Thursday 29 September 2011




Posted: 27 Sep 2011 08:08 AM PDT
ရဲဘော်အပေါင်းခင်ဗျား

ထိုင်းဝန်ကြီးချုပ် ယင်လတ် ဟာ မြန်မာနိုင်ငံကိုမကြာခင်သွားရောက်ပါတော့မည် ။ ၀န်ကြီးချုပ်ရဲ့ခရီးကို ကြိုဆိုပါသည် ။ ဒေါ်စု နင့်တွေ့ ဆုံဆိုသည်ကိုလဲ ကြိုဆိုပါသည် ။

သို့ သော် မြန်မာခရီးစဉ်တွင် ၁၉၉၈- ခရစ်စတီကျွန်းပေါ်မှာ မြန်မာ-၅၁- ဦး ( ကလေးငယ်များအပါအ၀င် ) နင့် ပိုအရေးကြီးသည်က ထိုင်းငါးဖမ်းသမား ၂၂-ဦးကိုသတ်ခဲ့သော လူသတ်သမားလျှပ်စစ်ဝန်ကြီးဇော်မင်းကို တွေ့ ဆုံခြင်း လုံးဝ မပြုလုပ်ရန်အတွက် ရဲဘော်အားလုံး ၀ိုင်းဝန်းပြီး သတင်းဌာနကြီးတွေကနေ အမြန်ဆုံး သတင်းထုတ်ပြန်ပေးကြပါရန် ပန်ကြားပါသည် ။

ထိုင်းဝန်ကြီးချုပ်အနေဖြင့် ဒီခရစ်စတီးကျွန်းပေါ်မှာ ထိုင်းလူမျိုးများအသတ်ခံရတဲ့ ကိစ္စကို ထိုင်းလူမျိုးတွေအပေါ်မှာ သစ္စာမဖေါက်သူအဖြစ်ပြသလိုပါလျှင် ဒီကိစ္စကို ယခုခရီးစဉ်မှာ မြန်မာဘက်က ဖြေရှင်းချက်ကို တောင်းဆိုပေးပါရန် အတွက် ထိုင်းအတိုက်အခံ ပါတီများကို မြန်မာအတိုက်အခံများမှ ဆက်သွယ်နိုးဆော်ထားကြပါရန် နိုင်ငံရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်တွန်းပါသည် ။ ဒီလူသတ်မှုဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်၏ အကိုအရင် သက်ဆင်ရှင်န၀တ် လက်ထက်မှာ ဖြစ်ခဲ့တာမို့  ယင်လတ်အနေဖြင့် ဒီကိစ္စကို ရေငုံနုတ်ပိတ်နေမည်ဆိုလျှင် ထိုင်းလူမျိုးတွေအပေါ် သစ္စဖေါက်ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားရန်ကိုပါ တောင်းဆိုပါသည် ။

တဖန် အာဆီယံ အစည်းအဝေးများ သဘောတူညီချက်များ စာချုပ်များမှာလည်း ဒီလူသတ်သမားလက်မှတ် များ ပါရှိခဲ့ပါက နောင်တက်လာမည့် မြန်မာအစိုးရမှ အသိအမှတ်မပြုရေး နိုင်ငံတကာ ( ဒီမိုကရေစီ နိုင်ငံကြီးများ ) ကလည်းဒီလူသတ်သမားလက်မှတ်ပါလာရင် အသိအမှတ်မပြုရေးကို ၀ိုင်းဝန်းဆော်သြပေးကြပါရန် တိုက်တွန်းပါသည် ။

နောင်တက်လာမည့်အစိုးရအနေဖြင့် ဒီလူသတ်သမားနင့်ချုပ်ဆိုထားသော စာချုပ်များအားလုံးဟာ အလိုလိုပျက်ပြယ်နေပြီဖြစ်ကြောင်း အတိုက်အခံ နိုင်ငံရေးအင်အားလုံး ( ပြည်ပအင်အားစုများအပါအ၀င် ပြည်တွင်းမှ တာဝန်ယူရဲသော တရားဝင်နိုင်ငံရေးပါတီများအပါအ၀င် ) လက်မှတ်ထိုးတောင်းဆိုပြီး အာဆီယံ နင့်တကွ နိုင်ငံတော်အစိုးရကိုပါတရားဝင်း အကြောင်းကြားစာ ပို့ ထားကြပါရန်တိုက်တွန်းပါသည် ။

မြန်မာအစိုးရအနေဖြင့်လည်း တစ်နေ့ နေ့  တစ်ချိန်ချိန်တွင် နိုင်ငံတကာစစ်ခုံရုံးပေါ်တက်ရမည့် လူသတ်သမားများမြန်မာအစိုးရအဖွဲ့ တွင်မရှိပါကြောင်း အာမခံချက် ကို တာဝန်ရှိရှိ ( တာဝန်ယူပြီး ) ထုတ်ပြန်ပေးပါရန်တောင်းဆိုလိုက်ပါသည် ။

အားလုံးကို အထူးပန်ကြားလိုက်ပါသည်

လှိုင်မြင့်

ထပ်ဆင့်အနေဖြင့် ဒီလူသတ်သမားကို ၀န်ကြီးအဖြစ်ဆက်ခန့် ထားလျှင် မကြာခင် ဒီကြံ့ ဖွတ်အစိုးရကြီး ပါပြုတ်ကျသွားစေမည့်အထောက်အထားများ ထုတ်ပြန်ပေးပါမည် ။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment