Thursday, 25 August 2011

ဘွားမေ........(ရသ စာစု)






ဘွားမေ......

တုန်ချိနေသော လက်အစုံဖြင့် ရင်ဘတ်အပေါ်ပိုင်းထိ ဖိဖုံးထားသော နွမ်းဖတ်ဖတ်စောင်လွှာလေးကို အသာ ဖယ်လိုက်ပြီး ဘွားမေ တစ်ယောက် အခန်းထဲသို့ဝင်လာသော ကျွန်တော့်ကို လှမ်းကြည့်ပြီး ပြုံးပြနေပါ သည် ။ ဘွားမေ ၏ အသံတို့မှာ ကြည်လင်ပီသမှုမရှိသော်လည်း ဆိုလိုရင်းကိုဖမ်းမိအောင်နား ဆိုက်ထောင် လို့ရနေသည်။စကားပြောရင် မြန်မြန်ပြောတတ်သည့်အကျင့်က လောကကိုအလိုမကျမှုတွေကြားမှာအလို လို ပေါက်ဖွားလာလေသည်လားမသိ။ရှစ်ဆယ်ကျော်နေပြီဖြစ်သော ဇရာကြောင့် အသက်ရှည်ရာ ရှည်ကြောင်း ဆုတောင်းကားပြည့်ခဲ့လေပြီ။ခန့်ငြားသောရုပ်သွင် ကို လက္ခဏာအရေးအကြောင်းတို့က ဖုံး ဖိ ထားသောငြားလည်း ငယ်စဉ်က ပျိုမြစ်နုနယ်ခြင်းအလှကို မြင်နိုင်နေစေတုန်းပင်။ထူထဲသောမျက်မှန်အောက် မှ မာန်တင်းထားသော မျက်ဝန်းအစုံတို့တွင် အသနားခံသည့် စိတ်အခြေနေကို မည်သည့် အချိန်မှ မတွေ့ရ ။ဒါ ဘွားမေ ၏ ပင်ကို စရိုက်ပင်။ဘွားမေနှင့် ကျွန်တော်တို့ကြားတွင် မမြင်ရတဲ့ကြိုးတစ်ချောင်းက တင်း တင်း ပတ်ချည်စွာ ရစ်တွယ်ထားသည်ကို ထိုစဉ်က ကျွန်တော် သတိမထားမိခဲ့ပေ။

ငယ်စဉ်က လိုလေးသေးမရှိပြည့်စုံစွာနေခဲ့ရသော ဘွားမေ။စိတ်ဓါတ်ပြတ်သား ခိုင်မာပြီး ငယ်ဂုဏ်၊ အလှ ဂုဏ် တို့ ဆင့်ကာ ထီမထင် ဝင့်ကြွားနိုင်ခဲ့သည်။ မှတ်မှတ်ရရ သံသရာမဆိုင်းသော ဒုက္ခမီးလျှံဝဋ်ကြွေး
တစ်စ ကို မောက်မာသော စိတ်နှလုံးဖြင့် ပြုလုပ်ခဲ့မိသည်ကို ယခုချိန်မှာ ယူကြုံးမရစွာဖြင့် ကျွန်တော်တို့ သွားရောက် တဲ့အချိန်တိုင်းပြောဖြစ်နေခဲ့သည်။ ဘာသာခြားတစ်ဦးဖြစ်သော်လည်း ကံ ၊ကံ ၏ အကျိုးကို
လက်သင့်ခံကာ ယခုအချိန်မှာတော့ သံသရာမရှည်အောင် အသေအလဲ ကြေအောင်ဆပ်နေလေပြီ။ ဝဋ်ကြွေးပြေလို့ ဘွားမေရေ သေပါတော့လို့ ကျွန်တော် ရင်မချိစွာမတောင်းသင့်တဲ့ဆုကို တောင်းနေ မိတော့သည်။ ခွင့်လွှတ်ပါ ဘွားမေရေ.......

အခန်းလေးထဲ ဝင်မိမိချင်း လူမမာနံတို့က စူးရဲစွာဖြင့် ရူရှိုက်မိနေသောလည်း ကျွန်တော် မျက်နှာမ ပျက်အောင် ထိန်းလိုက်နိုင်ပါသည်။ ကျွန်တော့်ထက်အရင် ကျွန်တော့် အဖော်မွန်လေးက ဘွားမေ အနားကို
ဘယ်အချိန်ကတဲက ရောက်နေသည်လည်းမသိ။ ဘွားမေ လက်ကလေးကို ဆုပ်ကိုင်ရင်း အားပေး စကားတွေပြောနေလေသည်။ကျွန်တော့်ကို မြင်တော့ ဘွားမေ တစ်ယောက် လူးလဲထလာရင်း ပောာ သား
တို့လာပြီ လာကြ လာကြ ဆိုက ခရီးဦးကြိုပြုဖို့ကုန်းရုံးထလာတာမြင်တော့ အနံအသက်ကို ဂရုမစိုက် အားတော့ ပဲ ဘွားမေ ကိုနေသာနိုင်အောင် အနားတိုးကပ်သွားပြီး လက်မောင်းလေးကို ဆုတ်ကိုင်
အားပေးပြီး အားပေးစကားပြောကာ ကုတင်းခြေရင်းတွင် အဖေါ်မွန်လေးနဲ့အတူ ရီရီမောမော စကား စထား ရင်း ဘွားမေနေသော အခန်းအား အကဲခတ်နေမိသည်။

လူ့လောက အပြင်ဘတ် ကိုရောက်နေသော ဘွားမေ တစ်ယောက် ။ အပြင်ဘက်လောကမှာကိုမှ ထပ်ပြီး သီးခြားအပြင်ဘက်ကို ရောက်နေလေသည်။ သီးသန့် အခန်းလေးထဲမှာ ကုတင်းတစ်လုံး။နွမ်းဖတ်
ဖတ်စောင်တစ်ထည်။ စိုထိုင်းထိုင်း အိပ်ယာခင်း။ညစ်ပေနေသော ခေါင်းဦးတစ်လုံးနဲ့အဖေါ်ပြုနေခဲ့ရသည်မှာ သုံးနှစ် ၊သုံးမိုးတိုင်ခဲ့လေပြီ။ကုတင် ခေါင်းရင် ကြွက်လျောက်တန်းပေါ်တွင် ရိုသေစွာတင်ထားသောခရစ်တော် ရဲ့ ရုပ်ပုံကားချပ်။ယုံကြည်မှု့သဒ္ဒါအရ ကိုယ်တော်မှ တစ်ပါး ကိုးကွယ်ရာမရှိသော ဘွားမေရဲ့ဘဝ။ကု တင်း ဘေး  ဘီဒိုပုလေး ထက်တွင် သောက်လက်စ ဆေးဗူး၊လိမ်းဆေးအရည်နဲ့ ကော်ဖီခွက်လေးတစ် လုံး ရိုးရှင်းစွာဖြင့် ဘဝရဲ့နိဂုံးမှာ ပြီးပြည့်စုံနေပြီ။ကုတင်ဘေးရှိ ပြူတင်းတစ်ချပ်ကို ဖွင့်လိုက်တိုင်း မိုးကုတ်စက် ဝိုင်းကြီးကို လေးထောင့်စပ်စပ်သာ တွေ့ခွင့်ရသောဘွားမေ တစ်နေ့သာ အချိန်တွေကို ဘယ်လို ဖြတ် သန်းနေ နေပါလိမ့်။စည်ကားစွာ အသံတွေ ကြားလိုက်ရတိုင်း၊ရီမောစွာ အသံတွေကြားလိုက်ရတိုင်း ပောာ အလှူရှင်တွေလာကြပြီ ကျန်းမာကြပါစေ ချမ်းသာကြပါစေ...ဆုတောင်းပေးရုံမှတပါး သူတော်ကောင်း တို့၏ မျက်နှာကို မြင်ခွင့်မရ။သူမ ထိုနေရာတွင် ရှိနေကြောင်း မည်သူမျှ မသိကြသည်တိုင် မပျက်မကွက် တောင်း ဆုချွေနေလျက်ပင်။ အတွေးတွေထဲ မည်မျှနစ်မျောနေသည်မသိ အဖော်မွန်လေးရဲ့ စကားသံ တို့ကြောင့် ကျွန်တော် သတိဝင်လာသည်။ အကို ဘွားမေ ဘာမှ မစားရသေးဘူးတဲ့။ ဒါနဲ့ပဲ အသာ လက်ကုတ်ခေါ်ယူပြီး ဘွားမေကို နုတ်ဆက်ကာ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက်တိုင်ပင်မိတော့။ ဘယ်လိုဖြစ်တာ လဲ ကွယ်။ ဒီအချိန်တောင်ရှိနေပြီ ဘာမှ မကျွေးထားဘူးလားဆိုတော့။ ကြားလိုက်ရတဲ့စကားတို့ကြောင့် ကျွန်တော် ဆို့နင့်ကြေကွဲစွာခံစားလိုက်ရတော့သည်။

ရိပ်သာ နေသူအချင်းချင်း ရောဂါပျောက်နေသူ အန်တီတစ်ဦးမှ ဘွားမေကို လာပြုစုသည်။ ကျွန်တော်တို့ မလာခင်တစ်ရက်က အဆိုပါ အန်တီမှ ဘွားမေအား  ဘွားမေ ဘွားမေရဲ့သားသမီးတွေ လာကြမယ်သိ
လား ဆိုတော့ သယ် သူတို့က ဘာလာလုပ်မှာလဲ ငါ ထွက်မတွေ့ဘူး။ငါ့ကို ဒီမှာ လာပစ်တုန်းက ပစ် ထား ကြပြီးတော့ဆိုတော့ အန်တီမှ ဘာတွေပြောနေတာလဲ ဘွားမေရဲ့ ဘွားမေ သားသမီးအရင်းတွေကိုပြော တာ မပာုတ်ဘူး Save The Aged  က ဘွားမေရဲ့သားသမီးတွေဆိုတော့ ပာာ သိင်္ဂီတို့ လာမှာ လား ပျော် လိုက်တာ ဆိုပြီး ထိုည တစ်ညလုံးဘွားမေ အိပ်မပျော်တော့ချေ။ တစ်နေကုန်လည်း ဘာမှမစား ဘွားမေ  ရဲ့ မြေးမလေးနဲ့တူလို့ဆိုပြီး အချစ်ပိုနေတဲ့ကျွန်တော့်ရဲ့အဖေါ်မွန် သိင်္ဂီရောက်လာ တဲ့အခါတိုင်း ဘွားမေ အတွက် သတိတရ ခေါက်ဆွဲကြော်ပျော့ပျော့လေးကို ဝယ်လာပြီး ခွံ့ကျွေးနေကြဆိုတော့ ဘွားမေ ဝမ်း သာနေ ရှာတော့မပေါ့။ ရခဲလှတဲ့ အခွင့်အရေးလေးကို ဘွားမေ လက်လွှတ်မခံတော့ပေ ။ ဘာ လာကျွေးကျွေး မစားပဲ သိင်္ဂီလာရင်ခေါက်ဆွဲကြော်ပါလာမှာဆိုပြီး စွဲ နေရှာသည်။ကျွန်တော့် ရဲ့ ညံ့ဖျင်း မှုကြောင့် ခေါက်ဆွဲကြော်မေ့ကျန်လာခဲ့ရတဲ့အဖြစ်ကို ထိုအခါမှ ကြေကွဲစွာ ခံစားလိုက်ရတော့သည်။ ဘွားမေရယ်။ ကဲ ညီမလေးရယ် ဘယ်လိုလုပ်ကြမလဲဆိုပြီး အကြံကုန် ဂဠုန်ဆားချက် ခေါက်ဆွဲခြောက် တစ်ထုတ်ကို ပြုတ်ခိုင်းပြီး အရည်စစ်ကာ ဘွားမေ ကို ကျွေးလိုက်ရသည်။ မြှိုန်ယှက်စွာစားသောက်နေသော ဘွားမေ ကို ရင်မချိစွာဖြင့် ကြည့်နေရလေပြီ။ခွင့်လွှတ်ပါ ဘွားမေ။

စားရင်းတစ်ဖက် ဘွားမေ ရဲ့ ဝဋ်ကြွေးမကျေတဲ့ အဖြစ်ကို ယူကြုံမရစွာဖြင့်နားထောင်နေပေးမိသည်။ ရောက် လာတဲ့အခါတိုင်းအမြဲပြောပြ နေကျ။ဘွားမေလို့မဖြစ်ရအောင် အမြဲဆုံးမနေကြ။ဘယ်အခါကြားကြား  ဘွားမေ အတွက် မျက်ရည်ဝဲရလောက်တဲ့အဖြစ်။ ဒီဘဝမှာပဲ ကျေအောင်ဆပ်နိုင်ပါစေ ဘွားမေ ရေ။

ကုဌနုနာ ဆို၍လည်ကောင်း ရှေ့ပဝေသဏီကတဲက ရှိနှင့်နေပြီးသော အရေပြား အနာရောဂါ ကပ်ဘေး တစ်မျိုးကို မျက်မှောက်ခေတ်မှာ အနု ဆိုပြီး ယခုအချိန်ထိတိုင်အောင် သုံးစွဲနေကြတုန်းပင်။ ဘွားမေ တို့   ခေတ်ကဆို လူ့ပတ်ဝန်းကျင်အတွက် နှာခေါင်းရှုပ် စရာပင်။ကိုယ်အင်္ဂါမသန့်ရှင်း သူများ၊အပျော်အ ပါး လိုက်စားသူများသာ ဖြစ်တတ်သော ရောဂါပာူ၍လည်း သိမှတ် လက်ခံနားလည်ထားသော အခြေနေမို့  အနူ ဆိုလျှင် လူတွေရှောင်ဖယ်ကြတာလည်း မဆန်း။ပုတ်ပွ နေသော ခြေလက်အပိုင်းအစတို့မှာ စည်း ချည် ထားတဲ့ ပတ်တီးတွေမှာလည်း အကျိအချွဲ ပြည်ပုတ်ရွဲတို့ကြောင့် ယင်ကောင်တွေကလည်း အဖွဲဖွဲနှင့်  အနံ့ အသက်တို့ တလှိုင်လှိုင်ကြောင့် အနုတွေ ရွာထဲ ဝင်လာလျှင် ရိုက်ပုတ်မောင်းထုတ်ကာ လူ့လောက စည်း အပြင်ထုတ်ထားတတ်ကြသော ခေတ်ကာလ။ ထို့ကြောင့် အရေပြားရောဂါသည်တို့သည် ဝမ်းတထွာ အ တွက် နေရာစဉ်လှည့်ကာ တောင်းရမ်းစားသောက် ညဆို ကျောတစ်ချစာ နေရာအတွက် သချိုင်းကုန်း၊ အမှိုက်ပုံ နှင့် လူသူလေးပါးမရှိတဲ့နေရာတွေမှာသာ မှီခိုကပ်တွယ် စားသောက်ရှင်သန်နေကြရသည်။ ထိုစဉ် အခါက ဘွားမေ ကလေးသာသာ ကလေး အရွယ်လေ။ အများနည်းတူ အနုဆို လူကြီးမိဘ ပြောစကား အရ ကို ကြောက်ရွံ့တတ်နေတဲ့ ကလေးဘဝ။

ကလေးအငိုတိတ်အောင် မိဘတွေရဲ့ မှားယွင်းတဲ့ခြောက်လှန့်မှုမျိုးကလည်း အနုကြီးဖမ်းသွားလိမ့်မယ် ဆိုပြီး အငိုတိတ်လက်နက်အဖြစ် အသုံးချ နေစဉ်လည်းဖြစ်သည်။ကြမ္မာငင် ချင်တဲ့တစ်နေ့ ဘွားမေ တို့ရဲ့ အိမ်မလှန်းမကန်းတွင် အနုအမယ်အိုကြီးတစ်ယောက် က တုံးတိသော လက်အစုံဖြစ် သနားစဖွယ်တောင်း ရမ်းနေသည်။လေလုံးမကွဲသောလည်း ဖြန့်ထားသောလက်ချောင်းမရှိ၊ ပတ်တီး အတိနဲ့ လက်ဖဝါး ၊ရှေ့မှာ သူမရဲ့ ဝမ်းမီးငြိမ်းစေဖို့အတွက် သနားစဖွယ်တောင်းခံအားထုတ်ထားသော ဒန်ဖလားတစ်လုံး။ဒန် ဖလား ထဲတွင် ငွေ အကြွေတစ်ချို့နှင့် စားမြိန်ထုတ်အနည်းငယ် မကြည့်ရက်သူတို့ရဲ့ နားခေါင်းကို လက်နဲ့ ပိတ် ကာဖြင့် စွန့်စွန့်စားစား လာရောက်ပေးကမ်းထားသော မဝရေစာများ။အမယ်အိုသည် အိမ်မှာကျန်နေ ရစ်သော သားငယ်၊သမီးငယ်တွေ အတွက်များလား၊ မိအို ဖအိုတို့အတွက်များလား။ သားကိုသခင် ၊လင်ကို ဘုရား အိပ်ယာထဲလဲနေသော ဒုက္ခိတ လင်သားအတွက်များလား အာခေါင်ကို ညစ်လို့ သနား စဖွယ်တောင်း ရမ်းနေရှာသည်။

ပူလောင်သော နေရောင်ခြည်အောက်တွင်  လေတစ်ချက်ဝှေ့တိုက်လိုက်တိုင်း အထွေးလိုက် ထထ ဝဲ သွားသော ယင်ကောင်များဖြင့် မြင်သူ အော့နှလုံးနာစရာ။ သနားစစွယ်အသံတို့ကလည်း တိုနှံ့နေပြီဖြစ်
သော နှားခေါင်းပေါက်တို့ကြောင့် ခြောက်ခြားဖွယ်ရာ အသံတို့သည်ပဲ လွှင့်ပျံနေသည်။ အိမ်ထဲမှာနေသော ဘွားမေသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရွံ့ရှာ ၊ကြောက်ရွံ့လာကာ လုပ်မိလုပ်ရာဖြစ် ရောဂါသည် အမယ်ကြီး ရဲ့ တစ်နေ့သာ အသက်ဆက်ဖွယ် အလှူခံဖလားအား ပြေးကန်လိုက်မိလေတော့သည်။ မသိစိတ်  ကနေပြီး  ကြောက်ရွံ့တုန်လှုပ်စွာ ပြုလုပ်မိလိုက်သော်လည်း မည်သည့်စိတ်ခံစားမှုမျိုးဖြစ်ပေါ်လာ သည်မသိ ရှိုက်ကြီးတငယ်ငိုကျွေးမိလေတော့သည်။


သံသရာဆိုသည်မှာ ကြောက်ဖို့ကောင်းသည်။ ဝဋ်မှာအမြဲ ငရဲမှာ အပ အတွက်လည်းဖြေဆေးမရှိ။ အပြစ်ကို အပြစ်နဲ့သာ ဆေးကြောနိုင်မည့်လောကအတွက် မည်သူ့ကိုအပြစ်တင်ရမည်နည်း။တစ်သက်လုံး
ဗိုင်းကောင်းကျောက်ဖိ နေလာခဲ့သော ဘွားမေတွင် အနာကွက်လေးတွေ စဖြစ်လာသည်မှ စ၍ အနုဆိုသော အရေးပြားရောဂါ စွဲကပ်လာချေပြီ။ လူ့အသိုင်းဝိုင်းတွင် မိသားတစ်စုလုံးမျက်နှာမပြဝံ့တော့ချေ။တစ်အိမ် ထဲအတူနေပြီး သားသမီး၊လင်သား မိသားစုနဲ့ ရှင်ကွဲ ခွဲလိုက်ရလေပြီ။မိဘနှစ်ပါးမှာလည်း ဒီစိတ်နဲ့ ပင်   ရှေ့ဆင့်နောက်ဆင့်    တိမ်းပါးသွားလေပြီ။ယခု ဒီရိပ်သာ     ကို လာပို့သွားသည်မှာ      သုံးနှစ် သုံးမိုး
မကတော့။   ဂေပာာ ရှိ   အတူနေ ရောဂါသည်များထက်ပင် အခြေနေဆိုးသောကြောင့် သီးသန့်ခွဲကာ ဘွားမေ   ၏ အထီးကျန်နေ့ရက်တို့မှာ ခြောက်ခြားဖွယ်ရာ အတိဖြင့်ပင်။ တိုနှံ့နေသော လက်တိုလေးများ
ကဖြင့် လက်တစ်ဆစ်သာသာလောက်သာ အကောင်းကျန်တော့သည်။ ခြေတိုလေးများမှ ထွက်လာသော အရည်၊အရွဲတို့၏ အနံ့အသက်တို့ကြောင့် အရှင်လတ်လတ် ကြွက်ကိုက်ခံရသော ဒဏ်ရာဒဏ်ချက်  တို့  မှာလည်း မြင်၍မကောင်း။သွေးသံရဲရဲဖြင့် အဖွား အခြောက်မြန်လို့သာ ခြေထောက်လေး နည်းနည်း ကျန်တော့တယ် သမီးတဲ့။ ကျွန်တော် တို့ မကြည့်ရက်နိုင်တော့ပေ။ဝဲတက်လာသော မျက်ရည်တို့ ကို  အဘွားမမြင်အောင် တစ်ဖက်တို့အသာ လှည့်ပြီး ထိန်းနေရရှာသော အဖေါ်မွန်လေးကို နှစ်သိမ့်ပေးဖို့ ရာ အတွက်လည်း ကျွန်တော့မှာ လည်း အင်အားမဲ့လို့နေလေပြီ။

အဘွားဝဋ်ကြွေးရှိလို့ပါ သားတို့ရယ်ဆိုပါလား အဘွားရယ် ။အဘွားရဲ့ ခေါင်းဦးအောက်က ကျွန်တော် တို့ နှစ်ယောက်နဲ့အဖွား တွဲရိုက်ထားတဲ့ဓါတ်ပုံလေးကို အသာထုတ်ပြီး သားလို့ မကြာမကြာလာနော်။မလာ ရင် အဖွားက မျှော်နေရော။ အဘွားကို ကျွန်တော် မမျှော်စေချင်တော့ပေ။ အဘွား မျှော်လင့်ချက်တွေ   သေဆုံး သွားပါစေ။အဘွား အသက်ရှည်ရာ အနာမဲ့ကြောင်း ၊တစ်ခုပဲပြည့်တဲ့ဆုတောင်းလည်း အမြန်ချုပ်ငြိမ်း  သွားပါစေ။ ကျွန်တော်တို့နောက်တစ်ခေါက်ရောက်    သွားရင်ကော      အဘွား ခြေချောင်းတိုလေးတွေ ကျန်နေသေး  ပါ့မလား၊အဘွားလက်ချောင်းတိုလေးတွေ ကြွက်စားသွားကြတော့မှာလား။အဘွား မျက်  ဝန်းတွေကော အဘွားအသံတွေကော အရင်လို ကြည်မြနေဦးမှာလား ပာင့်အင်း အဘွားကို ကျွန်တော် မမြင်ချင်တော့ ပါ။ အဘွား အသက်ရှည်နေသမျှ ဆပ်မကုန်ဖြစ်နေဦးမယ့် ဝဋ်ကြွေးတွေကိုကြည့် မနေ  ရက်တော့ပါ။ အမြန်သေပါတော့အဘွားရယ်။အမြန်သေပါတော့။ အမြန် ........

အိမ်အပြန်လမ်းမှာ ကျွန်တော် ဘွားမေရဲ့ ကိုယ်တော့်ဆီမှာ အသနားခံခဲ့ပါသည်။ ဘွားမေကို ကိုယ်တော်ရဲ့ကောင်းကင်ဘုံမှာသာ အပြစ်တွေ ဆေးခွင့်ပြုလှဲ့ပါတော့။ကိုယ်တော် ကယ်တင်ပါတော့.......

မမြင်ရသော်လည်း ကုတင်လေးထက်က ကုန်းရုန်းထရင်း ဘွားမေတစ်ယောက် နုတ်ဆက်ရင်းငိုနေမည်ကို ကျွန်တော်တို့ နှစ်ယောက်စလုံး ခံစား သိ သိနေခဲ့ရပါပြီ............



ဗေဒါဇော်


ဝန်ခံချက်။(မရန်းချောင်ပရပိာတဂေပာာမှ အဖွားတစ်ယောက်ရဲ့အဖြစ်ပျက်အား ခံစားရေးဖွဲ့ထားခြင်း သာ ဖြစ်ပါသည်။




No comments:

Post a Comment