အဆစ် အမျက် ရောင်ရောဂါ (osteoarthritis) ကြောင့် လူသန်း ပေါင်းများ
စွာမှာ ဒူးဆစ် နာကျင်မှုဝေ ဒနာ (knee pain) ကို ခံစားနေ ကြရတယ်။ ဆေးဝါးကုသ
မှုများ အနေနှင့် ကိုယ် အလေးချိန်ချ ခြင်းမှသည် စတီး ရွိုက်ထိုး ဆေးများ
ထိုးခြင်းနှင့် ခွဲစိတ် ကုသမှု အထိ အမျိုးမျိုး ရှိပါတယ်။ သို့ပေမယ့်
သုတေသီ တို့က အစား အသောက်များ ညီညွတ် မျှတအောင် စားသုံးခြင်း ဖြင့်
ဒူးဆစ်နာခြင်းကို ပိုမို သက်သာ ကောင်းမွန် အောင် လုပ်နိုင်ပါတယ်လို့
အကြံပေးပါတယ်။
သစ်သီးဝလံများ
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်း လေ့လာမှုမှာ သစ်သီးဝလံစားခြင်းက
ရိုးတွင်းခြင်ဆီပျက်စီးခြင်း (bone marrow lesions) ကို လျော့ကျနိုင်
ကြောင်း တွေ့ရှိခဲ့တယ်။ ရိုးတွင်းခြင်ဆီ ပျက်စီးခြင်းက ဒူးဆစ်
ရောင်ရမ်းနာရဲ့ အမှတ်အသားတစ်ခုပဲ ဖြစ်တယ်။ ဒူးဆစ်နာအတွက် ကောင်းတဲ့
သစ်သီး ဝလံတွေကတော့ ဗီတာမင် C ဓာတ် ကြွယ်ဝတဲ့ လိမ္မော်သီး၊ ကီဝီသီး၊
သရက်သီး၊ ရှောက်ခါးသီး (ဂရိတ်ဖရု) နှင့် သင်္ဘောသီး စသည်တို့ ဖြစ်တယ်။
ပဲပီစပ် ၊ပဲပုပ် (soy)
အိုကလာဝါးမာတက္ကသိုလ်မှ သုတေသီတွေပြုလုပ်ခဲ့တဲ့ သုတေသန အရ ပရိုတင်း ၄၀
ဂရမ်ပါတဲ့ ပဲပိစပ် အမှုန့်ဖျော်ရည်ကို နေ့စဥင်္ သုံးလကြာ
အောင်စားခဲ့သူများမှာ ဒူးဆစ်နာအဖြစ် နည်းပြီး သောက်ရသည့် ဆေးပမာဏ
ပိုနည်းကြောင်း အစီရင်ခံတယ်။ ပဲပိစပ်နို့ရည်(soy milk)၊ ပဲပိစပ်
ပဲတောင့်စိမ်းများနှင့် ပဲပိစပ်ပါ၊ ဘာဂါ မုန့်များဆီမှလည်း အလားတူ အကျိုး
ကျေးဇူးများ ရရှိနိုင်ပါတယ်လို့ လေ့လာခြင်းစာတမ်းရေးသူ ဘာရမ်း အာမန်ဒီက
ပြောပါတယ်။
ငါးများ
ငါးထဲမှာပါတဲ့ အိုမီဂါ(၃) အဆီ အက်စစ်များက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့
ဓာတုပစ္စည်းများကို တား ဆီးရုံမျှမက ဒူးအရိုးနုကို ယိုယွင်းပျက် စီးစေတဲ့
ပရိုတင်းများကိုပါ တားဆီး ပိတ်ပင်ကြောင်း လေ့လာမှုတစ်ရပ်က ညွှန်းဆိုတယ်။
အဆီပါတဲ့ မက္ကာရယ်လ် ငါး၊ ဒါမှမဟုတ် ဆယ်လ်မွန်ငါးကို ရက် သတ္တပတ်လျှင်
၂ပွဲစာ စားပေးပါ။ ဒါမှမဟုတ် အိုမီဂါ(၃) အဆီ ၁ဂရမ်ပါ တဲ့
ဆေးတောင့်ပျော့ကို နေ့စဉ် သောက်ပါလို့ သုတေသီအာသီမစ် ဆီမိုပေါလိုက
ပြောပါတယ်။
No comments:
Post a Comment