Monday 4 July 2011





Posted: 03 Jul 2011 10:14 PM PDT
 အမေစုနဲ့ သားငယ် ကိုထိန်လင်းအား ညောင်ဦးလေဆိပ်မှာ လာရောက်ကြိုဆိုသူများနှင့် တွေ့ရစဉ်
 ပုဂံ (River View Hotel) မှဝန်ထမ်းများမှ အပြုးပန်းများဖြင့် ကြိုဆိုနေစဉ်
ကြောက်ရွံ့လို့ မကြိုမနေရ ဟန်ဆောင်အပြုံးနဲ့တော့ ကွာတယ်နော်...
 ညောင်ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်..
ဓာတ်ပုံ... ဒီမိုဝေယံ...
Posted: 03 Jul 2011 08:58 PM PDT
 ပုဂံ(River View) ဟိုတယ်သို့ ယနေ့မနက်ပိုင်းက ရောက်ရှိလာစဉ် ဟိုတယ်ဝန်ထမ်း တစ်ဦးမှ ကြိုဆိုနေစဉ်
 အမေစု ပုဂံလေဆိပ်သို့ ရောက်ရှိလာစဉ်.. 
(မန္တလေးတိုင်း တိုင်းစည်းအဖွဲ့ဝင်များမှ လာရောက်ကြိုဆိုကြပါတယ်..)
ဓာတ်ပုံ AP, Retuters
Posted: 03 Jul 2011 08:09 PM PDT
သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး 
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ရေးရတာလဲ တချိန်လုံး ကလော်ဆဲတာတွေချည်း ဖြစ်နေတော့ ကြာရင်စာဖတ်သူတွေ ကတောင် ကျနော်စိတ်မှ မှန်သေးရဲ့လားထင်စရာ ရောက်နေပြီ။ ခက်တာကလဲ ဗိုလ်သန်းရွှေက လုပ်လိုက်ရင် တိုင်းပြည် နာစေတာချည်းလုပ် ကျနော်ကလဲ ဓါးခုတ်ရာလက်ဝင်လျှိုလို့ ပြောစရာကလဲ ရှိဆိုတော့ ၀င်ဝင်ပါတတ်မိတယ်။ ရှေးရေစက်လားလို့တောင် ထင်ရတယ်။ အရေးထဲ အမျိုးကတော်လိုက်သေးတယ်။ တော်တော့လဲ ကျနော့်စကား သူ့ကိုဆော်ကားမိလျှက်သားဖြစ်သွားတယ်။ ကျနော် ခယ်မက ပထမ အိမ်ထောင်ရှိတယ်။ ပထမအိမ်ထောင်နဲ့ ဟိုက ခယ်မထက် အသက်၁၉-နှစ်ကြီးတယ်။ အရေးအခင်းပြီးစ န.၀.တ လက်ထက် ပထမဆုံး နိုင်ငံခြားလုပ်ငန်း ကန်ထရိုက်ကို ရသူပါ။ ပြီးရုပ်ရှင်မင်းသမီးပေါက်စ နာမည်ကျော်နဲ့တွဲ  မယားကို အရာမသွင်းတော့ ကွဲကြတာပေါ့။

အဲဒီမှာ ဗိုလ်သန်းရွှေသား(ထွန်းနိုင်ရွှေ)နဲ့ ဆုံပြီး သူ့ကို အသေကပ်ပါလေရော။ ထွန်းနိုင်ရွှေက သူ့ကို ပြန်မကြိုက်ရင် သူ့ကိုသူပါ သေနတ်နဲ့ပစ်သတ် Sucide လုပ်မယ်တွေ လုပ်ပါလေရော။ ခယ်မလဲ ကျနော်ကို တိုင်ပင်ပေါ့။ ကျနော်ကတော့ပြတ်တယ်။ အရေးမလုပ်နဲ့။ မယူနဲ့... ဒီကောင်တွေက အဖေကအစ လူစိတ်ရှိတာ မဟုတ်ဘူး။ ပြီးဘာအရည်အချင်းမှ မရှိတဲ့အပြင် အရည်အချင်း ရှိသူကိုတောင် တန်ဖိုးထားရမှန်း ပညာရှင်တန်ဖိုးကိုတောင် နားမလည်သူ တွေပေါ့။ စကားက ဟိုအထိရောက်တော့တယ်။ ပြသနာက အဲဒီကတည်းက ကျနော်က သူတို့ကို စော်ကားတယ် လူပါးဝတယ် တွေဖြစ်ရော။ မတတ်နိုင်ဘူး။ ကိုယ်စိတ်ထဲ ထင်တဲ့အတိုင်း ပြောတာလေ။ အားလုံးကတော့ ဗိုလ်ချုပ်မှုးကြီးသား ဆိုတော့ သဘောတော် ကျနေကြတာပေါ့။ အပြတ်ကန့်ကွက်သူက ကျနော်တယောက်ထဲ။ ကန့်ကွက်တာထက် ပက်ပက်စက်စက် ပြောတာကို သူတို့ဖက်ကနာတာ။

ထားတော့။ ၁၉၉၁- လောက်မှာ န.၀.တ ဟာ ရတနာဓါတ်ငွေ့သိုက်ကို တွေ့လိုက်ပါတယ်။ အဲဒီတော့ ဓါတ်ငွေ့ကို ရောင်းဖို့ကို ထိပ်ကထား စဉ်းစားတယ်။ ပညာမတတ်တော့ သုံးစွဲပြီး စွမ်းအင် ဖူလုံအောင်လုပ်ပေးရင် တိုင်းပြည် ပိုတိုးတက်မယ်ဆိုတာ မမြင်နိုင်ဘူး။  ရောင်းစားရင် ပိုက်ဆံရမယ် လောက်သာမြင်တာ။ မဆန်းပါဘူး  အသိက ဒီလောက်ဘဲရှိတာကိုး။ ပိုဆိုးတာက ပြည်တွင်းသုံးစွဲရင် ကျပ်ငွေဘဲရမယ်။ မြန်မာ့အစိုးရလုပ်ပြီး ကိုယ့်ကျပ်ငွေကို မလိုချင်တာကတော့... ပြည်ပကို အထင်ကြီးတာ ဘယ်သူလဲ ပြန်မေးကြည့်ပေတော့။ ကိုယ်ပစ္စည်းကို ကိုယ်ပြန်မသုံးချင် မလိုချင်မှတော့ သူ့အလုပ်က မဟန်လို့ပေါ့။

အဲဒီမှာ ဓါတ်ငွေ့ရောင်းမယ်ဆိုပြီး ၀ယ်လိုသူတွေကို တင်ဒါခေါ်ပါတယ်။ ၁၉၉၄-ခုနစ် ကုန်လောက်မှာ ခေါ်ပါတယ်။ အဲဒီကနေ ၁၉၉၅-လောက်မှာ ကျနော်ဟာ မိတ်ဆွေ ပြင်သစ် ကုမ္မဏီကြီး- ၂-ခု ပူးပေါင်း  (နာမည် ထုတ်ဖေါ်ရန်မသင့်ပါ။ သို့ပေမယ့် ပြင်သစ်က ကြီးမားသော ကုမ္မဏီကြီ-၂-ခု ဖြစ်ပါတယ်) ဓါတ်ငွေ့ကို မြန်မာနိုင်ငံအနေနဲ့ အကုန် သုံးစွဲရန် ဖွံ့ဖြိုးမှု မရှိသေးတော့ တပိုင်းကိုရောင်း တချို့ တ၀က်ကို ပြည်တွင်းသုံးရန်တင်ပြပြီး ဒီကုမ္မဏီ-၂-ခုမှ စီမံကိန်းကြီိးတွေ တင်ပြပါတယ်။

တင်ပြထားတာကတော့ ထိုင်းကို အခုလက်ရှိ ပိုက် လက္မ-၄၈- အထိ မပေးဘဲ ၃၆- လက္မခန့်သာပေးပြီး ရန်ကုန်ကို ၃၂-လက္မ ဆိုဒ်ပိုက်နဲ့ သွယ်ယူပြီး တွံတေးမြို့ အနားမှာ- ၅၀၀-မီဂါဝပ် လျှပ်စစ်ဓါတ်အားစက်ရုံ -၂-ခု နင့် တနေ့လျှင် တန်ချိန်- ၁၈၀၀- ကျမည့် ဓါတ်မြေသြဇာစက်ရုံ ၂- ခု တည်ဆောက်ရန် တင်ပြပါတယ်။ အဲဒီတင်ပြတဲ့ ပိုက်ဆံကို ဗိုလ်သန်းရွှေက လက်မခံလို့ ပိုက်အသေးနဲ့ ပြန်တင်ပြီး လျှပ်စစ်စက်ရုံတခု.. ဓါတ်မြေသြဇာစက်ရုံတခု အထိ ထပ်လျှော့တင်ပြရပါတယ်။

၂၀၀၅ -မှာ ကုမ္မဏီတွေ အများထဲက ဆန်ကာတင် ကုမ္မဏီ ငါးခု ရွေးပါတယ်။ အဲဒီအထိ ဒီပြင်သစ်ကုမ္မဏီ ပါသေးတယ်။ နောက် ဆန်ကာတင်- ၃-ခု လုပ်တဲ့အထဲ ပါမလာတော့ပါ။ ကြားတာကတော့ ထိုင်းက သူ့မိသားစု စီဝင်လိုက်ပါတယ်။ နောက်ဆုံးတော့ အခုထိုင်းကို ရောင်းဖို့ လက်မှတ်ထိုးလိုက်ပါတယ်။ ပထမပိုင်းမှာ အဲဒီတုန်းက စွမ်းအင်ဝန်ကြီးက အတော်လေး သဘောကျနေတာပါ။ ပြည်တွင်းမှာလည်း သုံးမယ်။ ရန်ကုန်မှာ မီဂါဝပ်-၁၀၀၀- လျှပ်စစ်ဓါတ်အားရရင် တမြို့လုံးမီးထိန်ထိန်လင်းပြီး စက်မှုလုပ်ငန်းတွေ တိုးလာမယ့်စီမံကိန်းလေ။ မရဘူး .. ဘဘကြီးဗွီတိုဘဲ။  စက်မှုလုပ်ငန်းတွေသာ သဘာဝ လျှပ်စစ်လုံလုံလောက်လောက် ရနေမယ်ဆိုရင်.. အခုလို စက်ရုံကြီးတွေ ကိုယ်ပိုင်မီးစက်တွေနဲ့ လည်မနေရဘူးဆိုရင် ဘယ်လောက်လုပ်ငန်း အတွက်အဆင်ပြေမယ် ဆိုတာကတော့. ထမင်းစားသူတိုင်း သိပါတယ်။

အခုတော့ သူ့သဘောက ဖိုင်နယ်ဘဲ။ သွားပါလေရော။ တမြို့လုံး အိမ်တိုင်း ရုံးတိုင်း မီးစက်တွေ တ ဒုံးဒုံးနဲ့။ မီးအားလဲ စိတ်တိုင်းကျမရနိုင် ကုန်ကျငွေကလဲ သဘာဝလျှပ်စစ်အတွက် ကုန်ကျရတာရဲ့  ငါးဆ -မှ ၈-ဆ ပိုကုန်ကျရပါတယ်။ တနိုင်ငံလုံး တရုတ်မီးစက်တွေ ၀ယ်လိုက်ရတဲ့ငွေက ဒေါ်လာနဲ့ဆို.. သန်း-၅၀ -မက ရှိနိုင်ပါတယ်။ ဒီကြားထဲ မီအားထိန်းစက် (Voltage regulator) မီအားမြှင့်စက်။ မီးအားမမှန်တော့ ထားရတဲ့ ရေခဲသေတ္တာ မီးအားကာကွယ်စက် (Safe Guard) စတာတွေဟာ နှစ်စဉ်.. တိုင်းပြည်က ပြည်သူတွေ ကုန်ကျရတာ ဒေါ်လာ-၁၀ -သန်းမကဘူး။ ဒေါ်လာ၁၀-သန်းဆိုတာ ပြည်မြို့က ဧရာဝတီ မြစ်ကူးတံတားကြီးရဲ့ အပေါ်က တံတားသံထည်တွေဟာ လေလံနဲ့ဝယ်တာ..ဒေါ်လာ-၁၂-သန်းဘဲရှိပါတယ်။ ဖေါင်ကြီးရေကာတာဟာ အထဲက သံချောင်း ဘိလပ်မြေ ဒီဇယ်ဘိုးက.. ဒေါ်လာ-၁၀-သန်းဘဲကုန်ကျပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံမှာ နှစ်စဉ် နှစ်စဉ် အဲဒီ တခြားနိုင်ငံတွေမှာ လုံးဝမတတ်ရတဲ့ မီးအားကို ထမ်းရတဲ့စက်လေးတွေရဲ့ အလကားနေရင်း အပိုကုန်ရတဲ့ငွေဟာ နှစ်စဉ်နှစ်စဉ် ပြည်က ဧရာဝတီ မြသ်ကူး တံတားကြီးတခုကို ဖျက်ဖြိုချပစ်နေရတယ်လို့သာ မြင်ကြည့်ကြပါ။ အဲဒါပြည်သူတွေရဲ့ငွေတွေပါ။ အဲဒါ ခင်ဗျားတို့ မစဉ်းစားမိကြတဲ့ အစိုးရတရပ်ရဲ ကိုယ်ကျိုးဘဲကြည့်မှုရဲ့ မမြင်သာတဲ့ ပေးဆပ်ရမှုတွေ။ မတိုးတက်ရတဲ့ အပြင် အပိုပါထပ်နာရတာ။ အရှုံးချည်းဘဲ။ အနာချည်းဘဲ။ အစိုးရရဲ့  သစ္စာမဲ့မှုကြောင့် ကျနော်တို့ငွေတွေ တအိအိ ယိုစိမ့် ထွက်သွားရတာတွေပါ။ ကိုယ်ကျိုး တဘို့ဘဲ ကြည့်သူတွေ တိုင်းပြည်အုပ်ချုပ်ရင် ဘယ်လောက် နစ်နာတယ်ဆိုတာ မျက်တောင် တဆုံးဘဲမကြည့်ဘဲ တလှန် မျက်စေ့တဆုံး ကြည့်တတ်ကြပါ။

ကြားထဲ ထိုင်းက ဓါတ်ငွေ့ငွေရပြီး စီးပွားရေးပိုခိုင်မာ ပိုထောင်တက်လာတော့ ဥပမာ အထည်ချုပ်လုပ်ငန်းပေါ့။ ကျနော်တို့က သူတို့ကို မယှဉ်နိုင်တော့ဘူး။  မယှဉ်နိုင်တော့ လုပ်အားခလည်း သူတို့လို မပေးနိုင်။ လုပ်ငန်းကလည်း ကြားထဲ ဟိုကဖြတ် ဒီကဖြတ် ဆိုတော့ နည်းနည်း အခြေအနေ မကောင်းရင် ပြုတ်ရော။ ဒီတော့မြန်မာတွေက ပတ်စ်ပို့ကလည်း မလွယ်တော့ တရားမ၀င် ထိုင်းကို ထွက်လုပ်ကြရတော့ ဟိုက မြန်မာလုပ်အားတွေကို ဈေးပေါပေါနဲ့လည်းရ။ ညစ်ပတ်ပြီး ထပ်အကြပ်ကိုင်တော့ အလွန် အမြတ်ရပြီး မျောက်အမြှီးနဲ့ မျောက်ပြန်ချည်ခံရတာ ဆိုတာ ကျုပ်တို့ဗမာ အတွက် စကားပုံလိုဖြစ်နေပြီ။ ကိုယ်တိုင်းပြည်ရဲ့ အားသာချက် သယံဇာတကို ကိုယ်ပြိုင်ဖက်နိုင်ငံ ကိုထိုးရောင်းတာဟာ သူခိုးဓါးရိုးကမ်း ဆိုတာ ဒါမှကွက်တိ။ ပြောရရင်တော့ ကိုယ့်လင်ကို မြင့်မြတ်တဲ့ သူတော်စင်အလား အမှတ်ထားအိပ်ပြီး လင်ငယ်အတွက် ဖင်ကိုခြင်ထောင် အပြင်ထုတ်ပေးထားတာ ဒါမျိုးပြောတာ။ ပြောတော့ တပ်မတော်ဟာ အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်တဲ့။ ဒါကို သစ္စာဖေါက်တယ်လို့ မခေါ်ရင် ပြပါအုံးလို့။
ပြည်ပအားကိုး ပုဆိန်ရိုးအော်တယ်။ ကိုယ်တိုင်ကတော့ ဖင်ကို ခြင်ထောင် အပြင်ဖက် ခိုးထုတ်ပေးထားတယ်။  ခုလည်း ရွှေသဘာဝဓါတ်ငွေ့ကို အကုန်လုံး တရုတ်ကို ထိုးရောင်းစားပြန်တယ်။ တရုတ်ဆီက နိုင်ငံရေး ဗွီတိုအာဏာသုံးပေးဖို့ ကန့်ကွက်မဲ ကိုရဖို့ တရုတ်တောင်းသမျှ ပေးလိုက်ရတာပါဘဲ။  အဲဒါ တကိုယ်ကောင်းစိတ် ကြီးမားသူတွေ အတ္တအတွက် မမှန်တာတွေလုပ် တိုင်းပြည် ပြည်သူလူထု ထောက်ခံမှုမရတော့ ပြည်ပအားကိုး မဟုတ်တော့ဘူး။ အားကိုးရတဲ့အဆင့် ထက်ကျော်သွားပြီ။ ကျားကန် ပေးထားရတဲ့ အဆင့်ဖြစ်သွားပြီ။ ပိုဆိုးတာက အခုတရုတ်က သူ့လူမျိုးတွေရဲ့ စီးပွားကို အာမခံပေးရမယ်အထိ အကြပ်ကိုင်လာပါပြီ။

အဲဒါဟာ နိုင်ငံရဲ့နိုင်ငံ့ အာဏာကို ကျူးကျော်စော်ကားမှုပါ။ တရုတ်ဟာ ဒီလိုတောင်းဆိုမှုမျိုးကို တခြားဘယ်နိုင်ငံကိုမှ မတောင်းဆိုသေးပါဘူး။ နိုင်ငံတနိုင်ငံဟာ သူ့လူမျိုးအတွက် အဲဒီလိုအာမခံချက် မျိုးတောင်းဆိုခွင့် မရှိရပါဘူး။ တောင်းဆိုနိင်တာက သူ့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကိုသာ တင်ပြခွင့်ရှိတာပါ။ ဥပမာ အမေရိကန်နိုင်ငံသား ခံထားတဲ့ ကိုညီညီလွင် ကိစ္စကိုကြည့်။ ဒေါ်စုအိမ် ရေကူးလာခဲ့တဲ့ ယက်တော။ ဒ့ါသူတို့နိုင်ငံသား။ အဲဒါပြောလို့ရတယ်။ ကျနော်တို့နိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်လူမျိုးအတွက် သူဘာမှဝင် အာဏာကျော်ပိုင်ခွင့်မရှိဘူး။ တရုတ်လူမျိုးဖြစ်ပေမဲ့ မြန်မာနိုင်ငံသား။ သူတို့ဟာ တရုတ်နိုင်ငံသားမဟုတ်ဘူး။

အခုတော့မဟုတ်ဘူး။ ဗွီတို ကိုဗန်းပြပြီး ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ တောင်းဆိုမှုမျိုး။ တရုတ်ကိုမေးကြည့်ပါ။ သူတို့ဒီလိုမျိုး အခွင့်အရေး တောင်းဆိုမှုကို ဘယ်နိုင်ငံနဲ့ ပြောဘူးလဲလို့။ အဲဒါ ပြည်ပအားကိုးထက် နိမ့်သွားပြီ။ ပြည်ပ ဒူးထောက် ဖြစ်သွားပြီ။  ဒါမြန်မာလူမျိုးရဲ့ ဇာတိမာန်ကို ဒူးထောက်စေတာဘဲ။ ဇာတိမာန် မကျန်တော့ဘူး။ ဆွေမျိုးခေါ်ပြီး အပေါက်ဖေါ် ပေးထားရပြီ။

လှိုင်မြင့် 
ဆက်လက်ဖော်ပြပေးပါမည်...

 ဒီဆောင်းပါး လွန်ခဲ့တဲ့ ၃ပတ်ခန့်က ပေးပို့ထားတာဖြစ်ပါတယ်.. ယခုမှ ဖော်ပြဖြစ်တဲ့ အတွက်ဆရာ့အား တောင်းပန်အပ်ပါတယ်။
Posted: 03 Jul 2011 11:26 AM PDT
ကြီးတော်ရဲ့နွားကျောင်းသူများ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစာပေဟောပြောပွဲ တစ်ရပ်ကို ၃.၇.၂၀၁၁ (တနင်္ဂနွေနေ့) မွန်းလွဲ (၁း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိ ရာ မြောက်ဒဂုံရုံးချုပ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူငယ်/ရွယ်များ၊ လူမှုရေးသမားများအတွက် စာပေအသိဉာဏ် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ကာ စာရေးဆရာ မောင်သာချိုမှ "လူနဲ့ ကြီးတော်ရဲ့နွား" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့သည်။ ဆရာ မောင်သာချို၏ ဟောပြောချက် များတွင် ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားသည် မိမိပိုင်ဆိုင်သော နန်းတော်၊ မိမိပိုင်ဆိုင်သော မယား၊ မိမိပိုင်ဆိုင်သော သား၊ မိမိပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများ အားလုံးတို့ကို စွန့်လွတ်ကာ ကိုယ်ကျိုးစွန့်၍ လောကကောင်းကျိုးအတွက် ကျင့်ကြံအားထုတ်ခဲ့ပြီး သစ္စာလေးပါး မြတ်တရားအား တွေ့ရှိခဲ့ကာ အများပြည်သူ လူသားများအတွက် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုပြီး ငြိမ်းချမ်းမှုချမ်းသာရှိရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိအောင် သွားရာလမ်းကြောင်းကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ လူသားချင်း စာနာစိတ် ထားရှိခဲ့သော



မာသာထရီဆာသည်လည်း မိမိမွေးရပ်မြေအား စွန့်လွတ်၍ တိုင်းတစ်ပါးတွင် သွားရောက်ကာ အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့ရာတွင် လူသားပေါင်း တစ်သန်း ကျော်၏ ဒုက္ခများကို ကယ်တင်ခဲ့သော လူသားတစ်သန်းကျော်၏ ကယ်တင်ရှင် ကျေးဇူးရှင်တစ်ဦး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်၊ အနစ်နာခံ ပုံ၊ တပ်မတော်နှင့် ပြည်သူတစ်သားတည်း နေထိုင်ကျင့်ကြံပုံ၊ မိမိ၏ ဗိုလ်ချုပ်ဟူသော ဂုဏ်အရှိန်ကို အခွင့်အရေး လုံးဝမယူဘဲနှင့် အများပြည်သူအတွက် အနစ်နာခံ ပေးဆပ်မှုတို့သည်ကား မိမိ၏ နွားကို မကျောင်းဘဲ၊ ကြီးတော်၏နွားအား သွားရောက်ကျောင်းပေးခဲ့သော လူမှုရေးသမားစစ်စစ်များ၏ ကျင့်ကြံ အားထုတ်ပေးခဲ့မှုများ စသည့် လူမှုရေးနှင့်ပတ်သက်သော အကြောင်းအချက်များအား သက်သေ သာဓကများစွာဖြင့် ဟောပြောခဲ့ပါသည်။

ယင်းကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မြန်မာစာပေဟောပြောပွဲများကို လစဉ်လတိုင်း လူမှုရေးသမားများ၊ မျိုးဆက်သစ်လူငယ်/ရွယ်များအား ရည်စူး၍ ကျင်းပပေးသွားမည်ဖြစ်ပါသည်။
တစ်ချက်ခုတ် သုံးချက်ပြတ်

မြန်မာပြည်တွင်းရှိ အနုပညာရှင်များ (ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်) စသည့် ပညာရှင်များသည် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ မိမိတို့၏ အနုပညာရပ် အသီးသီးတို့ကို ပြည်ပရောက်မြန်မာလူမျိုး များအား ဖျော်ဖြေမှုများကို ယခု ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ပိုမိုများပြားလာသည်ကို သတိထားမိ သည်။ ထိုကဲ့သို့ သွားရောက်ဖျော်ဖြေရာတွင် မိမိတို့ တတ်စွမ်းသော အနုပညာများနှင့် မိမိတို့ ၀မ်းစာ အတွက် အဓိကထားပြီး မိမိတို့ မရောက်ဖူးသော နိုင်ငံများသို့ သွားရောက်လေ့လာခြင်းဖြင့် တစ်ချက် ခုတ် နှစ်ချက်ပြတ် ဆိုသည့်စကားအတိုင်း သွားရောက်ခြင်းများသာ ရှိခဲ့သည်။

ယခု ဆောင်းဦးလှိုင်၏ ပြည်ပဖျော်ဖြေရေးခရီးစဉ်မှာကား တစ်ချက်ခုတ် သုံးချက်ပြတ် ဟူသော စကားဟု ဆိုရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူ/သားတို့ အား သွားရောက်ဖျော်ဖြေပွဲခရီးစဉ်တွင် ကိုဆောင်းဦးလှိုင်သည် ပြည်တွင်းရှိ မြန်မာပြည်သူလူထု တို့အား ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် အလှူငွေများကို ကောက်ခံခဲ့ကာ မိမိတတ်စွမ်းသော အနုပညာဖြင့် ပြည်ပရောက် မြန်မာပြည်သူ/သားများအား ဖျော်ဖြေခဲ့ကာ ပြည်ပနိုင်ငံ၏ ပတ်ဝန်းကျင်အနေအထား လူနေမှု အဆင့် အတန်းစသည်တို့ကို လေ့လာနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ပြည်ပရောက် မြန်မာပြည်သူ/သားများက လည်း ကိုဆောင်းဦးလှိုင် စင်မြင့်ပေါ်မှ အလှူခံသည့်ကိစ္စရပ်များကို မပြောခင်ကတည်းက သဒ္ဓါတရား ထက်သန်စွာဖြင့် ကိုဆောင်းဦးလှိုင်မှတဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေများ ထည့် ၀င်၍ လှူဒါန်းခဲ့ကြသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ဂီတ လူမှုရေးသူရဲကောင်းများ၏ ဖျော်ဖြေမှုပွဲအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုဆောင်ဦးလှိုင် အား လက်ဆောင်အဖြစ်ပေးထားသော ဥက္ကဌ ဦးကျော်သူ၏ ရုပ်ပုံပါ GIVERS အမည်ရှိ တီရှပ်ကို အင်တာနက်မှ လေလံတင်ရောင်းချခဲ့ရာ US$ 350 ရရှိခဲ့ကြောင်းလည်း ကိုဆောင်းဦးလှိုင်မှ ပြောကြား ခဲ့သည်။
ယင်း အလှူငွေအပ်နှံပွဲအား ၃.၇.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၌ နေ့လည် (၁၂း၃၀) နာရီတွင် စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့သည်။ ဦးစွာ ကြွရောက်လာကြသည့် စာနယ်ဇင်းနှင့် ဧည့်ပရိသတ်များအား ကော်ဖီနှင့် မုန့်တို့ ဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ ပြည်ပနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံတွင် ဖျော်ဖြေမှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားရာတွင် အချို့သော ပညာရှင်များသည် ပြည်ပနိုင်ငံတွင် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူငွေ ကောက်ခံခြင်းကို အကြောက်တရားရှိနေကြောင်း၊ ထို့ကြောင့် သူသည်စင်မြင့်ပေါ်မှနေ၍ အလှူခံခြင်း ကိစ္စရပ်ကို မလုပ်ခဲ့ကြောင်း၊ လာရောက်လှူဒါန်းကြသော ပြည်ပရောက် မြန်မာပြည်သူ/သားများသည် ဦးကျော်သူနှင့် သူ၏လက်တွဲဆောင်ရွက်မှုများကို သိရှိပြီးဖြစ်သည်နှင့်အညီ စာအိတ်များထဲတွင် အလှူငွေများ ထည့်သွင်း၍ လှူဒါန်းကြကြောင်း ပြောကြားခဲ့ကာ သူ၏သားနှင့် သမီးတို့၏ ပညာရေးပြီးဆုံးသွားသည့် အချိန်ကာလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ညာလက်ရုံးအဖြစ် လက်တွဲပြီး အများပြည်သူတို့ကို ပေးဆပ်မှုများ လုပ်ကိုင်လိုကြောင်း ပြောကြားသွားကာ အလှူငွေ US$ 5250 နှင့် မြန်မာကျပ်ငွေ ၄၉၃၀၀၀/- တို့ကို လွဲပြောင်းအပ်နှံ လှူဒါန်းခဲ့သည်။
ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုဆောင်းဦး လှိုင်ပြောကြားသော အကြောက်တရားများသည် မိမိတို့ပြည်တွင်းတွင် အတော်ကိုကူးစက်နေ ကြောင်း၊ အချို့သော အလှူရှင်များသည် ကိုယ်တိုင်လာရောက် မလှူရဲ၍ လူကြုံနှင့် လာရောက် လှူဒါန်းမှုများရှိကြောင်း၊ အချို့သော မိသားစုဝင်များသည်လည်း မိမိတို့၏ သားသမီးတို့အား နာရေး ကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသမားများ လုပ်ကိုင်သည်ကို ကြောက်ရွံ့နေကြောင်း၊ မိမိတို့ အသင်းအဖွဲ့သည် နိုင်ငံရေးပါတီထောင်ထားသော အသင်းအဖွဲ့ မဟုတ်ကြောင်း၊ နိုင်ငံတော်အာဏာ ကို ရယူလိုသည့် ဆန္ဒဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ လူမှုရေးသက်သက် အများပြည်သူ အတွက် မိမိတို့ တက်နိုင်သည့်ဘက်မှ ပေးဆပ်ကူညီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ လူမှုရေးလုပ်ငန်းရပ်များတွင် အနုပညာရှင်တို့၏ အင်အားများစွာလိုအပ်ကြောင်း၊ ကိုဆောင်းဦးလှိုင်၏ ဆန္ဒဖြစ်သော ညာလက်ရုံးအဖြစ် အများပြည်သူတို့ကို ကူညီဖေးမမှုကိုအမြန်ဆုံး ကျွန်တော်တို့နှင့် လက်တွဲခွင့်ရရှိပါစေဟု ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် စာနယ်ဇင်းသမားများကိုယ်စား အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ကူညီဖေးမနေမှုတို့သည် ကိုယ်တွေ့ခံစားဖူးသူများက ပိုမို၍ သိရှိမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ဖူးကြောင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကျေးဇူးတရားများကို အမှတ်ရနေကြောင်း၊ ကျေးဇူးတရားဟုဆိုရာ၌ တစ်ကြိမ်တစ်ခါ ကြုံဖူးယုံနှင့် အစဉ်ထာဝရ တင်ရှိနေရမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှု များကို အကြွင်းမဲ့ယုံကြည်ကြောင်းတို့အပြင် ကိုဆောင်းဦးလှိုင်အားလည်း တေးသီချင်းများ ဆက်လက် စဉ်ဆက်မပြတ် ပြန်လည်သီဆိုစေလိုကြောင်း၊ ဂီတပညာရပ်ကို ဖော်ကျူးရင်း လူမှုရေးလုပ်ငန်းဖြစ် သော အများပြည်သူတို့ကို ကူညီဖေးမပေးစေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

ယင်း ဇူလိုင် (၃) ရက်နေ့သည်ကား လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာလောက (၃) ခု၏ ပေါင်းစည်းမှုအင်အား တစ်ရပ်ပင် ဖြစ်တော့သည်။



သဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကိုကြောက်နေတာကို သူက ပီတိဖြစ်နေတာ။ သူ့ဘ၀မှာ တခြားဂုဏ်ယူစရာဆိုတာလည်း မရှိလေတော့ လူတွေကို ကြောက်အောင်လုပ် အနိုင်ကျင့် ဗိုလ်ကျပြီးမှ သူ့ဘ၀ကိုရပ်တည်နေရတာ…။ ထောင်ဆိုတာ သူ့ဘ၀အတွက် အိမ်ဦးနဲ့ကြမ်းပြင် လူတယောက်ကို ရိုက်လိုက် နှက်ရိုက်ရမှာကိုလည်း နည်းနည်းလေးမှ ကိုယ်ချင်းမစာတတ်သူ…..

(၈၈) လူထုအရေးတော်ပုံကြီးဖြစ်တော့…သူ့ကို လူအုပ်ကြီးက မဆလ အစိုးရသူလျှိုဆိုပြီး ၀ိုင်းဖမ်းပြီး သတ်မယ်လုပ်တယ်။ အဲဒီတုန်းက မြင်ကွင်းကို အခုထိမြင်ရောင်နေတုန်းပဲ….။ ရိုက်နှက်ထားလိုက်တာ …တကိုယ်လုံးရစရာမရှိဘူး… ကျနော်တို့ ကျောင်းသားတွေသိတော့… သူ့ကိုမသတ်ဘို့.. ကျနော်တို့ မေတ္တာရပ်ခံတယ်။ နောက်…ဆေးရုံကိုပို့လိုက်တယ်….. ဆေးရုံရောက်တော့… မျက်နှာဆိုတာ ဇီးရွက်လောက်လေးပဲရှိတယ်….။ သူ့ကိုကယ်ဘို့ တစာစာ တောင်းဆိုနေတာပဲ…..။ ကျနော်တို့ ၀ိုင်းဝန်းကူညီပါတယ်။ အသက်ပြင်းတယ်လို့ ပြောရမလားမသိဘူး…။ မသေဘူး…. ဒီလိုနဲ့ နှစ်တွေ ဝေးသွားလိုက်တာ တနေ့ရိပ်သာတခုကို ရောက်သွားရင်းနဲ့က… သူနဲ့ပြန်ဆုံခွင့်ရလိုက်တယ်….။ အဲဒီအချိန်မှာ… သူဟာရဟန်းဝါ ၁၀၀ါလောက်ရနေတဲ့ သံဃာတစ်ပါးဖြစ်နေပြီ။ အတိတ်တခါက လူဆိုးလူမိုက် ကိုဖိုးလုံးဘ၀နဲ့ ဆန့်ကျင်ဘက်မှ တကယ့်ကို မယုံနိုင်လောက်အောင် ပြောင်းလည်းသွားပြီ……။ ကျနော်တို့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါပြောတယ်။

"ဦးဇင်းက…. နှစ်ဘ၀ပြောင်းသွားပြီ ဒကာကြီး…. ဟိုးတချိန်က ကိုယ့်လုပ်ရပ်တွေကို ပြန်စဉ်းစားမိတိုင်း… နောင်တရမိတယ်…။ တကယ်တော့.. ဦးဇင်းခံခဲ့ရတာဟာ.. ကိုယ်ပြုသမျှကံ.. ကိုယ်ပြန်ခံရတာပါ..။ ဒါ့အတွက် ဦးဇင်းဖြေသာပါတယ်….။ ဒါပေမဲ့… ကံကောင်းတယ်ပဲ ပြောရမလား… ဒကာတို့ ကျောင်းသားတွေ ကောင်းမူ့ကြောင့်.. ဦးဇင်း အသက်ရှင်သန်ခွင့်ရပြီး… ဘ၀ပြောင်းသွားတာ…… ပြန်ပြောရရင်လေ… သိပ်ရှက်ဘို့ကောင်းတာပဲ….။ ဦးဇင်း လူဝတ်ကြောင်ဘ၀တုန်းက… ပညာဆိုတာလည်းမသင်ခဲ့ရ..။ ဓနဥစ္စာကလည်းမရှိ… ကိုယ့်ကို သွန်သင်ပြသပေးမဲ့ သူကလည်းမရှိ ဆိုတော့… ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက်မိုက်ပဲ… ဒကာကြီးတို့သိပါတယ်…. ဦးဇင်းက အဲဒီတုန်းက ..အဲသလို လူတွေကို အနိုင်ကျင့်ရတာကို သိပ်ပျော်တာ….. လူတယောက်ကို ထိုးလိုက်ကြိတ်လိုက်ပြီးပြီဆို သိပ်ပီတိဖြစ်တာ….။ အော်..တကယ်က ကိုယ်မခံရသေးလို့ ဒီလိုလုပ်နိုင်တာပါ…. ဦးဇင်းစဉ်းစားမိတယ်… လူပြိန်းဆို တာ… ဗိုလ်ကျရတာကို သိပ်ကြိုက်တာ ဒကာကြီးရ………."။ ဒီစကားလေးက ကျနော့်ရင်ကို တော်တော် လှုပ်ခတ်သွားတယ်….. လူပြိန်းဆိုတာ…ဗိုလ်ကျရတာကို ကြိုက်တယ်တဲ့………… ကျနော့်စိတ်ထဲမှာ စဉ်းစားစရာဖြစ်သွားတယ်….

"ဦးဇင်းခံရတဲ့အလှည့်ကျ… မခံစားနိုင်တော့ဘူး… အရမ်းကြောက်တယ်.. သေရမှာကို အရမ်းကြောက်တယ်…. တုန်လှုပ်တယ်…… သူများကို အနိုင်ကျင့်တယ်ဆိုတာ…. ကိုယ့်ခံရတာ.. ကိုယ့်အသားနာတာမှ မဟုတ်တာ… လုပ်ရဲတာပေါ့… ဒုတ်နဲ့လည်းရိုက်ရဲတယ်… ဓါးနဲ့လည်း..ခုတ်ရဲတယ်…. ကိုယ့်အသားကို.. ၀ါးခြမ်းပြားလေးလောက်နဲ့ အရိုက်ခံရတာမျိုးကြတော့ တော်တော်မခံနိုင်တာပဲ ဒကာရေ… ကိုယ်ချင်းစာတရား မဲ့တယ်ဆိုတာ.. ဒါပေါ့…..နောက် ဦးဇင်း စဉ်းစားကြည့်မိတယ်။ လူတွေဟာ… လူလူချင်း ဗိုလ်ကျရတာကို ကြိုက်ပုံရတယ်…. အရသာခံတွင်းတွေ့ပုံ လည်းရတယ်ဗျ။ ဦးဇင်းဆရာတော်က ဘာပြောသလည်းဆိုတော့….။ အစိုးမရတဲ့ လောကကြီးကို အစိုးရချင်တာ လူ့သဘာဝပါပဲတဲ့…."။

ကျနော့်ရှေ့က ထိုင်ပြောနေသူဟာ.. တချိန်က လူဆိုးကိုဖိုးလုံး ဟုတ်မှဟုတ်ပါလေစွလို့တောင် စဉ်းစားမိတယ်…..။ သူ့ရဲ့လက်တွေ့ဘ၀က ပေးလိုက်တဲ့ သင်ခန်းစာတွေ.. ဒဏ်ရာဒဏ်ချက်တွေက ပေါ်ထွက်လာတဲ့.. အမှန်တရားတွေ….. ဟုတ်တယ်… လူ့ရဲ့သဘော သဘာဝဆိုတာ အားလုံးအတူတူပါပဲ…. ကိုဖိုးလုံးမှမဟုတ်ပါဘူး…….. ဗိုလ်ကျရ တာကို အရသာတွေ့တာ.. အနိုင်ယူ အနိုင်ကျင့်ရတာကို ခံတွင်းလိုက်တာ…. ဒီမကောင်းတဲ့ သဘောသဘာဝကြီးကို အသိဥာဏ်ရှိသူများက စာနာစိတ်တွေ၊ ကိုယ်ချင်းစာတရားတွေ၊ ဥာဏ်ပညာတွေနဲ့ ဆင်ချင်ယူကြရတာကိုး…….။ ဒါကို ဒီအတိုင်း လွှတ်ထားလိုက်ရင်….။ သူက သာယာသွားတော့တာပဲ….။ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်ဟာ.. အတန်းပညာ အတတ်ပညာ တတ်မြောက်ထားချင်းတွေ မထားချင်းတွေနဲ့ မသက်ဆိုင်ဘူး…. ဗိုလ်ကျတယ်ဆိုတဲ့ စိတ်ဟာ… မိမိရဲ့သာလွန်ချက်နဲ့ လူတွေကို အနိုင်ကျင့်တာ…. အာဏာရှိသူက အာဏာနဲ့၊ ငွေရှိသူကငွေနဲ့၊ ပညာတတ်သူက ပညာနဲ့၊ မိုက်ရိုင်းရဲသူက မိုက်ရိုင်းရဲတဲ့အားနဲ့ လူတွေကို အနိုင်ကျင့်တာဟာ ဗိုလ်ကျတာပဲ၊ ကိုဖိုးလုံးကတော့ သူက မိုက်ရိုင်းရဲတယ်….. ထောင်ထဲတန်းထဲကို မျက်ကန်းတစ္ဆေ မကြောက်တိုးဝင်ရဲတယ်…။ လူအများစုက သူ့လို လိုက်မလုပ်ရဲတော့ သူကလူတွေကို အနိုင်ကျင့်တယ်… ဗိုလ်ကျတယ်။

နောက်တယောက်က… ကျနော်သရက်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ ရှိနေစဉ်အချိန်ကပါ….။ နာမည်ကမျိုးတင့်….။ သူ့ကိုငှက်ရိုးလို့ပဲ လူသိများကြတယ်…။ အဲဒီအချိန်က သရက်ထောင်ထဲမှာ ရှိခဲ့တဲ့နိုင်ငံရေး အ ကျဉ်းသား အားလုံးသိကြတယ်။ သူကကျနော်နေခဲ့တဲ့ တိုက်အကျဉ်းဆောင်ရဲ့ ရှေ့မှာ တောင်ယာလာလုပ်တဲ့သူ… ကျနော်နဲ့က တဒေသသားထဲလည်းဖြစ်ပြန်… ၈၈အရေးတော်ပုံ အမှုလည်းဖြစ်ဆိုတော့ တော်တော်ခင်မိတယ်။ သူ့တောင်ယာက ထွက်တဲ့ သီးနှံတွေဆိုလည်း ကျနော်ကိုလာပေး…။ ကျနော်ကလိုအပ်တဲ့ စားစရာလေးတွေထည့် သူကစားဖိုမှာသွားချက်…. စားကြပေါ့….။ နိုင်ငံရေးထူး သတင်းထူးလေးတွေ ကြားလာရပြီ ဆိုကျနော့်ဆီ အမြန်လာပြောတယ်။ ဒီလိုနဲ့နေလာရာက။ ထောင်ပိုင်ကြီးဆီမှာ သွားသွားနှိပ်ပေးရတဲ့ အလုပ်ပေါ်လာတယ်။ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်လည်း မသိ… သိပ်မကြာခင်မှာပဲ ထောင်ပိုင်က သူ့ကို တထောင်လုံး တန်းစီး ဆိုခန့်လိုက်တယ်လေ (တထောင်လုံးတန်းစီးဆိုတာ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို အကျဉ်းသား အချင်းချင်း ပြန်အုပ်ချုပ်ခိုင်းတဲ့ နေရာမှာ အကြီးဆုံးပေါ့)…။

အဲဒီအချိန်ကစလို့.. ငှက်ရိုးစတိုင်က ပြောင်းသွားတယ်။ (အရင်ငှက်ရိုး မဟုတ်တော့ဘူး) ကျနော်ကတော့ ကိုယ့်လူတ ယောက် တထောင်လုံး တန်းစီးဖြစ်သွားရင်.. အကျဉ်းသားတွေ အပေါ်သက်သက်ညှာညှာ ရှိလောက်ပါရဲ့။ နိုင်ငံရေး အကျဉ်းသားများ အခွင့်ရေးလည်း နားလည်တန်ကောင်း လောက်ပါရဲ့ ဆိုထင်လိုက်တာ.။ ဘယ်ဟုတ်လိမ့်မလည်း… ကိုယ့်လူက… ဇာတိပြလာတော့တာ….။ သူတန်းစီးဖြစ်လို့ မကြာခင်.. သာမန်ရာဇ၀တ် အကျဉ်းသားတွေအပေါ် အနိုင်ကျင့်တော့တာပဲ။ သူ့မျက်လုံးနဲ့ မတွေ့တဲ့သူဆို ဒုတ်နဲ့ရိုက် လူတွေကို ရိုက်နေရတာ။ သူကကစား နေသလိုမျိုး သူလာရင် ကျိုးနွံတဲ့ပုံစံနဲ့ နေပေးရတဲ့ အကျဉ်းသားတွေကို ကြည့်ပြီးပီတိဖြစ်နေတာ။ ဒီလိုနဲ့နေလာ ရင်းကသူက နိုင်ငံရေးအကျဉ်းသားတွေ အပေါ်တောင် ဗိုလ်ကျလာတယ်။
တူဖြစ်တော့စံ ပေဖြစ်တော့ခံတဲ့ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေ ပေဖြစ်တဲ့ အချိန်မှာ ခံနေရပေမယ့် တူဖြစ်တဲ့အခါကျရင်တော့ တူကိုလွှတ်ပစ်လိုက် ကျတာပေါ့ဗျာ... (ဒီမိုဝေယံ)

ကွယ်ရာမှာဆို ရာဇ၀တ် အကျဉ်းသားတွေကိုပြောရင်…. မင်းတို့ထက်ပိုတဲ့…. ဘယ်သူမှထိန်းလို့မရတဲ့…. ၅ည(နိုင်ငံရေး အကျဉ်းသားကို ဆိုလိုတာ)တွေ တောင်သူက ဘယ်လိုနိုင်အောင်ထိန်းတာ… ဘယ်လိုပြားဝပ်နေအောင် လုပ်ထားတာ… စသဖြင့်မဟုတ်တာတွေ ပြောပြီး… စကားလုံးတွေနဲ့ ဗိုလ်ကျတယ်……။ ကုန်ကုန်ပြောရရင် လမ်းလျှောက်တာတောင် အရင်လို မဟုတ်တော့ဘူး… သူ့နောက်က တပည့်တပမ်းတွေနဲ့ မြောက်ကြွမြှောက်ကြွဖြစ်လာတော့တာပဲ…။ ကျနော့်ဆီလည်း မလာတော့ဘူး (မလာတော့ဘူး ဆိုတာထက် မတွေ့ချင်လို့ရှောင်နေတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်)၊ တစတစနဲ့ ငှက်ရိုးအခြေနေကပိုဆိုးလာတယ်…. တထောင်လုံးမှာ ရှိတဲ့အားလုံးသော အကျဉ်းသားတွေတောင် မကဘူး…. ထောင်မှုးအဆင့် အရာရှိတွေဝန်ထမ်းတွေကပါ..။ တော်တော်ကို မျက်မုန်းကျိုး မုန်းတီးခံရတဲ့ အဆင့်ကိုရောက်နေပြီ ဘာလို့လည်းဆိုတော့ ထောင်ပိုင်က ဘယ်ဝန်ထမ်း ဘာလုပ်သလည်း သူ့ဆီကို အကုန်သတင်းပို့ရမယ်ဆိုပြီး သူ့ကိုခိုင်းထားတော့…..။ မှတ်စုစာအုပ်တအုပ်နဲ့ အကုန်မှတ်တမ်းတင် သတင်းပို့နေတော့တာပဲ….. သူအမြဲ လက်သုံးပြောနေကြစကားက….. "ကျုပ်ကတာဝန်နဲ့ ပတ်သက်လာရင်… ဘယ်သူ့မှမညှာဘူး… စည်းကမ်းဖောက် ဖျက်သူမှန်သမျှ အကုန်အရေးယူမယ်"တဲ့…. သူ့စကားက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး… ဒီစကားသုံးရအောင်… နိုင်ငံတော်က တရားဝင် ခန့်အပ်ထားတဲ့ ၀န်ထမ်းလည်းမဟုတ်… သူ့ဘ၀က… သူလိုကိုယ်လို အကျဉ်းသားဘ၀….. တခါ ထောင်ပိုင်ကလည်း စစ်ဗိုလ် (ဗိုလ်ကြီးဘ၀) ကနေ အသွင်ပြောင်းနဲ့ ရောက်လာတာမှ မကြာသေး… ဆိုတော့…. ဘုန်းကြီးရူးနဲ့ ရေဒီယိုပျက် တွေ့ကြတော့တာပဲ…..။ အကျဉ်းထောင် လက်ဆွဲဥပဒေကို ကျော်ပြီး လုပ်ချင်ရာတွေ လုပ်တော့တယ်…..။ နှစ်ယောက်လုံးက ဗိုလ်ကျနေရတာကို အရသာတွေ့နေကြတာ။ အဆုံးမတော့ ကောင်လေးတယောက်ကို ယောကျာင်္းချင်း ကာမဆက်ဆံဘို့ကြိုးစားရာက… တထောင်လုံး တန်းစီးရာထူးပြုတ်…။ တိုက်ပိတ်… နောက်ရဲဘက်ပို့ခံရ… ရဲဘက်ရောက်တော့…. သူနှိပ်စက်ထားတဲ့ သူတွေက လက်စားချေ သတ်ပစ်လိုက်တယ်လို့ကြားတယ်။

ဒီဖြစ်စဉ်ကို စဉ်းစားကြည့်တယ်….. အဲဒီကာလက.. သရက်အကျဉ်းထောင်မှာဆို…. နိုင်ငံရေး အကျဉ်းသားတွေကလွဲလို့… ရာဇ၀တ် အကျဉ်းသားတွေဆိုတာ… သူ့ကို ကြောက်နေလန့်နေရတာ။ ငှက်ရိုးဘာမှ မဟုတ်ဘူး…. ဘာအဆင့်မှကို မရှိတာ ကျနော်အသိဆုံး….။ အဲဒီ့ဘာမှ အဆင့်မရှိတဲ့ သူကိုလန့်နေရတယ်ဆိုတာ။ သူ့လက်ထဲ လုပ်ပိုင်ခွင့် ရောက်သွားတာကိုး….။ သူအုပ်ချုပ်နေပါတယ်ဆိုတဲ့ ထောင်သားတွေထဲမှာ ဆရာဝန်တွေ စစ်ဗိုလ်ပြုတ်တွေ ပိုက်ဆံချမ်းသာ သူတွေအများကြီး။

လူပြိန်းလက်ထဲ… လုပ်ပိုင်ခွင့်ရသွားပြီဆို…. ဗိုလ်ကျတတ်တာဓမ္မတာပါပဲ…… သူ့မှာစဉ်းစားတွေးခေါ်နိုင်တဲ့ အရည်ချင်းမှ မရှိတာ။ သူ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှဟာ… သူ့အတ္တကိုအခြေခံပြီး… လာတာဆိုတော့… ဘယ်မှန်နိုင်ပါတော့မလည်း လူပြိန်းဆိုတာ.. သူသိတာအခုပဲရှိတယ်…။ အဲဒါ…သူ့အတ္တ.. တနည်းအားဖြင့် သူ့လောဘပညာ နည်းမှ လူပြိန်းဖြစ်တာမဟုတ်ဘူး။ ပညာတတ်တွေထဲမှာလည်း လူပြိန်းတွေ အများကြီး…။

ဗိုလ်ကျချင်သူဆိုတာ….. ရန်လိုမူ့ကိုလိုလားတယ်…။

တန်းတူမှုကို နှစ်သက်သူဟာ… ငြိမ်းချမ်းရေးကိုလိုလားတယ်…။

လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ်…။

ဗိုလ်ကျချင်တဲ့သူဆိုတာ…. အခုအမှန်ဟာ တော်ကြာမှားရင်မှားမယ်….။ အခုအမှားဟာ ခဏနေ.. မှန်ရင်မှန်မယ်။ သေချာတာ တခုကတော့…. သူတို့ရဲ့ အမှန်တရားဆိုတာ… သူတို့ရဲ့အတ္တပဲ…။

ယခုလက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်များကိုပဲကြည့်ပါ….. သူတို့ တိုင်းပြည်ကို ချုပ်ကိုင်ထားတာ တခုတည်းသော ပေါ်လစီပဲရှိပါတယ်…။ ဒါကတော့… ဗိုလ်ကျစိုးမိုးခြင်းဆိုတဲ့ မူကလွဲလို့ တိကျခိုင်မာတဲ့ သဘောတရား လမ်းစဉ် ဥပဒေဆိုတာ မရှိပါဘူး (လူရိုသေရှင်ရိုသေ စာအုပ်စာတမ်းတွေနဲ့ ပြုစုထားပေမယ့် လက်တွေ့ကတော့ ဒီသဘောတရား လမ်းစဉ်တွေကို ပစ်ပယ်ပြီး လက်တန်း အမိန့်တွေနဲ့ ဗိုလ်ကျ စိုးမိုးရေး တခုသာလျှင်ရှိပါတယ်)။

ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးဆိုတာ ဘယ်လောကမှာမှ မကောင်းဘူး….. ကျနော်တို့တတွေဟာ ဗိုလ်ကျတတ်သူတွေ ဟုတ်မဟုတ် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ရအောင်ပါ။

အားလုံးကို လေးစားစွာဖြင့်

(မောင်မောင်ဝမ်း)




No comments:

Post a Comment