မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသည့် ကျေးရွာပေါင်း နှစ်ထောင်ကျော်သာ ရှိသေးဟုသိရပြီး ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တို့တွင် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး ဥပဒေပြဋ္ဌာန်းရန်အဆိုကို အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တို့တွင် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးဥပဒေ (Rural Electrification Act) ပြုစုပြဋ္ဌာန်းအဆိုကို ရခိုင်ပြည်နယ် ဂွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီလေး (ခ) ဦးကြည်သာက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ အစီအစဉ်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ပဲခူးတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂)ဦး၊ ရှမ်းပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ ကယားပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁)ဦးတို့က ထောက်ခံဆွေးနွေးခဲ့သည်။
အဆိုနှင့်ပတ်သက်၍ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက "အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့နေရာမှာ နည်းလမ်းငါးသွယ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ လက်လှမ်းမီတဲ့နေရာတွေမှာ နိုင်ငံတော်ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်ကနေ အလှမ်းကွာဝေးတဲ့ ဒေသတွေမှာ အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီးလည်းကောင်း၊ ဒီဇယ်အင်ဂျင်စက်ရုံများ ဖြင့်လည်းကောင်း၊ ပြည်သူများပါဝင်သော မီးလင်းရေးကော်မတီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဖြန့်ဖြူးပေးခြင်းဖြင့်လည်းကောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု နှင့် ခရိုင် ၄၂ ခု၊ မြို့နယ်မြို့ပေါင်း ၂၅၀၊ ကျေးရွာပေါင်း ၂၁၉၄ ခုကို နိုင်ငံတော်ဓာတ်အားပေးစနစ်မှ ဓာတ်အားပေးထားပါတယ်။ တိုင်းဒေသကြီး ၄ ခု၊ ခရိုင် ၂၆ ခု၊ မြို့နယ်ပေါင်း ၁၈၀ နှင့် ကျေးရွာပေါင်း ၄၅၉၅ ရွာကို အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ ရေအားလျှပ်စစ် စက်ရုံငယ်ပေါင်း ၃၂ ရုံ၊ ဒီဇယ်စက်ရုံပေါင်း ၅၆၉ ရုံနဲ့ မြို့ပေါင်း ၃၄၀၊ ရွာပေါင်း ၄၂ ရွာကိုလည်း ဓာတ်အားပေးလျက်ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၃၄၆ ရွာအနက် လျှပ်စစ်ဓာတ်အား ရရှိတဲ့ ကျေးရွာပေါင်းဟာ ၆၇၈၉ ရွာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား မရရှိတဲ့ရွာပေါင်း ဟာ ၅၇၅၅၇ ရွာ ၈၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားရရှိပြီးတဲ့ ကျေးရွာပေါင်း ၂၁၉၄ ရွာမှာ နိုင်ငံတော်ဓာတ်အားစနစ်က ရရှိတာဖြစ်ပါတယ်။ အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားတဲ့ရွာပေါင်းဟာ ၄၅၉၅ ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"ဟု ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခု နှင့် ခရိုင် ၄၂ ခု၊ မြို့နယ် မြို့ပေါင်း ၂၅၀၊ ကျေးရွာပေါင်း ၂၁၉၄ ခုကို နိုင်ငံတော်ဓာတ်အားပေးစနစ်မှ ဓာတ်အားပေးထားပါတယ်။ တိုင်းဒေသကြီး လေးခု၊ ခရိုင် ၂၆ ခု၊ မြို့နယ် ပေါင်း ၁၈၀ နှင့် ကျေးရွာပေါင်း ၄၅၉၅ ရွာကို အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ . . . |
ယင်းအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်ရန် မလိုသည့်အဆိုအဖြစ် သတ်မှတ်၍ အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
No comments:
Post a Comment