Tuesday, 22 November 2011


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲအပြီးသမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ

Posted: 19 Nov 2011 06:25 PM PST

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့တွေ့တဲ့အခါမှာ ဘယ်လိုအချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -

ဒေါ်ခင်စိုးဝင်း။ ။ "အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာ မြန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။"

ဦးသိန်းစိန်။ ။ "တိုက်တိုက်ဆိုင်ဆိုင် ဒီအစည်းအဝေးမှာ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သူ ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာရှိပါတယ်။ အကုန်လုံး ပကတိ အကောင်းချည်းပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့်ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့် ဟာတွေကိုလည်း ကျနော်တို့ကို ပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီ ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ်ပြောရမှာပေါ့။ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာမယ် ဆိုတဲ့ဟာက ကျနော် ထင်ပါတယ်၊ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ မရှိခဲ့တဲ့ဟာပါ။ ဒါလည်း ကျနော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေတရပ်လို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။"

ဒေါ်ခင်စိုးဝင်း။ ။ "မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးကြတဲ့နေရာမှာ ဒီမိုကရေစီ ထွန်းကားပြီးသား၊ ရင့်ကျက်ပြီးသား အနောက်နိုင်ငံတွေက လိုချင်တဲ့ပုံစံမျိုးလို တထပ်တည်း ဖြစ်အောင် လုပ်လို့မရပေမဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ ရနိုင်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။"

ဦးသိန်းစိန်။ ။ ဒီမိုကရေစီ ရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည်အေးချမ်းဖို့ဆိုတာမှာ ၂ ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း တူညီအောင် ညှိကြတဲ့အပိုင်းပေါ့။ တခါ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ သဘောထား အမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျှော့နည်းလာတယ်။ အခုလိုပဲပေါ့ ဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ တွေ့ကြပြုကြ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ရဲ့ စိတ်စေတနာတွေ လည်း နားလည်သွားတယ်။ ကျနော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာဆိုရင် အပြုအမူတွေ အပြောအဆိုတွေ ဒါတွေကလည်း ကျနော်တို့ အများကြီးပြောင်းလဲသွားတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်ပကနေပြီးတော့လည်း လိုက်ပြီးတော့ ပြောင်းတယ်။"

ဒေါ်ခင်စိုးဝင်း။ ။ "မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။"

ဦးသိန်းစိန်။ ။ "ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက်ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။ ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။"

ဒေါ်ခင်စိုးဝင်း။ ။ "ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။"

ဦးသိန်းစိန်။ ။ "ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။ သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။"

ဒေါ်ခင်စိုးဝင်း။ ။ "သမ္မတ ဦးသိန်းစိန်က အာဆီယံ မိသားစုဝင်ဖြစ်တာနဲ့အညီ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို မဖြစ်မနေ လုပ်သွားရမယ့် ၀တ္တရားရှိတယ်လို့ ပြောရင်း လုပ်စရာအလုပ်တွေလည်း အများကြီးရှိသေးကြောင်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား စီမံကိန်းဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် နဲ့ ဦးစစ်အေး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ထူးထူးခြားခြား မြန်မာသတင်းသမားတွေကို တွေ့ဆုံတယ်ဆိုတာဟာလည်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲက ရှေ့ဆက်လှမ်းတဲ့ခြေလှမ်း လို့ပဲ ကောက်ချက်ချရမလား စဉ်းစားစရာပါပဲ။"

(Voa)


ရေဘေးဒုက္ခသည်များထံ "ဒွေး" ရောက်ပြီ

Posted: 19 Nov 2011 06:09 PM PST







ရေဘေးဒုက္ခသည်များထံ "ဒွေး" ရောက်ပြီ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ၊ ဆေးဝါးကုသမှုများ၊ ပညာရေးကိစ္စရပ်များအား နေ့စဉ်မပျက် (အခမဲ့) ပေးဆပ်လျှက်ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော အများပြည်သူ တို့ ထံသွားရောက်၍လည်းကူညီဖေးမမှုများ ပြုလုပ်ပေးလျှက်ရှိရာ ၁၆.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ အင်းတော၊ မြောက်စုနှင့် တောင်စုကျေးရွာရှိ အိမ်ခြေ (၁၅၀)ခန့် နေထိုင်သော ရေဘေးဒုက္ခသည်များထံသို့၎င်း၊ ၁၇.၁၁.၂၀၁၁ ရက်နေ့တွင် လနယ်လမ်း၊ သရဖီ၊ ရွာသာအေး၊ မြေချား၊ သရက်လေးပင်၊ သပွတ်စု၊ တောင်ချို၊ ဒေါင်းသာအစရှိသည့် ကျေးရွာများရှိ အိမ်ခြေ (၁၀၀၀)ကျော် နေထိုင်ကြသော ရေဘေးဒုက္ခသည်များထံသို့၎င်း၊ ၁၈.၁၁.၂၀၁၁ ရက်နေ့တွင် ရှားတော၊ ထန်းတစ်ပင်၊ သရက်တောကျေးရွာများသို့၎င်း၊ ၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်ချောင်း၊ စမ်းရေခုန်၊ ဆူးပုတ်ခုန်ကျေးရွာများသို့၎င်း ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်များ၊ စောင်၊ အ၀တ် အထည်၊ ခြင်ထောင် အစရှိသောအသုံးအဆောင်ပစ္စည်းများကိုကားတစ်တန်၊ လှေတစ်တန်၊ နွားလှည်းတစ်တန် ဖြင့် ခဲရာခဲဆစ် သွားရောက်၍ ကူညီဖေးမမှုများကိုဒေသခံပေါက်မြို့နယ်ရှိ လူမှုရေးသမားများနှင့် ပူးပေါင်းကာ လှူဒါန်းလျှက်ရှိသည်။

၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သောနာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒွေး ရုပ်ပုံပါ တီရှပ်အင်္ကျီအားဒေသခံရေဘေးဒုက္ခသည် ရွာသူရွာသားများထံသို့ ဝေငှလှူဒါန်းမှုကိုပါ ပူးတွဲ၍ လှူဒါန်းကူညီထောက်ပံ့မှုကို ပြုလုပ်ခဲ့သည်။ ဒွေး ရုပ်ပုံပါ တီရှပ်အားနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဒွေး၏ ဇနီးဖြစ်သူမမိုးမိုးမှ တဆင့်လူကြုံပါး၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရေဘေးဒုက္ခသည် ရွာသူ/သားများအနေဖြင့် မိမိတို့ ကြုံတွေ့ နေရသောအပူသောကများကို ရုပ်ရှင်သရုပ်ဆောင် ဒွေးမှ ငြိမ်းအေးပေးလိုက်သကဲ့သို့ ပျော်ရွှင်ကြည်နူးစွာဖြင့် တွေ့ကြုံခဲ့ရသည်ဟုနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဘေးကယ်ဆယ်ရေးသို့ လိုက်ပါသွားသည့် အသင်းသားများထံမှ သိရှိခဲ့ရသည်။

ထို့ကြောင့် ပခုက္ကူရေဘေးဒုက္ခသည်များအားလူသားချင်းစာနာစိတ်ဖြင့် လှူဒါန်းကူညီပံ့ပိုးကြသော မြန်မာပြည်သူလူထုအလှူရှင်များနှင့်တကွ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် ဒွေးတစ်ယောက်သည်လည်း ရောက်ရာဘုံဘ၀မှ ကျေနပ်စွာဖြင့် သာဓု … သာဓု … သာဓုဟုခေါ်ဆိုလိုက်ပါတော့ . . . . ။

ကိုကျော်သူ


မျက်မှောက်ရေးရာ မြန်မာ့ဒီမိုကရေစီအရေးအကြောင်း ထုတ်လွှင့်သွားသောဂျပန်နိုင်ငံtbsသတင်းဌာနမှသတင်း(ရုပ်သံ) -ဘာသာပြန်

Posted: 19 Nov 2011 09:32 AM PST


အင်ဒိုနီးရှားနိုင်ငံဘာလီမှာကျင်းပတဲ့ East Asia Summitအစည်းအဝေးထဲ မှာ အင်အားကြီး ၂နိုင်ငံဖြစ်တဲ့အမေရိကနဲ့တရုတ်တို့ရဲ့ကြား မြန်မာ့ဒီမိုကရေစီအရေး အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ ဖိအားပေးခံနေရတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်..

မြန်မာ့ဒီမိုကရေစီအရေးအတွက်ပြုပြင်ပြောင်းလဲမှုတချို့ပြုလုပ်လာတယ်ဆိုပြီး ၂၀၁၄ခုနှစ်အတွက် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်

အမေး.. သမတကြီး ၀မ်းသာနေလား?
ဟာ ပြောစရာမရှိအောင်ဘဲ..

အမေရိကန်သမ္မတအိုဘားမားကနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အားမြန်မာနိုင်ငံသို့လာမည့်ဒီဇင်ဘာလတွင်စေလွှတ်မှာဖြစ်ကြောင်းကြေငြာချက်ထုတ်ခဲ့ပါတယ်..

ဂျပန်ဝန်ကြီးချုပ် NODAနဲ့တွေ့ဆုံပြီး ဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)ကို ဂျပန်နိုင်ငံမှ ပြန်လည်ပေးအပ်တော့မဲ့သဘောတူညီတဲ့ခွင့်ပြုချက်လည်းရခဲ့ပါတယ် ( ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း)

အမေရိကန်အနေနဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအမြန်ဆုံးဖြစ်မြောက်ရေးဖိအားသုံးဆောင်ရွတ်နေပြီး အမေရိကန်-မြန်မာ သမိုင်းစာမျက်နှာသစ်စတင်ဖွင့်လှစ်နိုင်မနိုင်ဆိုတာပါဘဲ( အမေရိကန်သမတ အိုးဘားမား)

အခုတကြိမ် အမေရိကန်က မြန်မာ့စီမိုကရေစီအရေးတိုးတက်ပြောင်းလဲဖို့လုပ်နေတဲ့ မြန်မာပြည်ရဲ့ကြောထောက်နောက်ခံနိုင်ငံဟာ တရုတ်ဖြစ်နေပါတယ်..

တရုတ်နိုင်ငံဟာမြန်မာပြည်ရဲ့ အရေးအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံpartner ဖြစ်နေပါတယ်..

မြန်မာပြည်ဟာ သဘာဝအရင်းအမြစ်တွေပေါကြွယ်ဝတာတခုထဲမဟုတ်ဘဲ ပင်လယ်ပြင်လုံခြုံရေးအချက်အချာအထူးအရေးကြီးတဲ့နေရာဖြစ်နေပါတယ်..အမေရိကန်နဲ့အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံကို စီးပွားရေးလက်ဝါးကြီး အုပ်လုပ်ခွင့် ရနေပါတယ်.. အမေရိကန်သမတ အိုးဘားမား ဟာမြန်မာနဲ့ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးသြဇာအာဏာမချယ်လှယ်၊ မဦးဆောင်နိုင်စေဖို့ ဖြစ်ပါတယ်

ဒီလိုဖြစ်နေတဲ့ကြားထဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.

အထီးကျန်တဲ့ မြန်မာနိုင်ငံဟာနိုင်ငံတကာအသိုင်းအ၀ိုင်းအဖွဲ့အစည်းထဲကို အတောင်စုံလင်စွာနဲ့ခြေထောက်ချခွင့် ပြန်လည်ရရှိခဲ့ပြီး တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်အားစမ်းတဲ့ပွဲလို့ မျှော်လင့်ရပါတယ်..

ဘာသာပြန်..Thanhtut


၂၀၀၈ ဖွဲ့စည်းပုံ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တမတ်သားပါလီမန်ထဲအထိတော့ လိုက်၍မထောက်ခံနိုင်ပါ၊

Posted: 19 Nov 2011 08:11 AM PST

( သံဒုတ် )

ရဟန်ရှင် ပြည်သူလူထုနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်မိတ်ဆွေများခင်ဗျာ ......

တလေးတစား သဘောထားအမြင်ကို တင်ပြတာဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင်တော့ NLDက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်မကိုင်စွဲတော့ဘူးလို့ ပြောလိုက်တာ ပါပဲ။ အခြေအနေ အချိန်အခါနဲ့ မကိုက်ညီဘူးဆိုတဲ့သဘောမျိုးပြောနေတာတော့ကြာပြီ။ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပြီး ပါလီမန်ထဲက အကောင်အထည်ဖေါ်တော့မယ်လို့ တရားဝင်ကြေငြာလိုက်တာလို့ နားလည်းပါ တယ်။ ဒါက ဘာကိုပြသ လဲဆိုရင် NLD ကိုတိုင်က အတွေးအခေါ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှု ကတဆင့် ဖြစ်ပေါ်ပြောင်း လဲချက် တွေ လို့ပြောရမှာပါပဲ။

စစ်အစိုးရက ၁၉၉၀ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့ပုံက ခပ်ပေါ့ပေါ့ ခပ်ပျက်ပျက်နိုင်လှတယ်လို့ သဘောထားပါတယ်။ NLD ကလဲ ဒီလောက်ဆို ကြေနပ်တဲ့သဘော ရှိပုံရပါတယ်။

ကျွန်တော်နားလည်ထားတာက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲက တဆင့် ဒီမိုကရေစီ ရအောင်လုပ် ဖို့ ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုမဲပေးခဲ့တာ မဟုတ်ဘူးလို့သာ နားလည်ထားပါတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ NLD ပါတီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပါတီကိစ္စ လို့ပဲသဘောထားပါတယ်။ ပြည်သူလူထုက ရွေးတဲ့လမ်းမဟုတ်ဘူး၊ NLDရဲ့ ရွေးလမ်းပဲဖြစ်ပါတယ်။ ဒီအခြေအနေရောက်သွားတာ လဲအံသြ စရာတော့ မဟုတ်ပါဘူး၊ နောက်ဆုံးတော့ ဒီအခြေအနေဆိုက်သွားပါလားလို့ ဆိုရမယ်ထင်ပါတယ်။

သေချာတယ် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံလို့မရပါဘူး၊ ရွေးကောက်ပွဲနဲ့ စစ်တပိုင်း ပါလီမန်က တဆင့် ဒီမိုကရေစီမရနိုင်ဘူးလို့ပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်၊ ဒါကြောင့် ၂၀၀၈ဖွဲ့စည်းပုံကို လေးစား လိုက်နာ ပြီးမှလုပ်ရမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စများတွင် NLDက ပြည်သူလူထု အကျိုးအတွက် ရွေးကောက်ပွဲတွင် ၀င်ရတာပါလို့ပြောလာလျှင်ပင် ထောက်ခံရန် အခက်အခဲရှိလာ ပါတယ်။

ဗမာပြည်ဒီမိုကရေစီရရှိရေး၊ လူအခွင့်ရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး ရရှိရန်မှာ NLD ၏ယခုရွေးလမ်းလောက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလိုတော့ မြင်ပါတယ်။ ပါလီမန်ထဲကနေ ဖွဲစည်းပုံ အခြေခံ ဥပဒေကိုပြုပြင်နိုင်မလား။ အမျိုးသားရင် ကြားစေ့ရနိုင် မလားဆိုတဲ့ မေးခွန်မှာ NLDနဲ့ ကျွန်တော်တို့ကြားမှာ သဘောထားမတူတဲ့အတွက် အဖြေလဲ မတူနိုင်ပါဘူး၊

ဗမာပြည်နိုင်ငံရေးဟာ ယခင်ကထက်ပိုရှုပ်ထွေးပြီး ပြသနာတွေလည်း ပိုများလာနိုင်တယ်လို့ သုံးသပ် ရပါတယ်။

လူထုရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ တက်ကြွမှုဟာ အရေးကြီးသထက်ကြီးလာသလို လူထုလူတန်း စားတိုက်ပွဲတွေဟာ ပိုများလာနိုင်စရာရှိတယ်လို့ ထင်ပါတယ်။ လူထုလူတန်စားတိုက်ပွဲတွေနဲ့ လူထု လှုပ်ရှားမှုများဟာ သီးခြား လွတ်လပ်စွာ ဖြစ်ပေါ်လာလိမ်မယ်လို့မြင်ပါတယ်။ စစ်အစိုးရက ဖွင့်သလောက်ဘောင်ထဲက လုပ်တဲ့ လှုပ်ရှားမှု များကို ဆိုလိုတာမဟုတ်ပါဘူး၊

အမျိုးသားညီညွတ်ရေးကို စစ်အာဏာရှင်စနစ် ခြေမှုန်းရေး ဆိုတဲ့သဘောထားရပ်တည်ချက် အခြေခံပေါ်က တည်ဆောက်မှသာ ခိုင်မာနိုင်ပါတယ်။ လူထုစည်းရုံးရေးကို ပါလီမန်တွင်း နိုင်ငံရေး လှုပ်ရှား မှုက တည်ဆောက်မယ်ဆိုလျှင် လူထုစည်းရုံးရေး လုပ်ငန်းများဟာ ယာယီ သာဖြစ်နိုင်ပြီး ရေရှည်မှာ အခက်အခဲဖြစ် လာလိမ်မယ်လို့ထင်ပါတယ်။

ပြည်သူလူထုက စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်ယန္တရား၊ စစ်အာဏာရှင်အစိုးရ အကြွင်းမရှိ ချုပ်ငြိမ်းတာကို အလိုရှိတယ်ဆိုတာကို ကျွန်တို့ရင်ထဲမှာ နားလည်သဘောပေါက်ထားဖို့ပါပဲ။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဆိုတာ အများစု လူထုကရွေးလိုက်တဲ့ ဒီမိုကစီပါပဲ။ လူထုရွေး လမ်းဖြစ်ပါတယ်၊ NLD က ပါတီမှတ်ပုံတင်မယ် ရွေးကောက်ပွဲ ၀င်မယ်ဆိုတာ သူတို့ရဲ ရွေးလမ်ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတိုင်နဲ့ နိုင်ငံရေးသမားတိုင်းကတော့ သူတို့သာလျှင် ပြည်သူကို အလုပ် အကျွေးပြုတယ်လို့ ကြွေးကြော် ကြတာပါပဲ၊ မထူးဆန်ပါဘူး။ အချိန်နဲ့ အခြေအနေတွေက ဘယ်လောက်အထိ လူထုကို အကျိုးဖြစ်စေခဲ့သလဲ တာဝန်ကြေခဲ့သလဲ ပြီးမြောက်ခဲ့ သလဲဆိုတာ တွေနဲ့သာ တိုင်းတာရတာပါ၊

အခြေအနေတွေကတော့အမြဲပြောင်းလဲနေတာပါပဲ။ ပြောင်းလဲနေတဲ့ အခြေအနေကိုကြည့်၍သာ ပုံချလိုက်ပါ ပြောင်းလဲနေတာတော့ ဟုတ်ပါပြီ၊ တိုးတက်ဖြစ်ထွန်းမှုတွေဖြင့်လည်း ဆန်းစစ်ဖို့လိုအပ် မယ်ထင်ပါတယ်။

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ကျွန်တို့ရဲ စိုးရိမ်ချက် တွေဟာ ပိုကြီးလာတယ်။ ပြောင်းလဲနေတယ် ဆိုတာတွေက အခြေခံလူထု လူတန်းစား တွေရဲ့ နေထိုင်မှုဘ၀မြင့် တက်ရေးနဲ့ အဖိနှိပ်ခံဘ၀ လွတ်မြောက်ရေးအတွက် အရိပ်အရောင် မတွေ့ သေးဘူး။ ဒါက ဒီနေ့လက်ရှိ နိုင်ငံရေးအခြေ အနေအစစ်အမှန်ပါပဲ။

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် လူထုတော် လှန်ရေး တခု ပေါ်လာရအုံးမှာပါ။ အချိန်သိပ်တော့ မဆောင့်ရဘူးလို့ ယုံကြည်တာပါ၊

တချို့သော နိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပေါ်မှုတွေဟာ ရာသီစာတခုလို ဖြစ်တတ်ပြီး ဘက်ထရီကုန် သံပတ်ကုန် တဲ့အခါ ရပ်သွားတာပါပဲ။။

(သံဒုတ်)
8888peoplepower မေးလ်မှ


သမတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအရာရှိကိုကိုလှိုင်က နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးမယ်လို့ကျိုဒိုသတင်းဌာနကိုပြော

Posted: 19 Nov 2011 07:46 AM PST


Myanmar's President Thein Sein has decided to release all political prisoners in the country, his chief political adviser said Saturday.

''For the release of the prisoners, it's already in the mind of the president,'' Thein Sein's Chief Political Adviser Ko Ko Hlaing told Kyodo News in an interview on the sidelines of the East Asia Summit.

The president believes that political prisoners should be released ''sooner rather than later,'' Hlaing said.

According to Hlaing, Thein Sein has said Myanmar needs ''all the citizens' hands to make a new nation'' and he has invited Myanmarese living in exile to return to help build a new country.

''So why are we maintaining these people in jail? It's a waste of time, a waste of money and a waste of people,'' Hlaing said.

The Myanmar government released about 230 political detainees last month. No further amnesty has been announced, however, prompting speculation that internal dissent is deepening within the government on how to proceed with political reforms.

Hlaing said Myanmar's Ministry of Home Affairs data show there were over 500 political prisoners in the country's jails prior to last month's amnesty and about 300 politicians are still locked up in prisons.

Earlier on Saturday, Thein Sein had a meeting with U.N. Secretary General Ban Ki Moon over breakfast in Bali.

''We discussed about better cooperation between Myanmar and the United Nations,'' Myanmar Foreign Minister Wunna Maung Lwin told reporters after the meeting.

Asked whether there is a plan for the U.N. chief to visit Myanmar, Maung Lwin said, ''There would be, but we are trying to find (a) mutually convenient time.''

Thursday, Southeast Asian leaders attending the ASEAN summit on the Indonesian resort island of Bali approved Myanmar's chairmanship of the grouping in 2014, on the grounds that significant political changes have taken place in Myanmar.

In 2006, Myanmar agreed to forgo its turn for the rotating chairmanship because some ASEAN members at the time feared that the then junta-led government's chairmanship would affect ASEAN's international standing.

U.S. President Barack Obama said Friday Secretary of State Hillary Clinton will visit Myanmar next month, the first visit by a U.S. secretary of state in more than 50 years.

U.S. officials said Clinton will arrive in Myanmar on Dec. 1 for a two-day stay, during which she will visit Myanmar's capital Naypyitaw and its largest city Yangon, and meet with President Thein Sein and other senior government officials, pro-democracy leader Aung San Suu Kyi and civil society representatives.

ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.

==Kyodo



You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment