Sunday, 19 June 2011



ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် တွေ့ဆုံဂါရဝပြု.....

Posted: 18 Jun 2011 12:38 AM PDT

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၇ ရက်နေ့က တွေ့ဆုံ စကားပြောဆိုခဲ့ကြကြောင်း သိရသည်။ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်ရှိ ဆရာလူထုစိန်ဝင်း၏ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် နှစ်ဦးစလုံး အတွက် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းဒေါ်ခင်ကြည် ဈာပန၌ တွေ့ဆုံခဲ့ဖူးသော်လည်း စကားပြောဆိုခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။

ယခု တွေ့ဆုံမှုတွင် ဆရာလူထုစိန်ဝင်း၏ ကျန်းမာရေး အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး နိုင်ငံရေး ဖြစ်စဉ်များ နှင့် ပတ်သက်၍ အမြင်ဖလှယ် ဆွေးနွေးမှုများကို မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီ ၁၀ မိနစ် အချိန်အထိ ပြုလုပ်ခဲ့ကြပါသည်။

သတင်းရင်းမြစ် http://www.facebook.com/ElevenMediaGroup 

ပကာသနမပါ၊ ဟိတ်ဟန်မပါတဲ့ တိုင်းပြည်အကျိုးကို အထူးလိုလားကြတဲ့ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တို့ရဲ့ တွေ့ဆုံပွဲ မြင်ကွင်းတွေပါပဲ...။ ဆရာကြီးလူထုစိန်ဝင်းရဲ့ ဝမ်းသာပိတိဟာ မျက်နှာပေါ်မှာ အထူးပေါ်လွင်နေပါတယ်..။ ရိုးရိုးလေးတွေ့ဆုံပွဲပါ.. နေရာဋ္ဌာနက အဓိကမဟုတ်ပဲ ရိုးသားပွင့်လင်းမှုက အဓိကဆိုတာ ဖော်ပြနေပါတယ်...။ ကျွန်တော်တို့ တိုင်းပြည်မှာ တချိန်တည်း တပြိုင်တည်းမှာ ကြယ်တွေ အမြန် လင်းလက်တောက်ပ စေချင်ပါပြီဗျာ...။ ကြယ်တွေ မြန်မြန်ဆုံနိုင်လေ ကျွန်တော်တို့ ပြည်သူတွေရဲ့  အနာဂတ် မျှော်လင့်ချက်တွေ ဘဝအာမခံချက်တွေဟာလည်း မြန်မြန်တောက်ပလေပါပဲ....။

ဒီမိုဝေယံ


သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာ့တက္ကသိုလ် ဖွင့်ပွဲအခမ်းအနား... (သတင်း၊ ဓာတ်ပုံ)

Posted: 17 Jun 2011 10:09 PM PDT

ရန်ကုန်တိုင်း၊ မြောက်/ဒဂုံမြို့နယ်ရှိ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ကြီးမှုးပြီး တည်ထောင် ဆောက်တည်ခဲ့သော သီတဂူကမ္ဘာ့ ဗုဒ္ဓသာသနာ့ တက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ဇွန်လ(၁၇)ရက် နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနှင့်ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မတီ ဥက္ကဌဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်/ဥက္ကလာပမြို့နယ် အမတ်ဦးအောင်သိန်းလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသူရဦးမြင့်မောင်၊ နိုင်ငံတကာသံအရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နံနက်(၁၀)အချိန်တွင် နိုင်ငံတော်ဒု-သမ္မတသီဟ သူရဦးတင်အောင်မြင့်ဦးမှ သီတဂူ ကမ္ဘာ့ဗုဒ္ဓ သာသနာ့တက္ကသိုလ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှ

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။ အခမ်းအနားတွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရမှ ကြွရောက်လာကြသော ဒါယကာ၊ ဒါယကာမများအား (၅)ပါးသီလချီးမြှင့်ပြီး ကမ္ဘာ့ဗုဒ္ဓသာသနာ့တက္ကသိုလ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှ ဆရာတော် အရှင်သူမြတ်များအား လှုဖွယ်ဝတ္ထုများ ဆပ်ကပ်လှုဒါန်းပြီး အခမ်းအနားကို နေ့လည်(၁၂)နာရီ အချိန်တွင် (ဗုဒ္ဓသာသနံစိရံတိဌတု) (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံသတင်း.... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်..
မြန်မာနိုင်ငံသားအချင်းချင်း အားလုံး တချိန်တည်းမှာ တနေရာတည်းမှာ ဆုံနိုင်ခွင့်မရှိတာ တစ်ခုကတော့ ဝမ်းနည်းဘွယ်ရာပါပဲ..။ မြန်မာနိုင်ငံရှိ သြဇာတိက္ကမရှိတဲ့ ဆရာတော်၊ သံဃာတော်မြတ်ကြီးများမှ နိုင်ငံနဲ့လူမျိုးရေးကို ရှေ့ရှူပြီး အမျိုးသားရင်ကြားစိရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါတယ်...။

ကရုဏာလက် မှ ကမ္ဘာမြေကိုကျေးဇူးဆပ်ခြင်း

Posted: 17 Jun 2011 10:56 AM PDT

စစ်ပွဲတွေ၊အက်တမ်ဗုံးတွေနဲ့ လောဘသားတွေကို ရာစုနှစ်ပေါင်း မရည်တွက်နိုင်လောက်အောင် ရင်နဲ့ လွယ်ထားရတဲ့ ကမ္ဘာမြေကြီး မကျန်းမမာ ဖြစ်လာနေတဲ့အတွက် ကျွန်တော်များ ကရုဏာလက် လူမှု အကျိုးပြုလူငယ်များ ကကျွန်တော်တို့ တတ်အားသရွေ့ ကမ္ဘာမြေကြီးကို ကျေးဇူးဆပ် ဆေးကုပေးနိုင်ဖို့ အတွက် ဂေဟဟိတ ဆိုနဲ့သူငယ်ချင်းတွေရဲ့ ကမ္ဘာမြေကြီးကို ဆေးကုကျေးဇူးဆပ်ပွဲမှာ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။ ပူးတွဲပါ ပုံများကတော့ ကျွန်တော်တို့ ကရုဏာလက်နဲ့ ဂေဟဟိတရဲ့ ကမ္ဘာမြေကို ကျေးဇူးဆပ်ပွဲလေးရဲ့ မှတ်တမ်း ဓါတ်ပုံလေးတွေပါ။ သစ်တပင်ကောင်းရင် ငှက်တသောင်း နားနိုင်တယ်လို့ ဆိုရိုးစကား ရှိပါတယ်။ ဒါကြောင့် လူပီသတဲ့ သမိုင်းကို ကျေပွန်နိုင်ကြပါစေ....။

ကရုဏာလက် လူမှုအကျိုးပြုလူငယ်များ



You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment