" အစား "
အန္တရယ်ကောင် ကျားကြီး
လူတွေရဲ့ ကျေးရွာထဲကို ၀င်ရောက်
တွေ့သမျှ ကိုက် ဖြတ် သတ်
ကယ်ပါ ကူပါ အသံများနဲ့
အဲ့ဒါ အရှေ့တိုင်းရုပ်ရှင်ထဲက ပြကွက် . . .
ဒိန်းဂျားရပ် အောဖ့်သည် တိုက်ဂါး
အစားကျူးသည့် ကျား
ဘီယာဆိုင်ထဲမှ ရုပ်ရှင်ကြည့်ပရိတ်သတ်
လူသားစားကျားကြီး ဆိုးကြောင်းညည်းတွား . . .
သူတို့ရဲ့ ရှေ့က အမြည်းခွက်
ဘာဘီကျု့ အသားကင်နဲ့
စစ္စလီ ဌက်ကြော်နဲ့
ပြည်ကြီးငါး သုတ် နဲ့
ငါးရှဉ့်ခြောက်စပ် နဲ့ နဲ့ နဲ့ . . .
ကျားကလူကိုစားတော့ ဆိုးသတဲ့လား
လူက အသားစုံစားတော့ ယဉ်ကျေးမှု့လား
ကဗျာဆရာ ဟာ ဘီယာတစ်ခွက်နဲ့
ကိုယ့်ဦးနှောက် ကိုယ်ပြန်စား . . .
လူက အသားစုံစားတော့ ယဉ်ကျေးမှု့လား
ကဗျာဆရာ ဟာ ဘီယာတစ်ခွက်နဲ့
ကိုယ့်ဦးနှောက် ကိုယ်ပြန်စား . . .
မာဃလုလင်
--
No comments:
Post a Comment