Sunday 12 June 2011







၁၉၈၃ခုနှစ်အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု ရှားပါးရုပ်သံများ စုစည်းတင်ပြချက်နှင့် စစ်အာဏာရှင်ကြီးများ အမျိုးသားရေးအပေါ် သစ္စာဖောက်မဖောက် (ဆောင်းပါး)

Posted: 11 Jun 2011 02:29 PM PDT

၁၉၈၃ခုနှစ် အောက်တိုဘာလ(၉)ရက်က မြောက်ကိုရီးယား သူလျှိုတွေ လက်ချက်ကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲခဲ့ရစဉ်က အပျက်အစီးမြင်ကွင်း၊ ထိုစဉ်က ကိုရီးယားနိုင်ငံလေဆိပ်မှာ သေဆုံး၊ ဒဏ်ရာရသူတွေအား လေယာဉ်ပေါ်မှ သယ်ဆောင်စဉ်မြင်ကွင်း၊ မင်္ဂလာဒုံစစ်ဆေးရုံအတွင်းမှ မြန်မာ၊ ကိုရီးယားဒဏ်ရာရသူတွေအား  ဆေးကုသနေတဲ့မြင်ကွင်းများနဲ့ ကိုရီးယားနိုင်ငံက အဆိုပါသတင်းနဲ့ ပတ်သက်တဲ့ မြင်ကွင်း ရှားပါး ရုပ်သံဖိုင်တွေ ရှာဖွေ စုဆောင်း တင်ပြလိုက်ပါတယ်... 
(၁၁မိနစ်စာ ရုပ်သံဖိုင်တွေပါ)  ပြည်တွင်းမှ မိတ်ဆွေများ ဒေါင်းလုပ်လုပ်ချင်ရင် 
http://www.mediafire.com/?65al8kwgfl9gui အနည်းငယ်ကွဲပြားတဲ့ ရုပ်သံဖိုင်၂ခု တင်ပေး လိုက်ပါတယ်...။
http://www.mediafire.com/?m6a51v7y860642n

၁၉၈၃ခုနှစ်က တောင်ကိုရီးယား သမ္မတမစ္စတာ ချမ်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အာဇာနည်ဗိမာန်သို့ ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယား သူလျှိုတွေရဲ့ လက်ချက်နဲ့ တောင်ကိုရီးယား ဝန်ကြီးအဖွဲ့ဝင် ဝန်ကြီး၃ဦး အပါအဝင် မြန်မာနဲ့ တောင်ကိုရီးယား လူမျိုး ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရခဲ့ပါတယ်..။ သေဆုံးခဲ့ရတဲ့ ကိုရီးယား ဝန်ကြီး ၃ဦးကတော့ မေရီလန်းနဲ့ ဝါရှင်တန် တက္ကသိုလ်ဘွဲ့ရ နိုင်ငံခြားရေးဝန်ကြီးLee Beom-seok၊ စီမံကိန်းဝန်ကြီးနဲ့ လက်ထောက်ဝန်ကြီးချုပ် Suh Suk Joo၊ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး Kim Dong Whie တို့ဖြစ်ကြပြီး ကိုရီးယားသမ္မတ အကြံပေးအရာရှိအပါအဝင် သတင်းမီဒီယာ ဂျာနယ်လစ်တွေပါ သေဆုံးခဲ့ရပါတယ်။ သမ္မတချမ်ဒူးဝမ် စီးနင်းလာတဲ့ ကားကတော့ မိနစ်အနည်းငယ် နောက်ကျခဲ့တဲ့ အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်..။ ဒီဖြစ်ရပ်ဟာ တောင်ကိုးရီယား လူမျိုးတွေအတွက် တန်ဘိုးကြီးမားတဲ့ ပေးဆပ်မှုဖြစ်ခဲ့သလို ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် မိမိတို့လူမျိုးတွေ အလေးအမြတ်ပြုရာ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဂူဗိမာန်တွေ ထားရှိရာ နေရာ မြန်မာ့မြေပေါ်မှာ တိုင်းတပါးသား မြောက်ကိုရီးယားတွေရဲ့ ခွင့်လွှတ်နိုင်စရာမရှိတဲ့ အင်မတန် အလွန်အရုပ်ဆိုး အကျည်းတန်လှတဲ့ စော်ကားမှုကြီး ဖြစ်ပါတယ်။


မှတ်မိသလောက် ကျွန်တော်တို့ ငယ်စဉ် အဆိုပါ အဖြစ်အပျက်နေ့က ကြီးမားတဲ့ ပေါက်ကွဲသံကြီးကို အာဇာနည်ကုန်းဘက်က ကြားလိုက်ရပါတယ်.။ အဆိုပါ ပေါက်ကွဲသံကြီး ဖြစ်ပျက်ပြီး မကြာခင်မှာပဲ လူကြီးသူမတွေ ပြောပြချက်အရ အာဇာနည်ကုန်းမှာ ဗုံးပေါက်ကွဲတယ်ဆိုတာ သိခဲ့ရပါတယ်..။ အဆိုပါညမှာတော့ ရန်ကုန်တမြို့လုံး မီးဖြတ်ထားပြီး အဝင်အထွက်ကားမှန် သမျှကိုစစ်ဆေးပါတော့တယ်။ အဲ့ဒီအချိန်က အင်းစိန် ခဝဲခြံဘက်က ကရင်လူမျိုးတွေလည်း မနေရသလို ဇရှိခဲ့ဘူးသူတွေ နိုင်ငံရေး ပစ်ဒဏ်ကျခံဘူးသူတွေ မဆီမဆိုင် အဆွဲခံရပြီး၊ စစ်ဆေးမေးမြန်းတာ ခံခဲ့ရပါတယ်..။ နောက်ဆုံး မြောက်ကိုရီးယား စစ်တပ်သူလျှို (၃)ဦးရဲ့ လက်ချက်ဆိုတာ သိရှိရတဲ့ အချိန်မှာတော့ မြောက်ကိုရီးယားနဲ့ သံတမာန် အဆက်အသွယ် ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်..။ (မြောက်ကိုရီးယား သူလျှို(၃)ဦး သတင်း ပြန်ဖတ်ချင်ရင် Click)လူကြီးတွေ ပြောဆိုတာကို သိခဲ့ရတာကတော့ အဆိုပါ မြောက်ကိုရီးယား သံတမာန်များအား ပြည်တွင်းမှ နှင်ထုတ်စဉ်မှာတော့ ပြည်လမ်းမှာ ရှိတဲ့မြောက်ကိုရီးယား သံရုံးရှိ မော်တော်ကား အပါအဝင် ကျန်ခဲ့တဲ့ ပစ္စည်းပစ္စရာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်..။ ဒါကတော့ ကိုယ်သိကြားခဲ့ရတဲ့ အပိုင်းပါ...။

ဒီလိုကိုယ့်တိုင်းပြည် ကိုယ့်မြေပေါ်မှာ ဒီလို အရုပ်ဆိုးအကျဉ်းတန် စော်ကားမှုဖြစ်စဉ်နဲ့ နိုင်ငံတကာမှာ သိက္ခာကျခဲ့ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့ပြီး ၁၀စုနှစ် တစ်ခုကျော် အကြာမှာတော့ နဝတ/ နအဖလက်ထက်မှာတော့ ကိုယ့်တံထွေး ကိုယ်ပြန်မျို မျက်နှာမော့ပြီး တံထွေးထွေးသလို သေဆုံးသူ ကျဆုံးသူတို့ရဲ့ မျက်နှာကိုမှ မထောက် မြောက်ကိုရီးယားနဲ့ လျှို့ဝှက်ဆက်သွယ်မှုတွေ အိမ်နောက်ဖေး ပေါက်ကနေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်...။ ၂၀၀၈ခုနှစ်မှာတော့ တရားဝင် သံတမာန် အဆက်အသွယ်တွေ ပြန်လည် လုပ်ဆောင်လာပါတော့တယ်..။ (အာဇာနည်ဗိမာန် အတိုက်ခံရမှု အပိုင်း(၁) ပြန်ဖတ်ချင်ရင်) (Click)


ဆိုလိုတာကတော့ အာဏာရှင် ဗိုလ်ချုပ်တွေဟာ အမျိုးသားရေး အပေါ် သစ္စာဖောက်မဖောက် ဆိုတာကိုပါပဲ..။ ကိုယ့်တိုင်းပြည်. ကိုယ့်မြေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လဲလျောင်းရာ အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့သလို.. ကိုယ့်လူမျိုးတွေနဲ့ ကိုယ့်စစ်သည်တွေ အသက်ပေး ကျဆုံးခဲ့ရတာတွေပါပဲ။ တွေးကြည့်ရင် အင်မတန် ခံပြင်းစရာ အဖြစ်အပျက်ပါပဲ..။ ထိုစဉ်က အဆိုပါ မြောက်ကိုရီးယား သူလျှိုတွေ အရှင်လက်ရ ဖမ်းဆီးပေးဖို့ အတွက် အသက်ဆုံးရှူံးခံ စတေးခံခဲ့ရပြီး သူရဲကောင်းမှတ်တမ်းဝင် ဆုရရှိခဲ့တဲ့ ရဲဘော်(၃)ဦးရဲ့ အဖြစ်အပျက်တွေကတော့ ကြေကွဲဝမ်းနည်းစရာပါပဲ။
အရင်တင်ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း ဗိုလ်ချုပ်သန်းရွှေရဲ့ ကျောက်စိမ်း ဆင်းတုတော်အား သွားရောက်ကြည်ညို.. တဲ့မြင်ကွင်း ပြန်ဖတ်ချင်ရင် Click

အခုအချိန်မှာတော့ အဆိုပါ မြောက်ကိုရီးယား လူမျိုးတွေဟာ မြန်မာပြည်ရဲ့ လျှို့ဝှက်စီမံကိန်းတွေ နေရာအနှံအပြားမှာ ရောက်ရှိ လုပ်ကိုင်နေပါပြီ..။ နျူကလီးယား စီမံကိန်းတွေ၊ ဥမင်လှိုဏ်ခေါင်းတွေနဲ့ တခြားစီမံကိန်းတွေမှာ လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်လျှက် ရှိပြီး အဆိုပါ မြောက်ကိုရီးယား လူမျိုး ပညာရှင်တွေကို စောင့်ရှောက် ပေးနေရသူတွေကတော့ တပ်မတော် အရာရှိတွေနဲ့ စစ်သည်တွေပါပဲ..။ မိမိတို့ ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်ပြီး ဘယ်သူသေသေ ငတေမှာ ပြီးရောဆိုတဲ့ စစ်အာဏာရှင်ကြီးတွေရဲ့ လုပ်ဆောင်ချက်ကတော့ အော့နှလုံးနာစရာပါပဲ..။

မြောက်ကိုရီယားနဲ့ လုပ်ဆောင်နေတဲ့ နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂) ပြန်ဖတ်ချင်ရင် Click
ဒီရုပ်သံဖိုင်ကတော့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း ၂၀၁၀ခုနှစ် ဇူလိုင်လက မြန်မာပြည်သို့ ရောက်ရှိလာစဉ် ရွှေတိဂုံဘုရားပေါ်မှာ ရိုက်ကူးထားတဲ့ ရုပ်သံပါ...။ ဒီရုပ်သံဖိုင်ရဲ့ ၁၂စက္ကန့်အချိန်မှာတော့ ၁၉၈၃ခုနှစ်က အာဇာနည်ဗိမာန်မှာ သေဆုံးသွားခဲ့ရတဲ့ တောင်ကိုရီးယားလူမျိုး ဝိဥာဉ်တွေက မကျေနပ်လို့ လက်စားချေသလား ခြေထိုးခံသလား မသိ ခြေချော်သွားတဲ့ မြင်ကွင်းကို တွေ့မြင်ရမှာပါ... ပြည်တွင်း ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် Click

အထက်ပါ ရုပ်သံဖိုင် ၂ခုကို နှိုင်းယှဉ်ကြည့်ပါ... ၁၉၈၃ခုနှစ်က ကြေကွဲဖွယ် ခံပြင်းဖွယ် အမိမြေပေါ်မှာ သိက္ခာချ အစော်ကားခံရတဲ့ အဖြစ်အပျက် ရုပ်သံဖိုင်နဲ့ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်မှာတော့ အာဇာနည်ကုန်းနဲ့ အနီးကပ်ဆုံး နေရာဖြစ်တဲ့ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်မှာ ထီးတော်မိုး ပန်းတော်ဆက်ပြီး ဧည့်ခံကြိုဆိုနေရတဲ့ မထီမဲ့မြင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ရုပ်သံဖိုင်ကို တင်ပြလိုက်ရင်း မိမိကိုယ်ကျိုး အတွက်သာကြည့်တဲ့ မြန်မာစစ်အာဏာရှင် စစ်တပ်ခေါင်းဆောင်ကြီးတွေဟာ အမျိုးသားရေးအပေါ် သစ္စာဖောက်မဖောက် ဆိုတာကို နှိုင်းယှဉ် တင်ပြလိုက်ရပါတယ်...။

ဒီမိုဝေယံ

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Posted: 11 Jun 2011 12:17 PM PDT

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၂) 
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အခုလို မြန်မာငွေတန်ဖိုး ကမောက်ကမ ဖြစ်လာပြီဆိုတော့ ပထမ ဆုံး ခေါင်းစားရမယ့် သူကတော့ သမ္မတကြီးရဲ့ အကြံပေးဆရာကြီး ဦးမြင့်ပါဘဲ။ ဆရာကြီးဦးမြင့်ကို အထူး ပန်ကြားလိုတာကတော့ ဆရာကြီးဟာ တိုင်းသူပြည်သားတွေ အတွက် တိုင်းသူပြည်သားတွေ အကျိုးကို အမှန်တကယ် ဦးထိပ်ထားပါတယ်ဆိုရင် အခုငွေကြေးရောဂါ ဖြစ်ရတဲ့အကြောင်းကို အရှိအတိုင်း ပြန်သုံးသပ်ပြီး ဆရာသမားဂုဏ်ရည်ကို ထောက်ထားပြီး အရှိကိုအရှိအတိုင်း ဘယ်သူမျက်နှာကိုမှ မထောက်ထားဘဲ ဆရာကြိးအမြင်ကို ရဲဝံ့စွာ ထုတ်ပြန်ပေးပါလို့ဘဲ အထူး ပန်ကြားပါတယ်ခင်ဗျာ။

ကျနော်ကတော့ မကြောက်တတ်သူဆိုတော့ အခုလိုအခြေအနေမျိုးမှာ ဓါးမိုးထားရင်တောင် အပြတ်ဘဲ။ တိုင်းပြည်အရေးဆိုရင် ပြတ်ပြတ်သားသား အမှန်အတိုင်းပြောထဲ့မှာ။ တစက်ကလေးမှ မကြောက်တတ်ပါ။ ဆရာကြီးအနေနဲ့လည်း စေတနာအပြည့်နဲ့ တင်ပြတာကိုမှ ဟိုဟာ မထည့်ပါနဲ့ ဒီဟာ ဖြုတ်ပေးပါတွေ လုပ်လာရင် အကြံပေးဘုတ်ကနေသာ နုတ်ထွက်ပစ်သည်အထိ ခပ်မာမာ လုပ်စေချင်ပါတယ်။ သူတို့အကြိုက် သူတို့ကို ထိမှာတွေ ဖြုတ်မှာ ထုတ်တာ လုပ်လာမှာအသေအချာပါ။ သူတို့မမှန်တာတွေ လုပ်ထားပြီး ဆရာကြီးကို ဖုံးဖိခိုင်းလာရင် ဆရာဂုဏ် သမားဂုဏ်ကို ထောက်ထားပြီး လုပ်မပေးပါနဲ့ တင်ပြပါတယ်ခင်ဗျာ။

နောက် မြန်မာ စီးပွားရေးမှာ ကျနော်တင်ပြခဲ့တဲ့ စတီးရွိုက် ကစားထားပြီး မြန်မာလူထု လက်ထဲက သဲ့ယူခဲ့တဲ့ငွေကြေး ပမာဏ ကိုလဲ ပြန် တွက်ချက်ပေးစေလိုပါတယ်။ ဒါဟာ တိုင်းပြည်အပေါ် စေတနာမဲ့ပြီး ပြည်သူလူထု လက်ထဲက ဓန ကို အသားလွတ် ရိတ်ယူတဲ့လုပ်ရပ်ပါ။ ဆရာကြီးက ဒီကိစ္စကို နှုတ်ဆိတ်နေရင် တချိန် ဒါဟာ အလွန်ဆူညံသော ကိစ္စကြီး အဖြစ်ပြန်လာမှာပါ။  ဆရာကြီးဒါကို ကျော်ပြီး ချန်ထားပြီးသုံးသပ်တာ လုပ်ခဲ့ရင် တိုင်းသူပြည်သားတွေအပေါ် သစ္စာဖေါက်တာအဖြစ် သစ္စာဖေါက်အဖြစ် သမိုင်းမှာ အမဲစွန်းထင် ကျန်ခဲ့ပါမယ်ဆိုတာလည်း အတိအလင်း သတိပေးလိုပါတယ်။ ဆရာကြီးသမိုင်းကို ဆရာကြီးရေးနေတာပါ။ ဒါကို ရေးခွင့် လေ့လာခွင့်မပြုရင် အကြံပေးဘုတ်ကနေ ကြိုတင်သာ နှုတ်ထွက်လိုက်တာ သမိုင်း မသေပါဘူး။

ဒီအသားလွတ် ရိတ်ယူထားတဲ့ငွေတွေ ဘယ်သူ့လက်ထဲမှာ ရှိနေတယ် တိုင်းပြည်အတွက် ပြန်ပေးအပ်ဖို့ ဘယ်လိုစီမံနိုင်မယ် စီမံသင့်တယ်ဆိုတာလဲ ဆရာကြီးတိုင်းပြည်အရေးကို ဦးထိပ်ထားရင် လုပ်ပေးမယ်။ ထည့်စဉ်းစားပေးမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီအတွက် ဆရာကြီးလို အတွေ့အကြုံ အလွန်ရင့်ကျက်သူ ဆရာကြီးတဆူကို ကျနော်အနေဖြင့် အကြံပြုတယ် မလုပ်သင့်လို့ ပန်ကြားမှု သာလုပ်ပါတယ်ခင်ဗျာ။ အောက်ပါတို့ကို မြန်မာနိုင်ငံသားများ ကိုယ်စား ပန်ကြားလိုပါတယ် ခင်ဗျာ။

(၁) အခုဖြစ်နေတဲ့ မြန်မာငွေ ပြန်ခိုင်မာလာသော်လည်း ငွေဖေါင်းဖွမှုက ၁၀-% ကျော်နေပါတယ်။ ငွေဖေါင်းပွမှု ထပ်ဆိုးဝါးမလာစေရန် အစိုးရရဲ့ ငွေစက္ကူရိုက်နှိပ်မှုကို TRANPARENCY ထင်သာမြင်သာ ထိန်းချုပ်မှု စံနစ်လေး လုပ်ထားပေးပါရန်။ ငွေစက္ကူထုတ်လုပ်မှုကို ဘုတ်အဖွဲဖြင့် အဘယ်မျှကို တိုင်းပြည်ကို အမြဲအသိပေး ထုတ်ပြန်ထားလျှင် ငွေကြေးလန့်မှု (SHOCK) မဖြစ်ပေါ်နိုင်ပါ။ မြန်မာငွေလဲ ပြည်တွင်း ပြည်သူလူထု၏ ယုံကြည်မှု ရရှိထားလျှင် ငွေကြေးဖေါင်းပွမှုကိုလည်း အထိုက်အလျှောက် အပြုသဘော ပြုပါသည်။

(၂) ၀န်ထမ်းအားလုံး ( စစ်သည် / ၀န်ထမ်း / ပင်စင်စား ) အားလုံးတို့၏ မိသားစု ၀င်ငွေနှင့် ထွက်ငွေ အနည်းဆုံး ရှိသင့်သည့် ပမာဏကို အမြန်ဆုံးလေ့လာပြီး အစိုးရနင့် ၀န်ထမ်းကြား သမမျှတသော ဖြစ်သင့်သော လစာတခု ကို တင်ပြပေးပါရန်။ ယခု မြန်မာနိုင်ငံ သမ္မတကြီး၏ လစာမှာ သိန်း- ၅၀- ယခင်ဈေး approximately (us $ 5000) ဖြစ်ပြီး ကျေးဇူးရှင်ပင်စင်စား ကျောင်းဆရာကြီးတဦး၏ ပင်စင်လစာမှာ- ကျပ်၁၀၀၀-(us $ 1) ခန့်သာရှိပါသည့် အတွက် သမ္မတကြီးလစာဖြင့် အချိုးချကြည့်ပါက အဆပေါင်း - ၅၀၀၀ - ကွာခြားနေသည်မှာ နိုင်ငံတကာ မီဒီယာများက သတိထားမိလျှင် မေးလာလျှင် အဘယ်သို့  ဖြေကြားကြမည်နည်း။

အမေရိကန်သမ္မတကြီး၏ လစာမှာ ဒေါ်လာအားဖြင့် ၄၀၀၀၀- ခန့်ရှိပါသည်။ သို့သော် သူတို့၏ အမေရိကန် ကျောင်းဆရာတဦး၏ ပင်စင်လစာမှာ ဒေါ်လာ ၁၅၀၀ ခန့်ရှိသည့်အတွက်.. အဆအားဖြင့် ၂၅ ဆ သာကွာခြားပါသည်။

(၃) ယခု အစိုးရသစ်ရဲ့ ဘတ်ဂျက်ကို န.အ.ဖ အစိုးရက ပြဒါန်း ခဲ့ပါသည်။  အစိုးရအသစ်မှ လက်ခံ ယူထားရသော်လည်း တိုင်းနိုင်ငံ မငြိမ်မသက်ဖြစ်လာလျှင် စစ်တပ်အား အာဏာကိုပင်သိမ်းခွင့် ပေးထားရပြီး အစိုးရတွင် ဘတ်ဂျက်ကမောက်ကမ ဖြစ်လာသည့်အတွက် န.အ.ဖ က ဘယ်လိုပင် ပေးထားသော်လည်း ဘတ်ဂျက် ရာထားချက်ကို အရေးပေါ်ပြင်ဆင်ရန် လုပ်ဆောင်ရပါမည်။ မလုပ်ဆောင်ပါက တိုင်းပြည်ဆူပူလာပြီး ယခုဆူပူမှုသည် နိုင်ငံရေး ပရောဂ ကြောင့် မဟုတ်ဘဲ ၀မ်းရေး(ဆန်) အတွက် ဆူပူလာမှု ဖြစ်သည့်အတွက် ဆန်လိုအပ်မှုကို ဆန်မပေးဘဲ ကျည်ဆံဖြင့် ဖြေရှင်းလျှင် ကျနော် အပြတ်ပြောရဲပါတယ်... သမ္မတကြီးရော သန်းရွှေမိသားစုပါ ကမ္ဘာပေါ်မှာ ပုန်းစရာမြေ မရှိစေရပါဘူးလို့။ အာရပ်ကမ္ဘာ ပုံစံအတိုင်း တနိုင်ငံလုံး ဆူပူလာကြပြီး ထိန်းမရဖြစ်ကာ မင်းမဲ့စရိုက်မဟုတ်ဘဲ မင်းဖြတ်ကိန်း ဖြစ်လာပါမယ်လို့။

(၄) အခု တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်မှုတွင် စီးပွားရေး စီမံကွပ်ကဲမှုကို နေပြည်တော်မှာ ထားရှိခြင်းအတွက် ဖြစ်ပေါ်လာရသော ၀န်ထုပ်ဝန်ပိုး အကျိုးဆက်နှင့် အုပ်ချုပ်ရေးများကို ရန်ကုန်ကို ပြန်ရွှေ့လိုက်လျှင် လုပ်ငန်းအပေါ်အကျိုးပြုမှု ရှိမှု မရှိမှုတို့ကိုလည်းလေ့လာ ထုတ်ပြန်ပေးပါရန်။ အနိမ့်ဆုံး ယခုလို အကြပ်အတည်းကာလတွင် အချို့သောလုပ်ငန်းများကို အစမ်းသဘော ရန်ကုန်ပြန်ရွှေ့ခြင်းများ စဉ်းစားပေးပါရန်။ နေပြည်တော် စီမံချက်သည် အမျိုးသားညီလာခံက ကျလာသော ဆုံးဖြတ်ချက် မဟုတ်သည့်အတွက် အစိုးရသစ်မှ ဆက်လက် လက်ခံကျင့်သုံးရန် တာဝန်လည်း မရှိပါ။ နေပြည်တော် စီမံချက်သည် တိုင်းပြည်ဘဏ္ဍာတော်ကိုများစွာ ကုန်ကျစေသည့်အပြင် ဈေးကွက်စီးပွားရေးတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်မှုကို အထူးဖင့်နှေးစေပါသည်။

(၅) အခုအခြေအနေ အရ နိုင်ငံခြားတိုင်းပြည်ရောက် မြန်မာတွေ အခုရက်ပိုင်းအတွင်း ငွေလွှဲမှု ခေတ္တ ဆိုင်းငံ့နေကြပေလင့်... မကြာခင်အားလုံး ပြန်လွှဲလာကြရပါမည်။ ထိုအခါ ငွေဈေးက ယခုထက် အကျဖက်ကို ပိုယိုင်လာချေ ရှိနေပါသည်။ ဆရာကြီးဦးမြင့် အနေဖြင့် အမှန်တကယ်လည်း ဖြစ်သင့်နေသည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံသားများ၏ ငွေလွှဲမှုကို အခွန်ဆောင်ထားသူများကို ဦးစားပေးပြီး တရားဝင်ဘဏ်ကနေ လွှဲတာကို စတင်ဖေါ်ဆောင်ပေးပါက (အခုကျင့်သုံးနေသော မြန်မာပြည် နိုင်ငံခြားဘဏ်ကနေ - ၁၀-% ဖြတ်ခြင်းမလုပ်ဘဲ) လက်ခံသော စံနစ်ထားရှိပေးပါက မြန်မာနိုင်ငံအတွက် တရားဝင်ငွေ (ငွေဖြူ) ပိုမိုရရှိနိုင်သလို နိုင်ငံတော်အတွက်လဲ အခွန်အတုတ်နှင့် ငွေလွှဲခ ရနိုင်ပါသည်။  မြန်မာနိုင်ငံသားတို၏ ဒေါ်လာများ တချိန်တွင် ငွေမည်း ဖြစ်စေနိုင်သော ပြသနာကို ကြိုတင် ကာကွယ်ပြီးလည်း ဖြစ်ပါမယ် ။

နိုင်ငံတော်အတွက်လဲ မြန်မာနိုင်ငံသားများ လွှဲအပ်သော ငွေပမာဏကို သိရသည့်တွက် တိုင်းပြည်၏ ငွေစားရင်အင်းအမှန်ကို ပိုမိုတိတိကျကျ တွက်ချက်နိုင်ပါသည်။ နောင် အခုလိုငွေကြေး အတက်အကျ ကြိးမားသောနှုန်း သက်ရောက်မှုမျိုးကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါမည်။ ယခုငွေလွှဲ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတို့သည် ငွေလွှဲသောလုပ်ငန်းဖြင့် အလွန်ဝင်ငွေ ကောင်းနေကြသော်လည်း နိုင်ငံတော်ကို ၎င်းတို့ဝင်ငွေထဲမှ တပြားတချပ်မှပင် ၀င်ငွေခွန် ဆောင်ထားခြင်းမရှိပါ။ နိုင်ငံတော်အတွက် နိုင်ငံခြားငွေအခွန် အသင့်အတင့်ပင် ရစေပါမည်။

ဥပမာ ဖိလစ်ပိုင် နိုင်ငံသည်..၂၀၀၇- ခုနှစ်အတွက် နိုင်ငံရပ်ခြား ထွက်အလုပ် လုပ်သူများမှ မိသားစုထံ ပြန်ပို့ငွေ (တရားဝင်လမ်းကြောင်းဖြင့်) ငွေပမာဏမှာ ဒေါ်လာအားဖြင့် (၁၃- ဘီလျှံ) အထိပင် ပမာဏကြီးမားပါသည်။ သူတို့ နိုင်ငံမှ -၃ -% ဖြတ်သည်ဟု သိရပါသည်။ တခြားရွှေငွေ လက်ဆောင်ပါးသည်များ မပါသေးပါ။ သူတို့နိုင်ငံတွင် အမေရိကန်ဒေါ်လာကို တရားဝင် ကိုင်ဆောင်ခွင့် ပေးထားပါသည်။ မြန်မာနိုင်ငံတွင်လည်း စဉ်းစားသင့်ပါပြီ။

(၆) အထူးပန်ကြားလိုသည်ကတော့ တိုင်းပြည်တိုင်းတွင် နိုင်ငံအရေးနှင့် စီးပွားရေးဆိုသည်မှာ ဒင်္ဂါးပြားတခု ၏ ပန်း နှင့် ခေါင်း နှစ်ခြမ်းပူးနေတာဖြစ်ပြီး ခွဲခြားလို့ မရနိုင်ဆိုတာကို သမ္မတကြီးနှင့် ပြည်ခိုင်ဖြိုး အမတ်တို့ နားလည်လာရန် ဆရာကြီးမှ ခိုင်ခိုင်မာမာရပ်တည်ပြီး ပြတ်ပြတ်သားသား ပြောကြားသင့်သော အချိန်သည် လွန်ပင် လွန်ခဲ့ပြီ ဖြစ်ပါသည်။ သမ္မတကြီးအနေနှင့် တိုင်းပြည်အရေးကို န.အ.ဖ ခေတ်ကလို တဖက်သတ် ကိုယ်စိတ်ထင်တိုင်းလုပ် နိုင်သောအခြေအနေ မရှိတော့သည့်အတွက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့လာစေရန် နိုင်ငံရေးအရ ပြုပြင့်သင့်သည်များကို မပြုပြင်လျှင် မြန်မာနိုင်ငံသားတို့  လက်ကိုင်ထားသော စီးပွားရေး အခြေအနေများမှာ သဲသောင်ပေါ် ဆောက်ထားသည့် သဲအိမ်များပမာ ပြိုလဲသွားသည်အထိ အခြေအနေယိုင်သွားနိုင်ပါသည်။

ဥပမာ န.အ.ဖ. လက်ထက်က နိုင်ငံတော်က အားပေးခဲ့သော တိုင်းတပါးမှ ကားများကို ပြန်လည်တပ်ဆင်သော ကားထုတ်လုပ်မှု တွင်မြုပ်နှံခဲ့သည့် စက်မှုအရင်းအနှီးအလုပ်များမှာ ယခုအခါတွင် အလဟသ ရင်းနှီးမှု လွှဲမှားသောရင်းနှီးမှုဟု သုံးသပ်လာနေကြရပါပြီ။ ထိုလွှဲမှားမှုမျိုးကို ယခုအခါမျိုးတွင် ထပ်မံ အားမပေးမိရန် ဆရာကြိးများမှ လိုအပ်လာပါလျှင် ပြတ်ပြတ်သားသား ထောက်ပြသင့်ပါသည်။

(၇) နေပြည်တော် စိမံကိန်း ကို အတင်းကာရော တွန်းဆောက်လုပ်စဉ်ကလည်း ဆောက်လုပ်မှုအတွက် ကုန်ကျငွေ ကျပ်ငွေ ဘီလျှံပေါင်းများစွာ ထုတ်ပေးခဲ့ပါသည်။ ထိုငွေပမာဏသည် မြန်မာငွေကို ဖေါင်းပွနေစေခဲ့ပါသည်။ ယခု န.အ.ဖ သည် အစိုးရသစ်လက်ကို အာဏာ မလွှဲပြောင်းပေးမှီ အချိန်ပိုင်းအလိုတွင် ကျပ်ငွေ ကုဋေပေါင်းများစွာတန် အစိုးရပိုင် အဆောက်အဥိးများကို လေလံပစ်ခဲ့ရာ ဈေးကွက်အတွင်းရှိ ငွေများခန်းခြောက် သွားမှုကလည်း မြန်မာငွေဈေးကို ထိုးတက်စေခြင်း တကြောင်းဖြစ်ပါသည်။ ယခုအခါတွင် နေပြည်တော်စီမံကိန်းများလည်း နည်းလာပြီး အခြားလုပ်ငန်းများပါ ထိုးရပ်လာပါလျှင် လည်ပတ်နိုင်သော မြန်မာငွေ ရှားပါးလာလေ မြန်မာငွေ ခိုင်မာလာလေ ဖြစ်လာပါမည်။

သို့ပါသဖြင့် နိုင်ငံတော်မှ နိုင်ငံအတွက် တကယ်လုပ်သင့်သော မြို့တော်တိုးချဲ့ရေး စီမံကိန်းဖြစ်သော ရန်ကုန်မြို့တော်ကို ဒလ-ဘက်သို့ တံတားထိုးတိုးချဲ့သော စီမံကိန်းကို ဖေါ်ဆောင်ပေးလာပါလျှင် မြန်မာငွေများ ပြန်လည် သွက်လက် လှုပ်ရှားလာနိုင်ပါသည်။ ဒလ စီိမံကိန်းကို ၁၉၉၄-ခုနှစ်တွင် နိုင်ငံတော်လူကြီများ ထံသို့ နိုင်ငံခြားကုမ္မဏီကြီိးများ ပူးပေါင်းအဖွဲ့မှ စီမံကိန်းကိုတင်ပြခဲ့ဘူးပြီး ပျက်ခဲ့ရဖူးပါသည်။ (စကားချပ်..... ၁၉၉၄ခုနှစ်က ရုရှား၊ သြစတေးလျနှင့် နိုင်ငံစုံမှ ပါဝင်လုပ်ဆောင်မည့် ဒလစီမံကိန်း အသေးစိတ်အား ထပ်မံတင်ပြပေးပါမည်။ လူနေအိမ်အဆောက်အဦးများ၊ ရေကန်များ၊ တောင်ကုန်းများ၊ တံတား၊ ဆိပ်ခံတံတား၊ မြေအောက်ရထားလမ်း၊ ရန်ကုန်မြစ်ရေအား ကြည်လင်စေပြီး ပင်လယ်ဝမှ သောင်ထွန်းနေမှုအား ဖယ်ရှားနိုင်မည့် နိုင်ငံစုံ ပါဝင်လုပ်ဆောင်မည့် အဆိုပါ ဘက်စုံစီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၄ခုနှစ်တွင် လွှတ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ပျက်ခဲ့ရပါသည်) နိုင်ငံတော်၏ စီးပွားရေး တိုးတက်ရန်မှာ မြန်မာနိုင်ငံ၏ အထက်တန်းလွှာ အိမ်ယာဈေးကွက်မှာ လာရောက်ရင်းနှီးသူ နိုင်ငံခြားသားများ အိမ်ငှားစရိတ်က နိုင်ငံခြားတိုင်းပြည် အချို့ထက်များနေခြင်းကလည်း ရင်းနှီးမှုများကို နောက်ပြန်ဆုတ်စေသော အချက်တခုဖြစ်နေပါသည်။ နိုင်ငံတော်တွင် လုပ်အားခ ဈေးသက်သာသော်လည်း အခြားစားရိတ်များက နိုင်ငံခြားရင်းနှီးသူများကို တွက်ခြေမကိုက်ဖြစ်နေသည်ကို လေ့လာလျှင် တွေ့ မြင်လာပါမည်။

၎င်းအပြင် ယခုကဲ့သို့ ဝေးလံသော ရွှေပြည်သာ လှိုင်သာယာ ကဲ့သို့ သောနေရာများမှ ကုန်ပစ္စည်း အသွား နှင့်အပြန် သယ်ယူရသော အပိုအကုန်အကျများကို ရေရှည်တွင် လျှော့ချရန်မှာ ဒလကို မြို့တော်တိုးချဲ့ပြီး ကုန်များကို သဘောင်္ပေါ်သို့ အနီးဆုံး တင်ချစေခြင်းသည်သာ စီးပွားရေးကို နိုင်ငံတကာနှင့် ပြိုင်ဆိုင်စေနိုင်ပါမည်။ ယခုအတိုင်း ငွေဈေးမှာ လန့်လျှက်ဖြစ်ပြီး တက်လိုက်ကျလိုက် ဆက်လက် ဖြစ်နေမည်ဆိုလျှင် အစိုးရတည်မြဲရေးကိုပင် ထိခိုက်လာနိုင်ပြီး အာရပ်ကမ္ဘာ နွေဦးလေပြင်းမျိုးပင် ကျရောက်လာနိုင်ချေ ဆိုက်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တည်တံ့ခိုင်မြဲရေးမှာ အာဏာရှင်သော ..အစိုးရသော ဒီမိုကရေစီသော မခွဲခြားဘဲ အားလုံး လက်တွဲညီညီ ကာကွယ်သင့်သော အမျိုးသားရေး တာဝန်ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် အဖြူအမဲ ခွဲခြားသူသည် တိုင်းပြည်အရေးကို ထိပ်တန်းဦးစားမပေးသူ တကယ်ကောင်း အတ္တလွှမ်းမိုးသူသာ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပါသည်။

အာလုံးကိုလေးစားလျှက်

လှိုင်မြင့်

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၁) ပြန်ဖတ်ချင်ရင် Click

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Posted: 11 Jun 2011 01:04 AM PDT

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၁)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
Acceptable dollar vs acceptable kyat bill, Yangon (Rangoon), Myanmar
This travel blog photo's source is TravelPod page: Yangon
အမေရိကန်ဒေါ်လာငွေဈေးကျဆင်းပြီး မြန်မာငွေ ပြန်လည် ခိုင်မာလာပါမယ်လို့ ကျနော် - ၂၀၁၁- နှစ်ဆန်းပိုင်း ဇန္န၀ါရီလဆန်းပိုင်းက စီးပွားရေးပိတ်ဆို့မှု အကြောင်းရေးနေရင်း Australia Macquarie Universityမှ စီးပွားရေးပါမောက္ခ Dr. Sean Turnell မှ ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ နှစ်စဉ်မြန်မာနိုင်ငံ ပြန်ပို့ ပေးနေသော ငွေကြေးပမာဏ အကြောင်းဆောင်းပါး ပါလာတဲ့အတွက် ကျနော်က  မြန်မာနိုင်ငံမှာ အခု မြန်မာငွေပြန်လည်ခိုင်မာလာနေတဲ့ ကိစ္စကို ထောက်ပြခဲ့ပါတယ်။ န.အ.ဖက  သူတို့ လက်ထက် စီးပွားရေး အကောင်းဘက်ကို ပြလာလို့ စီးပွားရေးခိုင်မာလာလို့ ဦးမော့လာလို့ ဆိုပြီး အတည်ပေါက်လိမ်လာပါတယ် ။

တကယ်က အရင်နှစ်တွေက သန်းရွှေ နဲ့မောင်အေးမိသားစုက နှစ်စဉ် ကားပါမစ်/ ဖုန်းပါမစ်/ လုပ်ငန်းပါမစ် စတာတွေကနေ နိုင်ငံသူ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ငွေတွေကို ရေစစ်နဲ့ သဲ့ယူသလို နစ်စဉ် သဲ့ယူခဲ့ပါတယ်။ တနှစ်ကို မြန်မာကျပ်ငွေ သိန်းပေါင်း (၂-ကုဋေလောက်) သဲ့ယူပါတယ်။ အဲဒီငွေတွေကို နိုင်ငံခြားက ငွေလွှဲသူတွေ လွှဲပို့တဲ့ဒေါ်လာကို တေဇတို့က စင်ကာပူမှာတင် ဘဏ်ထဲ သိမ်းထားလိုက်ပြိး အဲဒီဒေါ်လာတွေဟာ မြန်မာပြည်ထဲ မရောက်တော့ဘဲ မြန်မာပြည်မှာ သူတို့ပါမစ်နဲ့ သဲ့ယူထားတဲ့ မြန်မာကျပ်ငွေတွေကို ပြန်အမ်းပေးနေတာပါ။ သတိထားတတ်ရင် ပိုသိပါတယ်။ ကားဈေး/ လက်ကိုင်ဖုန်းဈေးတွေ မတရား ခေါင်ခိုက်တဲ့နှစ်တွေမှာ ဒေါ်လာဈေး အမြင့်ဆုံးရတတ်ပါတယ်။

မတရားဝိုက် (သဲ့ယူထားတဲ့ငွေ) ကဖုန်းဈေး၊ ကားဈေးတက်ရင် မြန်မာကျပ်ငွေ သူတို့လက်ထဲ မတရားများလာတော့ မြန်မာငွေဈေး ပိုကျတာပါ။ အစိုးရလက်ထဲ ဒေါ်လာတွေ ၀င်လာတာများလို့ ဆိုတာ လိမ်တာသက်သက်ပါ။ အခု သမ္မတကြီးဦးသိန်းစိန် အစိုးရတောင် နိုင်ငံခြားငွေ သုံးစွဲရန် နည်းနေလို့ တရုတ်ပြည် ခွက်ပျောက်သွားတောင်း ဒူးထောက်ပြန်လာရတာ သိကြတယ်နော်။ သမ္မတဖြစ်လို့ ဖင်တောင်ပူအောင် မထိုင်ရရှာဘူး ဒူးထောက် တောင်းရတဲ့ သမ္မတဘဲ။ နိုင်ငံခြားငွေ ရှိရင် ထမင်းစားသူတွေဘဲ။ အခု ကားပါမစ်က မရှိတော့ဘူး။ တခါ ဖုန်းကတော့ ၃-သိန်းနဲ့တောင်ပေးမယ်။ နောက်- ၂နစ်လောက်ဆို ဖုံးတွေ ဒေါ်လာ- ၅၀ လောက်ဘဲရှိတော့မယ်။ ဖုန်းကနေ သဲ့ယူတဲ့ စံနစ် မရှိတော့ဘူး။  မြန်မာငွေ အသားလွတ် ၀ိုက်ရတဲ့ စံနစ်မရှိတော့ဘူး။ နိုင်ငံခြားနေသူတွေ ပို့တဲ့ငွေကို စင်ကာပူမှာ သိမ်းပြိး ပြည်တွင်းက အသားလွတ် ယူထားတဲ့ငွေနဲ့ ပြန်အမ်း ငွေမရှိတော့ဘူး။

တခါ ကြိုင်ကြိုင်တို့ ပြေးဖို့ပြင်ထားပြီးပြီ။ သူတို့ပိုင်တဲ့ငွေတွေ ကိုလည်း သူတို့ ကိုယ်တိုင်က မြန်မာပြည်ကပြေးဖို့ဘဲ အပီတွက်ထား ပြင်ထားကြတော့ သူတို့ငွေကို ပြည်တွင်းပြန် မရင်းနှီးကြတော့ဘူး။ ဒါကို မျက်တောင်တဆုံးဘဲ ကြည့်တတ်တဲ့ ကြံ့ဖွတ်တွေက မမြင်ကြသေးဘူး။ ချကျွေးတာလေး အငမ်းမရ ဟပ်နေကြတာ။ သူတို့ အဘ ကပြေးဖို့  ရယ်ဒီ။ ထစ်ဆိုရင် အမြှီးတောင် မြင်လိုက်ရမှာမဟုတ်ဘူး။

ဒီတော့ အခုမြန်မာငွေက ခိုင်မာလာတာ သက်သက်ပါ။ အမေရိကန် ဒေါ်လာဈေး ကျလို့မဟုတ်ပါဘူး။ အမေရိကန် ဒေါ်လာက တချို့နိုင်ငံတွေ (ဥပမာသြစတေးလျနဲ့) ဆိုရင်ကျပါတယ်။ ကျတာက သြစတေးလျက သံယံဇာတအများကြိးထွက်တော့ စီးပွားရေးခိုင်မာလို့ပါ။ အခု ငွေတန်ဖိုး တအိအိကျနေတာက တရုတ်ငွေပါ။ သူငွေက လူသန်း-၁၃၀၀ - ရဲ့ အင်အား။ ကျတာက တအိအိ။ ဒါပေမဲ့ သူက စီးပွားရေးပမာဏက ကြီးလွန်းတော့ ငွေတန်ဖိုး နည်းနည်းလေးကျတာ အင်မတန် ကြောက်စရာကောင်းတယ်။ အဲဒါက တမှောင့်။ သူငွေနဲ့ ယှဉ်ရင် အမေရိကန်ငွေက ခိုင်မာတယ်။

ကျနော်တို့ဆီမှာက မူမမှန်တဲ့ ငွေကြေး ကစားထားတာကြောင့် အဲဒီကစားတာကို ရပ်လိုက်ရတာနဲ့ မြန်မာငွေဈေးက အရှိန်အဟုန် ပျင်းပျင်း ထိခိုက်လာတာ။ ဘာမှစီးပွားရေး တက်လာလို့ မဟုတ်ဘူး။ လူမမာနဲ့ ဥပမာပေးပါမယ်။ အခုမြန်မာပြည်မှာ ဆေးခန်း အတော်များများက လူတယောက် သာမန်ဖျားနာရင်ကို STEROIDS / PREDNISOLONE တွေ ပေးတော့တာ။ စတီးရွိုက်ဆေးဆိုတာက သူက ရောဂါကို ကုပေးတာမဟုတ်ဘူး။ ရောဂါလက္ခဏာကို / တနည်း - ဝေဒနာကိုသက်သာအောင် လုပ်ပေးတာ။ ဥပမာထပ်ဆင့်ပေးပါမယ်။ သူက ပဋိဇီဝဆေးလို ရောဂါပိုးကို တိုက်ပေးတာမဟုတ်ဘူး။ အရပ်စကားနဲ့ဆို (ရွှေရင်အေးဆေး) လူတဦးကို ရောဂါပိုးဂါပိုးဝင်လာရင် (ရန်သူပေါ့) လာရင် လူ့ခန္ဓာကိုယ်က (မြို့ခံတပ်ပေါ့) ပြန်ခုခံတိုက်တယ်။ တနည်း စစ်ဖြစ်ကြတယ်ပေါ့။ စစ်တိုက်ကြ စစ်ဖြစ်ကျတော့ မီးတွေလောင် ဘာဖြစ်ညာဖြစ်တော့ လူမှာ ကိုက်ခဲ မီးလောင်တော့ ကိုယ်တွေပူ ဖျားတယ်ပေါ့။ အဲဒီလိုမြင်ကြည့်ပါ။ ကိုယ်က ကိုယ်ခံအားကောင်းရင် ရောဂါပိုးကိုနိုင်ပြိး သက်သာလာတယ်။ ကိုယ်ကမနိုင်ရင် ပဋိဇီဝဆေးတွေ အကူယူ တိုက်ရတာက ဆေးကုတာ လုပ်ပေးရပါတယ်။

အဲဒီမှာ စတီးရွိုက်ဆေးကို ပေးလိုက်ရင်သူက ရန်သူ မတိုက်ဘူး။ စတီးရွိုက်က မြို့ခံတပ်ကို မတိုက်ဖို့ ရွှေရင်အေးဆေး ပေးလိုက်တာပါ။ စစ်မတိုက်ကြတော့ မီးမလောင်တော့ဘူး အပစ်အခတ်တွေ မရှိတော့ အကိုက်အခဲတွေ ကိုယ်ပူတာတွေ ရပ်သွားတာပါ။ ရောဂါပိုး(ရန်သူ) က သူ့ကိုတိုက်သူမရှိတော့ မြို့ထဲကို အေးအေးဆေးဆေး ၀င်ထိုင်တော့ ခြေကုပ်ယူတော့တာပါ။ အဲဒီလို ပုံဖေါ်မြင်ကြည့်ပါ။ ကျနော်တို့ ကိုစာသင်ပေးတဲ့ ပါမောက္ခကြီးတွေ ပြင်ပဆေးခန်းက ဆရာဝန်တွေ ပြီးလွယ်နဲ့ စတီးရှိုက်တွေ ပေးနေတာကို နည်းနည်းရိပ်မိကြပါတယ်။ အခုကျနော် ထောက်ပြသလောက် မသိကြပါဘူး။  သိရင်မျက်လုံးပြူးကုန်ပြီး ထိုင်မနေနိုင်ကြပါဘူး။ အခုဆို မြန်မာပြည်ဆေးဆိုင်တွေကို ခင်ရင်မေးကြည့်ပါ။ ဒီစတီးရွိုက်ဆေးတွေဟာ အင်မတန် ရောင်းအားကောင်းနေပါတယ်။

ကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင် / ကျနော်က မမတူးခေါ်တဲ့ ဒု-၀န်ကြီး ဒေါ်ဝင်းဝင်းမြင့် / မမအုံးလို့ ခေါ်တဲ့ ဒေါ်မြမြအုံးခင် (သုံးယောက်စလုံးနဲ့ အတော်လေး ခင်ပါတယ်) တို့ကို ကျနော် ဒုက္ခပေးတာမဟုတ်ပါဘူး။ ဆေးဆိုင်တွေမှာ စစ်တမ်း ကောက်စေချင်ပါတယ်။ စတီးရွိုက်ကို ကွမ်းယာဆိုင်တွေကအစ ပဲကြီးလှော်လို ညွှန်းနေတာလေး စစ်တမ်းကောက်ပေးပါ ကြပ်မတ်ပေးပါလို့။ ဒီဆေးတွေကြောင့် ကျနော်တို့ မြန်မာလူမျိုးတွေ ၀လဲပိုဝလာတယ်။ အရပ်ပါပုလာပါတယ်။ တခါဖျားလို့ ဆေးခန်းတွေမှာ တခါကုလိုက်ရင် တခါဝလာတာ အဲဒီဆေးတွေ အကျွေးခံကြရလို့ပါ။

ကဲငွေဈေးနှုန်း ကိစ္စဘက်ပြန်လှဲ့ ကြရအောင်။ မြန်မာပြည်မှာ ဖြစ်နေတာက စီးပွားရေးမှာ အာဏာရှင်ကြီးတွေက အထက်ကလို စတီးရွိုက်ဆေးနဲ့ စီးပွားရေးကို ဆေးတိုက်ထားတော့ စတီးရွိုက်လဲ ဖြတ်ရော အဖျားပြန်ထတော့တာပါဘဲ။ အခုက အချိန်အကြာကြီး စတီးရွိုက်နဲ့ အကျွေးခံထားရ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ငွေကြေးတွေကလည်း သူတို့လူတစု လက်ထဲရောက်တယ်။ လူထုလက်ထဲမှာလည်း ငွေကကုန်ခမ်း နေပြီ (လူမမာ အားပြတ်နေပြီ)။  တခါစတီးရွိုက်ကလည်း ဖြတ်လိုက်တော့ အရေးပေါ် ဖြစ်တော့တာဘဲ။ အထက်က စတီးရွီုက်ဆေးက ဖြတ်ရင် တဖြေးဖြေးချင်း လျှော့ဖြတ်ရတာ။ ရုတ်တရက် ဖြတ်လိုက်ရင် အဖျားလဲ ပြန်ပြီး ကန်ထလာတယ်။ လူမမာလည်း အားပြတ်သလို အရုပ်ကြိုးပြတ်ပြီး မလှုပ်ချင် မကိုင်ချင်အောင် ပုံကျသွားတော့တာ။

တခါက ၂၀၀၅- ခုနှစ်ပေါ့။ မိတ်ဆွေတယောက်ရဲ့ ကလေး - ၃-နှစ်သားလေး ဖျားတယ်။ ဆေးခန်းပြတယ်။ ငွေသိပ်မတတ်နိုင်တော့ အဖျားကျပြီ ဆိုပြီး ဆေးခန်းဆက် မသွားတော့ စတီးရွိုက် ရုတ်တရက် ပြတ်သွားတယ်။ ကလေးက မျက်လုံးလေးဟောက် မလှုပ်နိုင်တော့ ကလေးဆေးရုံကြီး သွားပြရတယ်။  ဆေးရုံတင်ရတယ်။ ဆေးရုံမှာအားဆေးတွေသွင်း အားပြန်မထူနိုင်ဘူး။ ကျနော်လိုက်ကြည့်တယ်။ ကလေးကို ကိုင်ကြည့်လိုက်တာနဲ့ ချွေးစေးတွေနဲ့ အေးစက်နေတာ။ သိလိုက်ပြီ အပြင်ဆေးခန်းက ဆရာဝန်က ပထမနေ့ကတည်းက စတီးရွိုက်ဆေး နဲ့ကုနေတယ်ဆိုတာ။ ဒါ (လုံးဝ မလုပ်ကောင်းတဲ) ကိစ္စ။ ဒါဆရာဝန်တွေ စောင့်ထိန်းရတဲ့ သမားကျင့်ဝတ်ကို ဖေါက်ဖျက်တာ။ ကလေးအထူးကု ဆရာဝန်ကလည်း မိတ်ဆွေဆိုတော့ ကျနော် ဒီလိုထင်ပါတယ် ရှင်းပြလိုက်တယ်။ သူက ကျနော်ထက် လေးတန်းလောက်ငယ်တယ်။ သူကလက်ခံတယ်။ စတီးရွိုက်လေး ပေးလိုက်တာ တနာရီနေတော့ ထထိုင်တော့တာဘဲ။ ဒီလိုဘဲ တခြားသူတွေလဲခနခန ဖြစ်တတ်ကြလို့ ကျနော့်ကိုခေါ်ပါတယ်။ သိတယ်။ စတီးရွိုက်ဝယ်သောက် ညွှန်းလိုက်တယ်။ အိမ်ပြန်တယ်။ မသက်သာရင်ဖုံးဆက်။ ဒီအတိုင်းဘဲ။  နာရီဝက် တနာရီဆို ရေတောင်ပြန်ချိုးလို့။ ပြီးမှ တစတစ ဖြတ်နည်းညွှန်းရတယ်။

အခုကျနော်တို့ဆီမှာ ဖြစ်နေတာက ပါမစ်ဆိုတဲ့ အထူးအခွင့်ထူးခံစီးပွားရေး ငွေညှစ်ယူတဲ့ စတီးရွိုက်ဆေး အကျွေးခံထားရတဲ့ စီးပွားရေး။ အခုစတီးရွိုက်က ပေးလို့မရတော့ဘူး။ သေပြီ။ ဘယ်လိုကုကြမလဲ။ စီးပွားရေး ဆရာကြီးများ ခင်ဗျား အခုန ကလေးအထူးကု ဆရာဝန်လေးလို စတီးရွိုက် ကိုထည့်စဉ်းးစားပါဦးလို့။ လူတစုလက်ထဲမှာ မူမမှန်မတရား အမြဲရနေတဲ့ငွေ စတီးရွိုက်တွေ မရှိတော့ဘူး။  အဲဒါကိုထည့် မစဉ်းစားတော့ ပညာရှင်ကြိးတွေ ခေါင်းခဲနေကြတာ။ ဘာကြောင့်ပါလိမ့်ပေါ့။

ကျနော်က မြန်မာပြည် ငွေလွှဲတဲ့ကိစ္စကို ဆောင်းပါးတွေပေါ်မှာ ရေးလိုက်တယ်။ လူထု ထံကနေ ကျနော်အမြင့်ကို လက်ခံသူတွေ အများကြီး ကွန်မင့်တွေ တက်လာပါတယ်။ ကနေ့ ပြည်ပအသံလွှင့်ဌာနကြိးတွေ မီဒီယာကြီးတွေပေါ်မှာရော ပြည်တွင်း/ပြည်ပက စီးပွားရေး ပညာရှင်ကြီးတွေကပါ ကျနော်ထောက်ပြတဲ့ ငွေလွှဲတာမှာ အမေရိကန် ဒေါ်လာတွေဟာ မြန်မာပြည်ထဲကို ၀င်မလာဘဲ စင်ကာပူမှာတင် လမ်းဆုံး ပြည်တွင်းမှာ စတီးရွိုက် ကျပ်ငွေတွေ နဲလည်း ပေးနေပါတယ်.. ဆိုတာ လက်ခံတဲ့ပညာရှင်တွေ မရှိကြသေးတာ တော်တော်လေး ထူးဆန်းနေပါတယ်။ တခါ ပိုထူးခြားတာက ကျနော်ရေးထားတာတွေ တလွှဲပါလို့ပြောသူ တယောက်မှ မရှိတာကလည်း။ ဒီစတီးရွိုက် ငွေဆိုတာ တကယ်က ငွေမည်းတွေ။ အဲဒါတွေကို ငွေဖြူဖြစ်ရုံမက စင်ကာပူ ဘဏ်ထဲအထိ တရားဝင်ငွေအနေနဲ့ ရောက်အောင် တချက်ခုတ် ဆယ်ချက်ပြတ် လုပ်နေခဲ့တာ။ အခု စီးပွားရေးပညာရှင်ကြီးတွေ (ပြည်တွင်းကို မဆိုလိုပါ) ပြည်ပက ပညာရှင်ကြီတွေ ဘာလို ဒီစတီးရွိုက်ငွေ ငွေမည်းကိစ္စ ကို ဘာကြောင့် ရေငုံနေကြတာပါလည်း။

အခုကျနော် နိုင်ငံခြားမှာ တခါတခါ စီးပွာရေး သတင်းစာပေါ့ ၀ယ်ဖတ်တယ်။ နားမလည်တာ အများကြီး နားလည်တာက နည်းနည်း။ ကိုယ်ကစီးပွားရေးနဲ့ ဆိုင်တဲ့ ဝေါဟာရတွေတောင်မှ မသိတာ ဘယ်နားလညနိုင်မှာလည်း။ ဒါပေမဲ့ မြန်မာနိုင်ငံက စီးပွားရေးပညာရှင်ကြီး များကိုတော့ စတီးရွိုက် ကိုထည့် စဉ်းစားပါလို့ ပြောလိုပါတယ်။ ဒါကိုထည့်မစဉ်းစားရင် အထက်က ကလေးကို မလိုဘဲ အားဆေးတွေ သွင်းနေတာ ၂- ရက်။ ရောဂါတခြား ဆေးတခြား ဖြစ်နေပါမယ်။ သူလိုနေတဲ့ဆေးကို သိတော့ တနာရီနဲ့ ထ ထိုင်တာပါ။ အခု စတီးရွိုက်ကတော့ ပြန်ပေးလို့ မရတော့ဘူး။ စတီးရွိုက်ခေတ် ကုန်ပြီ  စတီးရွိုက်ကို ထည့်စဉ်းစားပြီ ကုသဖို့ထက် မြန်မာငွေ ဘယ်လောက်အထိ ဈေးပေါက်မယ်ဆိုတာကို ကြိုတင် တွက်ဆထားဖို့ လုပ်ကြရပါမယ်။

နောက် ကုသချင်တယ်ဆိုရင်တော့ကျနော်မြင်တာလေးပေါ့။ ငါနည်းမှ အပိုင်လို့ အမှန်လို့တော့ မပြောရဲပါ။  အခုဟာက လူမမာစကားနဲ့ ပြောရရင် သွေးအဆိပ်တက်နေ သွေးတွေ ယိုစိမ့်နေတဲ့ လူမမာ အဆင့်ရောက်နေတော့ ကျုပ်ကုရင်ရတယ် အာမမခံရဲတဲ့ အခြေအနေရောက်နေပါတယ်။ ရောဂါလွန်နေပြီ။ နည်းနည်း သက်သာစေနိုင်မယ့် နည်းလေးတွေ ဆေးမီးတိုလေးတွေတော့ အကြံပေးချင်ပါတယ်။  လက်ခံရင်ပေါ့။ လက်မခံရင်လဲ ရပါတယ်။ လစ်ဗျားပြီးရင် ခင်ဗျားတို့ (လစ်ဗျာ) လုပ်ဖို့ ပြင်ထားကြပေတော့။

ဒါပေမဲ့ ပြည်သူအများစုကိုတော့ အသိပေး သတိပေးလိုပါတယ်။ မြန်မာငွေ အခုထက် ပိုခိုင်မာလာပါမယ်လို့။ ဘယ်လောက်အထိ ပြန်တက်လာနိုင်တယ်တော့ မခန့်မှန်းနိုင်ပါဘူး။ ဒီထက်မက တက်လာပါမယ်တော့ ပြောရဲပါတယ်။ ကျနော်အထင် သက်သက်နဲ့ (ခန့်မှန်းတာ သက်သက်နော်) မြန်မာငွေဟာ တစ်ဒေါ်လာကို ၅၀၀-ကျပ်အောက်ကို ပြန်ရောက်မယ်လို့ ထင်နေပါတယ်။ ပြန်စဉ်းစားကြည့်ပါ။ ရှေ့လျှောက် နိုင်ငံခြားကနေ မြန်မာတွေက အခြေနေပိုဆိုးလေ မိမိရဲ့ ဆွေမျိုးမိသားစုတွေဆီ ငွေတွေကို ပိုပြီးတောင်ပို့ ကြရပါမယ်။ နိုင်ငံခြားငွေတွေ ပိုလို့တောင် ၀င်လာပါမယ်။ ဒါပေမယ့် အရင်လို စင်ကာပူဘဏ်ထဲမှာ အောင်းမနေတော့ဘဲ ပြည်တွင်းကို တိုက်ရိုက် ၀င်လာရပါတော့မယ်။

အဲဒီကျရင် ဒီငွေမည်းလိုဖြစ်နေတဲ့ အမေရိကန်ဒေါ်လာဟာ ဈေးကွက်ထဲမှာ များနေရင် တိုင်းပြည်နာပါတယ်။  သူက ငွေမည်းဒေါ်လာဖြစ်နေတော့ ပမာဏ နည်းရင် မသိသာပေမဲ့ ပမာဏများရင် ဘဏ်ထဲကို တရားဝင်ငွေအနေနဲ့ ပြန်သွင်းဖို့က လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အမေရိကန်မှာ ဒေါ်လာကို စောင့်ကြည့်နေတဲ့ ဒေါ်လာ FBI ဆိုတာရှိတယ်။ သူတို့သိရင် စောင့်ကြည့်မယ်။ ပြန်မထည့် နိုင်အောင်လုပ်ပါမယ်။ အဲဒီကျရင် အဲဒီငွေမည်း ဒေါ်လာက အကျကိုပိုပြီး တွန်းအားများမယ်။

တခါ န.အ.ဖ ကလဲ ပြည်ပက ဒီလောက်များတဲ့ငွေတွေ မတရားလွှဲနေတာကို ငွေလွှဲသူတွေကို ဖမ်းတာ တခါဆို တခါမှ မရှိခဲ့ဘူးပါ။ သူတို့အကျိုးစီးပွားကို ကူနေသူတွေဆိုတော့။ အခုကျတော့ သူတို့အကျိုး (စီးပွားရေးတွေကိုပါ ထိခိုက်လာတော့) ဖမ်းတာက လာပါဦးမယ်။ ဖမ်းလေ ဒေါ်လာဈေးက ကျလေ။

နောက်ဆုံး ဘယ်လောက်အထိ ပြန်ကျနိုင်မလည်းဆိုရင် ၂၀၀၀-ခုနှစ်စ လောက်က ရှိခဲ့တဲ့ ၃၀၀- ၀န်းကျင်အထိ ကိုတောင် ပြန်ရောက်နိုင်ပါတယ်။ အတတ်တော့မပြောနိုင်ပါ။ ဘဏ်ကနေ မြန်မာတွေတွေ လှိမ့်ထုတ်လိုက်ရင် တခါ ဈေးကပြောင်းပြန် ပြန်ဖြစ်နိုင်တယ်လေ။ အရူး လင်လုပ်ရသလိုပါပဲ။

ဆက်လက်ဖော်ပြပါမည်..

အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်

ကနေဒါနိုင်ငံ Quebec ပြည်နယ် City of Saint-Luc မြို့တော်ဝန်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့တဲ့စာ...

Posted: 10 Jun 2011 09:47 PM PDT

Letter to Aung San Suu Kyi From Mayor Anthony House Father 2011-05-01
ကနေဒါနိုင်ငံ Quebec ပြည်နယ် City of Saint-Luc မြို့မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုကို လာမယ့် ဇူလိုင်လ(၁)ရက်နေ့မှာ ကျရောက်မယ့် ကနေဒါနိုင်ငံ ထူထောင်တဲ့နေ့မှာ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်...။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment