Friday 30 September 2011





~ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာ ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ~

Posted: 28 Sep 2011 08:37 AM PDT


"ထလော့ မြစ်မင်းဧရာ" အစချီထားတဲ့ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ကြောင်း...။
ထိုပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးသည် လူတို့၏ ပယောဂများကြောင့် အမျိုးမျိုးပျက်စီးနေရာမှ မြစ်ဆုံရေကာတာတည်ဆောက်ရေးလုပ်ငန်း၏ အန္တရာယ်ကို ပညာရှင်များ၊ ပြည်သူများက ကန့်ကွက်နေသည်ကို ကြားရသောအခါ ထိုကိစ္စသည် မြန်မာ့အလှ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘ၀ကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသငြိမ်းချမ်းရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း၊ ဧရာဝတီမြစ်ဆုံရေတွေ စီးပါစေ၊ ကျည်ဆံတွေ မစီးပါစေနှင့် …" ဟု ဖော်ပြထားကြောင်း.......။

ရေတွေစီးပါစေ ... ကျည်ဆံတွေ မစီးပါစေနှင့် "ထလော့ မြစ်မင်း ဧရာ" မြပင်လယ်မှ ရေတွေ ဘယ်ရောက်နေပြီလဲ မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ စစ်ကိုင်းတောင်မှ ပိတောက်ရနံ့တွေ ဘယ်ရောက်နေပြီလဲ မြစ်မင်း ဧရာဝတီ ထလော့ လှလော့ ကလော့ ထလော့ ဧရာဝတီ ရေတွေစီးလော့



You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment