- ပြုပြင်ပြောင်းလဲရေးမလုပ်လျင် တော်လှန်ရေးဆန်သည့် အပြောင်းအလဲနှင့် ကြုံရလိမ့်မည်ဟု မြန်မာအစိုးရကို ဂျွန်မက်ကိန်း သတိပေး
- အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့်တွေ့ဆုံပြီးနောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ Press Conferenceရုပ်/သံ
- John MacCain visit Naypyidaw (ရုပ်/သံ)
- ငွေဆောင်မြို့နယ်ခွဲအတွင်းမှ တောင်သူလယ်သမား၆ဦး၏ဘိုးဘွားပိုင်လယ်မြေများအား မတရားအဓမ္မသိမ်းဆည်းခံရခြင်းအား တိုင်ကြားခြင်း
Posted: 03 Jun 2011 03:18 AM PDT ရန်ကုန်၊ ဇွန် ၃၊ ၂၀၁၁ (YPI) - မြန်မာအစိုးရအနေဖြင့် ယခုအချိန်တွင် တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲရေးမလုပ်လျင် အာရပ်နိုင်ငံများကဲ့သို့ နောက်ပိုင်းမှာ ပြည်သူများက တော်လှန်ပြီး အပြောင်းအလဲပြုလုပ်လာသည်ကို ကြုံရမည်ဖြစ်ကြောင်း အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့နံနက်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။ "(နိုင်ငံရေး) အပြောင်းအလဲတွေက ဖြစ်နေပြီ။ အာရပ်နိုင်ငံမှာပဲ အဲဒီအပြောင်းအလဲတွေက ဖြစ်နေမှာ မဟုတ်ဘူး။ အခုချိန်မှာ အပြောင်းအလဲမလုပ်တဲ့ အစိုးရတွေဟာ နောက်ပိုင်းမှာ (ပြည်သူတွေက) တော်လှန်ပြီး အပြောင်းအလဲလုပ်တာကို ရင်ဆိုင်ရလိမ့်မယ်" ဟု ဂျွန်မက်ကိန်းက သူ၏မိန့်ခွန်းတွင် ပြောကြားသည်။ ![]() အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ ၂၀၁၁ ဇွန် ၃ မြန်မာပြည်သူ၊ ပြည်သားများသည် ဒီမိုကရေစီရရှိရေးအတွက် စိတ်အားထက်သန်နေကြပြီး နှစ်ပေါင်းများစွာ ပေးဆပ်မှုများ ပြုလုပ်နေကြရကြောင်းလည်း မက်ကိန်းက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။အကယ်၍ မြန်မာအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အမှန်တကယ်လုပ်ဆောင်လိုသော ဆန္ဒရှိပါက အမေရိကန်ပြည်ထောင်စုတွင် သူလို (အားပေး ကူညီမည့်) မိတ်ဆွေများတွေ့ရလိမ့်မည်ဖြစ်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားခဲ့သည်။နေပြည်တော်တွင် အစိုးရအရာရှိများနှင့် တွေ့ဆုံစကားပြောရာ၌ မြန်မာအစိုးရသစ်သည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးမျိုး တည်ဆောက်သွားလိုသည့် သဘောထားမျိုးကို မြင်တွေ့ခဲ့ရကြောင်းလည်း မက်ကိန်းကပြောပြသွားသည်။သို့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆိုသည်မှာ နွေးထွေးပျူငှာသော စကားလုံးများနှင့် တည်ဆောက်ရုံနှင့်မပြီးဘဲ တိကျခိုင်မာသော လုပ်ရပ်များနှင့်ပါ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားသည်။"ကျွန်တော်အနေနဲ့ကတော့ (နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့) ကူညီလို့ရတဲ့နေရာကနေ ကူညီပေးဖို့ အဆင်သင့်ပါပဲ" ဟုလည်း မက်ကိန်းက ထည့်သွင်းပြောခဲ့သည်။ အမေရိကန်အစိုးရဘက်မှလည်း မြန်မာအစိုးရပေါ်တွင် ထားရှိသည့် မူဝါဒများအားလုံးကို ချပြသင့်ပြီး မြန်မာအစိုးရက မေတ္တာရပ်ခံသည်များကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပါကြောင်း မက်ကိန်းက ပြောဆိုသည်။ မက်ကိန်းသည် မိန့်ခွန်းပြောစဉ်မှာသာမက သတင်းသမားများ၏ မေးခွန်းများကို ဖြေဆိုရာတွင် ယခင်လာရောက်သည့် အမေရိကန်အရာရှိများနှင့် မတူပဲ 'မြန်မာ'ဟူသော အသုံးအနှုန်း သာမက 'ဗမာ'ဟူသော အသုံးအနှုန်းကိုပါ မသုံးစွဲဘဲ 'ဒီနိုင်ငံ' 'ဒီအစိုးရသစ်' ဟူသော အသုံးအနှုန်းများကိုသာ သုံးစွဲသွားခဲ့သည်။ နေပြည်တော်တွင် မြန်မာအစိုးရအရာရှိများနှင့်တွေ့ဆုံစဉ် နိုင်ငံတကာကြက်ခြေနီ (International Committee of Red Cross – ICRC)ကို အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပေးရေးကိုလည်း တိုက်တွန်းခဲ့ကြောင်း မက်ကိန်းက သတင်းသမားများကို ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ပြင်ပသို့ မကြာမီ ခရီးထွက်မည်ဖြစ်ရာ သူမ၏ခရီးစဉ်အတွင်း ဘေးကင်းစေရန် အစိုးရအနေဖြင့် အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်ပေးဖို့ တောင်းဆိုရသည်မှာ မြန်မာနိုင်ငံတွင် နာမည်ကြီးသော နိုင်ငံသားတစ်ယောက်ကို အထူးတလှယ်ဆက်ဆံပေးဖို့ တောင်းဆိုသည်ဟု မမြင်သင့်ကြောင်း၊ နိုင်ငံသားတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးတစ်ခုအဖြစ် တောင်းဆိုသည်ဟုသာ ထင်မြင်သင့်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားသည်။ ![]() မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဘယ်အချိန်ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည်ကို သတင်းသမားတစ်ဦးက မေးမြန်းရာတွင် မက်ကိန်းက စီးပွားရေးပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းရန်အတွက် မြန်မာအစိုးရအနေဖြင့် ထင်သာမြင်သာရှိသော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင် ပြရမည်ဟု ဖြေကြားသွားသည်။ရန်ကုန်မြို့မှ စီးပွားရေး သတင်းအယ်ဒီတာတစ်ဦးက "အခု လာတဲ့ ဂျွန်မက်ကိန်းကို အစိုးရက အတော်လေး အရေးပေးတာ တွေ့ရတယ်။ သတင်းစာမှာ ဖေါ်ပြပုံနေရာပေးပုံကိုကြည့်ရင် သိနိုင်တယ်။ သူနဲ့ မြန်မာအစိုးရအကြား တစ်ခုခု နားလည်မှု ရထားသလားလို့ ခန့်မှန်းမိတယ်၊ အဲလို ရခဲ့တယ်ဆိုရင်တော့ အမေရိကန် အစိုးရဘက်က စီးပွားရေး ပိတ်ဆို့မှုတွေထဲက တချို့ဟာတွေကို နည်းနည်းချင်း ပြန်ရုပ်ပေးတာမျိုး ဖြစ်လာနိုင်တယ်" ဟုသုံးသပ်ပြောဆိုသည်။ Yangon PressInternational |
Posted: 03 Jun 2011 01:06 AM PDT |
John MacCain visit Naypyidaw (ရုပ်/သံ) Posted: 02 Jun 2011 04:54 PM PDT |
Posted: 02 Jun 2011 08:47 AM PDT |
No comments:
Post a Comment