Saturday, 11 June 2011
ဆလိုင်းတင်မောင်ဦး မှ အဆက် (၅)
၁၉၇၆ မတ်လ (၂၃)ရက်
မှိုင်းရာပြည့် အရေးအခင်း။
သခင်ကိုယ်တော်မှိုင်းရဲ့  ရာပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားခြေရင်းက သခင်ကိုယ်တော်
မှိုင်းအုတ်ဂူဆီကိုချီတက်ဂါရဝပြုကြဘို့ မြေအောက်ကျောင်းသားသမဂ္ဂ တက္ကသိုလ်များ ရန်ကုန်ကစီစဉ်ထား
ပြီးဖြစ်သလို တခြားကျောင်းသားအဖွဲ့ အစည်းတွေကလည်းသူတို့ နည်းသူတို့ ဟန်နဲ့ စီစဉ်ထားကြတယ်။
မြေအောက်ကျောင်းသားသမဂ္ဂတက္ကသိုလ်များရန်ကုန်ဟာ တိုက်ပွဲအတွေ့ အကြုံရင့်ကျက်ခဲ့ တဲ့ ဝါရင့်ခွတ်
ဒေါင်း (ကိုနေဝင့်မော်)ကိုယ်တိုင်ဦးဆောင်ခဲ့ ပြီး အများအားဖြင့်အဲ ဒီ့ ကာလမှာ မော်စကိုပြန်လို့ ရေပန်းစား
ခေါ်ဝေါ်သမုတ်ကြတဲ့ ဦးသန့် အရေးအခင်းမှာ အဖမ်းခံကြရပြီး အင်းစိန်ထောင်ကနေ ပြန်လွတ်လာကြတဲ့ 
တက္ကသိုလ်ပေါင်းစုံက ထောင်ထွက်တွေနဲ့ ဖွဲ့ စည်းထားတာဖြစ်တယ်။ 
၁၉၇၅ ဇွန်လ ကာလမြေအောက်လှုပ်ရှားမှု တွေမှာ လက်ဝဲကျောင်းသားသမဂ္ဂ ဆိုတဲ့ အမည်အောက်မှာ
လှုပ်ရှားခဲ့ ကြတဲ့ သူတွေဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရာပြည့် နီးကပ်လာတဲ့ အခါမှာ စက်မှု တက္က
သိုလ်က အစဉ်အလာကြီးမားခဲ့ တဲ့ ခွတ်ဒေါင်းရဲဘော် ကဗျာဆရာကိုတင်အေးကြူ တို့ အုပ်စုနဲ့ ပေါင်းမိ
ခဲ့ ကြပါတယ်။ ကလောင်အမည် ညိုမှိုင်းလွင် ဖြစ်တဲ့ ကိုတင်အေးကြူကို ကျောင်းသားလောကမှာ မှိုင်းကြီး
လို့ လူသိများခဲ့ ပါတယ်။ ကိုတင်အေးကြူဟာ ၁၉၇၄ ဇွန်လ(၆)ရက် အလုပ်သမားတိုက်ပွဲ မှာ တက်တက်
ကြွကြွ ပါဝင်ခဲ့ ပြီး နောက်ပိုင်းမှာ ပျောက်ဆုံးနေခဲ့ တဲ့ အတွက် ခွတ်ဒေါင်းရဲဘော်တွေက အလုပ်သမား
တိုက်ပွဲမှာ ကျဆုံးသွားခဲ့ တယ်လို့ ယူဆခဲ့ ကြပါတယ်။ မှိုင်းကြီး အမှတ်တရ ကဗျာတွေ စက်မှု တက္ကသိုလ်
မှာလျှိဝှက်ဖြန့် ဝေပြီး ဂုဏ်ပြုခဲ့ ကြတယ်။ မှိုင်းရာပြည့် နီးကာမှ ကိုတင်အေးကြူတယောက် ဘွားကနဲ ပြန်
ပေါ်လာတော့ အားလုံး အံအားလည်းသင့် ပျော်လည်းပျော်ခဲ့ ကြပါတယ်။ ဒီကာလတွေမှာ ကိုတင်အေးကြူ
ဟာ ပြည်သူတွေရဲ့ ရင်ခွင်ထဲမှာ ခိုလှုံတိမ်းရှောင်နေခဲ့ တယ်ဆိုတာကိုသိရတော့ ဝမ်းပမ်းတသာကြိုဆို
လိုက်ကြပါတယ်။ မတ်လ (၂၃) ရက်နေ့ မနက်စောစော ၈နာရီလောက်က စပြီး စာတွေပို့ ၊ ပိုစ့် စကဒ်တွေ
ကြိုတင်ဖြန့် ဝေ တပ်လှန့် ထားပြီးဖြစ်တဲ့ အတိုင်း စက်မှုတက္ကသိုလ်ရဲ့ ဆင်ဝင်အောက်မှာ ကျောင်းသား
ထု စုရုံးနေကြပြီဖြစ်တယ်။ ကျောင်းသားထုထဲမှာတော့ ချီတက်ပွဲကို ဦးဆောင်ဖို့ ရွေးချယ်ထားပြီးဖြစ်တဲ့ 
ကိုတင်အေးကြူနဲ့ အတူ ကိုသန်းလင်း၊ ကိုဝင်းမြင့် (နောင်တွင်ဝင်းမင်းထွေး ကလောင်နံမည်ဖြင့်စတီရီယို
သီချင်းများရေးသည်)၊ ကိုမောင်မောင် (မန္တလေး ..ကိုခင်မောင်တိုးသီချင်းများ ကိုရေးသားသူဖြစ်လာသူ)
ကိုတင်အောင်နှင့်ကျနော်တို့ တတွေ နေရာယူထားကြပြီးဖြစ်တယ်။ အဲဒီမနက် စက်မှုတက္ကသိုလ်ရဲ့ ဆင်
ဝင်အောက်မှာ စုရုံးလာကြတဲ့ ကျောင်းသားထုဟာ ကျောင်းဆင်ဝင်အောက်ရှိ အဲဒီနေ့  အစိုးရထုတ်
သတင်းစာတွေကို ဝိုင်အုံဖတ်ရှူရင်း စိတ်လှုပ်ရှားကြရတဲ့ အကြောင်းတခုကတော့ ကျောင်းသားခေါင်း
ဆောင် ဆလိုင်းတင်မောင်ဦး နဲ့ ကိုမြင့်စိုး ကိုသခင်ကိုယ်တော်မှိုင်း ရာပြည့် ချီတက်ဆန္ဒပြပွဲကို ဖန်တည်း
ဦးဆောင်ဘို့ အတွက် မြေအောက်ကနေ ပြန်အလာမှာ ဆန္ဒပြပွဲမှာ အသုံးပြုဘို့ အတွက် လုပ်ထားတဲ့ ခေါင်း
စည်းများနဲ့ အတူ မနေ့ ညက ဖမ်းဆီးရမိကြောင်း ဓါတ်ပုံများနှင့်အတူ သတင်းစာခေါင်းကြီးပိုင်း မှာပါလာ
တာဖြစ်ပါတယ်။  ကျောင်းသားထုထဲက တော်တော်များများက ခေါင်းဆောင်တွေအဖမ်းခံရလို့ ချီတက်ပွဲ
ကြီး ဘယ်လို ဖြစ်မယ်ဆိုတာဝေခွဲမရဖြစ်နေချိန်မှာဘဲ သတ်မှတ်ထားတဲ့ အချိန်ရောက်တော့ ကိုသန်းလင်း
က စတင်ပြီးကြွေးကြော်သံတွေကို စတင်ဖြန့် ဝေလိုက်တဲ့ အချိန်မှာအားလုံးအုတ်အုတ်ကြွက်ကြွက်ဖြစ်သွား
ကြတယ်။ ကိုတင်အေးကြူက စတင်ပြီး ကြွေးကြော်သံတွေကို ဖတ်ကြားသွားပြီး သခင်ကိုယ်တော်မှိုင်းအုတ်
ကြော်သံများ အဆိုတင်သွင်းလိုသူရှိပါက အဆိုတင်သွင်းပါရန် ဖိတ်ခေါ်လိုက်ပါတယ်။
ကျောင်းသားထဲမှ တစ်စုံတစ်ရာအဆိုတင်သွင်းသူမှု့ မရှိတဲ့ အတွက်ဖြန့် ဝေထားတဲ့ ကြွေးကြော်သံတွေကို
အတည်ပြုဖြစ်သွားပြီး ကိုတင်အေးကြူက စတင်ပြီး တိုင်တည် ကြွေးကြော်ပါတယ်။ ကြွေးကြော်သံတွေက
တော့သခင်ကိုယ်တော်မှိုင်းကို ဂါရဝပြုတဲ့ ကြွေးကြော်သံများသာဖြစ်ပြီး စစ်အစိုးရကိုဆန့် ကျင်တဲ့ ကြွေး
ကြော်သံတွေ တမင်သက်သက်ချန်လှပ်ထားတာဖြစ်တယ်။ ကြိုတင်စီစဉ်ပြီး သားဖြစ်တဲ့ အတိုင်း ဟီးနိုး
ဘာစ်ကားတွေကိုတားပြီး ရန်ကုန်ဝိဇ္ဖာနဲ့ သိပ္ပံ တက္ကသိုလ်ဘက်ကို ဦးတည်ပြီး တစ်စီးပြီး တစ်စီးထွက်ခွါသွား
 ကြပါတယ်။
(ဆက်ရန်)
No comments:
Post a Comment