Posted: 20 May 2011 11:26 AM PDT အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးတို့သည် ၁၉၊၅၊၂၀၁၁ ရက်နေ့ တွင် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး. ၂၀၊၅၊၂၀၁၁ ရက် ည ၁၁း၅၀ အချိန်တွင် နယူးဒေလီ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။ နယူးဒေလီလေဆိပ်သို့ (NCGUB)မှ ဝန်ကြီးဒေါက်တာတင့်ဆွေနှင့် နယူးဒေလီမြို့ပေါ်ရှိ မြန်မာအသိုင်းဝိုင်းမှ သောင်းသောင်းဖြဖြ သွားရောက် ကြိုဆိုခဲ့ကြပါသည်။ ပေးပို့ပေးတဲ့ ညီငယ် စည်သူအား ကျေးဇူးတင်ပါသည်....။ သတင်းအသေးစိတ် ပြန်ဖတ်ချင်ရင်... (Click) |
Posted: 20 May 2011 09:50 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဌာနနှင့် ပြင်ပဓါတ်ပုံအနုပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုအဖြစ် " အလင်းနှင့်ရေးတဲ့ပန်းချီ " (Sketching with Light) ဓါတ်ပုံပြပွဲကို ပထမဆုံးအကြိမ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြပွဲတွင် လူငယ်အမျိုးသမီး ဓါတ်ပုံပညာရှင်(၄)ဦး အပါအ၀င် ဓါတ်ပုံအနုပညာရှင် စုစုပေါင်း(၃၇)ဦးမှ ၎င်းတို့၏ဓါတ်ပုံများကို ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပြပွဲတွင်ရောင်းချရရှိငွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုရေး လုပ်ငန်းများအတွက် လှုဒါန်းသွားကြမည်ဖြစ်သည်။ |
Monday, 23 May 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment