ရွှေတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြု သည့်ဓာတု ပစ္စည်းများ ဧရာဝတီမြစ် အတွင်းစွန့်ပစ်မှု ကြောင့် ဧရာဝတီမြစ်ရေ တွင် အဆိပ်သင့် မှုများ ပိုမို များပြား လာကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးမြ သန်းထွန်း က ပြောသည်။
"ဧရာဝတီမြစ်မှာ ပျော်ဝင်နေတဲ့ ဓာတုပစ္စည်း တွေက လူကို အဆိပ်သင့်တဲ့အဆင့်ကိုရောက်နေ ပြီ"ဟု ဦးမြသန်းထွန်း ကပြောသည်။
ငါးလုပ်ငန်းဦးစီး ဌာနမှဦးဆောင်၍ ဧရာဝတီ မြစ် အတွင်းရှိ ငါးနုသန်း၊ ငါးဘတ် စသည့် ငါးအမျိုး အစားများ၏ အသားစ များအား အမေရိကန်နိုင်ငံရှိ ဓာတ်ခွဲခန်း တွင်စစ်ဆေးစမ်းသပ်ခဲ့ရာ အသားစများ တွင် ပြဒါး အဆိပ်သင့်မှုမှာ လွန်ခဲ့သောငါးနှစ်က ထက် ပိုမိုများပြားလာကြောင်း ၎င်း ဆက်ပြော သည်။
ဧရာဝတီမြစ် အထက်ပိုင်းရှိ ပုဂ္ဂလိက ရွှေတူး ဖော်ရေးလုပ်ငန်းများတွင် ယခင်က ပြဒါးကို အသုံး ပြုခဲ့ပြီး ယခုနှစ်ပိုင်း တွင် အကုန်အကျသက်သာ သော ဆိုင်ယာနှိုက် ဓာတုအမျိုးအစားကို အသုံးပြု လာကြောင်း ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် လျက် ရှိသူများက ပြောသည်။
ရွှေတူးဖော်ခြင်း လုပ်ငန်းများတွင် ကျောက်ရွှေ (primary)နှင့် ဗြုန်းရွှေ(secondary)အမျိုးအစား ဟူ၍ နှစ်မျိုးရှိပြီး ဧရာဝတီမြစ် အတွင်းတူးဖော်လျက်ရှိ သည့် လုပ်ငန်းမှာ ဗြုန်းရွှေအမျိုးအစားဖြစ်သည်။
"ဗြုန်းပဲဖြစ်ဖြစ်၊ ကျောက်ပဲဖြစ်ဖြစ် နောက်ဆုံး ရရှိလာတဲ့ ဓာတ်သတ္တု အရောထဲမှာ ရွှေကိုပြဒါး ဒါမှ မဟုတ် ဆိုင်ယာနှိုက် သုံးပြီး ရွှေကိုဖမ်းရတယ်"ဟု ရွှေတူး ဖော်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ပြဒါး ကိုသာ အသုံးပြုရန်ခွင့်ပြုထားပြီး ဆိုင်ယာနှိုက်အသုံးပြုမှုအား ကန့်သတ် ထားသည်။ ယခင်က မြန်မာနိုင်ငံ တွင် အဓိ ကမြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်များ တွင်မြစ်ရေတိမ်ကောလာမှု၊ ရေလမ်းကြောင်း ပြောင်းလဲ လာမှုစသည့်အချက်များကြောင့် အဆိုပါ မြစ်များ တွင် ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင် ခြင်းကို ကန့်သတ်ခဲ့သည်။
"ဧရာဝတီမြစ် ထဲမှာရှိတဲ့ ရေသယံ ဇာတမျိုး စိတ်တွေအတွက်က ရေရှည်မှာ မကောင်းဘူး။ ဧရာ ၀တီမြစ်ရဲ့ အမှတ်အသားဖြစ်တဲ့ ဧရာဝတီ လင်းပိုင် တွေ အတွက်ကလည်း ရေရှည်မှာ အဆင်မပြေနိုင် ဘူး" ဟု ဦးမြသန်းထွန်း ကပြောသည်။
ဇော်မင်းနိုင်
No comments:
Post a Comment