Tuesday 27 September 2011





 - "မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ"ဆိုတဲ့ သူတွေသိဘို့ 
ဦးဝင်းချို--၁၉-စက်တင်ဘာ -၂၀၁၁

"မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ"ဆိုတဲ့ သူတွေသိဘို့ အပိုင်း(၁) ကျနော်ဝင်းချိုပါ။
မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပုဒ်မ(၃၇၇)(၃၇၈)အရရှေ့ တော်သွင်းစာချွန်လွှာတောင်းခံမယ်လို့ ကြေငြာ ထားတဲ့ သူ။လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုအရေးယူပေးဘို့ တောင်းဆိုထားတဲ့ ဦးဝင်းချို (တစ်သီးပုဂ္ဂလ)ပါ။

ဒီရက်ထဲမှာကျနော်စာမရေးဖြစ်ဘဲတခြားသူတွေရေးတဲ့ စာတွေ။စကားတွေကိုဘဲဖတ်နေ၊နားထောင်နေခဲ့ ပါတယ်။
ခုတော့ ပြောချင်လာတာနဲ့ ဝင်ပြောဖြစ်ပါပြီ။လျှာရှည်တတ်တော့ စာရှည်သွားရင်လည်းသည်းခံပြီးဆုံးအောင်ဖတ်ပြီးတော့ မှပြတ်ပြတ်သားသား ဝေဘန်ကြပါအုံး။

"မြစ်ဆုံဆည်"ကိစ္စကိုပြောဆိုကန့် ကွက်ကြတဲ့ သူတွေထဲမှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ။
စာပေပညာရှင်တွေ။ဆည်တည်ဆောက်ရေးပညာရှင်တွေ။----ပညာရှင်တွေ အစရှိသဖြင့် ပါသလိုကန့် ကွက်သူတွေမှားတယ်(သို့ )လက်ခံသင့် တယ်လို့  ပြောဆိုနေကြတဲ့ သူတွေကတော့ အုပ်ချုပ်သူ။

သူတို့ နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းပေါ့ ဗျာ။ဒါဆိုရင်ပြောလို့ ရတဲ့ အချက်ကအုပ်သူနဲ့ အုပ်ချုပ်ခံပညာရှင်တွေဟာအယူအဆမတူကြဘူး။
(ရပ်တည်တဲ့ ဘက်မှမတူကြဘဲကိုးဗျ)


ကျနော်အတွက်တော့မြစ်ဆုံဆည်နဲ့ပတ်သက်ပြီးစပြောကတည်းကနိုင်ငံသားအခွင့်အရေးကိုပြောတာ။
တခြားအကြောင်းအရာက စပ်မိစပ်ရာပြောရင်း ပါလာတာ။
ကျနော်ကပညာရှင်မှမဟုတ်တာ။နိုင်ငံရေးသမားကနိုင်ငံရေးစကားဘဲပြောရမှာပေါ့ ။
နိုင်ငံတော်အရေးနဲ့ ချီတဲ့ အကြောင်းအရာတွေမှာ"ဆိုးကျိုးကိုအဓိကခံစားရမဲ့ ပြည်သူတွေ"ကိုပါဝင်ပတ်သက်ခွင့် မရှိစေဘဲ ပေးတာယူ။ ကျွေးတာစား။ ခိုင်းတာလုပ်။ ခံမပြောနဲ့ ဆိုတဲ့ အဆင့် မှာဘဲထားဘို့ ကြိုးစား နေတာလား။
အဲဒါဆိုရင်စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့ စကားလုံးမသုံးနဲ့ ။ဒီမိုကရေစီဘက်တော်သားလို့ လည်းမသုံးနဲ့ ။
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုမြောင်းထဲလွှင့် ပစ်နေကြပြီဘဲ။

လွှတ်တော်ကိုယ်စားလည်တွေ။ဝန်ကြီးတွေအပါအ၀င် အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါဝင်သူတွေ ကိုယ်တိုင်လက်နက်ကိုင်ပြီးပြည်သူ ကိုအုပ်ချုပ်ကြတော့ ။
ကျနော်တို့ ကလည်း သည်းခံနိုင်ရင် ခံမယ်။ မခံနိုင်ရင် အသက်စွန့် ပြီးတော်လှန်မယ်။
ဒီလမ်းကိုရွေးချယ်နေတာတော့ မဟုတ်လောက်ဘူးထင်လို့ ပြည်သူ့ အသံ။
ပြည်သူ့ ဆန္ဒကိုဥပဒေနဲ့ အညီတင်ပြနေတာပါ။


ဆက်ရေးပါအုံးမယ်။
သည်းခံဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးဝင်းချို
B 6 D ကံ့ ကော်အိမ်ယာ။
ယောမင်းကြီးရပ်ကွက်။
ဒဂုံမြို့ နယ်။

ဖုံး၀၁-၃၉၃၁၅၅
လိုင်းခွဲ၂၆၄ ၀၉-၈၀၃၃၅၅၄
----------------------------------------------------

"မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ"ဆိုတဲ့ သူတွေသိဘို့ အပိုင်း(၂)

by Win Cho on Saturday, 17 September 2011 at 12:53

ကျနော်ဘယ်သူ့ ကိုမှ ပုဂ္ဂလဓိဌာန်ပုတ်ခတ်အပြစ်ပြောလေ့ မရှိတာကိုကျနော့် စာတွေမှာတွေ့ နိုင်ပါတယ်။
ကျနော်တို့ ယဉ်ကျေးမှုမှာလည်းကြီးသူကိုရိုသေ။ဆိုတာနဲ့ အစချီထားတာကိုးဗျာ။
နောက်ပြီးကျနော်တို့ နိုင်ငံရေးကလည်း(၁၉၆၂)ခုနှစ်ကျနော်လေးနှစ်သားကတည်းကအာဏာနဲ့ အမိန့် နဲ့ အုပ်ချုပ်ခဲ့ ရတာကိုအထိုင်ကျနေပြီဆိုတော့  သူတို့ ဟာဥပဒေကိုလေးစားလိုက်နာဘို့ ထက်အမိန့် နာခံတတ်ဘို့ ကိုဘဲလေ့ ကျင့် ခဲ့ ရတာ။

အဲဒီသူတွေကခေါင်းဆောင်လုပ်အုပ်ချုပ် တာကလည်းနှစ်ပေါင်း(၅၀)ဆိုတော့ "ရေဘူးပေါက်တာမလိုချင်ဘူး။
ရေပါတာဘဲလိုချင်တယ်"ဆိုတဲ့ စကားမျိုးကဆိုရိုးတောင်ဖြစ်သွားပြီ။

ပြည်သူတွေကလည်းမှားမှားမှန်မှန်ပြန်ပြောချင်စိတ်မရှိတော့ ဘူး။
ဒါပေမဲ့ "နေသေးသပ။ချုံထဲကချိုသွေးတမြမြ"ဆိုရင်တော့ ဘယ်သူ့ အတွက်မှကောင်းတဲ့ အလားအလာမဟုတ်တာအမှန်ပါဘဲ။
အဲဒီတော့ ပြည်သူတွေပြောရဲဘို့ ။ပြောချင်စိတ်ရှိလာဘို့ ။ချက်ကျလက်ကျပြောတတ်အောင်။
နောက်ပြီးတာဝန်ရှိသူ၊အာဏာပိုင်တွေကလည်းဥပဒေကိုလေးစား၊ လိုက်နာသူတွေ ဖြစ်လာအောင် တတ်နိုင်သလောက် ကြိုးစား နေတာဘဲဖြစ် ပါတယ်။

ဝေဘန်ခွင့် မပေးဘဲကျနော်တို့ ပြည်သူတွေကိုနှစ်ပေါင်း(၂၀)ကျော်စက်ရုပ်လိုထား၊အုပ်ချုပ်ခဲ့ ပြီးပြီဘဲ။ကျေနပ်ပါတော့ ။
ကျနော်တို့ နိုင်ငံတကယ်တိုးတက်စေချင်တယ်ဆိုရင် ပြည်သူတွေရဲ့ အမြင်ကိုမတားဆီးနဲ့ ။
အလေ့ အကျင့် မရှိလို့ အပြောမှားပြီးအမှားပြောရင်တောင်မှခွင့် လွှတ်ပေးသင့် ပါတယ်။
"သူတို့ ခမျာများပြောခွင့် မှမရခဲ့ ကြတာ"


ဒါပေမဲ့  ဒီမိုကရေစီတောင်မှစည်းကမ်းပြည့် ဝသော ဒီမိုကရေစီစံနစ်ကိုပြည်သူတွေအတွက်ရှေ့ ဆောင်ရမယ့် အုပ်ချုပ်သူ အာဏာပိုင်တွေကတော့  လက်လွတ်စပါယ်ပြောပြီးပြည်သူကို စော်ကားခွင့် မရှိဘူးလို့ ကျနော်ကတော့ ပြောချင်တယ်။

ဘာကြောင့် လည်းဆိုရင် သူကသန်း(၆၀)ထဲကတယောက်ဆိုတာထက်ပိုသွားပြီ။
ကျနော်တို့ အတုယူရမယ့် လက်တဆုပ်စာခေါင်းဆောင်ထဲက တယောက်ဖြစ်သွားပြီ။
အဲဒီတော့ အပြောအဆိုဆင်ခြင်ပါဗျာ။

လုပ်ပိုင်ခွင့် တွေယူထားပြီးတာဝန်မယူတတ်တဲ့ သူတွေကြောင့် ကျနော်တို့ နိုင်ငံဒီဘ၀ရောက်တာ။
စကားမစပ်ပြောပါရစေအုံး။

ဦးဌေးဦးပြောသွားတဲ့ စကားထဲမှာ""အရင်က ကျွန်တော်လယ/်ဆည်ဝန်ကြီးဟောင်းလုပ်ခဲ့ ပါတယ်။
မျိုးစုံပြောပါတယ်။
ကျွန်တော်ဆည်တခုဆောက်ပြီးတိုင်း။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပျက်စီးမယ်တို့ ဘာတို့ ပြော ကြတာပေါ့ ။ အကျိုးရှိတာလည်း ရှိပါတယ်။

တဖက်ကလည်းရေမြုပ်သွားတာလည်းရှိပါတယ်"တဲ့ ဗျ။သတ္တိကိုလည်းချီးကျူးပါတယ်။
မှားတာတွေရှိခဲ့ တယ်ဆိုတာကိုဝန်ခံတာဘဲဗျာ။
ဒါပေမဲ့ ရေမြုပ်ခဲ့ တာတွေအတွက်တာဝန်ယူစရာမလိုခဲ့ ဘူးဆိုတာကိုလည်းတွေ့ ရမှာပါ။

ကျနော်တို့ ပြည်သူသန်း(၆၀)ထဲမှာလည်းတာဝန်ယူဘို့ မလိုရင်လုပ်ပိုင်ခွင့် လိုချင်တဲ့ သူတွေရှိမှာပါဘဲ။

ကဲကျနော်တို့ ပြည်သူတွေဖြေကြည့် ကြပါအုံး။"""အမှားတွေအတွက်တာဝန်ယူစရာမလိုဘူးဆိုရင်ဝန်ကြီးမလုပ်ချင်ဘူးလား။ ""ဗျာတို့ ။


------------------------------------------------------------------------

မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ"ဆိုတဲ့ သူတွေသိဘို့ အပိုင်း(၃)

by Win Cho on Sunday, 18 September 2011 at 16:23

သည်းခံဖတ်ရှုသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။"အပြောကတော့ ဟုတ်ပါရဲ့ ။
ဘာများလုပ်ခဲ့ ဘူးလို့ လဲ"ဆိုတဲ့  comment မျိုးတွေရေးပြီးအားပေးသူတွေကိုလည်းကျေးဇူးတင်တာပါဘဲဗျာ။

ကျနော်ခါတော်မီတော့ မဟုတ်ပါဘူးဗျာ။နော။
ဘယ်ပါတီနဲ့မှမပတ်သက်။ဘယ်သမဂ္ဂမှမ၀င်ဘူးပါဘူး။
(၁၉၈၈)ခုနှစ် အရေးတော်ပုံကာလမှာပင်လယ်ထဲရောက်နေတဲ့ သင်္ဘောသား ဆိုတော့ ပြည်ပမှာ ပထမဆုံးမြန်မာနိုင်ငံ သံရုံးကိုဆန္ဒပြတဲ့ အဖွဲ့  မှာပါခဲ့ ပါတယ်။

၁၈/၉/၈၈မှာ န-၀-တ အာဏာသိမ်းတယ်။
ကျနော်တို့ မြို့ မရွာသင်္ဘောက၁၉-၈-၈၈ မှာမြန်မာနိုင်ငံပြန်ရောက်တယ်။

အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ ( L /S )ကို ဥက္ကဌေိုလ်ကြီးဇော်ညွန့်  ။
အတွင်းရေးမှုးဦးဝင်းချိုနဲ့ ရန်ကုန်မြို့ (၃၅)လမ်းက အခန်းကျဉ်းလေ့းမှာစတင်ဖွဲ့ စည်းခဲ့ ပါတယ်။
ကျနော်(၂၁)ဦးကော်မီတီဝင်ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်းစိန်ရောက်တုန်းကလက္ခဏာဆရာ နံမယ်ကြီး ဆရာစံဇာဏီဘိုနဲ့ လည်းကြိုးတိုက်(၂)မှာတူတူဘဲပေါ့ ဗျာ။

အလုပ်သမားသွေးစည်းညီညွတ်ရေး ( L/S )ကိုလည်းနောက်လူတွေ ဆက်လက်တာဝန်ယူကြတယ်ပေါ့ ။
အဲဒီတုန်းကပြောဖြစ်တာက လူ့ အခွင့် အရေး။ အလုပ်သမားအခွင့် အရေး။ အခုကနိုင်ငံသားတို့ ၏ မူလရပိုင်ခွင့် များနှင့် တာဝန်များ။ဒီလောက်ဘဲကွာ သွားတာပါ။

အခု"ဧရာဝတီ"အကြောင်းပြောနေရတာပြည်သူတွေကိုဘာမှပြောစရာမလိုဘူး။
ပေးတာယူ။ကျွေးတာစား။ခိုင်းတာလုပ်။ဆိုတဲ့ အမူအကျင့် တွေ။
အပြောအဆိုတွေပါလာလို့ ဒီလောက်ရှုတ်ထွေးကုန်တာ။
ဘယ့် နှယ်ဗျာကမ္ဘာတည်သရွေ့ ရှိသင့် တဲ့ အမျိုးသားရေးလက္ခဏာမို့ ပါ။
စဉ်းစဉ်းစားစားလုပ်စေချင်ပါတယ်လို့ ပညာရှင်တွေဒီလောက်ပြောနေတာကို ဘယ်သူတားတားဆက်လုပ်မယ်ဆိုရင်။
ဟုတ်ကဲ့ ကျနော်တို့ ကလည်း ဖမ်းချင်ဖမ်း။သတ်ချင်သတ်။ကန့် ကွက်မယ်လို့ ပြောရမှာပါ။


ဘာဘဲပြောပြောအခုအများနဲ့ တိုင်ပင်ဆွေးနွေးမယ်ဆိုတဲ့ သဘောထား။အသံရလာတယ်။အင်မတန်ဝမ်းသာဘို့ ကောင်းပါတယ်။
ကျနော့် အတွက်တော့ ပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျောတယ်။
ပြည်သူရဲ့အသံကိုနားထောင်တယ်။
နိုင်ငံတော်အာဏာဟာပြည်သူထံကဆင်းသက်တယ်ဆိုတာကိုယုံကြည်လက်ခံတဲ့ အစိုးရဘဲရှိသင့် တယ်လို့  (ဖွဲ့ စည်းပုံအခြေခံဥပဒေရှီပြီးပြီဆိုတော့ )သဘောထားတယ်။

ဒါပေမဲ့  on line ပေါ်ကမိတ်ဆွေများကတော့ လွှတ်တော်မှာ တင်ပြပြီးကိုယ်စားလှယ်တွေ မဲခွဲရင်ပြည်- ခိုင်ဖြိုးပါတီက မဲအသာစီးနဲ့ အနိုင်ယူသွားမှာ စိုးရိမ်နေတာကိုလည်းသတိထားမိတယ်။

"ဧရာဝတီ"ကိုဖျက်ဆီးမဲ့ ဒီစီမံကိန်းဆက်လုပ်ခွင့် ရသွားနိုင်တယ် ပေါ့ ဗျာ။
ကျနော့် အမြင်ကတော့ ပြည်သူတွေညီညွတ်ရင်လွှတ်တော်မှာ ဒီအဆိုတင်ရင်လည်း ရှုံးရမယ်။
အဲသလိုယုံတယ်။

"လွှတ်တော်ကိုယ်စားလှယ်"ဆိုတာကိုယ်စားပြုတဲ့ပြည်သူတွေရဲအသံကိုနားထောင်ရမှာ။
မြို့နယ်တွေမှာပြည်သူတွေသိအောင်ရှင်းလင်း ပြောပြ။ပြီးရင်ဆန္ဒမေးမြန်း။
လွှတ်တော်မှာတင်ပြ။ဒီလိုဘဲဖြစ်ရမှာလေ။ငါတကော ၊ကောလို့ မရဘူး။
အဲသလိုမဟုတ်ဘဲ"ဧရာဝတီ"အရေးကိုပြည်သူကိုမတင်ပြဘဲ ငါအတော်ဆုံး။ ငါအတတ်ဆုံး။ ပြည်သူ့သဘော မလိုဘူး။

ငါ့ သဘောနဲ့ငါဆုံးဖြတ်မယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိမှာမို့ လား။
ဒါဆိုရင်လည်း"ဧရာဝတီ"ကိုသစ္စာဖေါက်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို၁ုံးမဘို့ "ဖွဲ့ စည်းပုံအခြေခံဥပဒေ"မှာ ပုဒ်မ (၃၆၉) နဲ့ ပုဒ်မ(၃၉၆) ရှိပါ သေးတယ်။

မှတ်ထားဗျာ။လွယ်လွယ်လေး။
သုံးလုံးနံပါတ်ပေးတာတော့ မဟုတ်ဘူး။(၃၆၉)နဲ့ (၃၉၆)ဟုတ်ပြီနော်။

ပုဒ်မ(၃၆၉)(ခ)သက်ဆီုင်ရာမဲဆန္ဒရှင်များသည်လွှတ်တော်တရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှပြန်လည် ရုပ်သိမ်း ခွင့် ရှိသည် လို့ ဆိုပါတယ်။

ပုဒ်မ(၃၉၆)(က)လွှတ်တော်ကိုယ်စားလှယ်တဦးကိုအောက်ပါအကြောင်းတရပ်ရပ်ကြောင့် တာဝန်မှရုပ်သိမ်းခွင့် ရှိသည်။

(၁)နိုင်ငံတော်၏ကျေဒဇူးသစ္စာကိုဖေါက်ဖျက်ခြင်း။

(၂)ဤဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တရပ်ရပ်ကိုဖေါက်ဖျက်ကျူးလွန်ခြင်း

(၃)အကျင့် သိက္ခာပျက်ပြားခြင်း

(၄)ဤဖွဲ့ စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏အရည်အချင်းပျက်ယွင်းခြင်း။

(၅)ဥပဒေအရပေးအပ်သောတာဝန်များကိုကျေပွန်စွာမဆောင်ရွက်ခြင်း။


ကဲ ချောင်းးဆိုးရင်ကွမ်းရွက်နဲ့ သောက်။
ဗိုက်နာရင်ဆီလေးနဲ့ လူး။ထိခိုက်မိရင်သူ့ ချည်းဘဲအုံ။
ပြည်သူထံကအာဏာသက်ဆင်းဘို့ စီစဉ်ထားတာပါလို့ ကျနော်ကတော့ ဒီလိုဘဲမြင်ပါတယ်။

အော် ပုဒ်မ(၃၉၆)(ခ)ကိုမေ့ တော့ မလို့ ။

သက်ဆိုင်ရာမဲဆန္ဒရှင်၏မူလမဲဆန္ဒရှင်များအနက်အနည်းဆုံးတစ်ရာခိုင်နှုံးတိုကတာဝန်မှပြန်လည်ရုတ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင်ပတ်သက်သည့် တိုင်တန်းချက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင် ထံတင်ပြရမည်။

ဆိုလိုတာကတော့  မဲဆန္ဒရှင်တစ်သိန်းရှိတဲ့ မြို့ နယ်က မဲဆန္ဒရှင်ပြည်သူတစ်ထောင်ဘဲကန့် ကွက်ဘို့ လိုတယ်။

အဲဒါ "ဖွဲ့ စည်းပုံအခြေခံဥပဒေ"ကပေးထားတဲ့ နိုင်ငံသားအခွင့် အရေး။
ကဲ"ဧရာဝတီ"ကိုသစ္စာဖေါက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူ့ ကိုယ်စား လှယ်အဖြစ် လက်မခံနိုင်ဘူး။
ဥပဒေအရ ခုခံကာကွယ်ချင် တယ်ဆိုရင်။

ဦးဝင်းချို
ဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄
၀၉-၈၀၃၃၅၅၄
ကိုခေါ်လိုက်နိုင်ပါတယ်။

လာရောက်ဟောပြောဘို့ ဖိတ်ခေါ်ရင်လည်းလာပါတယ်။


-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတောနိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။


မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 


ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net




No comments:

Post a Comment