Thursday 16 June 2011

KIA တပ်မတော်မှ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ အသိပေးကြေငြာချက်....

KIA တပ်မတော်မှ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ အသိပေးကြေငြာချက်....

Posted: 15 Jun 2011 08:03 AM PDT

ကြေငြာချက် ပေးပို့လာသူ salai zamte အားကျေးဇူးတင်ပါသည်..။

ဓါတ်ပုံ AP

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြသည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် ၂ဦးအား သွားရောက်ကြည့်ရှုအားပေး...

Posted: 15 Jun 2011 06:01 AM PDT

 အဖွဲချုပ်လူငယ် လုံခြုံရေး ကိုဘမောင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၅နာရီအချိန်ခန့်က ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်၍ ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ဓါးထိုးခံခဲ့ရသော NLDလူငယ်(ကိုစိုးမြတ်သူ)နှင့် ရန်ကုန် ဆေးရုံကြီးကင်ဆာ အထူးကုဌာန၌ ဆေးကုသမှု ခံယူနေသော လူငယ်လုံခြုံရေး (ကိုဘမောင်)တို့အား သွားရောက်ကြည့် ရှုနှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ဆေးဝါးအသုံးအဆောင် ပစ္စည်းများအား ပေးအပ်ခဲ့ပါသည်။
အဖွဲ့ချုပ်လူငယ် ကိုစိုးမြတ်သူ

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း.....

Posted: 15 Jun 2011 05:15 AM PDT

ရုရှပြန် စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက် ဘလော့(ဂ်) များတွင် ပုဂ္ဂိုလ်ရေးအရ မကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာ တွေ့ရပါတယ်။ ဒီဘလော့(ဂ်)တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။

၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။ ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။ အင်တာနက်ရာဇ၀တ်မှု (cyber crime)ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ် တိုက်ခိုက် ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေ ရေးသားတာ တွေ့မြင်ရပါတယ်။

ကျမနဲ့ ခင်ပွန်းဖြစ်သူ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုထဲ ဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့ လုပ်ရပ် အပေါ်တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။

အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက် သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စု လုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား၊ အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။ နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ရုရှပြန်စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ ရင်လေးစရာပါ။

နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်း ထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေ ကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့ လိုအပ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့ အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူ လုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။

ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရသူအားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြမှာလို့ မေတ္တာရပ်ခံပါတယ်။

ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။

၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

၂. ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့

၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်

၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်

၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ

၆. ပြည်တွင်း ပြည်ပသတင်းဌာနများ

အင်ကြင်းနိုင်

ဝါရှင်တန်ဒီစီ

အမေရိကန်ပြည်ထောင်စု

+1 202 731 1791

Ingjinnaing@gmail.com

ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)

Posted: 15 Jun 2011 02:37 AM PDT

ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကမှ အနားယူသွားပြီဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် သွားရောက်၍ ဈာပနပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင်ပညာရှင်ကြီးများ ဖြစ်သော ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချိုပြုံး၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်လွင်၊ ကိုမြညွှန့်၊ ကိုလူချောအဖွဲ့သားများ၊ ခရစ်ယာန်ဘာသာဝင် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင် ပြည်သူလူထုတို့မှလည်း ၀မ်းသာအားရ ကျေးဇူးတင်စွာဖြင့် နှုတ်ခွန်းဆက်ခဲ့ကြသည်။


လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ဖေးမကုသိုလ်ဖြစ် သင်္ဂြိုလ်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် ၁၅.၆.၂၀၁၁ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ (ခ) ဒေါ်မြသန်းနွဲ့ အသက် (၆၁) နှစ်၏ ရုပ် အလောင်းအား ဂျပန်ဆေးရုံကြီးမှ သယ်ဆောင်ကာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ပို့ဆောင်၍ ခရစ်ယာန်ဘာသာ ထုံးထမ်းအစဉ်အလာအရ ဈာပန၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို (၁၁း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပြီးနောက် ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံသုဿန်သို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုလ်ပေးခဲ့သည်။

အမျိုးသားလွတ်မြောက်ရေး အင်အားစု (မြန်မာပြည်) ရဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာကမ်ပိန်း လှုပ်ရှားမှု (ပြည်တွင်း ဓာတ်ပုံ)

Posted: 15 Jun 2011 12:45 AM PDT



သီတဂူဆရာတော်ဘုရားကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ဂါရဝပြုဖူးမျှော်.... (ဓာတ်ပုံ)

Posted: 14 Jun 2011 10:07 AM PDT

ဒီနေ့ (၁၄)ရက်နေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဒဂုံမြောက်ပိုင်းမှာ ရှိတဲ့ သီတဂူဆရာတော်ရဲ့ ကျောင်းသို့ သွားရောက်ပြီး ဆရာတော်ကြီးအား ဂါရဝပြု ဖူးမြော် ခဲ့ပါတယ်။


သာဓု အနုမောဓန သုံးကြိမ်  ခေါ်ဆိုရင်း ကျွန်တော်တို့ နိုင်ငံမှာ ဆရာတော်ဘုရားကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊ စစ်တပ်ခေါင်းဆောင်တွေ၊ နယ်ပယ်အသီးသီးက တတ်သိပညာရှင်တွေ အစရှိသူတွေ   တနေရာတည်းမှာ ချစ်ကြည်ရင်းနှီးစွာ အတူတကွ မြင်တွေ့ရမယ့် ကြယ်တွေစုံမယ့်ညကို ကျွန်တော်တို့ ပြည်သူတွေ စောင့်မျှော်လျှက်ရှိပါကြောင်း...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment