Tuesday 11 October 2011








ဆည်တမံ ကျိုးပျက်ရာမှ ရေကြီးမှု ဖြစ်ပွားလျှက်ရှိသော ပြည်အနီးရှိကျေးရွာသို့ ကူညီနိုင်ကြရန်..

ဆည်တမံ ကျိုးပျက်ရာမှ ရေကြီးမှု ဖြစ်ပွားလျှက်ရှိသော ပြည်အနီးရှိကျေးရွာသို့ ကူညီနိုင်ကြရန်..

ပြည်မြို့မှ မြောက်ဘက်သို့ အထွက် ၅ မိုင်ခန့်အကွာ မတောင်းတရွာဆိုသည့် ရွာငယ်လေးနှင့် အနီးဝန်းကျင်ရှိ ရွာငယ်တချို့တွင် မိုးရွာသွန်းမှုနှင့် ဆည်ရေစီးဝင်မှု များပြားမှုကြောင့် ဆည်တမံငယ်နှစ်ခု ဖြစ်သော မတောင်းတကြီးနှင့် မတောင်းတလေးတို့ ကျိုးပျက်ရာမှ ယခုလက်တလောအတွင်း ရေကြီးမှု ဖြစ်ပွားခဲ့ပါသည်။

ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သော ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) မှ ဆရာတချို့နဲ့အတူ အဆိုပါ ရေကြီးမှု ဖြစ်ပွားရာ နေရာကို သတင်းကြားသိသိခြင်းသွားရောက်ကာ ကူညီပေးနိုင်မည့် အနေအထားများကို စနည်းနာမှု ပြုလုပ်ခဲ့ရာမှာ အိမ်ခြေ ၂၅၀ ခန့်၊ လူဦးရေ ၁၅၀၀ ခန့်တို့အနေဖြင့် ရေဘေးဒုက္ခကို ရင်ဆိုင်နေခဲ့ရတာကို ကိုယ်တိုင် သိရှိမြင်တွေ့ခဲ့ရပါသည်။

အချို့သော ရေဘေးဒုက္ခသည်အချို့ကို ပြည်မြို့လေယာဉ်ကွင်းသို့ ခေါ်ဆောင်ကာ ယာယီနေရာချ စောင့်ရှောက်ထားတာကို တွေ့ရှိခဲ့ရပြီး အချို့မှာတော့ ခေါ်ယူဖို့ပင် အခက်အခဲရှိနေသည့်အတွက် နီးစပ်ရာ ရေလွတ်သည့် ဘုန်းကြီးကျောင်းများတွင် ထားရှိကာ စောင့်ရှောက်ထားရသည်ကို ကနေဦးသတင်းများအရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိနိုင်ဖို့အတွက် ရေဘေးခံစားနေရတဲ့ ရွာဖြစ်တဲ့ မတောင်းတရွာသို့ ချက်ချင်းပင် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် သူငယ်ချင်းလေးယောက်တို့ သွားရောက်ကြသည်။

အကွာအဝေးအားဖြင့် ပြည်မြို့အထွက်ဂိတ်ကနေ ၅ မိုင်ခန့်ဝေးတဲ့ အဆိုပါ မတောင်းတရွာလေးဆီကို ပုံမှန်အားဖြင့် အလွန်မြန်ဆန်တဲ့ အချိန်တွင်း ရောက်ရှိသွားနိုင်ပေမဲ့ လမ်းခုလတ်မှာ ရေကျော်နေတဲ့အတွက်ကြောင့် ဆိုင်ကယ်ပျက်ခြင်း လမ်းဆင်းလျောက်ရခြင်းများ ပြုလုပ်ခဲ့ရသည့်အပြင် ရွာသို့ သွားရောက်ရန် တစ်ခုတည်းသော လှည်းလမ်းမှာလည်း အတော်ပင် ပျက်စီးနေတဲ့အတွက်ကြောင့် ခြေလျှင်သွားရောက်ခဲ့ရသည်။

ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာ ရေကြီးမှု ဖြစ်ပွားပြီး တစ်ရက် အကြာ ဖြစ်သောကြောင့် တစ်ပေခွဲခန့် ရေပြန်ကျသွားပြီဟု လမ်းခရီးမှာ တွေ့ခဲ့ရတဲ့ ရေဘေးဒုက္ခသည်အချို့ရဲ့ ပြောပြချက်အရ သိရပြီး မကြာခင်မှာဘဲ မတောင်းတရွာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။



ရွာထိပ်၌ နွားများ နှင့် ၀က်များကို ကုန်းမြင့်နေရာများမှာ ထားထားတာကို မြင့်တွေ့ရပြီး ရေကြီးသော ရွာအတွင်းကို သွားရောက် ကြည့်ရှုချင်တာကြောင့် ဆက်လက်ပြီး လမ်းပြခေါ်ကာ သွားရောက်ခဲ့သော အခါမှာတော့ ရွာ၏ လမ်းအတိုင်း ခါးအထိ ရေနစ်မြုပ်နေခဲ့သလို တဖြည်းဖြည်းချင်း ရင်ခေါင်းအထိ နက်လာခဲ့သည်။ အချို့နေရာများ၌ အိမ်များမှာ ခေါင်သို့မဟုတ် သက်ကယ်အမိုးကိုသာ မြင်တွေ့ခဲ့ရပြီး တချိုမှာတော့ သစ်အိမ်ရဲ့ အောက်ထပ်ဟာ လုံးဝကိုနစ်မြုပ်နေတာကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ခဲ့ရသည်။ ရွာအတွင်း၌ လူသူ မရှိသလောက်ဖြစ်နေခဲ့တာကို မြင်တွေ့ရသောကြောင့် မေးမြန်းကြည့်သော အခါမှာတော့ ရေကြီးမှု ဖြစ်တဲ့ ညက သက်ဆိုင်ရာရဲ့ ကြိုတင်အကြောင်းကြားမှုကြောင့် ညတွင်းချင်း အမြန်ပြောင်းရွေ့နိုင်ခဲ့လို့ မည်သည့် အသက်ဆုံးရှုံးမှုမှ မရှိခဲ့ကြောင်း ရွာထဲမှာ အစာရေစာခက်ခဲသွားတဲ့အပြင် ဆည်များပတ်လည်ဝန်းရံနေတဲ့ ရွာလေးဖြစ်တာကြောင့် ထပ်မံပြီး ရေကြီးလာနိုင်သေးသည့် အတွက် ကုန်းမြင့်နေရာများ ဘုန်းကြိးကျောင်းများနှင့် ပြည်မြို့လေယာဉ်ကွင်းများသို့ ယာယီအားဖြင့် ပြောင်းရွေ့နေထိုင်နေကြရကြောင်း သိရှိခဲ့ရပါတယ်။

ထို့အပြင် ရေအ၀င်များနေတဲ့ တောင်န၀င်းဆည်၊ သာစည်ဆည်တို့ကလည်း နောက်ထပ် ၇ပေခန့် ရေထပ်လွတ်ချရဖို့ ရှိနေတဲ့အတွက်ကြောင့် ရေ ထပ်မံကျသွားဖို့ အရိပ်အယောင် မရှိသေးကြောင်း လက်ရှိမှာ ထမင်းထုပ်များနဲ့ သောက်ရေကိုသာ နီးစပ်ရာ အလှူရှင်များ ဝေငှပေးလို့ ရရှိစားသောက်ရကြောင်း သိရပါတယ်။ အခြားသော အထောက်အပံအဖြစ် တစ်ဦးကို မာမီခေါက်ဆွဲ ၂ထုပ်စီသာ ယခုအချိန်ထိ ရရှိထားသေးတယ်လို့ သိရတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ မြင်ကြည့်တဲ့အခါမှာ လက်ရှိ ရေကြီးမှုဟာ နောက်ထပ် ရက်၁၀ရက်ခန့်နဲ့ ကျသွားဖို့ မရှိသေးတာကြောင့် နောက်ပိုင်းမှာ အလှူရှင်များ လျော့နည်းလာနိုင်သလို အခြားသော အစာခြောက်များကိုလည်း ဝေငှပေးနိုင်ဖို့ မရှိကြောင်း အစရှိသည်တို့ကြောင့် ဘီစကစ်၊ ခေါက်ဆွဲခြောက် အစရှိတဲ့ အစာခြောက်များနှင့် အခြားသော တကိုယ်ရေသုံး ပစ္စ္စည်းများကို ထောက်ပံ့ပေးလိုတဲ့ ဆန္ဒဖြစ်ခဲ့ရသည်။



လက်ရှိအချိန်မှာ အဆိုးဝါးဆုံး မဖြစ်သေးသော်လည်း နောက်ထပ် ရက်အနည်းငယ်တွင်းမှာ ဒုက္ခသည်များအဖို့ အထောက်အပံများ လျော့နည်းလာနိုင်တာကို မြင်တွေ့နေရသည်။  ဒုက္ခသည်များ၏ အိုးအိမ် အတော်များများမှာလည်း အတော်လေး ပျက်စီးသွားခဲ့ပြီး ဖြစ်တာမို့ မက်ဖန်မိသားစုအနေနဲ့ ယခင်အကြိမ်များကဲ့သို့ပင် စုပေါင်းပြီး ရေဘေးဒါဏ်ခံနေရတဲ့ မတောင်းတရွာလေး  ရှိ ရေဘေးသင့် ပြည်သူများအတွက် တတ်နိုင်သလောက် အကူအညီပေးနိုင်ရေး စတင် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။

ကူညီမှုအဆင့်များ အနေဖြင့် ထမင်းနှင့် စားစရာများ  ဝေငှခြင်း၊
ဆေးဝါး များ အကူအညီပေးခြင်း များ စတင်ပြုလုပ်သွားမည် ဖြစ်ပါသည်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန်...




ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 401, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း -559377 Ext: 6411

ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး Saving Account
Account No.      0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name.  U ZAW LWIN WIN
သို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။

ကိုရီးယားနိုင်ငံ

ထူးကိုကို (ကိုဂျာရက်)
ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂
Woori Bank




ဖုန်းနံပါတ် ..010 -3434-6184
လိပ်စာ-
1360-8 , Jung Wang -Dong,
Siheung-City , Kyungki-Do , Korea
( 2 Ra – 509, Sihwa Industrial Complex )
 




စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသန့်ဇင်ဝင်း
အယ်ဒီတာ (Mutdfan.com)
(potatothant@gmail.com)
ဖုန်း – ၉၀၉၄၀၂၈၁…၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)

မခင်စုယဉ်
suuyin@gmail.com
Ph: 93887207
စင်္ကာပူ…
Bank Account
 
{ POSB Savings , 248-06784-5 }



မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
ဆရာတော်ဥုးစရိယ
( စရိယာရာမကျောင်း )
No.4. Jalan Chawan 6/21, Section 6, 46000 Petaling, Jaya.
ဆရာတော်ဦးစရိယ- ၀၁၆၆၂၆၄၆၄၂
လမ်းညွှန်။     ။ KL( Pasar Sini) မှ U-66 စီး  Section 6, Caltex ဓာတ်ဆီဆိုင်မရောက်ခင် ဆင်းပါ၊ ပူထရာLRT ရထားစီးလျှင် Taman Jaya (တမန်ဂျာရာ)

ရုရှားနိုင်ငံမှ အလှူငွေလက်ခံပေးမည့်  ကိုယ်စားလှယ်များ



ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)
+79037894871
mincansi@gmail.com

ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)
+79851335345
saisyant@gmail.com




Online မှ လှူဒါန်းလိုပါလျင်..





အလှူရှင်များစါရင်း

- ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်)                              -   ၄၄၃၀၀ ကျပ်
- မလေးရှားနိုင်ငံ စရိယာရာမကျောင်း ဆရာတော်ဦးစရိယ နှင့် ဒါယကာ၊ ဒါယိကာမ   -၂၀၀၀၀၀ ကျပ်











No comments:

Post a Comment