Tuesday 26 July 2011



(The Burma Conspiracy) ရုပ်ရှင်....

Posted: 23 Jul 2011 09:36 PM PDT

(The Burma Conspiracy) ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.megaupload.com/?d=7EA99E7Aဖိုင်ဆိုက်ကြီးတဲ့ အတွက် ပြည်တွင်းမှ ပရိသတ်အတွက် ဒေါင်းလုပ်ရယူရန် အခက်အခဲရှိနိုင်ပါတယ်..။ (ဒေါင်းလုပ်လင့်ခ်ကို နှိပ်ပြီး ၂၅စက္ကန့်ခန့်စောင့်ပါ ဒေါင်းလုပ်ဖိုင် ပေါ်လာပါလိမ့်မယ်)
The Burma Conspiracy ရုပ်သံဖိုင်(ဒေါင်းမာန်ဟုန်မှ)

ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်)

Posted: 23 Jul 2011 01:13 PM PDT

Shwe Nya War Sayartaw by demowaiyan

ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်) (အသံဖိုင်)
အဆုံးအမသြဝါဒပေးသူကို မသူတော်တွေများ မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ နှောင့်ယှက်၍တဲ့။  မုန်းတီးတယ် ဆိုတဲ့စကားလုံးကိုချဲ့ရင် မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ လို့ အဓိပ္ပါယ်ရတယ်...။ မသူတော်များက မုန်းတီးတာကိုမှ တို့က ကြံ့ကြံ့ခံ၍ ကြိုးစားအားထုတ်ကြတယ်..။

ဘာသာရေးတွင် ရဟန်းသည် ခေါင်းဆောင်ဖြစ်၏တဲ့..။ ခေါင်းဆောင်သည် မှန်ကန်တဲ့ဖက်က ခေါင်းထောင်ခွင့် မရှိဘူးတဲ့။ ငါမှန်တယ် ငါဟုတ်တယ် တရားမျှတတယ်ဆိုပြီး နည်းနည်းလေးမှ ခေါင်းသွားမထောင်နဲ့ ထောင်ခွင့် မရှိဘူး..။ ခေါင်းဆောင်ဆိုပြီး ခေါင်းငုံနေခဲ့ရတဲ့ အခါမျိုးတွေ မနည်းဘူး။ ခေါင်းထောင်ခွင့်မရတဲ့ ခေါင်းဆောင်ပါတဲ့။ အဲ့ဒီတော့ ရဟန်းသည် ဘာသာရေးတွင် ခေါင်းဆောင်ဖြစ်၏ဆိုတာ ဒီကနေ့တော့ အပြည့်အဝ မမှန်သေးဘူး... နောင်သောအခါ ဘယ်အချိန်မှများ မှန်လာမလဲဆိုတာ မပြောတတ်သေးဘူး....။(တရားအသံဖိုင်ပါ ဟောကြားချက်လေးပါ)

အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်...

တရားအသံဖိုင်အတွက် ဦးဥာဏ်၊ ကိုမောင်ဦးတို့အား ကျေးဇူးတင်ပါသည်..။

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၁) ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

Posted: 23 Jul 2011 12:42 PM PDT

ရင်ထဲကရှစ်ဆယ့်ရှစ်
အပိုင်း (၁) 
ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

သမိုင်းဆိုတာအမြင်ကပ်ရုံသက်သက်နဲ့ ဖျောက်လို့မရနိုင် ကောင်းပါဘူး။ လူသားတွေရဲ့ အတ္တကို ငွေကြေးအာဏာ အကျိုးစီးပွားတွေနဲ့ သွန်းလောင်းပေးလို့ ယာယီမှေးမှိန်ကောင်း မှေးမှိန်နိုင်ပေမဲ့…. အမှန်တရားဆိုတာ…. တနေ့မှာတော့ ပေါ်ထွန်းလာစမြဲပါ။

ရှစ်ဆယ့်ရှစ်ဆိုတာ ဘာလည်း………….?

ရှစ်ဆယ့်ရှစ်ဆိုတာ… စစ်အာဏာရှင်များ အဆက်ဆက်ပြောသွားခဲ့သလို…. အရေးအခင်းလား……..

ရှစ်ဆယ့်ရှစ်ဆိုတာ…. မင်းမဲ့စရိုက်တွေနဲ့ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြောက်လှန့်ခဲ့တဲ့ ပရမ်းပတာ… ရုန်းရင်းဆန်ခတ်မှုကြီးလား။
ရှစ်ဆယ့်ရှစ်ဆိုတာ… အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲ အကောင်ထည်ဖော်ဘို့ကို လိုလားတဲ့ လူထုကြီးရဲ့ လူထုတော်လှန်ရေးကြီးလား………..

ဒီနေ့ မျိုးဆက်သစ်တွေ အတွက်ကတော့ေ၀၀ါးနေဆဲ ပုံပြင်တပုဒ် လိုပါပဲ....။

ကျနော် ၈၈ လူထုအရေးတော်ပုံ အကြောင်းကို တင်ပြရာမှာ အကုန်လုံးကို ကျနော်မသိပါဘူး  အခုကျနော်ရေးတဲ့ ဆောင်းပါးဟာ သမိုင်းပြုစုနေတာ မဟုတ်ဘူးဆိုတာတော့ ကြိုတင်ပြောပရစေ..။ ကျနော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို လက်ဆင့်ကမ်း တင်ပြလိုက်ခြင်းသာလျှင် ဖြစ်ပါတယ်။ ဒီအထဲမှာ သင်ခန်းစာယူစရာတွေ ဆင်ခြင်စရာတွေကို ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံဆိုတာ ဘာမှန်းမသိတဲ့… လူငယ်မျိုးဆက်သစ်တွေ.. လေ့လာနိုင်ဘို့ကို အထူးရည်ရွယ်ပါတယ်……

ကျနော်ရန်ကုန်တက္ကသိုလ်ကို ၁၉၈၄ မှာစရောက်တယ်၊ နေရတာက တက္ကသိုလ်စာကြည့်တိုက် ဘေးမှာရှိတဲ့ အင်းဝဆောင်မှာ…။ အဲဒီအခါကတဆောင်လုံး ဥပဒေ ကျောင်းသားတွေချည်းပဲ ထားတယ်….။ ကျနော်ကံကောင်း တယ်ပြောရမလားမသိဘူး တက္ကသိုလ်ပထမနှစ်ကို စတက်တက်ချင်းမှာပဲ.. စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်လေ....။ အခု အင်္ဂလန်မှာရှိနေတဲ့… နာမည်ကျော် ပန်းချီဆရာ (ပန်းချီထိန်လင်း)၊ အောင်လင်း (ယခုဂျပန်)၊ ဇော်လင်း (မြင်းခြံ) သူတို့နဲ့တွဲဖြစ်ကြတယ်…။ ဒီအထဲမှာ ကျနော်နဲ့ ထိန်လင်း တူတာက စာဖတ်ဝါသနာပါတယ်…။ အနုပညာကိုခုံမင်တယ်။ တံငါနားနီးတံငါ ပြောရမလားမသိဘူး..။ ကျန်တဲ့သူငယ်ချင်း တွေပါ ..ကျနော်တို့ ၀ါသနာတွေ ကူးကုန်ကြတယ်။ ကျနော်တို့အားလုံးဟာ… စာဖတ်ခြင်းအလေ့မှာတော့ တော်တော်လေးကို ထုံကြတယ။် ကမာရွတ် လှည်းတန်းမှာရှိတဲ့ စာအုပ်ဆိုင်တွေဆိုတာ။ ကျနော်တို့မသိတဲ့ ဆိုင်မရှိသလောက်ပဲ။ နောက်တခုက ကျနော်တို့က တက္ကသိုလ်အနုပညာ အသင်းမှာလည်းပါဝင် ပတ်သက်နေသူတွေဆိုတော့... အင်းဝဆောင် အခန်းနံပါတ် ၉၃/၉၄ ဆိုတာ အနုပညာ အသင်းရုံးခန်းကြီးလိုပဲ….. ကိုဇာဂနာ၊ အရိုင်း။  ဖိုးဖြူ၊ ကင်းကောင်၊ စုတ်ဖွား ၊ဂေါ်ဇီလာတို့ကအစ တော်တော်များများက….ကျနော်တို့ အဆောင် ကိုဝင်ထွက် သွားလာနေကြတာ။ ….တခါတခါ ကိုသူရ ခေါ် ကိုဇာဂနာနဲ့ စာပေရေးရာ၊ အနုပညာ ကိစ္စတွေ၊ အငြိမ့်ကိစ္စတွေ ဆွေးနွေးရင်းက... သူ့ရင်ထဲက ပေါက်ကွဲထွက်လာတဲ့… အဲဒီအချိန်က အစိုးရ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ)ကို မကျေနပ်တဲ့… စကားလုံးတွေကိုလည်း ကြားရတတ်တယ်။ တက္ကသိုလ်ကျောင်းသားဘ၀ဟာ.. ကျနော့်ဘ၀တလျှောက်လုံးမှာ အလွတ်လပ်ဆုံးအပျော်ဆုံးနဲ့ အရသာအရှိဆုံး အချိန်တွေလို့ပဲ ပြောပရစေ…..။ ကံကောင်းထောက်မစွာ… လွတ်လပ်တဲ့ ကျောင်းသားဘ၀မှာ.. စာပေတွေကိုလေ့လာခွင့်ရလိုက်တာကိုက နိုင်ငံရေးရဲ့ ခြေလှမ်းအစလို့ပဲ ပြောလို့ရနိုင်မလား မသိဘူး…..

အဲဒီအချိန်ကာလက အုပ်စိုးခဲ့တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ)ဆိုတာ… ၁၉၆၂ ခုနှစ်မှာ ပါလီမာန်ဒီမိုကရေစီကို ဖျက်သိမ်းပြီး.. တပါတီအာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့တဲ့ အစိုးရပေါ့….။ ပါတီ ဥက္ကဌ ကြီးကတော့.. ဦးနေ၀င်း(ဗိုလ်ချုပ်ကြီးနေ၀င်း) တိုင်းပြည်ကို သူအာဏာသိမ်းပြီးချိန်ကစလို့… ပုဂ္ဂလိကပိုင် လုပ်ငန်းတွေကို အကုန်ပြည်သူပိုင်သိမ်း… ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ဆက်လက်ချီတက်မယ်ဆိုပြီး တံခါးပိတ်စီးပွားရေး မူဝါဒကို လက်ကိုင်ပြုပြီး… ခရီးဆက်လာလိုက်တာ… တိုင်းပြည်ဟာ… ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဆင့်ကိုရောက်ခဲ့တယ်။ လူထုတရပ်လုံးရဲ့ ဆင်းရဲမွဲတေမူ့ဟာ ပြောစရာစကားလုံး ရှာမရလောက်အောင် အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လေ…။ တခါကအရှေ့တောင်အာရှမှာ ဂုဏ်တင့်ခဲ့တဲ့ မြန်မာနိုင်ငံဟာ… နောက်၂၆နှစ်အကြာမှာတော့… မျက်နှာငယ်စရာ တိုင်းပြည်ဖြစ်သွားတယ်။ နိုင်ငံရဲ့အထွေထွေ အကြပ်အတည်းကြီးဟာ ကျနော်တို့ ကျောင်းသားတွေကိုပါ ရိုက်ခတ်စေခဲ့တာပေါ့ တကယ်တော့ ကျနော်တို့ ပညာသင်ခဲ့ရတဲ့… တက္ကသိုလ်ဆိုတာ… နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်.. တော်တော်လေးကို နိမ့်ကျသွားပါတယ်….။ ဒါကလည်း… လွတ်လပ်တဲ့ ပညာရေးစံနစ် ပုံစံတွေပျက်သုဉ်းပြီး… အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့… ပညာရေးပုံစံတွေကို အာဏာရှိသူများက စိတ်တိုင်းကျချယ်လှယ်ပြီး… စီမံခဲ့တာဆိုတော့.. အားလုံးဟာ.. ကမောက်ကမချည်းပါပဲ။ နောက်တခု အရေးကြီးဆုံးက… လူထုတရပ်လုံးရဲ့ အထွေထွေ အကြပ်အတည်းကြီးက သားသမီးတွေ ဖြစ်ကြတဲ့ ကျောင်းသားများကို လာရိုက်ခတ် စေခဲ့တာအမှန်ပါ။ ဒါ့ကြောင့်၁၉၆၂ခုနှစ် စစ်အာဏာရှင်များ အာဏာသိမ်းပြီး ချိန်ကစလို့ ကျောင်းသားများဟာ အံတုတော်လှန်ခဲ့ကြတာ။

- ၁၉၆၂ ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှု

- ၁၉၇၄ ဦးသန့် အရေးခင်း

- ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသား လှုပ်ရှားမှု 

စသဖြင့်ပေါ့လေ။ ဒါပေမယ့် စစ်အာဏာရှင်များရဲ့ လူမဆန်စွာ ရက်စက် ဖြိုခွင်းမှုတွေကြောင့် ရဟန်း ၊ ရှင် ၊လူ ၊ ကျောင်းသား ပြည်သူတွေ အသက်ပေးခဲ့ ရပါတယ်။

စစ်အာဏာရှင်များကို မကျေနပ်တဲ့ ကျောင်းသားလှုပ်ရှားမှုများဟာ ကြားထဲမှာလည်း ကြိုကြား ကြိုကြားဆိုသလို ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လူထုကြားထဲကို ပြန့်ပြန့်နှံ့နှံ့ မရောက်အောင် မဆလအာဏာရှင်များဟာ နှိပ်ကွက်ခဲ့ပါတယ်…။ ဒီလိုနဲ့ တနှစ်ပြီး တနှစ်ကုန်လွန်လာခဲ့ရာက အစ…….

၁၉၈၈

အဲဒီနှစ်ကတော့ အာဏာရှင်များအတွက် စကံဆိုးလာတဲ့နှစ်လို့ ပြောမယ်ဆိုရင်လည်း မမှားလောက်ပါဘူး..။ အစိုးရ ရဲ့စီမံခန့်ခွဲမှု အမှားတွေ၊ အာဏာရူးသွပ်မှုတွေအတွက် ပေးဆပ်ရတဲ့နှစ်ပါ။ ဒါမတိုင်မှီမှာ အဆိုးရွားဆုံး ဖြစ်ရပ်တခုကတော့ ငွေစက္ကူတွေကို တရားမ၀င် ကျေငြာလိုက်တဲ့အတွက် လူထုတရပ်လုံး အကြီးအကျယ် ထိခိုက်နစ်နာ သွားစေခဲ့တဲ့ကိစ္စပါ။ လူထုလက်ထဲမှာ လည်ပတ်နေတဲ့ ငွေတွေဟာ အဓိပ္ပါယ်မဲ့ သာမာန် စက္ကူစုတ်လောက်တောင် တန်ကြေးမရှိ ဖြစ်ကုန်တယ်။ မူလအစက… မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ)ကို ထောက်ခံနေတဲ့ သူတွေတောင် ဒီတချီမှာတော့… တော်တော်ကို အထိနာကုန်ကြပါတယ်။ ပြောမယ်ဆို.. အသက်ဆုံးရှုံးသွားတဲ့ သူတွေတောင်ရှိပါတယ်။ လူထုတရပ်လုံးရဲ့သည်းမခံနိုင်မှုဟာ အထွတ်အထိပ်ကို ရောက်နေပြီ။ သို့သော် အစပျိုးမယ့် လမ်းစကို ရှာမတွေ့သေးဘူး ဖြစ်နေကြတယ်…။ ကျွန်တော်မှတ်မိသေးတယ်…။ ပထမတကြိမ် ငွေစက္ကူတွေသိမ်းတော့ တ၀က်လောက် ပြန်လဲပေးသေးတယ်။ နောက်တကြိမ်… ၇၅ကျပ်တန်တွေကို တရားမ၀င် ငွေစက္ကူအဖြစ် ကြေငြာလိုက်တော့ လုံးလုံးကို လဲမပေးတော့ပါဘူး။ ရန်ကုန်မှာ ဆူပူမူ့တချို့ဖြစ်တယ်.. လှည်းတန်း ကမာရွတ်ဘက်မှာ မကျေနပ်တဲ့ လူတွေက. အစိုးရပိုင် အဆောက်အဦကို ဖျက်ပစ်တယ်။ မီးပွိုင့်တွေ ရိုက်ချိုးကြတယ်။ နောက် ကျောင်းတွေ ပိတ်ပစ်လိုက်တယ်။ အိမ်ပြန်ဘို့ ပိုက်ဆံမရှိတဲ့ အဆောင်နေ ကျောင်းသားတွေကို လမ်းစရိတ်တွေ ထုတ်ပေးပြီး… အပြန်ခိုင်းလိုက်တယ်။

ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ…. ကျောင်းသားတွေရဲ့ မကျေနပ်မှု အစိုင်အခဲကြီး ကတော့ ရှိနေဆဲ…. ဒါပေမယ့် ဘယ်ကစရမလည်း မသိဖြစ်နေကြတယ်…. ဒီလိုနဲ့နေလာရင်းက ၁၉၈၈မတ်လမှာတော့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့.. အရပ်သားတွေ.. လဘက်ရည်ဆိုင်မှာ စကား များရာကအစ… ပြသနာတွေ ဖြစ်ကြတယ်။ ရိုက်ပွဲတွေဖြစ်ကြတယ်။ သက်ဆိုင်ရာ အာဏာပိုင်များရဲ့ အထိန်းအသိမ်း ညံ့ဖျင်းမှုတွေကြောင့်….ပြသနာက အေးချမ်းမသွားပဲ… ပိုကြီးထွားလာတယ်။ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသား… ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ လုံထိန်းတွေ ပစ်လိုက်တဲ့ သေနတ် ဒဏ်ရာကြောင့် သေဆုံးခဲ့ကြတယ်။ အဲဒီ့ဂယက်က ရန်ကုန်တက္ကသိုလ်ထိပါ ကူးစက်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှု အကြီးအကျယ်ဖြစ်ခဲ့တယ်။ တခါ…. တန်းစီချီတက်လာတဲ့ ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်အနီး.. အင်းလျားကန်စောင်းမှာရှိတဲ့… တံတားနီမှာ… အကြမ်းဖက်နှိမ်နင်းခြင်း ပြင်းပြင်းထန်ထန် ခံလိုက်ရတယ်။ ကျောင်းသားပေါင်း များစွာကိုလည်း…. အင်းစိန် အကျဉ်းထောင်ထဲ ဖမ်းထဲ့ထားလိုက်တယ်။ .ဒါကိုတော့…. ၁၉၈၈မတ်လ ကျောင်းသားလှုပ်ရှားမှုလို့ နောင်ကာလများမှာ သမိုင်းတွင်စေခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ထင်ရှားခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေထဲကတော့ မင်းဇေယျ (၈၈မျိုးဆက် ကျောင်းသားခေါင်း ဆောင်)နဲ့ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်တို့ ပါဝင်ခဲ့ပါတယ်။

၁၉၈၈မတ်လ ကျောင်းသားလှုပ်ရှားမှု ဖြစ်တော့ ကျနော်ကျောင်းမှာ မရှိပါဘူး။ နေမကောင်းတာနဲ့ ဇာတိမြို့ကို ပြန်ရောက်နေတော့ အဲဒီ့အကြောင်းလည်း ကောင်းကောင်းမသိပါဘူး။ .နားရည်ဝအောင် ကြားဘူးတဲ့ အဆင့်ပဲရှိပါတယ်။ ဒါပေမဲ့နယ်ကနေ သတင်းတွေ ကြားနေရတော့… ရင်ထဲမတော့ တော်တော်ခံစားခဲ့ရတာ အမှန်ပါ။ .ကျောင်းတွေကို ဇွန်လမှာ ပြန်ဖွင့်ပေးပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တော့ ကျနော့သူငယ်ချင်း… ထိန်လင်း၊ အောင်လင်း၊ ဇော်လင်းအပါဝင် အနီးစပ်ဆုံးပုဂ္ဂိုတွေက ကျောင်းသားလှုပ်ရှားမှု ထဲမှာပါလို့ဆိုပြီး ကျောင်းထုတ် ခံလိုက်ရပါပြီ။ သူတို့က ကျောင်းထုတ် ခံလိုက်ရတယ်ဆိုတာကို မိဘတွေကို အသိမပေးဘူး.။ ဟန်မပျက် ကျောင်းလာ တက်ကြတယ်။ နေစရာအဆောင်က မရှိတော့ ကျနော့်အခန်းမှာပဲ စုနေကြတယ်…။ (အဲဒီအချိန်မှာ ကျနော်တို့က စတုတ္ထနှစ် ရောက်နေပြီဆိုတော့ တစ်ယောက်ခန်း တွေရတယ်).. နောက်တော့… အဆောင်မှုးက ကျနော့်ကို ခေါ်သတိပေးတယ်။ ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေကို လက်ခံမထားဘို့ပေါ့။ ကျနော် ထင်ပါတယ်.။ အဆောင်မှုးကလည်း တာဝန်အရသာ ပြောတာပါ…. လက်တွေ့…သူငယ်ချင်းတွေ အသာလေး ၀င်နေတာကို သိပေမဲ့လည်း… မသိချင်ဟန်ဆောင်နေရှာပါတယ်။

ကျနော်တို့က ကျောင်းကိုသာ လာကြတာပါ…။ ကျောင်းတက် စာသင်မယ်ဆိုတဲ့ စိတ်ကူး. တယောက်မှမရှိ တော့ဘူ။ လှုပ်ရှားမှုတွေ လုပ်ဘို့ကို စတင်ဆိုင်းပြင်းဘို့ကိုပဲ… အားသန်နေကြတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင် ပူပူနွေးနွေးကာလကမှ ကျနော်တို့ကျောင်းသားတွေ သွေးမြေကျခဲ့ရပြီ။ ကျောင်းသားပေါင်း ရာနဲ့ချီ အင်းစိန် အကျဉ်းထောင်ထဲမှာလည်း ရှိနေဆဲဆိုတော့ တော်တော်များများက… စာသင်ကြားရေးကို စိတ်မ၀င်စားတော့ဘူး…။ ရန်ကုန်တက္ကသိုလ် ၀န်းထဲမှာဆို ပိုသိသာတယ်။ ကျောင်းသားတွေ တော်တော်များများက စာသင်ခန်းတွေထဲမှာ မရှိကြပဲ…. စာသင်ခန်းပြင်ပက… နေရာတွေဖြစ်တဲ့… စားသောက်ဆိုင်တန်းတို့… အာရ်စီ… စာကြည့်တိုက်ရှေ့… ဘွဲ့နှင်းသဘင် ခန်းမရှေ့…. အဲသလိုနေရာတွေမှာ ၀ိုင်းဖွဲ့ပြီး ထိုင်နေကြတယ်။ တူရာတူရာ အစုလေးတွေဖွဲ့… တီးတိုးကိုယ်စီနဲ့… တယောက်မျက်နှာ တယောက်ကြည့်ရင်း သူနဲ့ကိုယ်မသိတောင်မှ အကြည့် ချင်းဆုံမိသွားရင် လက်မထောင်ပြတာမျိုး အပေါင်းသင်းများတဲ့ ကျနော်တို့ ဒီတခါတော့ တော်တော် ကောင်းတယ်ပြောရမယ်။

ကျနော် ကိုဇာဂနာနဲ့ တွေ့တော့ ကျနော်တို့ လှုပ်ရှားနေတဲ့ အကြောင်းသူ့ကို တီးတိုးဖွင့်ပြောပြတယ်။ ဖြစ်ချင်တော့.. သူကလည်း.. သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေတာကိုး….။ ကျနော်တို့ကို အကူညီပေးတယ်…. ကျနော်ကမြို့က တယောက်ဆီကနေ ကဗျာစာအုပ် တအုပ်ယူလာတယ်။ ဗားတော့ဂရက် ကဗျာတွေ…။ အဲဒီထဲက.. ကဗျာတွေကို…လက်ရေး တွေနဲ့ကူး ရေးတာကူး…၊ နောက်ဖရောင်းစက္ကူပေါ်မှာ.. ကညစ်တံနဲ့ရေး… မှင်သုတ်… မီးချောင်းနဲ့လှိမ့်ပြီး… ကော်ပီ တွေပွား။ ညဘက် လူခြေတိတ်ချိန်ဆို… အုပ်စုလိုက်ခွဲပြီး… တက္ကသိုလ်ဝန်း နေရာအနှံ့မှာ စာတွေလိုက်ကပ်ကြတယ်။ ကျနော်တို့လိုပဲ… အခြားသော အုပ်စုတွေကလည်း.. သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေကြတာ။ ဒါပေမဲ့…တအုပ်စုနဲ့ တအုပ်စု မပေါင်းဆုံ မိကြသေးဘူး။ အာရ်စီထဲမှာ… အစိုးရဆန့်ကျင်ရေး စာတွေကပ်တော့… ကျနော်တို့က သုံးဖွဲ့ခွဲထားတယ်။ တဖွဲ့ကကပ်… တဖွဲ့က ကင်းစောင့်.... အဲဒီ ကင်းစောင့်တဲ့အဖွဲ့နဲ့ ကျန်တဖွဲ့က ပေါင်းပြီး… အဲဒီ့စာကို ၀ိုင်းအုံ ဖတ်ပေးရတယ်။ နောက်တော့… ကျောင်းသားအုပ်က တဖြေးဖြေးနဲ့များလာ… စာထဲမှာပါတဲ့ အချက်တွေကို ကျနော်တို့က အသံကျယ်ကျယ်နဲ့ ထောက်ခံဆွေးနွေးပေါ့…။ တချို့ကျောင်းသူ ကျောင်းသားတွေဆို မှတ်စုနဲ့ လိုက်ကူးတာတောင်ရှိတယ်…။ (သူတို့ကလည်း ဆက်ဖြန့်ဘို့များပါတယ်) ကော်ပီဆိုင်တွေလည်း သွားမကူးရဲဘူးလေ။ ဒီလိုနဲ့.. မကြာလှတဲ့ တနေ့မှာတော့…. ကျနော်တို့ အင်းဝဆောင်ပေါ်မှာ ရှိနေခိုက် ကျောင်းသားတွေရဲ့ အော်ဟစ်သံတွေ… ဆူညံထွက်လာတယ်။ အာရ်စီရှေ့မှာ ကျောင်းသားတွေ… ဆန္ဒစပြပြီ….. ကျောင်းဝန်းအတွင်းမှာ ရှိနေကြတဲ့ ကျောင်းသားတွေ…. အဲဒီနေရာဆီကို စုပြုံရောက်လာကြတယ်။

၁၉၈၈ ရဲ့ဇွန်လ ကျောင်းသား လှုပ်ရှားမှုစတင်ခဲ့ကြတယ်……..

ကျောင်းဝန်းအတွင်းမှာ စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ အာရ်စီရှေ့မှာ ဟောပြောလုပ်တယ်။ ကျောင်း သားတွေ တယောက်ပြီး တယောက် ဟောပြောကြပေါ့။ ဇွန်လ ကျောင်းသားလှုပ်ရှားမှုမှာ ထင်ရှားခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်ကတော့.. မောင်မောင်ကျော် (ယခုအမေရိကန်နိုင်ငံ)ပါ။ နောက်မိုးသီးဇွန်….. ကိုကိုလတ် အစရှိသူတွေပေါ့…..။ ဇွန်လ ကျောင်းသားလှုပ်ရှားမှုမှာ ထူးခြားတာက… ကျောင်းသားအရေး လှုပ်ရှားမှုတင် မကတော့ပဲ… ဒီထက်တဆင့်မြှင့်တဲ့… နိုင်ငံရေးဆီ လှမ်းတက်ခဲ့ကြတယ်။ ဒီမိုကရေစီ သဘောတရားဟာ… ဇွန်ကျောင်းသားလှုပ်ရှားမှုမှာ စတင်အမြစ်တွယ်ခဲ့ပြီ။ .ဖမ်းဆီးခံ ကျောင်းသားတွေကို ပြန်လွှတ်ပေးဘို့ကို တောင်းဆိုခဲ့ကြတယ်။ ဇွန်ကျောင်းသား လှုပ်ရှားမူ့မှာ… အရေးကြီးတဲ့ မူတခုကိုချနိုင်ခဲ့တယ်။ ဒါကတော့…….. " ကျောင်းသားသပိတ်မှသည်…. အထွေထွေသပိတ်ကြီးဆီသို့ " ဆိုတာပါပဲ…..

နောက်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ မဆလအစိုးရဟာ သုံးနေကြ ဗျူဟာအတိုင်း ကျောင်းသားလှုပ်ရှားမှု ဖြစ်လာတဲ့အခါတိုင်းမှာ… ကျောင်းပိတ်တဲ့ စနစ်ကို အမြဲလုပ်တယ်။ ကျောင်းတွေကို ပိတ်လိုက်ပြီ။ ကျနော်တို့ ကျောင်းသားအစုတွေ ကွဲပြားသွားအောင် လုပ်လိုက်တာပေါ့။ ဆန္ဒပြကျောင်းသား အများစုကြီးက ကျောင်းဝန်းအတွင်းကနေ ပြင်ပကိုထွက်လာခဲ့ကြတယ်။ ပြည်သူတွေနဲ့ပူးပေါင်းမယ်။ ရန်ကုန် ပြည်လမ်းမကြီး တလျှောက် ချီတက်ခဲ့ကြတယ်။ ဒီချီတက်ဆန္ဒပြပွဲမှာ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသူ ကျောင်းသားလေး တွေပါ ပါဝင်လာခဲ့ကြတယ်။ စမ်းချောင်းမြေနီကုန်း အရောက်မှာ လုံထိန်းကားတွေနဲ့.. ၀င်တိုက်လို့ သေကြေခဲ့ရတဲ့ ကျောင်းသားတွေ ရှိခဲ့ပါတယ်။ ဒါကိုမခံနိုင်တဲ့… လူအုပ်ကြီးက… လုံထိန်းတွေ မောင်းလာတဲ့ကားကို အတင်းဝင်တက်ပြီး… ကားပေါ်မှာပါလာတဲ့… လုံထိန်းရဲတွေကို သတ်ဖြတ် ပစ်လိုက်ကြတယ်။ ကျနော်မှတ်မိသလောက် ရန်ကုန်ဆေးရုံကြီးရှေ့ အရောက်မှာ… တခါလုံထိန်း အလောင်းတွေကို တင်လာတဲ့ကားကိုပါ လူအုပ်ကြီးက မီးနဲ့ရှို့ ပစ်လိုက်တယ်။ မဆလ အစိုးရက ရန်ကုန်မြို့ကိုပါ အရေးပေါ်အခြေနေ(ပုဒ်မ၁၄၄) ထုတ်လိုက်တယ်လေ။

ဇွန်လ ကျောင်းသားလှုပ်ရှားမှုမှာ လူထုနဲ့ ကျောင်းသားအတိုင်း အတာတခုထိ ပူးပေါင်းမိသွားပြီ။ အကြမ်းဖက် သတ်ဖြတ်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပြီ။ လူထုရဲ့ မခံနိုင်မှုတွေဟာ အထွတ် အထိတ်ကို ရောက်နေပြီ….။ တိုင်းပြည်ရဲ့ဆင်းရဲမွဲတေမူ့ဟာ… အောက်ဆုံးကို ရောက်နေပြီ…….

ဒါပေမဲ့… ဒီတချီလည်း…. အာဏာရှင်များဘက်က… အသာရနေဆဲပါ။ ကျောင်းသားလှုပ်ရှားမှုကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပါတယ်။ အာဏာရှင်တို့ မချေမူန်းနိုင်လိုက်တဲ့… အရာကတော့ နယ်အရပ်ရပ်ကို ပြန်သွားကြမယ့် ကျောင်းသားများရဲ့ အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်များကိုတော့ သူတို့….. မချေမူန်းနိုင်ခဲ့ပါဘူး။

ဒါဟာ… ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ဘို့… အစပျိုးမှုတခု ဖြစ်သွားပြီဆိုတာ… မဆလတစ်ပါတီ အာဏာရှင် အစိုးရဟာ…. သိပ်အလေးနက် မထားခဲ့ပါဘူး။ သူတို့ရဲ့လုပ်ရပ် ဖြစ်ပေါ်လာသော အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတိုင်းကို အကြမ်းဖက် ချေမူန်းဘို့ကိုသာ… အလေးနက် ထားနေကြတာပါ။

နယ်အသီးသီးကို ပြန်သွားကြတဲ့ ကျောင်းသားတွေဟာ… ၁၉၈၈လူထု အရေးတော်ပုံကြီးရဲ့ အမာခံရဲဘော်တွေ ဖြစ်ကုန်ကြတယ်ဆိုရင် ဘယ်သူ ငြင်းချင်ပါသလဲ။

အပိုင်း (၂) ဆက်ပါဦးမည်……

အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အမှတ်တရအခမ်းအနား (သတင်း၊ ဓာတ်ပုံ)

Posted: 23 Jul 2011 11:15 AM PDT

ဒီကနေ့ ကျရောက်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ (၄၇)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား စမ်းချောင်းမြို့နယ်၊ ကျွန်းတော ဘုန်းကြီးကျောင်း၌  ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိသားစုဝင်များမှ ဦးစီးကျင်းပခဲ့ပါတယ်...။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည်နေ့  အထိမ်းအမှတ် အခမ်းအနားအား နံနက်ပိုင်းမှာ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူဒါန်းပြီး၊ ဒီမိုကရေစီ အင်အားစုများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံပါတယ်။ ထိုဧည့်ခံနေချိန်မှာပင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခမ်းအနားကို အကျဉ်းရုံးကျင်းပရာ အခမ်းအနား ဦးဆောင်ကျင်းပသူများမှ အထိမ်းအမှတ်ပွဲ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောပြပြီး၊ ဆရာကြီး၏ စာပေနဲ့ကဗျာများအား ကဗျာဆရာများမှ တစ်ဦးဆီ ဖတ်ကြားကြပါတယ်။ ထို့အတူ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ဓါတ်ပုံ ပို့စကဒ်များဝေငှကြပါသည်။
 
ထို့နောက် ၁၀း၃၀မိနစ်ကျော်တွင် အထိမ်းအမှတ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာပြီး တက်ရောက်လာသော လူကြီးများအား လိုက်လံနှုတ်ဆက်ပါတယ်။ ထို.နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကား ပြောကြားပြီး သခင်ကိုယ်တော်မှိုင်းမိသားစုဝင်များနှင့် တရင်တနှီး တွေ့ဆုံနှုတ်ဆက် မှတ်တမ်း ဓါတ်ပုံရိုက်ယူခဲ့ပြီး ပြန်လည်ထွက်ခွာသွားပါတယ်။ ထို့နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုသည့် တေးသီချင်းနှစ်ပုဒ်ဖြင့် တက်ရောက်လာကြသူများမှ ဖျော်ဖြေခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင်များနှင့် မိတ်ဆွေများ၊ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစုများမှ ရွှေတိဂုံခြေရင်းရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအုတ်ဂူ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အုတ်ဂူနှင့် ငြိမ်းချမ်းရေးဗိသုကာကြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ အုတ်ဂူများသို့ သွားရောက် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။


ကိုလူမော်လတ်(တာဝန်ခံ)

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment