Saturday, 17 September 2011







မင်းကြီးများးးးး
ဘုရားးးး
...
အနော်ရထာ။ ။
ဖေ့စ်ဘုတ်လောကမှာယခုတလော တို့များ ဧရာဝတီအကြောင်း အသံတွေကျယ်လောင်ကျယ်လောင် ကြားကြားနေရပါလားကွဲ့ ... ဘာများအကြောင်းထူးနေလို့တုန်း မှန်ရာကို တင်လျောက်ကြစမ်း...။

ငထွေရူး ။ ။
ကိုကြီးကျန် ဘ၀ရှင်မင်းတရားကြီးမေးနေပြီ ဧရာဝတီတဲ့ ကြည့်လျောက်ပါအုန်း။

ကျန်စစ်သား ။ ။
မှန်ပါ ဘုန်းတော်ကြောင့် ဧရာဝတီမှာ ရန်သူတွေဝိုင်းနေတာပါဘုရား။

ကျန်စစ်သား၏တင်လျောက်ချက်ကြောင်

.့ ဘ၀ရှင်မင်းတရားကြီးအနော်ရထာမှာ မျက်လုံးပြူးသွားကာ ...

အနော်ရထာ ။ ။ ဟဲ့ ငကျန်စစ် ကိုယ့်တော့ဘုန်းတော်ကြောင့် ဧရာဝတီ မှာ ရန်သူတွေဝိုင်းနေတယ် ဟုတ်စ ။

ကျန်စစ်သားလည်း သူ၏စကားမှားသွားမှန်းသိလိုက်သဖြင့် မျက်လုံးကလေးပေကလပ်ပေကလပ်ဖြစ်သွားကာ...

ကျန်စစ်သား။ ။
မှန်ပါ ရန်သူများမဟုတ်ပါဘုရား တရုတ်ဖြူများသာဖြစ်ကြောင်းပါဘုရား။

ကျန်စစ်သားတင်လျှောက်ချက်ကြောင့် အနော်ရထာမင်းစော လည်းတွေဝေသွားပြီး...

အနော်ရထာ။ ။
ဟဲ့ငကျန် ဧရာဝတီ ကိုတရုတ်ဖြူတွေဝိုင်းတာနဲ့ဖေ့စ်ဘုတ်လောကမှာ ဘာလို့ပွစိပွစိ ဖြစ်ကုန်ရတာတုန်း ငါကိုယ်တော်မြတ်နားလည်အောင် သေချာလျှောက်တင်စမ်း မောင်မင်း။

ကျန်စစ်သား။ ။
မှန်ပါဘုရားထိုကိစ္စကို အစမှလျှောက်တင် ရလျှင်ဖြင့် ငလုံးလဖယ် လဲတာဝန်မကင်းကြောင်းပါဘုရား။

ငလုံးလဖယ်မှာ သူ၏နာမည်ပါလာသဖြင့် ကျန်စစ်သား အား မျက်မှောင်ကျုတ်လျက် ခေါင်းငဲ့ကြည့်လိုက်လေ၏။ ကျန်စစ်သား ကဆက်လက်၍

ကျန်စစ်သား။ ။
ငလုံးလဖယ် သည် ယခင်လယ်ထွန်ကာ စိုက်ပျိုးရေးများလုပ်စဉ်က ဧရာဝတီမှရေများကို သူ၏လယ်ကွင်းထဲသို့မြောင်းများသွယ်ကာ ရေယူခဲ့ဖူးပါသည်ဘုရား။

အနော်ရထာ။ ။
အိမ်း ... မှန်တယ်လေ ငကျန် ရဲ့ အဲ့သလို နည်းဗျူဟာကောင်းအကြံဥာဏ်ကောင်းကြောင့် ငလုံး ကို ကိုယ်တော် မြှောက်စားထားပေတာ မောင်မင်း အသိပဲလေ ဆက်လျှောက်စမ်းပါဦး။

ကျန်စစ်သား။ ။
မှန်ပါ... ထိုအကြံအစီကို နှောင်းလူတို့ သိရှိသွားပြီး ဆည်များ ရေကာတာများဆောက်လုပ် လျက်ရှိပါသည်ဘုရား။

အနော်ရထာ။ ။
အိမ်း စိုက်ပျိုးရေးအတွက်လုပ်ကြတာပဲ ကောင်းလေစွကောင်းလေစွ။

ကျန်စစ်သား။ ။
ထိုမျှမကသေးပါဘုရား ဆည်များနှင့် ဂျင်နရေတာများ တွဲစပ်ကြကာ လျှပ်စစ်ထုတ်ယူကြ ကြောင်းပါဘုရား။

အနော်ရထာ။ ။
အိမ်း ဒါလဲကောင်းပေသားပဲ သို့အတွက် ကြောင့် ငါကိုယ်တော်မြတ်ကိုတိုင် အင်တာနက်ပေါ် တက်ပြီးနိုင်ငံတကာကိုလေ့လာနိုင်နေတာပ...ဆက်တင်စမ်း။

ကျန်စစ်သား။ ။
မှန်လှပါ ... ယခုဟာကဖြင့် ကျွန်တော်မျိုး တို့ အတွက်လျှပ်စစ်ဓါတ်က ၀မ်းပါဆန့် ပါတဲ့ ဘုရား တရုတ်ဖြူ ကြီးတွေအတွက်ကျတော့ ကိုးဆယ့်ကိုးပါဆန့်တဲ့ဘုရား .. ။

အနော်ရထာ။ ။
ဟေ...သဘောက်သားတွေ အတွက်အချက်ညံ့လှချည်လား ငကျန် မောင်မင်း အမှတ်များ မှားသလားကွယ့် ..။

ကျန်စစ်သား။ ။
မှန်လှပါဘုရား ဘုန်းတော်ကြောင့် ကျွန်တော်မျိုးကြီးအကြိမ်ကြိမ်လေ့လာ မေးမြန်းစုံစမ်းထားတာ ပါဘုရား။

အနော်ရထာ။ ။
ဟေ...ကိုယ်တော်မြတ် စိတ်နှလုံးမသာ မယာဖြစ်လှတယ်မောင်မင်း တရုတ်ဖြူတို့ဆောက်မယ့် ဆယ်က ဘယ်လောက်ကြီးသလဲမောင်မင်း အမြန်သံတော်ဦးတင်ကွယ့်။

ကျန်စစ်သား။ ။
မှန်လှပါ ဘုန်တော်ကြောင့် အတော်ကြီး ကြောင်းပါဘုရား။

အနော်ရထာမင်းစောလည်း ကျန်စစ်သားလျောက်တင်ချက်ကြောင့် မျက်လုံးပြူးသွားကာ ...

အနော်ရထာ။ ။
အလို ... ဘယ်လောက်တောင်ကြီးသ တဲ့တုန်းငကျန်စစ်ရဲ့။

ကျန်စစ်မင်း။ ။
မှန်လှပါဘုန်းတော်ကြောင့် ရန်ကုန်မြို့ အကျယ်အ၀န်းလောက်ရှိပါတယ်ဘုရား။

အနော်ရထာမင်းစောမှာ မျက်လုံးများပြူးသထက်ပြူးသွားပြီး

အနော်ရထာ။ ။
အဲ့သလောက်တောင်ကြီးလား ငကျန် ...။

ကျန်စစ်သား။ ။
မှန်လှပါဘုရား ဘုန်းတော်ကြောင့် ....

ကျန်စစ်သားစကားမဆုံးခင်မှာပင် အနော်ရထာမင်းစောက ကျန်စစ်သားအား မျက်ထောက်နီကြီးဖြင့် ကြည့်လိုက်ပြီး

အနော်ရထာ။ ။
ဟဲ့ ငကျန် ကိုယ့်တော်ဘုန်းတော် ကိုယ်တော့်ဘုန်း တော် ဆိုပြီးထည့်ထည့်သံတော်ဦးတင်မနေနဲ့ ငါကိုယ်တော့်အပြစ်မကင်းဖြစ်နေမယ် ဒီသဘောက်သားနဲ့တော့ ခက်တာပဲ။

ကျန်စစ်သားမှာ အနော်ရထာမင်းစော ၏စကားကြောင့် ပုခုံးတဘက် တွန့်လိုက်ပြီးဆက်လက်တင်လျောက်ပြန်၏။

ကျန်စစ်သား။ ။
မှန်လှပါ ထိုသို့ရန်ကုန်တစ်မြို့စာမျှကြီးမား သော ဆည်ကြီးမျိုး ၈ ခုတောင် တဲ့ဘုရား။

ကျန်စစ်သား၏ လျောက်တင်ချက်အဆုံးတွင် ဘုရင်အနော်ရထာ မှာနောက်သို့ပက်လက်လန်ကျသွားရှာ၏

အနားတွင်ရှိနေသော မိဖုရား စောလုံကလည်းလျှင်၏။ ဘုရင်အားအလျင်င်အမြန်သိုင်းဖက်ကာထိန်းပေးလိုက်နိုင်သဖြင့် ဘုရင်အနော်ရထာမှာ နောက်စေ့မကွဲသွားခြင်းဖြစ်ပေသည်။ ထိုနောက်တွင်တော့ အနော်ရထာမင်းစောအား မောင်းမမိတ်သံများဝိုင်းဝန်းပြုစုကြ သဖြင့်မကြာမီပင်ပြန်လည်သတိရလာ၏။

အနော်ရထာ။ ။
ဟဲ့ငကျန် သည်အတိုင်းအမှန်ပဲလား ဖြည်း ဖြည်းတင်စမ်း ငါကိုယ်တော် ရွှေစိတ်တော်နွမ်းလာပြီကွဲ့။

ကျန်စစ်သား။ ။
မှန်လှပါဘုန်းတော်ကြောင့် ... အဲအဲ မှန်လှပါဘုရား အမှန်တွေပါပဲဘုရား။

အနော်ရထာ။ ။
သဟာဖြင့် ဒီအရေးတယ်မသေးလှဘူး ငါကိုယ်တော့် ဧရာဝတီ ခန်း ကိန်းမြင်နေတယ် တော်တော်ကြာ ညောင်ဦးဖီး ကူးစရာရေမရှိဖြစ်နေမယ်...။

ညောင်ဦးဖီးမှာလည်း သူ့၏နာမည်ပါလာသဖြင့်မနေသာပဲ...

ညောင်ဦးဖီး။ ။
မှန်လှပါ ကျွန်တော်မျိုးကြီးရေမကူးရတာကိစ္စမရှိပါဘုရား အရှင်မင်းတရားကြီးရဲ့ဖောင်တော်သာ သောင်ပေါ်မှာ ဖောလော ပေါ်နေမှာစိုးရိမ်ပါတယ်ဘုရား။

အနော်ရထာ။ ။
အိမ်းဟုတ်ပေတယ် ညောင်ဦးဖီး ...

ဒီကိစ္စကိုဘယ်လိုလုပ်ကြရင်ကောင်းမလဲ မောင်မင်းများ အကြံပေးလျှောက်တင်ကြစမ်းကွဲ့။

ကျန်စစ်သား။ ။
မှန်လှပါ ထိုကဲ့သို ဥာဏ်နီဥာဏ်နက်မျိုး လိုလာလျှင် ငလုံးလဖယ် ကအားကိုးရပါသည်ဘုရား ။

ကျန်စစ်သားသည် ငလုံးလဖယ်အား တစ်ချက်ဝှေ့ကြည့်လိုက် ပြီး ဘယ်လိုလဲဟူသောပုံစံဖြင့် မေးငေါ့ပြလိုက်၏။

ငလုံးလဖယ်ကလည်းခေသူမဟုတ်...

ငလုံးလဖယ်။ ။

မှန်လှပါ ထိုကိစ္စမှာမခက်ပါဘုရား အရှင့်ထံတွင်ရှိသော အရိန္ဒမာလှံ နှင့်ဖြေရှင်းလျှင် ရပါသည်ဘုရား။

အနော်ရထာ။ ။
ဟဲ့ငလုံး မြန်မြန်ဆက်တင်စမ်း ငါကိုယ့်တော့လှံနဲ့ဘယ်လိုလုပ်ရမတုန်း ...။

ငလုံးလဖယ်။ ။
မှန်လှပါ အရှင်ဘုရား၏ ဘိုးတော်သိကြားမင်းဆက်သထားသော အရိန္ဒမာလှံအား ကိုကြီး ကျန်စစ် ကိုငှားလိုက်ပါဘုရား ပြီးလျှင်ဖြင့် တရုတ်ဖြူများ ဆောက် လုပ်ထားသော ရေကာတာကြီးကို ထိုအရိန္ဒမာ လှံတော် ဖြင့် ပစ်ဖောက်လိုက်ပါလျှင် ရေကာတာကျိုးသွားပြီး တရုတ်ဖြူတို့အကြံ အစည်များပျက်စီးသွားဖွယ်ရှိကြောင်း တင်လျောက်ပါသည်ဘုရား။

ထိုသို့သာလျှင် လှံရှစ်ချောင်း ထမ်းရမယ့် တာဝန်ကိုသူယူရတော့မည်ကိုသိသဖြင့်စိတ်ပျက် သွားလေ၏။

အနော်ရထာ။ ။
ကဲကဲ ပြောနေကြာတယ် ကိုယ့်တော့် လက်တော့ နဲ့ ဘိုးတော်သိကြားမင်း ၀က်ပေ့ခ်ျ ထဲဝင်လိုက်မယ် မောင်မင်းများ။

။ ။ သင့်မြတ်လှကြောင်းပါဘုရား ...

ထို့နောက် ဘ၀ရှင်မင်းတရားကြီးသည်သူ၏လက်တော့ကို ထုတ်ယူ လိုက်ုပြီး ပါဝါ ဖွင့်လိုက်၏။ ထို့နောက် ဂိုဂဲလ် အားခေါက် လိုက်ပြီးလျှင် ငလုံးလဖယ်ပြောသော ဘိုတော်သိကြားမင်း ၏ ၀က်ဆိုက် လိပ်စာကို အလျင်အမြန်ပင်ရိုက်ထည့်လိုက်လေ၏။

ထို့နောက်တွင်တော့ လုပ်ဒင်းမှအ၀ိုင်းလေးလည်နေသည်ကို အနော်ရထာမင်းစော စိတ်မရှည်စွာနှင့်ကြည့်နေလေသည်။ ပေါ်လာပါပြီ ....။ သို့သော်လည်း ထိုပေါ်လာသောစာကြောင့်
ဘ၀ရှင်မင်းတရားကြီးအနော်ရထာမှာ နောက်သို့ပက်လက်လန် ကျသွားရှာသည်။ သည်တစ်ကြိမ်တွင်တော့ မိဘုရားစောလုံလဲ မမီလိုက်ချေ ပေါ်လာသည့်စာမှာတော့ ။ အနီရောင်နောက်ခံကြီး နှင့်

Access has been Denied ဟူ၍ဖြစ်လေသည်။ ။

Kyaw Min Lwin


--
KiKie


No comments:

Post a Comment