- စွန့် စား ဆောင်းပါးရှင် (သခင်နွယ်)
- ချစ်သလားမုန်းသလား ပြောပါလား ဆောင်းပါးရှင် (အောင်မျိုးထွန်း)
- အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက ကျွန်တော်မျိုး Mr.Dunkley ထောင်ဒဏ်(၁)လ..
- အမေ့အိမ် အထက်တန်းပညာဒါနကျောင်း( မ/ဥက္ကလာ )
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့က လုံခြုံရေးတာဝန်ယူပေးနေကြတဲ့ အဖွဲ့ချုပ်လူငယ်များ အမှတ်တရ ဓာတ်ပုံ
စွန့် စား ဆောင်းပါးရှင် (သခင်နွယ်) Posted: 01 Jul 2011 08:08 AM PDT စာပေဟောပြောပွဲတစ်ခုတွင် စာရေးဆရာကြီး ဦးအောင်သင်းက "မြန်မာပြည်ကြီး လွတ်လပ်ရေးရအောင် ဖော်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူသေတော့ သူအတွက် ဘာများယူသွားနိုင်လို့လဲ၊ သူဝတ်ခဲ့တဲ့ ယူနီဖောင်းလေးကိုတောင် ချန်ထားခဲ့ရတယ်၊ ဗိုလ်ချုပ်က မစားပဲ ချန်ထားရစ်ခဲ့တာတွေကို အခုလူတွေက မချန်ပဲ စားနေရတာမဟုတ်လား" ဆိုပြီး ပြောသွားခဲ့ဖူးသည်၊ သူ၏စကားများက မှတ်သားစရာကောင်းသလောက် သင်္ခန်းစာယူဖို့လည်း ကောင်းလှသည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုသို့ ပေးကမ်းလှူဒါန်းမှု ပြုကြရာတွင်ဖြစ်စေ၊ အများအကျိုးပြု လုပ်ငန်းတစ်ခုခု လုပ်ကြရာတွင်ဖြစ်စေ စစ်မှန်သည့် မေတ္တာကိုအခြေခံကြမှသာလျှင် ပါရမီပူရိတ ကောင်းမွန်သည့် လုပ်ဆောင်မှုတိုင်း၏ ပြီးမြောက်အောင်မြင်ခြင်းတို့ကို ရရှိနိုင်ပေသည်။ ယင်းသို့မဟုတ်ပဲ အကျိုးရလာဒ် တစ်စုံတစ်ခုကို မျှော်ကိုးပြီး လုပ်ဆောင်ပါက လိုချင်တပ်မက်မှု ရာဂက မေတ္တာဟန်ဆောင်ထားတာကြောင့် ကိစ္စတစ်ခုပြီးမြောက်ရေးတွင် အဟန့်အတားတစ်ခု ဖြစ်စေနိုင်သည်။ ရာဂ လောဘ၏သဘောမှာ မိမိအတွက် ရယူပိုင်ဆိုင်လိုခြင်း တစ်နည်းအားဖြင့် ဆိုရသော် မစွန့်ပဲ စားတတ်သည့် သဘောရှိပြီး မေတ္တာ၏သဘောမှာ သူတစ်ပါးအကျိုးအတွက်သာ ရှေ့ရှုတတ် စွန့်လွှတ်တတ်သည့် သဘောသတ္တိရှိသည်။ မြတ်ဗုဒ္ဓ၏ စကားတော်အနှစ်ချုပ်တွင် ကုသိုလ်ရေးလုပ်ငန်းတို့၌ စိတ်ဓာတ်ဖြူစင်ရေးသည် တစ်ခုအပါဝင်ဖြစ်သည်။ စိတ်ဓာတ်ကို ၀ိပဿနာပွါးများမှုဖြင့် ဖြူစင်စေနိုင်သလို မည်သည့်ကောင်းမှု အကျိုးပြုလုပ်ငန်းကို လုပ်ဆောင်သည်ဖြစ်စေ မိမိအတွက် တောင်းတမျှော်ကိုးခြင်း (လာဘ)၊ တစ်ပါးသူ လေးစားမြတ်နိုးမှုကို ရလိုမှု (သက္ကာရ)၊ ထင်ပေါ်ကျော်ကြားလိုမှု သူတစ်ပါးအထင်ကြီးမှုကို ရယူလိုစိတ် (သိလောက)၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့ အကျိုးတို့ကိုမစဉ်စားပဲ အများလုပ်၍သာ ထလုပ်ခြင်း (ကုလာစာရ) တို့မပါဝင်ပဲ မေတ္တာစိတ်သက်သက်ဖြင့် လုပ်ဆောင်လျှင်လည်း စိတ်၏စင်ကြယ်မှု ကြည်လင်မှုတို့ကို ရရှိနိုင်ပြီး ရရှိလာသည့် အကျိုးကျေးဇူးတို့ကိုလည်း လိပ်ပြာသန့်သန့်ဖြင့် ခံစားနိုင်သည်။ ဆိုလိုသည်မှာ ဘုန်းကြီးအောင် လုပ်ယူခြင်းထက် လုပ်ခြင်းကြောင့် ဘုန်းကြီးခြင်းက ပို၍သာလွန်သည်။ ဘုန်းဟူသည် အပြစ်ကင်းစင်ပြီး ကောင်းသော လုပ်ဆောင်မှုအတွက် ရရှိလာသည့် အသီးအပွင့် ရလာဘ်များပင် မဟုတ်ပါလော။ မြန်မာနိုင်ငံတွင် ကာလကြာငြောင်းစွာ ဖြစ်ပွါးနေသည့် တိုင်းပြည်တွင်း ပြဿနာများသည် မိမိတို့၏ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်မှုအပေါ်တွင် များစွာမူတည်နေသည်။ တစ်ချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပါသည်ဆိုသည့် ဆန့်ကျင်ရေးပုဂ္ဂိုလ် အများစုကြီးမှာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေခြင်းမျိုးမဟုတ်ပဲ စစ်အာဏာရှင်ပုဂ္ဂိုလ်များကိုသာ ဆန့်ကျင်နေသည့် သဘောပေါ်လွင်နေသည်။ အကြောင်းကတော့ စစ်အာဏာရှင်တို့၏ မူဝါဒ လမ်းစဉ်များအတိုင်း ကိုယ်တိုင် ကျင့်သုံးနေကြခြင်းကြောင့် ဖြစ်သည်။ စံနစ်ဆိုးတစ်ခု ပပျောက်စေရေးတွင် လူတစ်ခုတည်းကိုသာ တော်လှန်နိုင်လိုက်ရုံမျှဖြင့် အောင်မြင်သည်ဟု မဆိုနိုင်ပေ၊ ယင်းတို့၏ မူဝါဒ စနစ်ဆိုးတို့ကိုလည်း မိမိကိုယ်တိုင်က လိုက်ပါ၍ မကျင့်သုံးခြင်းဖြင့် တော်လှန်နိုင်မှ ပပျောက်နိုင်ပေသည်။ အခြားတစ်ဖက်တွင်လည်း အနာဂတ် မျိုးဆက်သစ်တို့ လျှောက်လှမ်းကြရမည့် ခရီးလမ်း သာယာဖြောင့်ဖြူး၍ ပျော်ရွှင်နိုင်ကြစေရေးအတွက် မစားပဲ စွန့်တတ်၊ ချန်ရစ်တတ်သည့် စိတ်ဓာတ် သို့တည်းမဟုတ် မျှဝေခံစားတတ်သည့် စိတ်ဓာတ်မျိုး မွေးမြူကျင့်သုံးကြဖို့ အထူးလိုအပ်လှပေသည်။ သခင်နွယ် |
ချစ်သလားမုန်းသလား ပြောပါလား ဆောင်းပါးရှင် (အောင်မျိုးထွန်း) Posted: 30 Jun 2011 10:41 AM PDT ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တချို့က ရယ်သလို မောသလိုနဲ့ သတင်းတပ်ဖွဲ့ ဝင်တွေကို ပြောတတ်တယ်။ "ကျုပ်တို့ကိုတော့ ဟိုတားဒီတားနဲ့ NLD ကိုတော့ လုပ်ချင်တာ လုပ်ခွင့်ပေးတယ်။ ခင်ဗျားတို့က မမိုက်ပါဘူးဗျာ"တဲ့။ မှတ်ပုံတင်နိုင်ငံရေးပါတီထက် မှတ်ပုံတင်မထားတဲ့ ပါတီကို ပစား ပေးနေခြင်းအပေါ် နားမလည်နိုင်လာတော့တဲ့ပုံ ရှိလာပါတယ်။ ခက်တာက ပြည်သူအများစုအနေနဲ့ ရွေးကောက်ပွဲဝင်ပါတီတွေ ဘာလုပ်နေသလဲဆိုတာထက် NLD ဘာလုပ်နေသလဲဆိုတာကို ပိုစိတ်ဝင်စားကြတယ်။ ဒေါ်စု ဘာလုပ်တော့မလဲဆိုတာ လူထုနိုင်ငံရေးလိုဖြစ်နေတာ ဘယ်လိုလုပ်ကြမလဲ။ ရေခဲမုန့်ကျွေးပြီး ဒေါ်စုနိုင်ငံရေးကို မကြည်နဲ့နော်လို ပြောလို့ရတာမှ မဟုတ်ဘဲ။ နည်းနည်းလေးတော့ ကြောက်တယ်၊ ဒါပေမယ့် မထောက်ခံဘဲလည်း မနေနိုင်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတစ်ခေါက် နေအိမ်အကျယ်ချုပ်က မလွတ်ခင်မှာ ပြည်ထဲရေး ဌာနက တာဝန်ရှိသူနဲ့ ဒေါ်စုတို့တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာ တွေ့ကြတော့ လိုအပ်တာ ပြောပါ။ ကူညီပါ့မယ်လို့ ရဲအရာရှိကြီး ကမ်းလှမ်းခဲ့တာကို မှတ်မိပါသေးတယ်။ ဒေါ်စုနဲ့ NLD အခုလို နိုင်ငံရေး ဆက် မလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးက အကြောင်းကြားစာ ပို့ လိုက်ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံ လိုပါကြောင်း ဒေါ်စုဘက်က ပြန်လည် ပြောဆိုလိုက်ပါတယ်။ သမ္မတကြီးရဲ့ အစိုးရအဖွဲ့မှာပါတဲ့ ပြည်ထောင်စုဝန်ကြီး အဆင့်လောက်ကိုသာ စကားပြောခွင့် တောင်းဆိုတာဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း အစဉ်တစိုက် တွေ့ဆုံဆွေးနွေးဖို့ကို ဒေါ်စုတောင်းခဲ့ပေမယ့် အစိုးရသစ်ကလည်း တုတ်တုတ်မှ မလှုပ်ခဲ့ပါဘူး။ အစိုးရသစ်ရဲ့ဟန်းနီးမွန်းရက်(၁၀၀) ပြည့်ခါနီးတဲ့အထိ တုံဏိဘာဝေပါဘဲ။ အာဏာပိုင်တွေဘက်က ဒေါ်စုနဲ့ NLDကို ဘယ်လိုအနေအထား၊ ဘယ်လောက်အတိုင်း အတာမှာ "တည်"ထားစေချင်သလဲဆိုတာ စဉ်းစားရပါမယ်။ ရွေးကောက်ပွဲလမ်းကြောင်းပေါ် အမှန်တကယ် တက်စေချင်တာလား၊ နိုင်ငံရေးလိုလို လူမှုရေးလိုလိုနဲ့ လုံးပြီး ပျော်သလိုနေ၊ ရေချိန်တစ်ခုထက် မကျော်စေနဲ့ သဘောလား။ အီလယ်လယ်ဖြစ်လာတော့လည်း တောင်တွေးမြောက်တွေး တွေးလာကြပါတယ်။ နံပတ်ဖိုက်ဂီယာထိုးပြီး အရှိန်နဲ့မောင်းလာတဲ့ကားကို နံပတ်ဝမ်း တန်းထည့်ခိုင်းလို့တော့ မဖြစ်ပါဘူး။ လေးကနေသုံး၊ သုံးကနေ နှစ်ပေါ့။ ၂၀၀၈ဖွဲ့ စည်းပုံကို NO လုပ်တယ်၊ ၂၀၁၀ရွေးကောက်ပွဲကို NO လုပ်တယ်၊ ၉၀ရလဒ်ကို မဖြည်ဘူး၊ ဒဏ်ရာဗရပွ ခံထားရတဲ့ အတိုက်အခံပါတီကြီး NLDကို ဂငယ်ကွေ့ တန်းကွေ့ခိုင်းလို့တော့ မဖြစ်ပါဘူး။ ကိုယ့်နေရာမှာသူ၊ သူ့နေရာမှာကိုယ်ဆိုပြီး အပြန်အလှန် ကိုယ်ချင်းစာစိတ်တော့ ထားကြမှ နိုင်ငံရေးစိတ်ဝမ်းကွဲမှုတွေ လျော့ပါးပြီး ပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်မှာမဟုတ်လား။ ဒေါ်စု ပြန်လွတ်ခါစ ပြောတာဆိုတာတွေဟာ အတော်ကလေး ညင်သာလို့ တည်ဆဲအစိုးရပေါ်မှာ အင်မတန် ပျော့ပျောင်းပြီးခါမှ အခုလို တင်းတင်းမာမာ ဖြစ်လာရတာဟာ သူ့ကို ဥပေက္ခာပြုထားလို့၊ သိုသိုသိပ်သိပ်တောင် အဆက်အသွယ် မလုပ်လို့ဘဲဖြစ်ပါတယ်။ ဒီကာလတလျောက်မှာ ဒေါ်စုဘက်က လမ်းကြောင်းတွေ မြောက်မြားစွာဖွင့်ပေးခဲ့၊ လျို့ဝှက်စွာနဲ့ အများကြီးလိုက်လျောခဲ့ပါတယ်။ ကာယကံရှင်တွေ သိကြပါတယ်။ ဖိုင်နယ်မပြောနဲ့ ကွာတားလောက် မရောက်ခင်မှာဘဲ လမ်းစတွေ၊ လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပါတယ်။ ဒေါ်စု စိတ်ပျက် လက်ပျက်ဖြစ်ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကာလတုန်းက တောထဲကကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ပင့်ဖိတ်ပြီး ဆွေးနွေး စကားပြောကြတော့ အထမမြောက်ခဲ့ဘူး။ ရန်ကုန်မှာ ကွန်မြူနစ်ဆဲလ်အသစ်တွေ မွေးခဲ့နိုင်တာဘဲ အဖတ်တင်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ နောက်သုံးနှစ်ဆို ဒေါ်စု အသက်(၇၀)ပြည့်ပါတော့မယ်။ မြန်မာ့နိုင်ငံရေးရဲ့ ဟာကွက်စစ်စစ်ကို လက်တွေ့ကျကျ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုတဲ့စိတ် ဒေါ်စုမှာ တည်ရှိနေပါပြီ။ ဒေါ်စုဟာ ကွန်မြူနစ်မဟုတ်လို့ အရင်က မြန်မာ့သမိုင်း အကြမ်းပတမ်းကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးဖို့ မသင့်ပါဘူး။ ပြည်သူတွေလည်း အေးချမ်းချင်ကြတယ်၊ အစိုးရလည်း အေးချမ်းချင်တယ်၊ နိုင်ငံရေးသမားတွေလည်း အေး ချမ်းချင်တယ်၊ ဒေါ်စုလည်း အေးချမ်းချင်တယ်။ တော်လှန်ရေးတွေဖြစ်မှ၊ အဆုံးစွန် "၀ုန်း"လိုက်မှ ဆိုသူတွေကိုတော့ ထားပစ်ခဲ့လိုက်ပါ။ ဘယ်သူမှ ဆူဆူပူပူဖြစ်တာ မမြင်ချင်ဘူး၊ မြင်ချင်တာက အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစားပွဲထဲထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတာပါ။ အပြန်အလှန် ကူညီရိုင်းပင်းနေကြတာပါ။ ဒါဟာ မြန်မာပြည်သား အားလုံးရဲ့ဆန္ဒပါ။ NLDရဲ့ ဆန္ဒမဟုတ်ဘူး၊ KNUရဲ့ ဆန္ဒမဟုတ်ဘူး။ အမေရိကန်ရဲ့ဆန္ဒမဟုတ်ဘူး၊ ကုလသမဂ္ဂရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးရဲ့ ဆန္ဒပါ။ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀)ကျော် ရုန်းကန်၊ မျှော်လင့်တာတွေ မဖြစ်ခဲ့တာများပြီး အသက်အရွယ် အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်တဲ့ ဒေါ်စုအတွက် ကမ္ဘာကျော်အတိုက်အခံဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ဆုံးထွက်သက် အထိ ဖက်တွယ်သွားပြီး ထောင်ထဲကို ပြန်ဝင်သွားဖို့လည်း ၀န်လေးနေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အဆုံးသတ်မှုကိုပြည်သူတွေက မမြင်ရက်ပါဘူး။ မြန်မာ့သမိုင်းမှာ ဒီလိုမှတ်တမ်းမျိုး ရေးသားတော့မယ့် ခေတ်သစ်သမိုင်းဆရာတို့ရဲ့ လက်ညှိုးထိုးအပြစ်တင်မယ့် သမိုင်းတရားခံဘ၀ကို ကျွန်တော်တို့ အားလုံး အပို့မခံပါရစေနဲ့။ ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ဒေါ်စုနဲ့ စကားစမြည် ပြောကြည့်ပါ။ တစ်နိုင်ငံလုံး အပြုံးပန်းတွေဝေပြီး မေတ္တာတွေ လွှမ်းသွားပါစေ့မယ်။ အောင်မျိုးထွန်း ၃၀- ၆- ၂၀၁၁ |
Posted: 30 Jun 2011 10:40 AM PDT မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley နောက်ဆုံးအမှု ရုံးချိန်းရင်ဆိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တရားရုံးသို့ ဇွန်လ(၃၀)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်က ရောက်ရှိလာစဉ် Mr Ross Dunkley နှင့် မြန်မာတိုင်းမ်ဂျာနယ်မှ အမှုဆောင်လူကြီးတစ်ဦး မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyမှ၎င်းးအား တရားရုံးက ချမှတ်သည့် အမိန့်အပေါ် ကျေနပ်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများသို့ပြောကြားနေစဉ်... မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkley တရားရင်ဆိုင်ရာ ကမာရွတ်မြို့နယ်တရားရုံး ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင် မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley ၏အမှုကိုယနေ့ ၂၀၁၁ခု၊ဇွန်လ(၃၀)ရက်နေ့နေ့လည်(၂)နာရီတွင် အပြီးသတ်အမိန့်ချ မှတ်ခဲ့ပါသည်။ ကမာရွတ်မြို့နယ်တရားသူကြီးမှ မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyသည် တရားလို မခိုင်ဇာလင်းအား နာကျင်စေခဲ့သောအမှု ဥပဒေပုဒ်မ (၃၂၃)အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့် ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ကျခံစေရန်နှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသဖြင့် လ၀ကအက်ဥပဒေ (၁၃(၁) အရ ဒဏ်ငွေ(၁)သိန်းကျပ် တိတိပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ အပြစ်ပေးခံရသော ထောင်ဒဏ်(၁)လကို တရားခံ) မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley အား ပြစ်မှုရင်ဆိုင်နေစဉ်အတွင်း ချုပ်နှောင်ထားခဲ့သော ရက်ပေါင်း(၄၄) ရက်ဖြင့် ကြေစေကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ ယင်းစီရင်ချက်နှင့် ပတ်သက်၍ Mr Ross Dunkley မှ ၄င်းတွင် အပြစ်လုံးဝမရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအားလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ယခုချမှတ်သည့် အမိန့်အပေါ်တွင်လည်း ကျေနပ်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများသို့ ပြောကြားသွားခဲ့ပါသည်။ သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင် ကိုယ်တိုင် ဂျာနယ်လစ်တစ်ယောက်အပြင် သတင်းဂျာနယ် ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ မစ္စတာဒန်ကလေရဲ့ မြန်မာအာဏာရှင်များ၏ မတရားတဲ့ တရားဥပဒေစီရင်ချက်တွေနဲ့ ကျွန်န်ုပ်၏ ၄၄ရက်ကြာ အင်းစိန်ထောင်တွင်း ကိုယ်တွေ့ စွန့်စားခန်း မှတ်တမ်းများကိုတော့ များမကြာမှီ အများပြည်သူ ဖတ်ရှုရမည်ဟု မျှော်လင့် မိပါကြောင်း... |
အမေ့အိမ် အထက်တန်းပညာဒါနကျောင်း( မ/ဥက္ကလာ ) Posted: 30 Jun 2011 09:52 AM PDT သူငယ်ချင်းများအားလုံး...မင်္ဂလာပါ။ အမေ့အိမ် အထက်တန်းပညာရေး နှင့် အင်္ဂလိပ်စကားပြောပညာဒါနကျောင်း မ/ဥက္ကလာ ရဲ့ပုံတွေ ဖြစ်ပါတယ်။ ကျောင်းနေရာကို ကျူးကျော်ရပ်ကွက် တစ်ခုဖြစ်တဲ့ (၂)ရပ်ကွက်၊ မုဒိတာလမ်းမှာ မြေကွက်ဝယ်ပြီး အခု ကျောင်းဆောက်ထားပါတယ်။ The Compassionate-hand ခေါ် ဂရုဏာလက် လူမှု အကျိုးပြုလူငယ်များမှ တက္ကသိုလ်ဝင်တန်းနှင့် န၀မတန်းအတွက် အင်္ဂလိပ်စာနှင့် စကားပြော သင်တန်းများကို သင်ကြားပေးနေပါသည်။ လိုအပ်တဲ့အကူညီတွေကတော့ စာရွက်စာတန်းများ( ဥပမာ A4-အပတ်စဉ် စာမေးပွဲအတွက်။ အထူးထုတ်စာအုပ်များ။ စာရေးကိရိယာများ လိုအပ်နေပြီး ကျောင်းသား/သူများ အားလပ်သည့် ညနေပိုင်းမှသာသင်ကြားနိုင်ခြင်းနှင့် ကျူးကျော် ရပ်ကွက်ဖြစ်၍ လျှပ်စစ်မီးမရှိခြင်းကြောင့် Search Light များဖြစ်သင်ကြားနေရပါသည်။ အိမ်သာဆောက်ရန်လည်း လိုအပ်နေပါသေးသည်။ သင်တန်းချိန်များမှာ နေ့လည(် ၂ )နာရီမှ ည ( ၉ )နာရီထိဖြစ်ပါတယ်။ ကျောင်းသားဦးရေ တက္ကသိုလ်ဝင်တန်း ( ၃၀ ) ယောက်န၀မတန်း ( ၉ ) ယောက် အင်္ဂလိပ်စကားပြော ( ၁၆ ) ယောက် လှူဒါန်းလိုသူများ အောက်ပါလိပ်စာအတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ (၂ )ရပ်ကွက်၊ မုဒိတာလမ်း၊ မ/ဥက္ကလာ ကိုနိုင်ငံလင်း( 09 5071461 ) ကိုငယ် ( 09 5162060 ) |
Posted: 30 Jun 2011 09:52 AM PDT |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment