- သမ္မတကြီးဦးသိန်းစိန်ခင်ဗျား..
- ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ (ဆောင်းပါးရှင် အောင်ဒင်)
- (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...
- အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား.... (သတင်း၊ ဓာတ်ပုံ)
- အမိဧရာဝတီကိုချစ်တဲ့ မလေးရှားရောက် မြန်မာပြည်သားများရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲအခမ်းအနား...
- မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ဂျပန်ပြည်) FWUBC အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ..
- ၂၃ရက်နေ့ သောကြာနေ့မှာ ကျင်းပမယ့် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများတို့ ပူးပေါင်းစီစဉ်သော လူငယ်များရဲ့ ဧရာဝတီ.... (ဖိတ်ကြားစာ)
Posted: 23 Sep 2011 06:21 AM PDT ပေးပို့သူ Lungatay အားကျေးဇူးတင်ပါသည်...။ စာသားများအား ဘာသာပြန်ပေးပို့ပေးတဲ့ ကိုနစ်နေမန်းအားလည်း ကျေးဇူးတင်ပါသည်... Dear Mr. President, come take a walk with me သမ္မတကြီးခင်ဗျာ … (Take a walk with me) ကျွန်တော်နဲ့အတူ လမ်းလျှောက်ထွက်ကြရအောင် ... Let's pretend we're just two people and you're not better than me သမ္မတကြီးနဲ့  ကျွန်တော် နှစ်ယောက်တည်း လမ်းလျှောက်ထွက်ကြတယ်လို့  အောင်းမေ့ပြီး၊ ကျွန်တော်တို့  နှစ်ယောက်အကြား ဘာမှ ကွာခြားမှု မရှိဖူးလို့  သဘောထားကြရအောင် … I'd like to ask you some questions if we can speak honestly ဒီလိုလမ်းအတူတူလျှောက်ရင်း ကျွန်တော် မေးချင်တာလေးတွေ မေးပါရစေ၊ ကျွန်တော်တို့  နှစ်ဦးစလုံး ရိုးသားမှုအပေါ်အခြေခံပြီး ပြောကြရအောင် .. What do you feel when you see all the homeless on the street? အခုလမ်းလျှောက်ထွက်ရင်း လမ်းမှာ မြင်တွေ့ ရတဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့သူတွေကို သမ္မတကြီး မြင်တွေ့ရတဲ့အခါမှာ ဘယ်လို ခံစားမိပါသလည်းဗျာ ... Who do you pray for at night before you go to sleep? သမ္မတကြီး ညဘက်မအိပ်ခင်မှာ ဘယ်သူတွေအတွက် ဆုမွန်ကောင်းတောင်းပေးတာ ရှိပါသလည်း ... What do you feel when you look in the mirror? Are you proud? သမတကြီးအနေနဲ့  ကြည့်မှန်ကို ကြည့်တဲ့အခါမှာ ဘယ်လို စိတ်ထဲ ခံစားမိပါသလည်း၊ ကိုယ့်ကိုကိုယ် အင်မတန် ဂုဏ်ယူဝန့် ကြွားနေပါသလာ ... How do you sleep while the rest of us cry? ကျွန်တော်တို့  ပြည်သူတွေ ငိုကြွေးနေရချိန်မှာ သမတကြီးအနေနဲ့  ဘယ်လို နှစ်ခြိုက်စွာ အိပ်စက်ပါသလည်း ... How do you dream when a mother has no chance to say goodbye? မိခင်ဖြစ်သူတွေက သူတို့ရဲ့  သားသမီးတွေကို နှုတ်ဆက်ဖို့  အခွင့်အရေး မရှိတဲ့အချိန်မှာ သမ္မတကြီးအနေနဲ့  ဘယ်လိုများ စိတ်ထဲမှာ ခံစားကြည့်မိတာ ရှိပါသလည်း ... How do you walk with your head held high? သမ္မတကြီးအနေနဲ့  ကိုယ့်ကိုကိုယ် ခေါင်းမတ်မတ်ထောင်ပြီး လျှောက်လှမ်းရဲပါသလည်း ... Can you even look me in the eye? And tell me why? အဲ့ဒီလိုမှာ သမတကြီးအနေနဲ့  ကျွန်တော့်ကို သေသေချာချာ ကြည့်ရဲပါသလား၊ ကြည့်ရဲတယ်ဆိုရင် ဘာလို့ သေသေချာချာ ကြည့်ရဲလည်းဆိုတာ ပြောပြပါလား ... Dear Mr.President, were you a lonely boy? သမ္မတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေခဲ့ပါသလား ... (Were you a lonely boy?) သမ္မတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေခဲ့ပါသလား ... Are you a lonely boy? သမ္မတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေပါသလား ... (Are you a lonely boy?) သမ္မတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေပါသလား ... How can you say, no child is left behind? သမ္မတကြီးအနေနဲ့  ဘယ်လိုများ ပြောနိုင်ပါသလည်း၊ သမ္မတကြီးရေ မျိုးဆက်သစ်ကလေးငယ်လေးတွေ မရှိတော့ဖူးများ ထင်နေပါသလား ... We're not dumb and we're not blind ကျွန်တော်တို့တွေ ငထုံ ငအ ငနတွေ မဟုတ်ပါဖူး၊ ကျွန်တော်တို့ တစ်တွေ မျက်မမြင်လို ကန်းနေကြသူတွေ မဟုတ်ပါဖူး ... (We're not blind) ကျွန်တော်တို့ တစ်တွေ မျက်မမြင်လို ကန်းနေကြသူတွေ မဟုတ်ပါဖူး ... They're all sitting in your cells while you pave the road to hell သမ္မတကြီးအနေနဲ့  ပြည်သူတွေအတွက် ဆင်းရဲဒုက္ခဆိုတဲ့ လမ်းကို ဖန်တီးနေချိန်မှာ ဒီ မျိုးဆက်သစ်ကလေးငယ်လေးတွေဟာ သမတကြီးရဲ့  တိုင်းပြည်အပေါ် အုပ်ချူပ်နေတဲ့ အခြေအနေအပေါ်မှာ မူတည် ရပ်တည်နေတာပါ၊ What kind of father would take his own daughter's rights away? သွေးရင်းသားရင်း သမီးဖြစ်သူကို သင့်လျော်တဲ့လမ်း လျှောက်လှမ်းနေတယ်ဆိုရင် ဘယ်လိုကြိုးစားဆောင်ရွက်ပေးမယ့် ဘယ်လို ဖခင်ကောင်းတစ်ဦးပါလည်း ... And what kind of father might hate his own daughter if she were gay? သွေးရင်းသားရင်း သမီးဖြစ်သူ ရဲရင့်တဲ့ ယောင်္ကျားတစ်ဦးလိုမျိုး ဖြစ်နေခဲ့ရင် မုန်းတီးနေတတ်မယ့် ဖခင်ဟာ ဘယ်လို ဖခင်မျိုးလည်း .... I can only imagine what the first lady has to say ကျွန်တော့်အနေနဲ့  မြင်ကြည့်မိတာကတော့ ပြည်သူလူထုခေါင်းဆောင် အမျိုးသမီးဖြစ်သူကများ ဘာများပြောလိမ့်မလည်းဆိုတာကိုပါ ... You've come a long way from whiskey and cocaine သမ္မတကြီးဟာ အရက်သေစာနဲ့  မူးယစ်ဆေးဝါးသုံးစွဲထားသူတစ်ဦးလို အင်မတန်ကို လက်ရှိဖြစ်ပျက်နေမှုတွေနဲ့  ဝေးကွာစွာ အသိမမြင်ဘဲ ရှိနေတဲ့သူလို့  ဆိုတာပါဘဲ ... How do you sleep while the rest of us cry? ကျွန်တော်တို့  ပြည်သူတွေ ငိုကြွေးနေရချိန်မှာ သမ္မတကြီးအနေနဲ့  နှစ်ခြိုက်စွာ ဘယ်လိုများ အိပ်ပျော်နေပါသလည်း ... How do you dream when a mother has no chance to say goodbye? မိခင်ဖြစ်သူတွေက သူတို့ရဲ့  သားသမီးတွေကို နှုတ်ဆက်ဖို့  အခွင့်အရေး မရှိတဲ့အချိန်မှာ သမ္မတကြီးအနေနဲ့ ဘယ်လိုများ စိတ်ထဲမှာ ခံစားကြည့်မိတာ ရှိပါသလည်း ... How do you walk with your head held high? သမ္မတကြီးအနေနဲ့  ကိုယ့်ကိုကိုယ် ခေါင်းမတ်မတ်ထောင်ပြီး လျှောက်လှမ်းရဲပါသလည်း ... Can you even look me in the eye? အဲ့ဒီလိုမှာ သမ္မတကြီးအနေနဲ့ ကျွန်တော့်ကို သေသေချာချာ ကြည့်ရဲပါသလား၊ Let me tell you 'bout hard work မှန်ကန်သော အလုပ်ကြိုးစား ဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ... Minimum wage with a baby on the way အနာဂတ် မျိုးဆက်ကလေးတွေအတွက် လက်ရှိ မလိုအပ်တဲ့ ဖြုန်းတီးမှုတွေကို လျှော့ချပစ်ပါ ... Let me tell you 'bout hard work မှန်ကန်သော အလုပ်ကြိုးစား ဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ... Rebuilding your house after the bombs took them away ပြိုကျပျက်ဆီးခဲ့မှုတွေကို ပြန်လည်တည်ဆောက်ပါ ... Let me tell you 'bout hard work မှန်ကန်သော အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ... Building a bed out of a cardboard box လက်တွေ့ မကျတဲ့ ဖန်တီးမှုတွေကနေ ရုန်းထွက်ပြီး (ပြည်သူတွေအတွက်) လက်တွေ့  အကျိုးပြုမယ့်ဟာတွေကို တည်ဆောက်ပါ ... Let me tell you 'bout hard work, hard work, hard work မှန်ကန်သော အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ... You don't know nothin' 'bout hard work, hard work, hard work ဒါပေမယ့် မှန်မှန်ကန်ကန် အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း သမတကြီး မသိဖူး ... How do you sleep at night? ဒါနဲ့များ သမ္မတကြီးအနေနဲ့  ဘယ်လိုများ အိပ်ပျော်ပါလိမ့် ... How do you walk with your head held high? ဒါနဲ့များ သမ္မတကြီးအနေနဲ့  ကိုယ့်ကိုကိုယ် ခေါင်းမတ်မတ်ထောင်ပြီး လျှောက်လှမ်းရဲပါသလည်း ... Dear Mr. President, you'd never take a walk with me, would you? သမ္မတကြီးခင်ဗျာ .. အခုလို မေးမြန်းပြောဆိုမိလို့  သမ္မတကြီး ကျွန်တော်နဲ့ အတူ လမ်းလျှောက်ပါဦးမလား ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?72t39n47x2x7oi5 |
ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ (ဆောင်းပါးရှင် အောင်ဒင်) Posted: 22 Sep 2011 02:30 PM PDT ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့က မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းစတင်ခြင်း အခမ်းအနားမှာ တွေ့ရတဲ့ လုံခြုံရေး အထူးတပ်ဖွဲ့ဝင်များ ပြည်သူကို အကာအကွယ်ပေးဖို့လား တရုတ်လုပ်ငန်းရှင်တွေကို အကာအကွယ် ပေးဖို့လား ဆိုတာကတော့... ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ ဆောင်းပါးရှင် အောင်ဒင် စက်တင်ဘာ ၂၂၊ ၂၀၁၁ မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်က ဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက် ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေမှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍ သိချင်နေချိန်မှာ တွေ့နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား? ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည်နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်။ ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင် တယောက်ပါ၊ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီလိုပြောပါတယ်၊ "ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးက များနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။ "ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝသက်တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ်ကြုံဖူးခဲ့သူပါ။ ဆည်တည်ဆောက် ပြီးစီးတဲ့ အခါတွေ့မြင်ရမယ့် မြင်ကွင်း သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀ အဆောက်အဦး တခုလောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေဟာ ဒီဆည်ကြီးတွေ ငလျင်နဲ့ မိုးသည်းထန်ခြင်းစတဲ့ သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ရွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့မြို့၊ ရွာတွေ ရေလွှမ်း ဖျက်ဆီးခံရမှာကို ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊ ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရတို့ ကချင်ပြည် နယ်အတွင်းမှာ ဆည်ကြီး ၇ ခုဆောက်ဖို့ သဘောတူ လိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ဦးဟာ မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်၊ သူတို့ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး၊ ကချင်ပြည်နယ်မှာေ နထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျား မျက်ကွယ်ပြုပြီး ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။ စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁)ကို နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံကိန်းနဲ့ ပါတ်သက်နေတဲ့ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး စာတမ်းတွေ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN)ရဲ့ ဥက္ကဌ မစ္စတာလီ (Mr. Li Guanghua) တက်ရောက်ပြီး "ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအား လုပ်ငန်းများအတွက် မဟာဗျူဟာကျသော ရွေးချယ်မှုဖြစ်သည်" (Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်။ မြစ်ဆုံဒေသမှာ ဟန်ပြ လမ်းဖောက်၊ ဆေးရုံဆောက်ပြပြီး အမှတ်ယူခဲ့ပါတယ်.. အဲဒီစာတမ်းမှာ မစ္စတာလီက "ကချင်လူမျိုးများသည် မြစ်ဆုံဆည် ဆောက်လုပ်ရေး လုပ်ငန်းကို ထောက်ခံကြသည်" လို့တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊ စီမံကိန်းနဲ့ ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတွေဟာ မတူညီတဲ့ ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူတွေအား သူတို့ရဲ့ သဘောထား စစ်တမ်းတွေကို ကောက်ခံခဲ့ပါတယ်တဲ့၊ အဲဒီစစ်တမ်းတွေအရ သဘောထားပေးသူပေါင်းရဲ့ (၈၀) ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့။ ၆၂ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေးကို သိသိသာသာ မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့ သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံကြောင်း ပြောရာမှာတောင်မှ မစ္စတာလီက အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကို အသေအချာ နားမလည်ကြလို့ ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်၊ အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူခဲ့တယ် ဆိုတာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေး စီမံကိန်းများကို ထောက်ခံကြတယ်လို့ သူအရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ (၂) မြန်မာပညာရှင်များ၏ ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း.. မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြ တဲ့၊ ပါတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို လုံးဝလှစ်လျူရှူထားတာ တွေ့ရပါတယ်။ သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာ ပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လကျော် ဆောင်ရွက်ခဲ့ပါတယ်တဲ့၊ မြန်မာပညာရှင်တွေက BANCA လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research ကဖြစ်ပါတယ်၊ အဲဒီပညာရှင်တွေဟာ ကွင်းဆင်း စစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန် ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန်နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်တဲ့၊ အဲဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDRက ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေး လုပ်ငန်းများကြောင့် ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA) ကို CPI ထံ တင်ပြပါတယ် တဲ့၊ အဲဒီ CISPDR ကတင်သွင်းတဲ့ EIAက ဆည်တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာလီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့ အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်းမရှိခဲ့ပါ၊ အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCAရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလည်း စာတမ်းတစောင် တင်သွင်းပါတယ်၊ သူ့စာတမ်းကနေ မစ္စတာလီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက် ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမယ့် တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေကြောင့် ၂၀၀၉ ခု ဇန္နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့၊ ပြီးတော့ BANCAက မြန်မာပညာရှင်များဟာ မြန်မာနဲ့ တရုတ်အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်၊ BANCAရဲ့ အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို "မြစ်ဆုံဟာ ကချင်တိုင်းရင်းသားများ အတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံဆည် တည်ဆောက်ရေးကို စွန့်လွှတ်ဖို့ " အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာ အဆင့်ဆင့် ထပ်ပြီး တည်ဆောက်မည့် အကြီးစားနဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီ မြစ်ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒနဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်" လို့ ရှင်းပြထားပါတယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို "မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစားဆည် နှစ်ခုအစားထိုးဆောက်လုပ်ဖို့" အကြံပြုထားပါတယ်၊ ၂၀၀၈ခုနှစ်ကတည်းက ခြေမြန်လက်မြန်နဲ့ ၉၇ရာခိုင်နှုန်းကျော် ဆောက်လုပ် ပြီးစီးနေပြီဖြစ်တဲ့ မေခမြစ်ပေါ်က ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်း..် မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်၊ BANCA က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအား လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများကို အတည်ပြုကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်တွေကို အရည်အချင်းပြည့်ဝတဲ့ လူမှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များ ဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာတွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အလေးအနက်တိုက်တွန်း ထားပါသေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိ တင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များက တင်သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင်များထံ တရုတ်ပညာရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့် ရယူခဲ့တယ်လို့ ယူဆရပါတယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည်နဲ့ တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်က စပြီး ဆောက်လုပ်နေပါပြီ၊ အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရ BANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်ဆိုတာ တကြိမ်တခါထဲ လုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ပဲ အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင်မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာပိုင်တွေအနေနဲ့ နောက်ထပ် ကျန်ရှိနေသေးတဲ့ လေ့လာသုံးသပ်မှုတွေကို ဆက်လက် ဆောင်ရွက်ဖို့ပါ၊ (၃) မသေချာတဲ့ အကျိုးအမြတ်များနဲ့ သေချာတဲ့ ဆုံးရှုံးမှုများ တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရရှိလာလိမ့်မယ် ဆိုပြီး ချဲ့ကားပြောနေကြပါတယ်၊ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင်ဆောင်နေကြပါတယ်၊ မစ္စတာလီ က ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော် ကုန်ကျမှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု (Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်းနှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီးရင် မြန်မာနိုင်ငံက နှစ်စဉ်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝပ် ၂၀၀၀ ကို အလကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင် ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေး စခန်းတွေအများကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီးပေးမယ်၊ ပြီးတော့ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ သူပြောသမျှ တွေက မြန်မာနိုင်ငံအတွက် အကောင်းတွေချည်းပါပဲ၊ ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်း နည်းပါတယ်၊ လက်တွေ့ဘဝမှာ ဒီလောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက်ပိုများတတ်၊ ဆောက်လုပ်ရေးကာလက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်၊ လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်၊ အဲဒီဆည်ကြီးကို အာဂျင်တီးနား သမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem)က "အလွဲသုံးစားလုပ်မှုများ၏ အထိန်းအမှတ် မှတ်တိုင်ကြီး" (Monument to Corruption) လို့အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့်မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင့်ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီးပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ် ထုတ်လုပ်နိုင်ပါတယ်။ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေနဲ့ မကိုက်တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ၊ ဒီဥပမာနဲ့ အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်မှာ ဆောက်နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်။ ဆောက်လုပ်ချိန် ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာလီ ပြောနေတဲ့ အကျိုးအမြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ၊ ဆည်တွေအားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အား ထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပိုနိုင်ပါ။ မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်းသိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့ အတူမျောပါလာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ။ အဲဒီ နုံးတွေ၊ ရွှံ့တွေ က ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်။ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ်တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနှုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက်ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ။ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပိုနည်းလာပါတယ်။ ရေလှောင်ကန်ထဲမှာ ရေနည်းတဲ့ အတွက် လျှပ်စစ်ဓာတ်အား ထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအမြတ်ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီ ဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီးလို့ တရုတ်အစိုးရက အဲဒီဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေပြည့်နေတဲ့ လူလုပ် အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်။ မြစ်ဆုံစီမံကိန်းမှ တရုတ်ဝန်ထမ်းများ.. ယနေ့အထိ လေ့လာတွေ့ရှိတဲ့ ဓာတ်ပုံ မှတ်တမ်းများအရ မြန်မာကျွမ်းကျင် အလုပ်သမား မရှိသလောက်ပါပဲ.. မစ္စတာ လီ ကပြောပါသေးတယ်၊အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလုပ်သမားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမည့် ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုး လုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ။ သူမပြောပေမယ့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံ အလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက် အဆမတန် နည်းပါလိမ့်မယ်၊ သူပြောမှပဲ သိရတာက အခုအချိန်မှာ တရုတ် အလုပ်သမားပေါင်း သုံးထောင်ကျော်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအတွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှုကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင်ကျယ်ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက်ရောက်မှုကြီး ဖြစ်ပါလိမ့်မယ်၊ (၄) မတူညီသော စံနှုန်းများ မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဌာန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့်အတန်းအမြင့်ဆုံး စံချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာက စလို့ တည်ဆောက်ရေး လုပ်ငန်းများအထိ တရုတ်နိုင်ငံရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျ ကျင့်သုံးနေပါတယ်လို့ ပြောပါတယ်၊ ဒီတော့ သူပြောသလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်ကြရအောင်ပါ၊ ၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌန်းခဲ့ပါတယ်၊အဲဒီ ဥပဒေအရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင်အထည်မဖော်မီ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများ စတင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်၊ တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environmental Impact Assessment) ကိုထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူတွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင် ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံပြုချက် တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါတယ်၊ ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန်စံညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည် တည်ဆောက်ရေး လုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့ အထောက်အထား တခုမှမတွေ့ရပါဘူး၊ မြန်မာပညာရှင်တွေရဲ့ EIAကို တရုတ်အစိုးရက ချောင်ထိုးထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက်တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊ BANCAရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွါးခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူမသိရှိအောင် လုပ်ငန်းလျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်းကြီးများအကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်တာတွေအားလုံး လုပ်ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ တရုတ်၊ မြန်မာ ကိုယ်စားလှယ်များ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ၊ မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက (၁) မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats); (၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels); (၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats); (၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use); (၇) ရေ၏အရည်အသွေးဆိုင်ရာ လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments); (၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta); (၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့ (၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊ BANCA နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီးနားမြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီးကျန်နေပါသေးတယ်၊ မစ္စတာလီ ကပြောပါတယ်၊ အခုဆိုရင်CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက်နေပါပြီတဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည်ရှိမှုအပေါ်သက်ရောက်မှုနဲ့ မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်၊ နောက်ကျနေပါပြီ၊ ဒီလေ့လာမှုတွေကို ဆည်ကြီး မဆောက်ခင်ကတည်းက လုပ်ရမှာပါ၊ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ၊ အဝေးမှ လှမ်းမြင်ရတဲ့ မြစ်ဆုံဆည် ဧရိယာမြင်ကွင်း.... ဆည်တည်ဆောက် ပြီးစီးသွားရင် လက်ရှိမြင်ရတဲ့ မြင်ကွင်းတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်... (၅) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည်အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်းသိမြင်လာကြပါပြီ၊ ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျူးကျော်သူ နိုင်ငံခြားသားတွေ ဖျက်ဆီးမည့် ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုးကြားကြား၊ သတိရှိရှိနဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရ ဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြောကြီးပါ၊ အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏ ရှိတဲ့ ဆည်ကြီးကို ဧရာဝတီရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက်မဲ့ တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက်ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ၊ ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်၊ မြန်မာပြည်သူအားလုံးက ဧရာဝတီကို ကာကွယ်ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သဘောပေါက်နေကြပါပြီ၊ သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသားအမွေအနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်၊ အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ် တခု ပြတ်ပြတ်သားသား ချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီး ဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊ မြန်မာလူထု ရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ က တနေ့တခြား ပိုကြီးမားလာနေတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်နေကြပါပြီ၊ အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များ ဖြစ်တာကြောင့်၊ ပြည်သူတွေရဲ့ ဆန္ဒကို လက်ခံမယ်လို့ အရိပ်အယောင်ပြတာတွေလဲ တွေ့နေရပါပြီ၊ တချိန်ထဲမှာ အစိုးရခေါင်းဆောင်အချို့က လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက်ပစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင် ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်။ အဲဒီ ဝန်ကြီးတွေကတော့ တရုတ်အစိုးရ ငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိက အကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရအနေနဲ့ လူထုအကျိုးစီးပွါးကိုငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းကြီးကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက်ပျော်မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက်ချတခုကို ပြတ်ပြတ်သားသား ချရမည့် အချိန်ကို ရောက်နေပါပြီ။ လူထုရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်နေသမျှ၊ လူထုရဲ့ ဆန္ဒကို မလေးစားသမျှ၊ လူထုရဲ့ ဒေါသနဲ့ တုန့်ပြန်မှု၊ စိန်ခေါ်မှုကို သူတို့ရင်ဆိုင်ရမှာပါ၊ ဧရာဝတီ တော်လှန်ရေး စနေပါပြီ၊ လေးစားစွာဖြင့် အောင်ဒင် စက်တင်ဘာ ၂၂၊ ၂၀၁၁ ဒီဆောင်းပါးအတွက် အောက်ပါစာတမ်း၊ စာအုပ်များကို ကိုးကားပါတယ်၊ (၁) Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry, by Mr. Li Guanghau, CPI Yunnan Intenational Power Investment Co., Ltd (CPIYN), September 2011 (၂) သဘာဝပါတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ ဒေါက်တာထင်လှ၊ ဥက္ကဌ၊ Biodiversity and Nature Conservation Association (BANCA), September 2011 (၃) Environmental Impact Assessment (Special Investigation) On Hydropower Development of Ayeyawady River Basin above Myitkyina, Kachin State, Myanmar, by Biodiversity And Nature Conservation Association (BANCA), October 2009 (၄) The New Great Wall, A Guide to China's Overseas Dam Industry, by International Rivers Network, July 2008 (၅) ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌကြီး လရော်ဇောင်ဟရာ မှ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင် ထံပေးသောစာ နှင့် ပူးတွဲပါ အထောက်အထားများ၊ မတ် ၁၆၊ ၂၀၁၁ ဆောင်းပါး ပေးပို့ပေးတဲ့ ကိုအောင်ဒင်အား ကျေးဇူးတင်ပါသည်... |
Posted: 22 Sep 2011 11:23 AM PDT အမေစုမှတ်တမ်း ရေးခဲ့တဲ့ (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်း ညီညွတ်ရေးအတွက် အစဉ် တည်ရှိနိုင်ပါစေတဲ့.. ကျေးဇူးပါအမေ... ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြပွဲအား၂၀၁၁ ခု စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၆၅) ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ အဆိုပါပြပွဲသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဌ ဘဘဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဘဘဦးဝင်းတင်တို့ လာရောက် အားပေး ကြည့်ရှုခဲ့ပါသည်။ (ဧရာဝတီကို ပြည်ထောင်စု သားသမီးများမှ အစဉ်ကာကွယ်သွားနိုင်ပါစေ)ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားခဲ့ပါသည်။ ဧရာဝတီပြပွဲအား စိုးဝင်းငြိမ်းမှ ဦးစီးအကောင်ထည်ဖော်ခဲ့ပြီး ကာတွန်းပညာရှင် အော်ပီကျယ် အပါအ၀င်ကာတွန်း၊ ဓါတ်ပုံ၊ ပန်းချီနှင့် ကဗျာ၊ အနုပညာရှင်ပေါင်းများစွာ၏ လက်ရာများကို ဖော်ထုတ် ပြသထားပါသည်။ အဆိုပါပြပွဲအား စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၅ရက်နေ့အထိ ၄ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်း ပြသသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင် |
Posted: 22 Sep 2011 10:54 AM PDT စက်တင်ဘာလ ၂၁ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲအား အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူမ ဦးဆောင်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပကြပါတယ်။ နံနက်ပိုင်းမှာ သံဃာတော် အရှင်သူမြတ်ငါးပါး အာရုဏ်ဆွမ်းနဲ့ သင်္ကန်းများ ဆပ်ကပ်ပြီး နံနက်၉း၃၀မှ နေ့လည်၁၁း၃၀ထိ ဖိတ်ကြားထားသူများအား ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံပါတယ်။ ထိုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးလှဖေ၊ ဦးဝင်းထိန်၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်မေ၀င်းမြင့်၊ ဒေါ်လဲ့လဲ့၊ ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် ဦးလှသိန်း၊ မြောင်းမြဦးဘဆွေ၊ ဒေါက်တာမျိုးအောင်၊ ဦးလှမင်း၊ ဒေါ်နော်အုံးလှနှင့် အင်္ဂါ ၀တ်ပြုဆုတောင်း အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်သားများ၊ ၈၈ ဒီမိုကရေစီရေးတွင် ကွယ်လွန်သူ မ၀င်းမော်ဦးရဲ့ မိသားစုဝင်များ၊ အကျဉ်းကျခံ ဒီမိုကရေစီ အင်အားစုများရဲ့ မိသားစုဝင်များနဲ့ လူအင်အား ၃၀၀နီးပါး တက်ရောက်ကြပါတယ်။ ထိုအထိမ်းအမှတ် အခမ်းအနား၌ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးမှ အမှာစကာပြောကြားရာ ၄င်းမှ အိန္ဒိယ လွတ်လပ်ရေးနဲ့ အကြမ်းမဖက် အမျိုးသားလှုပ်ရှားမှုခေါင်းဆောင် မဟတ္တမဂန္ဒီ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားရေးနဲ့ငြိမ်းချမ်းရေး ဆောင်ကျဉ်းခဲ့ပုံများကို ရှင်းပြခဲ့ပါတယ်။ ထို့နောက် ကဗျာဆရာလေးဦးမှ ငြိမ်းချမ်းရေးနေ့နဲ့ ဧရာဝတီနှင့် ပတ်သက်သော ကဗျာများကို ဖတ်ကြားကြပါတယ်။ ဒုတိယအကြိမ် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၌ ဦးဆောင်ကျင်းပသူ အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံလဲဖြစ်၊ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူလဲဖြစ်တဲ့ ကိုလူမော်လတ်မှ အထိမ်းအမှတ်ပွဲကျင်းပရတဲ့ အကြောင်းအရင်းနဲ့ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်တဲ့ သဘောထားများကို ပြောကြားရာတွင် နိုင်ငံရေး၊ စီးပွာရေး၊ လှုမှုရေး တွေမှာ တစ်ယောက်ကြောင့် တစ်ယောက်၊ တစ်ဖွဲ့ကြောင့် တဖွဲ့နစ်နာ နေတဲ့ တိုင်းပြည်ကို ဘယ်လိုမှ ငြိမ်းချမ်းတဲ့ နိုင်ငံလို့ ခေါ်လို့ မရကြောင်းနဲ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးခံ ဒီမိုကရေစီ အင်အားစုများကိစ္စ၊ မြစ်ဆုံကိစ္စ၊ လက်နက်ကိုင် တိုင်ရင်းသားများ ကိစ္စ စတဲ့ကိစ္စသုံးခုနဲ့ ပတ်သတ်ပြီး စစ်မှန်သော ဒီမိုကရေစီ အစိုးရများဆိုလျှင် ပြည်သူလူထုရဲ့ အသံကိုအလေးထားပေးပြီး အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မှသာ တိုင်းပြည်မှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် အထိမ်းအမှတ်ပွဲအား ရန်ကုန်တိုင်း စည်းရုံရေးအဖွဲ့ဝင် ဦးလှသိန်းမှ ရုတ်သိမ်းခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဦးလှဖေ၊ ဦးဝင်းထိန် ဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်မေ၀င်းမြင့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်တို့မှ ဂျိုးဌက်များ လွှတ်ပေးခဲ့ပါတယ်။ ယနေ့အခမ်းအနား၌ ဧရာဝတီကို ကယ်တင်ကြ စတေကာများနှင့် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ ကီးချိန်းများကို ဝေငှခဲ့ပါတယ်။ ကိုလူမော်လတ် |
Posted: 22 Sep 2011 09:49 AM PDT |
Posted: 22 Sep 2011 09:26 AM PDT မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ဂျပန်ပြည်) FWUBC အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁၆) နိုင်ငံမဲ့ ကလေးသူငယ်များနှင့် ယင်း၏ နောက်ဆက်တွဲပြဿနာများ (The Stateless Children and its Consequences) ဟူသော ခေါင်းစဉ်ဖြင့် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲတခုကို ကျင်းပမည် ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံတွင်မွေးဖွားပြီး (သို့မဟုတ်) မွေးဖွားမည့် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံမဲ့ကလေးသူငယ်များ ဆိုတဲ့သောကနှင့် ဤအလုပ်ရုံ ဆွေးနွေးပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကြွရောက်ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ဟောပြောမည့်သူများ။ ။ ODAWARS AYANE SENSEI (ရှေ့ နေ) CHIN SAN (ကိုယ်တိုင်ကြုံတွေ့သူ) ကျင်းပမည့်အချိန်။ ။ မွန်းလွဲ ၁-နာရီ မှ ညနေ ၅-နာရီအထိ၊ ကျင်းပမည့်နေရာ။ ။ တိုကျိုဆယ်မီနာဟောက်စ်၊ အိုဆာကာ စီးပွားရေးနှင့်ဥပဒေပညာတက္ကသိုလ်၊ (Tokyo Seminar House-Osaka Universary of Economics and Law) Azabudai 1-11-5 ,Tokyo 106-0041 လမ်းညွှန်။ ။ Hibiya Line -Kamiyacho Station Exit-1 (walk for 5 min) စုံစမ်းရန်။ ။090 5318 5054 - 080 4005 7098 -ဦးသန်းဝင်း 090 2443 4036 - 080 3578 7366 -080 4355 1340 - |
Posted: 22 Sep 2011 09:25 AM PDT |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment