Wednesday 31 August 2011


KNU ခေါင်းဆောင် မန်းငြိမ်းမောင်ကို အစိုးရ ဖမ်းမိ

E-mail Print
ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ဖမ်းဆီးထားကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။

ပြီးခဲ့သည့် တလကျော်က တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ မန်းငြိမ်းမောင် ရောက်ရှိစဉ်  တရုတ် အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး မြန်မာ အစိုးရ ထံသို့ လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KNU-Karen
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ စိတ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံး သိရတဲ့ သတင်းက အဖေ မြန်မာ ထောက်လှမ်းရေး လက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရသေးပေ။ 

KNU တာဝန်ရှိသူများကလည်း  မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် အဖမ်းခံရသည်ဆိုပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့်  အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟို ကော်မတီဝင် ပဒိုစောအားတိုးက ပြောသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က  ကော်မတီဝင် တဦး အဖြစ် တာဝန်ယူထားသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

၁၉၆၀ ၀န်းကျင် ကရင်လူငယ် မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံရပုံ၊  ကိုကိုးကျွန်းအကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်ပြီး ပြည်မ တနေရာတွင် ပြန်လည် အဖမ်းခံရပုံတို့ကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ထိုအတွေ့အကြုံများကို ရဲဘော်ရှောင်း ကလောင်အမည်ဖြင့် ရေးသားခြင်း ဖြစ်သည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။
(ဧရာဝတီမှကူးယူဖေါ်ပြပါသည်)











No comments:

Post a Comment