Thursday, 2 June 2011

ဗဟုသုတ (ဖတ်ကြည့်စေချင်တယ်)






ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ်အမြင်

===========================

"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ"

နောင်တစ်ချိန်ချိန်မှာ စကြ၀ဠာ တစ်ခုလုံးကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု
ဖြစ်ပေါ်လာလိမ့်မယ်။

အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယူသန်တရားသေ၀ါဒကိုလဲ

ရှောင်လွှဲနိုင်လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို
လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ

ရုပ်နာမ်နှစ်ပါးကို ကိုယ်တွေ့ခံစားသိမြင်မှုနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့
ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။

ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ
ခေတ်သစ်သိပ္ပံနည်းကျလိုအပ်ချက်များကို

ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခုရှိတယ်ဆိုရင် အဲဒီဘာသာတရားဟာ
ဗုဒ္ဓဘာသာပဲဖြစ်လိမ့်မယ်။

(ကမ္ဘာကျော် သိပံ္ပဆရာကြီး ဒေါက်တာအဲလ်ဘတ်အိုင်းစတိုင်း)



'"နှိပ်စက်မှုမရှိ"

ရှည်လျားကြာမြင့်လှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့်

အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်သည်ဟူသော မှတ်တမ်းမှတ်ရာဟူ၍

တစ်စုံတစ်ရာမျှ မရှိပေ။

(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)



"အကြွေး"

ဗုဒ္ဓ၏ကြီးမားသောအနစ်နာခံမှု၊ စွန့်လွှတ်မှုနှင့်
ဘ၀၏သန့်ရှင်စင်ကြယ်မှုတို့ဖြင့် ဟိန္ဒူဝါဒအပေါ်တွင်

မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည်
ထိုမြတ်သောဆရာအား

အနန္တကျေးဇူးအကြွေးများ ပေးဆပ်ရန်ရှိနေပေသည်။

(မဟတ္တမဂန္ဓီ)



"အရှိကို အရှိတိုင်း"

ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သောဘာသာဖြစ်သည်ဆိုခြင်းကို

မပြောလျှင်မဖြစ် ပြောပါဟု သင်ကကျွန်ုပ်အားတိုက်တွန်းခဲ့သော် ကျွန်ုပ်စိတ်ပါလက်ပါ

စာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သောဘာသာဖြစ်သည်"

ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။

(ရာဘင်ဒြာနတ် တဂိုးလ်)



"မူဝါဒဖြင့်နေရသော ဘ၀"

ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသောဘ၀မဟုတ်၊ မူဝါဒဖြင့်နေထိုင်ရသောဘ၀ဖြစ်၏။

အကျိုးဆက်အားဖြင့် သည်းခံရေးဘာသာတရားတစ်ခုဖြစ်၏။ ယင်းသည် နေမင်းအောက်ရှိ

စိတ်ကောင်းစေတနာ အရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။

(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇတ်ဝိန်း)



"အမြင့်မြတ်ဆုံးလူသား"

သင်သည်အကယ်၍ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့

အ၀တ်သင်္ကန်းကို ၀တ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကို ကြည့်လိုက်ပါ။

သူ၏ ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမှုသည် လူ့လောကတွင် ကြီးမြတ်လှပါပေ၏ ။

(မူဆလင် ကဗျာဆရာ - အပ္ပဒူလ် အတာဟီယ)



"ဗုဒ္ဓ လမ်းစဉ်"

အကယ်၍ပြဿနာတစ်ခုခု ဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓပောာကြားခဲ့သည် လမ်းစဉ်ဖြင့်

ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။

(နေရူး)



"Copy"

သန့်ရှင်းသောနည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော

အယူဝါဒကြီးတစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ

ကူးယူကြရပေသည်။

(အိပ်ခ်ျဂျီဝဲလ် - ဗြိတိသျှသမိုင်းပညာရှင်)



"အပြစ်"

ပြစ်မှုကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်းအသနားခံရန် ဆုတောင်းဝတ်ပြု

ကြိုးစားမှုတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓ၀ါဒီတို့က

မယုံကြည်ချေ။

(John Walters - Mind unshaken)



"အကြင်နာကင်းသောစကားမဆို"

ဗုဒ္ဓတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှမရှိချေ။

ဗုဒ္ဓ၏နှုတ်တော်မှ အကြင်နာမဲ့သောစကား ထွက်ပေါ်လာသည်ဟူ၍

မည်သည့်အခါမျှမရှိပေ။

(Dr.S. Radhakrishnan)



"ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပံ္ပပညာ"

ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပံ္ပသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ

တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။

(ကမ္ဘာကျော်စာရေးဆရာကြီး ဆာအက်ဒွင် အာနိုး)



"လမ်း"

ဗုဒ္ဓဘာသာကို ဘာသာတရားတစ်ရပ်အနေဖြင့်ဆိုရမည်ထက် လျှောက်လှမ်းရမည့်

ဘ၀လမ်းကြောင်းအဖြစ် ပို၍ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သည်းခံခြင်းနှင့်

ခံနိုင်ရည်ရှိခြင်းတို့သည် စိတ်၏လုံခြုံမှု၊ စိတ်၏ငြိမ်းချမ်းမှုကို ရရှိစေပါသည်။

(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်)



"အဦးဆုံး"

သက်ရှိသတ္တ၀ါများကို မညှင်းဆဲရန်၊ နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊

ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန်၊
ဗုဒ္ဓသည် လူ့သမိုင်းတွင်

အဦးဆုံးအပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။

(Phys Davids)



"သို့သော်"

(.. .. ..) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်းမရှိပါ။ သို့သော်
ကမ္ဘာ့ဘာသာကြီးများအနက်

တစ်စုံတစ်ခုသောဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်ခဲ့သော် မိမိလက်ခံနိုင်မည့်

ဘာသာတရားမှာ"ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။

(Bertrand Russell - English Philosopher)



"စမ်းကြည့်လိုက်"

ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုထက် သိမှုနှင့်ရှုမြင်မှုကိုသာ အဓိကထားသည်။
ဗုဒ္ဓ၏သွန်သင်ဆုံးမမှုများသည်

"ဧဟိ ပဿိကော လာလှည့်ရှုလှည့်"ဟု ဖိတ်ခေါ်ခြင်းကိုသာပြု၍ လာပြီးယုံကြည်လော့ဟုမဆိုပေ။

(Dr.W. Rahnla)



"ဘုရားသခင်မပါသည့် လွတ်မြောက်ရေး"

ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင်(သို့)နတ်ဘုရားများ၏
ကူညီမှုမြူတစ်စိမျှမပါဘဲ

လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင်
အဦးဆုံးထုတ်ဖော်ကြေငြာခဲ့သည်။

(Eliot)



"ဂိုဏ်းဂဏစွဲဝါဒ"

များသောအားဖြင့် ဘာသာရေးဆရာများသည် ၄င်းတို့၏တပည့်များကို
အခြားဘာသာများနှင့် စပ်ဆိုင်သည့်

ကျမ်းစာများ၊ အယူဝါဒများ၊ စာပေများကို ဖတ်ရှုလေ့လာခွင့် မပြုဘဲ
တားမြစ်ကြသည်။ ဗုဒ္ဓ၀ါဒတွင်

ဤအဖြစ်မျိုးလွန်စွာနည်းပါးပေသည်။

(ဖရခန္တီပါလော)



"အကြောင်းတစ်ခုတည်းနဲ့"

ရှင်တော်ဗုဒ္ဓ...

အရှင်ဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာတစ်ခုအတွက်နှင့်ပဲ

အရှင်ရဲ့တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင်

တရားဒေသနာမှာပါရှိတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင်

ထင်ရှားနေခြင်းဖြစ်ပါတယ်။

(ဟာမန်ဟက်စ် ၁၈၈၇-၁၉၆၂)



"တရားသတ္တိ"

စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ
ဗုဒ္ဓတရားတော်ရဲ့တန်းခိုးကြောင့် သတ္တိဗျတ္တိ

ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ ဗုဒ္ဓတရားတော်ရဲ့

ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။

(SN Goenka)



"Shwe Dagon & Khrushchev"

1955ခုနှစ်တွင် ကမ္ဘာ့ထိပ်သီးကွန်မြူနစ်ခေါင်းဆောင် ဆိုဗီယက်ဝန်ကြီးချုပ်
"ခရုရှက်" မြန်မာနိုင်ငံလာစဉ်

ရွှေတိဂုံစေတီတော်ကြီးကို လက်အုပ်ချီကန်တော့ရာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးက-

'ခင်ဗျားဟာ ကွန်မြူနစ်လုပ်နေပြီး ဘုရားရှိခိုးရသလားဗျ' ဟုမေးလိုက်၏။ မစ္စတာခရုရှက်က-

'ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ။ ဘာပြုလို့လဲဆိုတော့ မိမိဝါဒကို
နှစ်ပေါင်း (2500)ကျော်

တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့ စွမ်းပကားဟာ
ကျွန်တော်တို့လူ့သမိုင်းအရ ဘယ်လူသားကမှ

လိုက်မမီနိုင်သေးဘူး။ ခုကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ
လူဘယ်နှစ်သန်းကို နောက်လိုက်ဖြစ်အောင်

လုပ်နိုင်ကြသလဲ။ ဘယ်လောက်ကြာကြာ တည်တံ့အောင် လုပ်နိုင်မလဲ။ ဗုဒ္ဓလောက် ကြီးမြတ်တဲ့

စည်းရုံးရေးမှူးမျိုး ရှိနိုင်ပါ့မလား။ ဒါကြောင့်ဗုဒ္ဓရဲ့
စည်းရုံးရေးစွမ်းအင်ကို အလေးပြုတဲ့အနေနဲ့

ကျွန်တော်က ခင်ဗျားတို့ဓလေ့အတိုင်း ရှိခိုးတာဗျ။
ဒါဟာလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်လားဗျာ။'

(ဆိုဗီယက်ဝန်ကြီးချုပ်ဟောင်း ခရုရှက်)



"Toward"

ဗုဒ္ဓတစ်ဦးတည်းသာ လူ့သဘာဝကောင်းဆိုးသိစိတ်ကို ကိုယ်စားပြုသဖြင့်

ယနေ့ကမ္ဘာသည် ဗုဒ္ဓဆီသို့ ပို၍ပို၍ပင် ဦးလှည့်လာလေပြီ။

(Moni Bagghee)



"လူသားတစ်ရပ်လုံးအတွက်"

ဗုဒ္ဓကို ဗုဒ္ဓဘာသာဝင်များသာ ပိုင်ဆိုင်သည်မဟုတ်ပါ။ လူသားထုတစ်ရပ်လုံး ပိုင်ဆိုင်သည်။

ဗုဒ္ဓ၏ဒေသနာတော်သည် လူတိုင်းနှင့်သက်ဆိုင်သည်။ ဗုဒ္ဓပွင့်တော်မူပြီးနောက်ပိုင်းမှ

ပေါ်ပေါက်လာသည့် ဘာသာတရားတို့သည် ဗုဒ္ဓထံမှကောင်းမွန်သည့်

စိတ်ကူးစိတ်သန်းများကို ချေးငှားရယူထားကြသည်။

(Muslim Scholar)



"မြတ်ဗုဒ္ဓ၏ ပဋိသေ၀၀ိဿဇ္ဖနာ"

ဥပမာအားဖြင့်ဆိုရသော် အီလက်ထရွန်၏ အနေအထားသည် တစ်မျိုးတစ်စားတည်းလောဟု

မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။ အီလက်ထရွန်၏ အနေအထားသည် အချိန်နှင့်အတူ

ပြောင်းလဲနေပါသလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။ သေသည့်နောက်ကာလ၌ အတ္တ၏

အခြေအနေနှင့်ပတ်သတ်၍ အမေးခံလာရသည့်အခါ အထက်ပါအဖြေမျိုးကို ဗုဒ္ဓကပေးတော်မူခဲ့၏။

သို့သော်ယင်းအဖြေမျိုးသည် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်ခုနှစ် သိပ္ပံပညာ၏အစဉ်အလာနှင့်

ယဉ်ပါးခြင်းမရှိသေးချေ။

(ဂျောရောဘတ် အိုပင်ဟိုးမား)



"အမှန်မြင်သူ၏စကား"

သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းကောင်းတစ်ခု(သို့) ကားသစ်တစ်စီး (သို့) အသံအလွန်ကောင်သည့်

စတီရီယိုကက်ဆတ်တစ်လုံး ဒါမှမဟုတ် ကမ္ဘာဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့

အခွင့်အရေးဆိုတာ တကယ်ပဲကျေနပ်မှုပေးနိုင်ပါတယ်လို့ သင်ဆိုမယ်ဆိုပါတော့ ။

ဒါဆိုရင် ကျွန်မပြောချင်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ
ဒါတွေကိုကြိုးစားရယူရင်းနဲ့ပဲ ၀မ်းနည်းမှု၊

စိုးရိမ်ပူပန်ရမှုတွေ တွေ့ကြုံနေရပါတယ်။ ဒါကြောင့်ဒီလို
တပ်မက်မှုအဖုံဖုံကို လေးလေးနက်နက်စဉ်းစား

သုံးသပ်လေ့လာကြည့်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်မဟာအဲ့ဒီကျင့်စဉ်များကို
အားရကျေနပ်မှု မရှိခဲ့ပါဘူး။

၁၉၇၆ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့
သစ္စာလေးပါးတရားနဲ့ လက္ခာရေးသုံးပါး

အကြောင်းကို ပတမဆုံးနာကြားရပါတယ်။ အဲ့ဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတဲ့
တရာတော်မှလွဲ၍

ဘယ်အတွေးအခေါ် အယူအဆကိုမှ အားရကျေနပ်မှုမရှိခဲ့ပါ။

(ဘာဘရာဂျင်နပ်စ် - အမေရိကန်)



"ခရီးသည်ဘုရင်"

ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။

ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာဥာဏ်၊ စဉ်းစားဥာဏ်၊

စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။

(ရာဟုလာသံကစ္စည်း)



"အလိုအပ်ဆုံး"

ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်

ပို၍လိုအပ်သောအချိန်ဖြစ်သည်။

(နေရူး)



"လူသားပန်းတစ်ပွင့်"

ဤအရာလူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေကုဋာတစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့

မေတ္တာပျားရည်စက်များ လောကကို ပြည့်ဝစေတာ လူသားပန်းတစ်ပွင့်ပါ။

(ကမ္ဘာကျော်စာရေးဆရာကြီး ဆာအက်ဒွင် အာနိုး)



"လူ့ဘာသာတရား"

ကောင်းကင်ထက်မှာ နေလရှိနေသရွေ့ မြေကမ္ဘာပေါ်မှာ လူသားတွေတည်ရှိနေသရွေ့

ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။ အကြာင်းမူရင်းသည် လူ့ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။

(သီရီလင်္ကာ ၀န်ကြီးချူပ်ဟောင်း ဘဒ္ဒရာနှိုက်)



"သစ္စာတရား"

သစ္စာတရားဟူသည် ဤကမ္ဘာမှာ ဘယ်သောအခါမှ ထွက်ခွာသွားမည်မဟုတ်။

ဗုဒ္ဓရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစုံတယောက်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊

အမြဲတမ်းတည်ရှိနေမှာပဲ။

(အားကျန်ချား)



"အဓိက"

ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားပောာခြင်းမဟုတ်ဘဲ တပည့်သာဝကတို့ကို

အသိဥာဏ်အလင်းရရှိစေရန်တရားဟောခြင်းဖြစ်သည်။

(A Western writer)



"ဗုဒ္ဓဘာသာပင် နှင့် သိပ္ပံပညာ"

အကယ်၍ခေတ်သစ်သိပ္ပံပညာ၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည့် ဘာသာတရားတစ်ခု

ရှိသည်ဆိုပါလျှင် ၄င်းသည် ဗုဒ္ဓဘာသာပင်လျှင်ဖြစ်ပေလိမ့်မည်။

(ကမ္ဘာကျော် သိပံ္ပဆရာကြီး ဒေါက်တာအဲလ်ဘတ်အိုင်းစတိုင်း)



"ဘယ်အရာမှဗုဒ္ဓဘာသာတရားတော်ထက်ပို၍ မသာလွန် မကောင်းမြတ်"

ဗုဒ္ဓဘာသာဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးကို

လေ့လာခဲ့ပြီးဖြစ်၏။ လှပတဲ့အရာမှာရော၊ ပြည့်စုံကုံလုံတဲ့အရာမှာပါ
ဗုဒ္ဓဘာသာရဲ့ အမှန်တရား

အရိယသစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်လမ်းစဉ်ထက်ပို၍ သာလွန်ကောင်းမြတ်တဲ့အရာ

တစ်ခုမျှမတွေ့ပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ့်ဘ၀ကို ပုံဖော်ရေးအတွက်
ကျွန်ုပ် ကျေနပ်ရောင်ရဲပါ၏ ။

(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)



"စိတ်ချမ်းသာစေတာက"

ကျွန်ုပ်တို့တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင်
စိတ်ဓာတ်ရေးရာအားဖြင့်

ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမှုကင်းသော အခြေအနေတွင်

စိတ်၏ချမ်းသာမှု အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို့

သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမှုကို အမှန်တကယ်ဖြစ်စေနိုင်ပါသည်။

(John Walters)



"ရောဂါနှင့်ဆေး"

ကမ္ဘာကြီးဟာ အမုန်းရောဂါ၊ အလန့်ရောဂါ၊ အကြောက်ရောဂါ စွဲကပ်နေတယ်။

အထူးကုသမားတော်၏ ကုသမှုခံယူဖို့ လိုအပ်နေတယ်။ ဗုဒ္ဓဟောကြားတော်မူတဲ့

ငြိမ်းချမ်းရေးနှင့် သွေးစည်းညီညွတ်ရေး၊ သဟဇာတဖြစ်ရေး တရားတော်ဟာ

ယနေ့ယခု (၂၁)ရာစုအချိန်နှင့် ပိုပြီးတော့တောင် ပတ်သတ်ဆက်စပ်နေတယ်။

(SN Goenka)



လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေးတရားဒေသနာတော်သည်

အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။

(နေရူး)



လူသားအများဆုံး အပူဇော်ခံရသည့် လူသားတစ်ဦးအဖြစ် မြတ်ဗုဒ္ဓကို အလွယ်တကူ
ရွေးကောက်နိုင်ပေသည်။

(ပါမောက္ခ ဆောင်းဒါး)



ဗုဒ္ဓ၏လူမှုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းသည် ကမ္ဘာကပင်သိရှိထားသည့်
အပြည့်အစုံဆုံး စည်းမျဉ်းဖြစ်သည်။

(Max Muller - German Scholar)



ဗုဒ္ဓသည် ယုံကြည်ချက်တစ်စုံတစ်ရာမျှ မတောင်းခံဘဲ အသိပညာရရှိရေးကိုသာ အာမခံပေသည်။

(George Grimm)



ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ။ ခန္ဓာကိုယ်က
အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ။

မသိမိုက်မဲစိတ်ကသာ အပြစ်ကိုကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်။
မသိမိုက်မဲမှုသာလျှင် လူသတ်သမား

အစစ်ဖြစ်ပါတယ်။ ဒါကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်။ ကြိုးပေးရမယ်။

ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?

လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရားဟောကြားပြီး မိုက်မဲမှု မသိမှုကို
ပယ်သတ်နိုင်တယ်။

(မဟတ္တမဂန္ဓီ)



ဤအရာတွင် မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်း

ရှင်းပြတော်မူသည့်အပြင်အိန္ဒိယနိုင်ငံ၏ ကိုယ်ကျင့်တရားကိုပါ
တိုးတက်မြင်းမားစေခဲ့၏။ မြတ်ဗုဒ္ဓသည်

ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင်ပညာရှိ

လူ့ဂဂေးကြီးတစ်ဦးဖြစ်ပါပေ၏။

(အနောက်တိုင်းသားဦးဆောင်တွေးခေါ်ပညာရှင် အယ်လ်ဘတ်စဆိတ်စာ)



ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့
ထွန်းကားရေးအတွက်လူ့သမိုင်းကြောင်းရှိ

အခြားသောသြဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။

(အိပ်ခ်ျဂျီဝဲလ်)



ကူးယူသည့်စာအုပ်များမှာ-

1. Buddhist Art Exhibition

2. Forward Mails

( hydegroup  မှရရှိသော mail  ကိုဝေမျှပါသည်)

No comments:

Post a Comment