Tuesday 30 August 2011

                     
                       မနှစ်သက်လည်း မြင်အောင်ကြည့်တတ်ပါစေ



                                     
*** အတိုင်အတောထူတာ ကလေးတွေရဲ့ သဘာဝဖြစ်တယ်။ သုံးတန်းကျောင်းသားလေး jacknet က ပြသာနာကျောင်းသားလို့ မကြာခဏ အတိုင်ခံရသူဖြစ်တယ်။ ကလေးတွေတိုင်တိုင်း jacknet က ခြံစည်းရိုးပေါ်တက်လို့၊ တခြားသူကို ခြေတိုးလို့ ကျောင်းသူလေးတွေကို စလို့။ ဆိုတာပဲဖြစ်တယ်။
     တကယ်လည်း jacknet ရဲ့ မတင့်တယ် တဲ့ အပြုအမူကို တချို့က ကျောင်းသားတွေကို စိတ်ဆိုးစေရုံသာမက အုပ်ထိန်းသူတွေလည်း ကျွန်မကို အမြဲလာတိုင်တတ်တယ်။ အတိုင်ခံရတိုင်းလည်း jacknet ရဲ့ အပြုအမူက ကောင်းမသွားတဲ့ အပြင် ပိုဆိုးလာခဲ့တယ်။
     တခြားသူတွေရှေ့မှာဘယ်လောက်ဆိုး
ဆိုး ကျမေ၇ှ့မှာတော့ jacknet ကလိမ္မာတဲ့ ကျောင်းသားဖြစ်တယ်။ ကျမဘာပြောပြောခေါင်းငုံနာခံတတ်တယ်။ဒါပေမယ့် ကျမအကြည့်အောက်ပျောက်သွားတာနဲံ jacknet  ကလူဆိုးဖြစ်သွားတော့တယ်။
သာဓကပြရရင်ကျမစာသင်နေတုန်း သူက စာတွေကို စိတ်ဝင်တစားနဲ့ နားထောင်နေတတ်တဲ့ပုံစံနဲံ လိမ္မာတဲ့ ကျောင်းသားပုံစံဖြစ်ပြီး ကျောက်သင်ပုန်းလှည့်လိုက်တာနဲ့ jacknet က အမြင်မတော်တဲ့ အမူအရာတွေနဲ့ ကျောင်းသူ တွေကို လိုက်စတတ်တယ်။
     တနေ့မှာ ကျောင်းသူတဦး ကို jacknetံ မဖွယ်မရာလုပ်ပြလိုက်လို့ ကျောင်းသူရဲ့ အုပ်ထိန်းသူ ကျောင်းကိုေ၇ာက်လာခဲ့တယ်။ jacknet ရဲ့မိဘကိုလည်း ခေါ်ပြီး jacknet ရဲ့စိတ်ပိုင်းဆိုင်ရာကို ကျမတို့ဆွေးနွေးတိုင်ပင်ခဲ့ကျ
တယ်။
     jacknet ရဲ့မိခင်က ငိုပြီး jacknet ကို သူအလိုလိုက်ချစ်ခဲ့တာမှန်ပေမယ့် jacknet မှာ စိတ်ပိုင်းဆိုင်ရာေ၇ာ၈ါတွေ မ၇ှိနိုင်ကြောင်းပြောတယ်
     နောက်ဆုံးကျမက jacknet ကို ကလေးစိတ်ပိုင်းဆိုင်ရာ ဆေးရုံမှာ သွားရောက်စစ်ဆေးသင့်ကြောင်း အကြံပေးလိုက်တယ်။ စစ်ဆေးချက်အရ jacknet ရဲ့ ဦးနှောက်ခြေမှာရှိတဲ့ ဟော်မုန်းဆီသိုမှီးတားတဲ့ အဆီဖုက ဖွံဖြိုးမှူ မညီမျှကြောင်းတွေ့လိုက်ရတယ်။ အဲဒီအတွက် jacknet ကကိုယ့်ရဲ့ မဖွယ်မရာ အပြုအမူ၊အပြောအဆိုကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ရတယ်။ ဆေးမှန်မှန်သောက်ရင် တဖြည်း၂ သက်သာလာနိုင်တယ်လို့ ဆရာဝန်ကပြောပါတယ်။ ဒါပေမယ့် ဆေးသောက်ပြီးတိုင်း  jacknet  ကခေါင်းကိုက်တယ်ဆိုလို့ သူ့အမေက မကြည့်ရက်ခဲ့ဖူး။ ဒီလိုနဲ့ jacknet  ဆေးတွေကိုမှန်၂မသောက်ဖြစ်ဘဲ ဆိုးနေခဲ့တယ်
     `` တနေ့မှာ jacknet ကဗလာစာအုပ်နဲံ ကျမဆီကိုေ၇ာက်လာခဲ့တယ်။ ´ဆရာမ...ဆရာမ´ ခုတလော ကျနော့်အပေါ် ဆရာမ သိပ်မတင်းကျပ်သလိုပဲ။ ကျနော့်ကို ဆိုဆုံးမပါ။ ဆရာမ  မဆုံးမရင် နောက်နောင် ကျနော် ပိုဆိုးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျနော်က ဆရာမရဲ့ တပည့်ပါလို့ လူတိုင်းကိုပြောမှာနော်....´´ေ
မျာ်လင့်မထားတဲ့ jacknet ရဲ့ စကားကို ကြားတော့ ကျမ အသံထွက်ရယ်လိုက်မိတယ်။``ကောင်းပြီ jacknet မင်းကိုဆရာက ကောင်းကောင်းဆုံးမမယ်။ ဒါနဲ့ ဒီစာအုပ်က ဘာလုပ်ဖို့လဲ´``` ဒီလိုပါဆရာမ။ ဒီနေ့ကစပြီးကျောင်းသားတွေကျနော့်မကောင်းကြောင်းကို လာတိုင်တိုင်း ဒီစာအုပ်မှာ ဆရာမ ကြက်ခြေခတ်တစ်ခု ခြစ်ပေးပါ။ ကြက်ခြေခတ်တစ်ခုရတိုင်း ကျနော့်ကို ဆရာမ တစ်ချက်ရိုက်နိုင်ပါတယ်´´
       ဘုရားရေ၊ jacknet က သူ့ကို ပြောဆိုဆုံးမအပြစ်ပေးဖို့ ကျမဆီမှာ တောင်းဆိုနေတာပါလား။  သူ့ကို ပြောဆိုဆုံးမဖို့ တောင်းဆိုပေမယ့်လည်း jacknet က ဆိုးမြဲဆိုးနေခဲ့တယ်။ ကျမဆီ ကျောင်းသားတွေလာတိုင်တိုင်း jacknet ဖြစ်နေပြီး တခြားသူတွေကို စမြဲစနေခဲ့တယ်။ တစ်ပတ်တော်မပြည့်သေးဘူး jacknet ရဲ့ စာအုပ်ထဲမှာ ကြက်ခြေခတ်တွေတရာရှိနေပါပြီ။ ပြောင်းလဲမလာတဲ့ jacknet ရဲ့ အပြုအမူတွေကြောင့် ကျမစိတ်ဆိုးပြီး jacknet ကိုခေါ်ပြောခဲ့တယ်။``jacknet မင်းရဲ့မကောင်းတာတွေ ဆရာမ ကြက်ခြေခတ်ထားတာ အခုတရာ၇ှိနေပြီ မင်းကိုအပြစ်ပေးရတော့မယ်´´
       ဟုတ်ကဲ့ ဆရာမ။ကျနော့်ကို အချက်တရာရိုက်နိုင်ပါတယ်။´´
      jacknet  ကလက်ကိုဆန့်ပြီး အရိုက်ခံတယ်။ ဒါပေမယ့် jacknet ရဲ့ လက်ဖ၀ါး jacknet ရဲ့ မျက်နှာကို ကြည့်ပြီး မရိုက်ရက်ခဲ့ဘူး။
      တကယ်တော့ မင်းဟာမတုံးမအဘဲ ထက်မြက်သူပါ။ ကိုယ်မှားမှန်းသိသိနဲ့ အမှားတွေကို မင်းဘာကြောင့် ကျူးလွန်ချင်ရတာလဲ။  မင်းရဲ့ မကောင်းတဲ့ အကျင့်စရိုက် တွေကို ပြင်ပြီး မင်းကိုယ်ပေါ်က တခြားလူတွေခတိနှိပ်ထားတဲ့ အကျင့်စရိုက်တွေကို ပြုပြင်ပြီး မင်းကိုယ်ပေါ်က တခြားသူတွေခတ်နှိပ်ထားတဲ့ ``လူဆိုး၊ မလိမ္မာ မယဉ်ကျေးတဲ့သူ´´ ဆိုတဲ့ တံဆီပ်တွေကို ဖြုတ်ချလိုက်ပါ jacknet။ 

ကျမရှေ့မှာ ၇ပ်နေတဲ့ jacknet ရဲ့ ငိုမဲ့မဲ့ မျက်နှာလေးက ခုတော့ ပြုံးနိုင်ခဲ့ ပါပြီ။  ဒါပေမယ့် သူငိုခဲ့ပါတယ်။ သူစနောက်ခဲ့ဖူးတဲ့ ကျောင်းသားတွေရဲ့ မေတ္တာကြောင့် ၀မ်းသာတဲ့ မျက်ရည်တွေ သူ့ပါးပြင်ပေါ် စီးကျခဲ့ပါတယ်။ လိမ္မာသူ တယောက်ဖြစ်အောင် ကြိုးစားမယ်လို့လဲ jacknet ဆုံးဖြတ်လိုက်တယ်.......
ရင်ထဲမှာ နာနာကျင်ကျင်ကျမပြောနေမိတယ်။ jacknet ရဲ့လက်က ကျမရိုက်ကိုခံဖို့လေထဲမှာ မြှောက်ထားဆဲ ပါပဲ။ အတန်းသားဘက် ကျမလှည့်ပြီး...
   ``ဆရာမ စိတ်မကောင်းဘူး။ ပထမတန်းကနေ တတိယအတန်းအထိ မင်းတို့လာတိုင်တိုင်း  jacknet  ဟိုဟာလုပ်လို့၊ jacknet  ဘာလုပ်လို့ဆိုတာချည်းဘဲ။  ``ကြက်ခြေခတ်´´ ဖို့အတွက်ဘဲ လာတိုင်ကြတယ်။ jacknet ကို ``အမှန်´´ပေးဖို့ တစ်ချက်တောင်မရှိကြတော့ဖူးလား။
    ကျမစကားကြောင့် တခန်းလုံး တိတ်ဆိတ်သွားတယ်။ ၅စက္ကန့်လောက်ကြာတော့် ကျောင်းသားတဦးက ``ဆရာမ...jacknet  ကိုအမှန်ပေးလို့ရတယ်။ ဟိုတနေ့က ကျနော့်ကို သူရောင်စုံခဲတံ ငှားပေးသေးတယ်´´ တဆက်တည်းမှာဘဲ နောက်ကျောင်းသားတစ်ဦး က ``ဆရာမ ခုနက ကျောင်းဆင်းတုန်းက ကျမလဲအော် သူခြေထိုးသေးတယ်။ ဒါပေမယ့် ကျမအနားရောက်တော့ သူ့ခြေထောက်ကို ပြန်ရုတ်လိုက်တယ်။ ဒီတစ်ခေါက် ကျမ မလဲခဲ့ဘူးဆရာမ´´
   ``ဟုတ်တယ်တပည့်တို့  jacknet  မှာကောင်းကွက်တွေ အများကြီးရှိနိုင်သေးတယ်။ သူ့ကိုအမှန်တွေ အများကြီးပေးနိုင်သေးတယ် မဟုတ်လား။ သူရဲ့ ကောင်းကွက်လေးတွေကို တပည့်တို့ ထပ်စဉ်းစားပေးကြပါအုံး။  jacknet  ရဲ့ ကောင်းကွက်နဲ့ သူဘာတွေကောင်းအောင် လုပ်ခဲ့ ဖူးလဲ။ တပည့်တို့စဉ်းစားကြပြီး အမှန်တစ်ခုပေးတိုင်း ကြက်ခြေခတ်တခုဖျက်တဲ့ နည်းနဲ့  jacknet ကို ဆရာမတို့ ကယ်တင်ကြရအောင်´´
    ကျမပြောပြီးခဏအကြာကျောင်းသားတွေ အလုအယက်ဝိုင်းပြောကြတယ်။ ``ဆရာမ jacknet ဟင်းထည့်ပေးတယ်´´ ဆရာမ..မနေ့က jacknet ကျနော့်ကိုနွားနို့ယူပေးတယ်။ ``ကျနော့်ကို အမှိုက်ကူပြစ်ပေးတယ်´´  အဲဒီအချိန်မှာပဲ ကျောင်းသားတွေက jacknet ရဲ့ ကောင်းကွက်ကို လက်မြောက်လိုက် ပြောလိုက်နဲ့ `အမှန်´တွေကို ၀ိုင်းပေးခဲ့ကြတယ်။  ကျောင်းဆင်းခါနီးမှာ ``အမှန်အခုတရာ´´ ကို jacknet ရရှိခဲ့ပြီး ``ကြက်ခြေခတ်အခုတရာ´´ ကို ချေဖျက်နိုင်ခဲ့တယ်....


မျက်စိနဲ့ အနီးဆုံးနေရာက ဘယ်နေရာလဲလို့ ကျမကို လူတွေမေးဖူးတယ်။ အဖြေက ``မျက်တောင်မွေး´´ ဆိုတာကို ကျမ စဉ်းစားမရခဲ့ဖူး။  မျက်တော်ငမွေးစာ မျက်စိနဲ့ အနီးဆုံးနေရာမှာရှိပြီး ကျန်မတို့ မမြင်နိုင်ကြဘူး....

ဒီလိုပဲ ကျမတို့ဘေးအနားက ကျမတို့ နဲ့ အရင်းနှီးဆုံးလူတွေရဲ့ ကောင်းကွက်ကို ကျမတို့ မမြင်တတ်ကြဘူး။။
ယခုဇာတ်လမ်းတွဲ ထဲကလို  jacknet ၇ဲ့ ကောင်းကွက်တွေကို သူတို့ သတိပြုခဲ့ မိကြတယ်။ jacknet မှာလည်း ``အမှန်အခုတရာရှိကြောင်း
သူတို့ တွေ့ခဲ့ကြတယ်။။....
   သွန်သင်ဆုံးမမှုဆိုတာ အတင်းအဓမ္မဖိနှိပ်တဲ့ `အမှောင်´ ဘက်ကမဟုတ်ဘဲ ဥာဏ်ဖွံ့ဖြိုးဖို့ ကြိုးစားကူညီတဲ့ `အလင်း´ ဘက်ကဖြစ်တယ်။  သူတပါးရဲ့ ဆိုးကွက်ကိုပဲကြည့်ပြီး ကြက်ခြေခတ်တရာပေး ဖို့ကြိုးစားသူရဲ့ ရင်ထဲမှာလည်း နာကျင်မှုအမှောင်တွေပဲရှိခဲ့တယ်၊ တကယ်တော့ ကျမတို့ မနှစ်မြို့လည်း ချီးကျူးတတ်ဖို့ သူ့ကို မနှစ်သက်လည်း သူ့ကောင်းကွက်တွေကိုရှာတတ်ဖို့ သင်ယူသင့်ပါတယ်။

အဲဒီအချိန်ကျရင် စိတ်ကို တည်တည်ငြိမ်င်ြမ် ထားပြီး တဖက်လှည့် အတွေးနဲ့ သူ၇ဲ့ကောင်းကွက်ကို ရှာကြည့်ပါ။  အတွေးတွေ လည်ပတ်နေသရွေ့ အမှန်တခု ကိုတွေ့လာနိုင်ပါတယ်။

ကလေးတွေကို ``ဆန့်ကျင်၊ ငြင်းဆန်´´ တဲ့ အကြည့်မျိုးနဲ့ ကျမတို့ တချိန်လုံး မကြည့်သင့်သလို၊ ``ဝေဖန်၊ ပြစ်တင်´´ တဲ့ စကားမျိုးလည်း အမြဲမပြောသင့်ပါဘူး။


ဆန့်ကျင်၊ ငြင်းဆန်တဲ့ အကြည့်တွေကြားမှာ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့ တာတွေ သင်ယူနိုင်တယ်။ ဝေဖန် အပြစ်တင်တဲ့ အပြောတွေကြားမှာ ကလေးတွေ စိတ်ပျက် ၀မ်းနည်းမှုတွေကို သင်ယူနိုင်တယ်။ ကူညီ၊ဖေးမ၊အားပေးတဲ့ အပြောတွေကြားမှာ ကလေးငယ်တွေက ယုံကြည်မှုတွေ တိုးစေပြီး ချီးကျူး ချီးမွမ်းမှုအောက်မှာ ကလေးငယ်တွေက မေတ္တာနဲ့ ကျေးဇူးတရားကို နားလည်နိုင်မှာဖြစ်ပါတယ်.......


နိုင်းနိုင်းစနေဧ။် ရတနာများနှင့်ဆက်သွယ်ခြင်းစာအုပ်မှ ကူးယူဖေါ်ပြသည်


      


No comments:

Post a Comment