေးနိုင်တော့ဘဲ သင့်သလို ဘာသာပြန်လိုက်ရာမှ မြန်မာစကားကို မြန်မာတို့ နားမလည်နိုင်သော ဝေါဟာရသစ်များ ထွက်ပေါ်လာသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ကွယ်လွန်သူ မြန်မာစာ ပါမောက္ခဟောင်း ဦးဝန် ခေါ် ဆရာကြီး မင်းသုဝဏ် က အကျယ် ရေးခဲ့ပါပြီ။ ယခု ဥပမာ နှစ်ခု တင်ပြပါမည်။

ပထမ တခုမှာ New Born Baby ကို ဆရာဝန်မကြီး တဦးက တိုက်ရိုက် 'ဖွားသစ်စ ကလေး' ဟု ဘာသာပြန်လိုက်ပါသည်။ မြန်မာ့ရိုးရာတွင်မူ 'မွေးကင်းစ ကလေး' ဟူသော စကား ရှိပြီး ဖြစ်ပါသည်။ 'မွေးဖွားခြင်းမှ ကင်းလွတ်စ ကလေး' ဟု အဓိပ္ပါယ် ရပါသည်။ တောအရပ်ရှိ မိရိုးဖလာ လက်သည် အဒေါ်ကြီးများ ကြားလျှင် "တွေ့ဘူးပေါင်တော်၊ ကြုံဖူးပေါင် ကြားဘူးပေါင်တော်။ ဖွားသစ်စက ကလးရယ်လို့၊ မွေးကင်းစ ကလေးပဲ ကြားဖူးပါရဲ့" ဟု ပြောကြမည်မှာ မချွတ်။

ဒုတိယ ဥပမာ။ သိပ္ပံနှင့် အင်ဂျင်နီယာ အတတ်တို့တွင် သုံးသော Adsorption ဆိုသော စကားလုံးကို မြန်မာလို တိုက်ရိုက် 'ကယ်တင်ခြင်း' ဟု ဘာသာပြန်လိုက်ကြသည်။ ၄င်း ဘာသာပြန်သူ ဆရာကြီးနှင့် စာရေးသူတို့ ၄င်း၏ ကားဖြင့် သွားရာတွင် မိုးတွင်း မိုးရွာပြီး ကားရှေ့မှန်တွင် ရေနွေးငွေ့များ ရိုက်နေပြီး ရှေ့ကို မမြင်ရတော့ပါ။ ထိုအခါ အဆိုပါ ပါမောက္ခကြီးက "ဟေ့ကောင် ရှေ့မှန် ရေငွေ့ရိုက်နေပြီ၊ ဘာမှ မမြင်ရတော့ဘူး။ အ၀တ်နဲ့ သုတ်ပါဦးကွ။ တော်တော်ကြာ ကားတိုက်ပြီး မင်းရော ငါပါ ကြွသွားလိမ့်မယ်" ဟု ပြောပါသည်။

စာရေးသူက အ၀တ်ဖြင့် ရေငွေ့များကို သုတ်ရင်း "ဆရာ ဒါ အင်္ဂလိပ်လို Adsorption ဖြစ်တာ မဟုတ်လား" ဟု မေးလိုက်ရာ ဆရာကြီးက "ဒါပေါ့ကွ" ဟု ဖြေပါသည်။ စာရေးသူက "ဒါကို ဆရာ ဘာကြောင့် ရေငွေ့တွေ ကပ်တင်နေတာလလို့ မပြောတာလဲ။ စာအုပ်တွေထဲမှာတော့ ကပ်တင်ခြင်းလို့ ဘာသာပြန်ထားတယ် မဟုတ်လား" ဟု မေးလိုက်ရာ ဆရာကြီးက "ဦးစံရှားလိုပေါ့ကွာ၊ မှားတဲ့အခါလည်း မှားပေမပေါ့" ဟုသာ ဆိုရှာပါသည်။

နောက်ဆုံး ၁၉၈၀ ခုနှစ်ကျော် ကာလများတွင် ဗိုလ်နေ၀င်း၏ အချစ်တော် သမီး ခင်စန္ဒာဝင်း စင်္ကာပူတွင် အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် စာမေးပွဲ ကျလေတော့မှ အာဏာရှင်ကြီး၏ တချက်လွှတ် အမိန့်ဖြင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ရပြန်တော့သည်။ အမှတ် (၇) တွင် ရှင်းပြပါမည်။

(၇) စစ်အစိုးရနှင့် '့မြန်မာ့ ဆင်းရဲမွဲတေမှု လမ်းစဉ်' တို့ကြောင့် ပညာတတ် အများစုမှာ ၁၉၇၀ ခုလောက်က စပြီး မြန်မာနိုင်ငံကို စွန့်ခွာကာ 'ရေကြည်ရာ မြက်နုရာ' ကို ရှာကြပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သော ပညာတော်သင် များထဲမှလည်း ၂၅ ရာခိုင်နှုန်းလောက်မှာ မြန်မာပြည်သို့ ပြန်မလာကြတော့ပါ။

ပြန်လာသူ ၇၅ ရာခိုင်နှုန်းလောက်ထဲမှလည်း တ၀က်လောက်မှာ အုပ်ချုပ်သူ စစ်ဗိုလ်များက အရပ်သားများကို 'ကျွန်နှင့် သခင်ပမာ ဆက်ဆံနေမှုကို မခံနိုင်တော့ဘဲ နိုင်ငံခြားသို့ ပြန်ထွက်ကုန်ကြပါသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဆရာကောင်း ရှားပါးကုန်ပြီး ပညာရည် အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာပါတော့သည်။

(၈) ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက သမိုင်းဘာသာရပ်သည် နိုင်ငံတိုင်းအတွက် အရေးကြီးသော ဘာသာရပ် ဖြစ်၍ 'မအအောင်၊ မတုံးအောင် သမိုင်းသင်ရတယ်' ဟု အဆိုအမိန့် ရှိခဲ့ဖူးပါသည်။

သို့သော် ဒေါက်တာညီညီ၏ စနစ်သစ် ပညာရေးအရ အမှတ်အနည်းဆုံး လူများကို သမိုင်း အဓိက သင်ရန် ပို့သဖြင့် အလွန်ဝါသနာပါ၍ စာကြိုးစားသူ တယောက်တလေမျှအပ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိက ဘာသာရပ်မှာလည်း ထိုနည်း ဖြစ်သွားပါသည်။

(၉) မြန်မာစာအတွက် ပို၍ ကံဆိုးသည်မှာ အာဏာရှင် ဗိုလ်နေ၀င်း မြန်မာစာ ကော်မရှင်တွင် နာယက တက်လုပ်ပြီး သတ်ပုံ သဒ္ဒါတို့ကို ၄င်း၏ စိတ်တိုင်းကျ ရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်း။ အကျယ်ကို ဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်၍ ထပ်မရေးလိုတော့ပါ။

'တခါတရံ၊ လောကဓံ၊ ဆက်ဆံကိုလည်း၊ သေးသေးတင်' ဟူသော က၀ိလက္ခဏာ သတ်ပုံလင်္ကာနှင့် ဗိုလ်နေ၀င်း၏ တနှင့် တစ်ရေးထုံးကို နှိုင်းယှဉ်ကြည့်ကြပါဟုသာ ဆိုချင်ပါသည်။ တပင်ရွှေထီး ဘုရင်ကို တစ်ပင်ရွှေထီး ဟုများ ရေးနေကြပြီလား မသိပါ။

မြန်မာပြည်တွင်းမှ လူများမှာ ဓားဂုတ်ပေါ်ဝဲပြီး သုံးခိုင်းနေ၍ ၄င်း သတ်ပုံကြမ်းကို သုံးနေရသည်ကို နားလည်နိုင်ပါသည်။ သို့သော် ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်သည့် သတင်းစာ ဂျာနယ် စသည်တို့တွင် ၄င်း သတ်ပုံကျမ်းအတိုင်း လိုက်နာ ရေးနေကြသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပါသည်။ ဆရာကြီး ကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်သည်အထိ စစ်အစိုးရ သတ်ပုံကျမ်းကို သပိတ်မှောက်ပြီး က၀ိလက္ခဏာ သတ်ပုံညွှန်းအတိုင်းသာ ရေးသားခဲ့ပါသည်။ ဤနေရာတွင် ပြည်ပရောက် မြန်မာများ Oversea Chinese တို့ကို စံနမူနာ ယူသင့်ပါသည်။

တရုတ်ပြည်ကြီးမှာ နာမည်များကို Latin အက္ခရာဖြင့် ရေးရာတွင် ၁၉၇၈ လောက်မှစ၍ တြိဝဏ (Tri Syllabic) ဖြင့် ရေးနေရာမှ ဒွိဝဏ (Di Syllabic) သို့ ပြောင်းလိုက်ပါသည်။ ဥပမာ Teng Shiao Peng မှ Deng Shiaobeng သို့ ပြောင်းရေးပါသည်။ သို့သော် ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူနှင့် အခြားနေရာများရှိ တရုတ်များက ရှေးရိုးစဉ် တြိဝဏ ဖြင့်သာ ဆက်၍ ရေးနေကြပါသည်။ ဥပမာ စင်္ကာပူ တရုတ်နာမည်များ (Lee Kwan Yew စသဖြင့်) ပြည်ပရောက် မြန်မာများ အားလုံး ဗိုလ်နေ၀င်း ထင်ရာစိုင်းထားသည့် သတ်ပုံကျမ်းကို သပိတ်မှောက်သင့်သည်ဟု ရိုးသားစွာ ထင်ပါသည်။

ကိုလိုနီခေတ်ကရော မြန်မာဘုရင် ခေတ်ကပါ အင်္ဂလိပ်စကား Tactic ကို ပရိယာယ်ေ၀၀ုစ်၊ Strategy ကို သေနင်္ဂဗျူဟာ ဟု စစ်ပရိယာယ် ဟု ဘာသာပြန်ခဲ့ကြပါသည်။ မြန်မာတိုင်း နားလည်သော စကားလုံးများ ဖြစ်ကြပါသည်။


က၀ိလက္ခဏာ သတ်ပုံဆရာက 'မင်းပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ' ဟု သုံးခဲ့ပါသည်။ ရာဇပရိယာယ် ဟုလည်း သုံးတတ်ကြပါသည်။ နာမည်ကျော် အဆိုတော်ကြီး မာမာအေးက ၁၉၆၀ ခုနှစ်လောက်က သီဆိုခဲ့သော 'မေ့ကွက်ကိုရှာ' သီချင်းတွင်လည်း 'ချစ်ပရိယာယ်ကို သိသလိုလိုနဲ့' ဟူသော စာပိုဒ်ပါပါသည်။

လွတ်လပ်ရေး ခေတ်ဦးပိုင်းလောက်က လက်ဝဲသမားများက Tactic ကို နည်းဗျူဟာဟု၊ Strategy ကို မဟာဗျူဟာ ဟုပြန်လိုက်ကြပြီး နိုင်ငံရေး စာအုပ်များတွင် သုံးစွဲနေကြသည်။ မှားသည်တော့ မဆိုလိုပါ။ သို့သော်လည်း မြန်မာစကား မြန်မာ နားလည်ရန် ခက်သော ဝေါဟာရများ၊ ခက်ဆစ် အဓိပ္ပါယ် ထုတ်ပေးရမည့် ဝေါဟာရများ ဖြစ်နေမည်ကတော့ မလွယ်ပါ။ စစ်ကြိုခေတ်က အဆိုတော်ကြီး ပြည်လှဖေနှင့် ဒေါ်မေရှင် တို့ သီဆိုခဲ့သော ယခုခေတ်တိုင် ရေပန်းစားနေသည့် 'ချစ်ဗျူဟာ' ဆိုသော သီချင်းလည်း ရှိပါသည်။

နိဂုံးချုပ်အားဖြင့် မြန်မာ့ပညာရေးနှင့် မြန်မာစာ အဆင့်အတန်း လုံးဝကျဆင်းသွားရခြင်းမှာ '၀မရှိဘဲ ၀ိလုပ်ချင်' 'မတတ်ဘဲနှင့် ဆရာတက်လုပ်ချင်သော ဗိုလ်နေ၀င်းနှင့် နောက်လိုက်နောက်ပါ ဗာလာနံ စစ်ကဲများ ၀န်ကြီး ဖြစ်ချင်သော ဒေါက်တာညီညီနှင့် နောက်လိုက် နောက်ပါများ၏ 'မဟာကျေးဇူးတော်ကြီးများကြောင့်သာ ဖြစ်လေတော့ရာ ယင်း 'ပုဂ္ဂိုလ်ကြီး' များကိုသာ တရားခံအဖြစ် လက်ညှိုး ထိုးပြရတော့မည် ဖြစ်ပါကြောင်း။

လောကပါလ နတ်မင်း

(ရခိုင်အမျိုးသား သတင်းစာမှ ကူးယူဖော်ပြသည်။)

Posted: 29 May 2011 09:08 AM PDT



မည်သူမျှ မည်သည့်ပါတီကိုမှကိုယ်စားမပြုဘဲ အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သတ်၍ မိမိတို့၏ကိုယ်ပိုင်သဘောဆန္ဒများကိုထုတ်ဖော်ဆန္ဒပြကြမည်။
Nay Wai facebookမှ

Posted: 29 May 2011 08:26 AM PDT




ဘုရား သော်မှ ငြင်းမရ

၂၉.၅.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နယကဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် (၆၉)နှစ်၊ ၀ါတော် (၄၉)၀ါ၏ အန္တိမဈာပန အခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်အထူးယာဉ် ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီ ဖေးမခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဂျပန်နိုင်ငံ၌ အသုံးပြုလျှက်ရှိသော အထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အခြားနိဗ္ဗာန်ယာဉ်များအား အသင်းရှိမော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များသည် နေ့စဉ် နေ့တိုင်း ဆီ၊ ရေ၊ မီး စသဖြင့် စက်မှုပိုင်းဆိုင်ရာကိစ္စရပ်များအား စက်ပြင်အဖွဲ့အား စစ်ဆေးမှုများ ခိုင်းစေ ပြုလုပ်ပေးလျှက်ရှိသည်။ သို့ရာတွင် ယခု သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော် အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နယကဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် (၆၉)နှစ်၊ ၀ါတော် (၄၉)၀ါ၏ အန္တိမဈာပန အခမ်းအနားသယ်ဆောင်ရာ လမ်းကြောင်းတွင် ယင်းအထူးနိဗ္ဗာန်ယာဉ်ကြီးမှာ စက်ချို့ယွင်း၍ ထိုးရပ်သွားတော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တယ်လီဖုန်း ဆက်သွယ်၍ အထူးနိဗ္ဗာန်ယာဉ် နောက်တစ်စီးအား အမြန်လာရောက်ပို့ဆောင်မှုကို ပြုလုပ်ရတော့ သည်။ ထပ်မံ၍ ရောက်ရှိလာသော အထူးနိဗ္ဗာန်ယာဉ်ပေါ်သို့ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ထပ်မံပြောင်းရွှေ့ ပင့်ဆောင်၍ ရေဝေးသုဿန်သို့ သယ်ဆောင်ကာ အန္တိမဈာပန မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။

ဘုရား သော်မှ ငြင်းမရ … မင်းကဘာမို့လဲဟု … အမြဲဆင်ခြင်နေလိုပါသည်။ (သုခ)

ယင်းဖြစ်ရပ်သည် သက်ရှိလူသားများတွင် မည်မျှပင်စည်းစိမ်ဥစ္စာ ကြွယ်ဝ ကြွယ်ဝ၊ မည်မျှပင် တန်ခိုးအာဏာရှိ ရှိ၊ မည်မျှပင်ကျန်းမာရေးကို လိုက်စား လိုက်စား . . . နောက်ဆုံး၌ အနိစ္စတရားအား မလွန်ဆန်ပေ။ ထို့အတူ သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းများသည်လည်း မည်မျှပင်ခေတ်မီ ခေတ်မီ၊ မည်မျှပင် နည်းပညာတိုးတက် တိုးတက်၊ မည်မျှပင် အကြမ်းခံ ခံ၊ မည်မျှပင်ထိန်းသိမ်း ထိန်းသိမ်း . . . နောက်ဆုံးတော့ ပျက်စီးယိုယွင်းရမည်မှာ ဓမ္မတာပင် ဖြစ်တော့သည်ဟု မျက်မြင်ကိုယ်တွေ့ သံဝေဂ ရမိပါတော့သည်။

ကျော်သူ