Saturday 3 September 2011








မူးယစ်ဆေးဝါးရှာတာလား အနုကြမ်းစီးတာလား... သတင်း (S ခင်ဇိုင်)

Posted: 03 Sep 2011 03:10 AM PDT


ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက် (B-4)၊ အခန်း (၂၀၅ ) အား ရန်ကုန်တိုင်း မူးယစ်အထူး အရှေ့ ပိုင်းခရိုင်မှ ရဲအုပ်မြင့်သိန်း ဦးဆောင်သောအဖွဲ့ဝင် (၅)ဦးတို့က သတင်းပေး တိုင်တန်းချက် အရဟုဆိုပြီး ၂၇-၈-၂၀၁၁ (စနေ)နေ့၊ ည (၇)နာရီခန့်က ရှာဖွေခဲ့ကြပါတယ်။ ထိုတိုက်ခန်းပိုင်ရှင် ဗိုလ်စိုင်း(ခ)သားကြီးကို တိုက်ရဲ့အရှေ့ဘက်၊ လမ်းမပေါ်မှာ တွေ့ရှိပြီး မူးယစ်အထူးတပ်ဖွဲ့က သားကြီးကို လက်နှစ်ဘက် လက်ထိပ်ခတ်ပြီး အတင်းတွန်းထိုး ဆွဲတင်ရာ အဓမ္မဖမ်းဆီးခံရသူ သားကြီးက သက်သေ ပါမလာလို့ သက်ဆိုင်ရာရပ်ကွက် တာဝန်ရှိသူကို ခေါ်ပေးဖို့ အော်ဟစ် တောင်းဆိုတဲ့အတွက် ထိုသို့ အော်ရမလား ဆိုပြီးမူးယစ် အထူးအဖွဲ့ ၀င်တွေက ၀ိုင်းဝန်း ထိုးကြိတ်ကြပါတယ်။ တိုက်ပေါ်ကို အတင်းဆွဲတင်ကြပါတယ်။ ဒီဖြစ်ရပ်ကို အပြင်ကပြန်လာတဲ့ ဇနီးသည်ကမြင်ပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်ခဲ့ရာ သိပ်မကြာခင်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရောက်လာခဲ့ပါတယ်။ 

ဇနီးသည်က တာမွေရဲစခန်းကို ဖုန်းဆက် အကြောင်းကြားတဲ့အခါ စခန်းသို့ ဖုန်းဆက်တာကို မကျေနပ်တဲ့အတွက် အဖွဲ့ ခေါင်းဆောင်က မိန်းမကို ပါးရိုက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ တာမွေစခန်းမှူးတို့ ရောက်လာပြီးမှ တိုက်ခန်းရှင်က မိမိအိမ်ပေါ်သို့ တက်ရောက်ခွင့်ပြုပြီး ရှာဖွေမှုကို ခံယူပါတယ်။ တိုက်ခန်းတစ်ခုလုံး မွှေနှောက်ရှာဖွေတဲ့အခါ အခန်းတွင်းရှိ ဘီဒိုသေတ္တာများကို ဓားမနဲ့ ကလန့်ဖွင့်ပြီး ချိုးဖဲ့ ဖျက်ဆီးကြပါတယ်။ သူ့တို့တွေ့ချင်တဲ့ မူးယစ်ဆေးဝါးဆိုတာကို ရှာလို့မတွေ့ပါဘူး။ ဒါနဲ့ အိပ်ခန်းထဲကို ဆက်ရှာဖွေမယ်အလုပ်မှာ ရှာမယ့်သူတွေကို အခန်းထဲ မ၀င်ခင် ဦးဆုံး ပြန်ပြီး ရှာကြည့်ချင် တယ်လို့ တိုက်ခန်းပိုင်ရှင်သားကြီးက ပြောတော့ အဲဒီလို ပြန်ပြောရ ကောင်းလားဆိုပြီး စခန်းမှုး၊ အုပ်ချုပ်ရေးမှုးတို့ ရှေ့မှာဘဲ ထိုးကြိတ်ကန်ကျောက်ပါတယ်။

သူတို့လင်မယားဟာ လောင်းကစား၊ မူးယစ်ဆေးတို့နဲ့ မပတ်သက်ဘဲ သားသမီး နှစ်ယောက်နဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ မိသားစုဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင် တစ်ပတ်လောက်က ဘာသာခြား ရာအိမ်မှုးအဖွဲ့နဲ့ လမ်းထဲမှာ ပုဂ္ဂိုလ်ရေးအရ ကတောက်ကဆ စကားများအချင်းပွားခဲ့ဖူးပါတယ်။ ပုဂ္ဂိုလ်ရေးအရ ချောက်ချ၊ သတင်းပေး တိုင်ကြားတဲ့အပေါ်မှာ တာဝန်ရှိ မူးယစ်အဖွဲ့က လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး စည်းလွတ် ၀ါးလွတ် ပြုမူခဲ့မှုများကြောင့် မိသားစု အရှက်တကွဲ ဖြစ်ရပါတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ မျက်နှာပျက်ရပါတယ်။ အခုအခါ ထိုအိမ်မှာ မနေတော့ပါဘူး။

အဆိုပါဖြစ်စဉ်ဟာ ဥပဒေစိုးမိုးမှုကို လျော့ရဲစေပြီး သာမန်နိုင်ငံသားတစ်ဦးရဲ့  အခွင့်အရေးနဲ့ လုံခြုံမှုဘ၀ကို ထိပါး ကျူးလွန်ခဲ့ခြင်းဆိုတာ ထင်ရှားလှပါတယ်။ နိုင်ငံတော်ရဲ့ လက်ရှိသွားနေတဲ့ မူဝါဒလမ်းစဉ်အပေါ် အောက်ခြေ ၀န်ထမ်းအဖွဲ့ အစည်းတွေရဲ့ လိုက်နာဆောင်ရွက်မှု အားနည်းခြင်းနဲ့ ကိုယ်ကျိုးရှာနေမှုများကို ဖော်ညွှန်းနေတဲ့ မြင်ကွင်းများဘဲ ဖြစ်ပါတယ်။

S ခင်ဇိုင်

၂၀၁၀ခုနှစ် ဧပြီလ ၁၇ရက်နေ့က မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း Asia World ကုမ္ပဏီရုံးဝင်းအတွင်းမှာ ဗုံးပေါက်ကွဲခဲ့တဲ့ (ရုပ်သံမြင်ကွင်း)

Posted: 02 Sep 2011 12:57 PM PDT

၂၀၁၀ခုနှစ် ဧပြီလ ၁၇ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းမှာ အဓိက ပါဝင်တဲ့ လောစစ်ဟန်သား ဦးထွန်းမြင့်နိုင်ပိုင် Asia World ကုမ္ပဏီရုံးဝင်းအတွင်းမှာ ပေါက်ကွဲခဲ့တဲ့ သတင်း၊ ရုပ်သံပါ...။ မြန်မာစံတော်ချိန် မနက် ၂နာရီ၄၀မိနစ်မှာ ပေါက်ကွဲခဲ့တာပါ...။ Asia World ကုမ္ပဏီရုံးဝင်းလို့သာ သိရတယ် အသံတွေကတော့ တရုတ်လိုပြောနေတာတွေပဲ ကြားနေရတာပါ...။



ဗုံးပေါက်ပြီးချိန် ရိုက်ကူးထားတဲ့အတွက် အစပိုင်း ၁မိနစ်ကျော်ခန့် အနည်းငယ် မှောင်နေပါလိမ့်မယ်..
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?ga1qfm6nd8mrzrx
အပျက်အစီးတွေကတော့ ရုပ်သံထဲမှာ မြင်ရတဲ့ အတိုင်းပါပဲ။ အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိုစဉ်က တိကျစွာ သတင်းပေးနိုင်သူအား မြေ(၁)ကွက်၊ ငွေသိန်း(၅၀)နဲ့ CDMA တလုံးပေးမယ်လို့ လျှက်တပြက် ဂျာနယ်မှာ ဖော်ပြထားပါတယ်...။
ဧရာဝတီမြစ်ဆုံ စီမံကိန်း သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီကို ချစ်ခင်မြတ်နိုး၊ ထာဝရရှင်သန်လိုတဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အများသိအောင်  သိရှိထားတာတွေကို ဆက်လက်ဖော်ထုတ် ရေးသား တင်ပြသွားပါမယ်...။ ကျွန်တော် ယခင်ဖော်ထုတ် တင်ပြခဲ့တဲ့ "fierce battle Myitkyina" သတင်းရုပ်သံလို တတ်နိုင်သူတွေ ဘာသာပြန် ဖော်ထုတ်ပေးကြပါ..။ ဆက်လက် ဖော်ပြပေးပါမယ်...။
 ၂၀၀၆ခုနှစ် ကုန်ပိုင်းလောက်ကတည်းက မြစ်ဆုံဆည် စီမံကိန်းအတွက် Survey လာလုပ်ခဲ့တဲ့ တရုတ် ပညာရှင်အဖွဲ့
 ၂၀၀၆ခုနှစ် နှစ်ကုန်ပိုင်းမှာ မြစ်ဆုံမှာ အခြေပြုပြီး တိုင်းတာလုပ်ကိုင်နေကြပါပြီ..
 အခြေချစခန်းအတွင်းမှ တိုင်းတာရေး တရုတ်ပညာရှင်များ အမိမြေပေါ်၌ ဤသို့
အမိဧရာဝတီအတွက် ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တာတွေ ပူးပေါင်းလုပ်ကိုင်ကြပြီး မတရားတဲ့လုပ်ရပ်တွေကို အမျိုးသားရေးတာဝန် တရပ်အနေနဲ့ ကန့်ကွက် လုပ်ဆောင်ကြရအောင်ဗျာ.....။

ဒီမိုဝေယံ...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment