သခင်အောင်ဆန်းတရား
ငါ့ ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့် သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင်းသားအရွယ်၊ သက် နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင် တင့်သို့ 
မင်းသား သိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ ပကာသနကို
ပြာချလောင်မြိုက်၊ သူမီးတိုက်၏
ခေတ်လိုက် ခါညီ၊ ခေတ်မီပညာ
ကြုံရာ ဘဝ၊ မုတလုံလောက်၊ ခံမြို့ ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိ လွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့ အလံတည့် 
ပျံတလူလူ၊ သူထူခဲ့ ကြောင်း
ခေါင်းဆောင်သဘော၊ မင်း သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ (ဆရာဇော်ဂျီ)
No comments:
Post a Comment