Sunday, 25 December 2011


Posted: 25 Dec 2011 04:37 AM PST
 တရုတ်ရေနံကုမ္ပဏီရဲ့ ကျောက်ဖြူ ကူမင်းရေနံပိုက်လိုင်း စီမံကိန်းမှ ရေးသားထားတဲ့ ဆောင်းပါးအား အများဖတ်ရှုေ
လ့လာနိုင်ရန် အတွက် ဆီလျော်အောင် ဘာသာပြန်တင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ
တရုတ်၊ မြန်မာ ဆွေမျိုး၊ ပေါက်ဖော် ရေနံပိုက်လိုင်း စီမံကိန်း....

၂၀၁၁ အောက်တိုဘာ (၁)ရက်နေ့မှာတော့ မြန်မာတရုတ်၊ ရေနံပိုက်လမ်း သွယ်တန်းရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့
လေးခုမြောက် စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်..။
တောင်တန်းတွေ မြစ်တွေရဲ့ ကြားထဲမှာ ရှိနေတဲ့ တရုတ်၊ မြန်မာ မိတ်ဆွေကောင်း ဆက်ဆံရေးဟာ ယနေ့အထိ
မယိုင်မလဲ၊ မထိမခိုက် တည်ရှိနေပါတယ်..။ ရှေးက တရုတ်စစ်သူကြီး ချန်ရီမြန်မာပြည်ကို ပထမဦးဆုံး အကြိမ်ရောက်
ခဲ့စဉ်က ကဗျာ ၁၀ပုဒ်ထက်မနည်း ရေးသားခဲ့တဲ့ပါတယ်။ အဲ့ဒီအထဲက ကဗျာတပုဒ်ထဲမှာ အဆုံးအစမရှိ
ချစ်ချစ်ခင်ခင် အတူတကွ မြစ်ရေကို အတူတူ သောက်ကြပါစို့တဲ့။ ဒီကဗျာဟာ ခုချိန်မှာတော့
ဆွေးမျိုးပေါက်ဖော် ဆိုတဲ့ အနေအထားနဲ့ နှစ်နိုင်ငံသားတွေ အတူတကွ ဖြတ်ကျော်ခဲ့ကြပါပြီ။ ယနေ့အချိန်မှာေ
တာ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး အသစ်ဖြစ်စဉ်တွေဟာ ၂နိုင်ငံအကြား ဖွံဖြိုးမှုတွေနဲ့အတူ ဖြစ်ပေါ်လာပါပြီ။
လွန်ခဲ့တဲ့ (၆)နှစ်ကစပြီး  ၂နိုင်ငံအကြား သဘောတူညီမှုရခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့
ပိုက်လိုင်း စီမံကိန်းတွေဟာ နောက်ဆုံးမှာတော့ အသေးစိတ် စီမံချက်တွေနဲ့အတူ အမှန်တကယ် ထွက်ပေါ်လာပါပြီ..။
 ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇွန်လ(၃)ရက်နေ့က နေပြည်တော်မှာ ထိုစဉ်က ဝန်ကြီးချုပ်သိန်းစိန်နဲ့ တရုတ်ဝန်ကြီးချုပ်
ဝမ်ကြားပေါင်တို့  လက်မှတ်ထိုးကြေငြာခဲ့တဲ့ ပိုက်လိုင်းစီမံကိန်းဟာ ယခုအခါမှာတော့ အရှိန်အဟုန်နဲ့ စတင်နေပါပြီ။
မြန်မာပြည်ဟာ သဘာဝအလှအပတွေ၊ စိမ်းလန်းတဲ့ တောအုပ်တွေ၊ မြူတွေ တိမ်တွေ
ဝိုင်းရံနေတဲ့ သဘာဝအလှတွေ ပြည်စုံတဲ့နိုင်ငံပါ။ ဒီလို မြေပြင် အနေအထားတွေဟာ ပိုက်လိုင်း
စီမံကိန်းတွေအတွက် အခက်အခဲတွေ ဖြစ်စေသလို ရှည်လျားတဲ့ မိုးရာသီနဲ့ နွေရာသီတွေကြောင့် ပိုက်လိုင်းစီမံကိန်းတွေ
အတွက် ဆိုးကျိုးတွေ ဖြစ်စေပါတယ်..။ ဒါပေမယ့် ပိုက်လိုင်း တည်ဆောက်သူတွေဟာ ဒီအခက်အခဲတွေကို
ရင်ဆိုင်ကျော်လွှားပြီး အရည်အသွေး ပြည့်မှီစွာနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေးကို ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်..။

ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ် ၁ရက်နေ့မှာတော့ တရုတ်၊ မြန်မာပိုက်လိုင်းစီမံကိန်းရဲ့ မြန်မာဘက်အခြမ်းက
အဓိကလိုင်းဖြစ်တဲ့ အမှတ်(B)စီမံကိန်းရဲ့ ပိုက်လိုင်းကို ဂဟေဆော် ဆက်သွယ်နိုင်ခဲ့ပါယ်..။ မြန်မာပြည်ရဲ့
မိုးဥတုနှောင်းပိုင်း မှာတော့ ပိုက်လိုင်းစီမံကိန်းကို အမြင့်ဆုံး အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..။

မီးသူငယ်ချောင်း ဖြတ်ကူးတဲ့ ပိုက်လိုင်းစီမံကိန်းကိုလည်း အောင်မြင်စွာ လုပ်ဆာင်ခဲ့ပါတယ်..။
အားလုံးသော စီမံကိန်းတွေဟာ အောင်မြင်ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းဆိုတဲ့ အဆုံးအဖြတ် ရှိတတ်ပါတယ်..။
လောလောဆယ် လုပ်ဆောင်နေတဲ့ စီမံကိန်း (၃)ခုဟာ အစဦးမှာ အောင်မြင်မှု အထွတ်အထိပ်ကိုေ
ရာက်ရှိခဲ့ပါတယ်..။ ရည်မှန်းချက်အတိုင်း တည်ငြိမ်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..။

မြန်မာ၊ တရုတ်ပိုက်လိုင်း စီမံကိန်းရဲ့ အဓိကအချက်အချာ ကျောက်ဖြူကျွန်းပေါ်က တန်(၃၀)ဆန့်ပြီး
650,000 m3 ရှိတဲ့ ရေနံသိုလှောင်ရုံ တွေကိုတော့ ၂၀၁၁ခုနှစ် ဇန္နဝါရီလ ၃ရက်နေ့က စတင်လုပ်ဆောင်
ခဲ့ပါတယ်..။ တိုတောင်းတဲ့ လေးလတာ စီမံကိန်းအတွင်း အနည်းငယ်မျှသော လုပ်သား၊ မပြည့်စုံ
မလုံလောက်တဲ့ ကိရိယာ တန်ဆာပလာနဲ့ တခြားသော အခက်အခဲတွေ ရှိနေလင့်ကစား ရေ၊လေ
ညစ်ညမ်းခြင်း၊ ထိခိုက်၊ ဒဏ်ရာရ သေဆုံးခြင်း ၊ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ အရည်အသွေးမမှီခြင်း
စတာတွေ တစုံတရာမရှိပဲ အဓိကရေနံ လှောင်ကန်တွေကို အပြည့်အဝ အောင်မြင်တဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်..။
ဒေသခံ ရခိုင်တိုင်းရင်းသား အလုပ်သမားများ..
အဆင့်မြင့် အင်ဂျင်နီယာ လုပ်ငန်းခွင်၊ လုံခြုတဲ့ အင်ဂျင်နီယာ လုပ်ငန်းခွင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အင်ဂျင်နီယာ လုပ်ငန်းခွင် ပိုက်လိုင်းစီမံကိန်းတွေရာ ကောင်းမွန်သေချာတဲ့ တုံပြန်ချက်တွေဟာ
တရုတ်ပြည်တွင်း စွမ်းအင်လိုအပ်ချက်တွေကို အထောက်အပံ့ ဖြစ်စေရုံသာမက တရုတ်၊ မြန်မာ
၂နိုင်ငံအတွက် အကျိုးအမြတ် မိတ်ဆွေကောင်း ဆက်ဆံရေးကို တိုးတက်စေပါတယ်..။

ဗမာဆိုတာ ညီ၊ အကိုလို့ အဓိပ္ပါယ်ရပါတယ်။ (ဆောင်းပါးရေးသားချက် "Brother", Burman is the brother
of the mean.) ဒီနှစ်တရုတ် အမျိုးသားနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Junhua ဟာ
ကျောက်ဖြူစီမံကိန်း ဝန်ထမ်းတွေ ရှိရာကို အလည် လာရောက်ခဲ့ပါတယ်..။ သံအမတ်ကြီး
မြင်တွေ့သွားတာကတော့ တရုတ်ဝန်ထမ်းတွေနဲ့ ဒေသဆိုင်ရာ ကျောက်ဖြူနယ်ခံ ဝန်ထမ်းတွေ
ဟန်ချက်ညီညီ  လုပ်ဆောင်နေတာ မြင်ရတဲ့အတွက် ရင်းနှီးတဲ့ ညီအကိုတွေလို့ စိတ်ခံစားမိတယ်လို့
မှတ်ချက်ပေးခဲ့ပါတယ်..။ သင်တို့ရဲ့ မြန်မာတွေအပေါ် ခင်မင်ရင်းနှီးမှုနဲ့ လက်တွေ့ကျတဲ့ ကူညီပံ့ပိုးမှုတွေဟာ
အကောင်းဆုံးသော လုပ်ဆောင်ချက်တွေလို့ အဓိပ္ပါယ်ပေါ်လွင်စေပါတယ်..။ သင်တို့
တရုတ်၊မြန်မာ ခင်မင်ရင်နှီးမှုကို မြင်တင်ကြပါလို့ တရုတ်၊ မြန်မာပေါက်ဖော်ဆိုတဲ့ သတင်းစကားကို ပေးခဲ့ပါတယ်..။


ကျောက်ဖြူကျွန်းပေါ်က မူလတန်းကျောင်းလေးဟာ သေးငယ်တဲ့ သစ်သားကျောင်းလေးပါ...။
ကျောင်းသားကလေးငယ် (၄၀)ကျော်ဟာ သစ်သားကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ဆရာထံမှ စာသင်ယူကြရပါတယ်..။
လုပ်ငန်းခွင်ရဲ့ တခြားဘက်မှာ ရှိတဲ့ ဒေသခံတွေဟာ မိသားစုများပြီး ဝင်ငွေလုံလောက်မှု မရှိတဲ့ အတွက်
မိသားစုတွေရဲ့ ကလေးငယ်တွေဟာ ကျောင်းမတက်နိုင်ကြပါဘူး။
ဒီအတွက်ကြောင့် တရုတ် ရေနံကုမ္ပဏီတွေဟာ ဒေသခံတွေအတွက် ကျောင်းလေးတကျောင်းကို
အလျင်အမြန် ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်..။ တခြားမှလည်း အဆောက်အဦးတွေကို ဆောက်လုပ်ပေး နေပါတယ်..။

ဒီနှစ် ဧပြီလ ၄ရက်နေ့မှာတော့ တရုတ် အမျိုးသားရေနံဋ္ဌာနကြ
မန်မာစွမ်းအင် ဝန်ကြီးဋ္ဌာနအား ဆေးရုံတွေ ပြန်ပြင်ဖို့၊ ကျောက်ဖြူရေဘေးနဲ့ မြန်မာအရှေ့ပိုင်းမှာ လှုပ်ခဲ့တဲ့
ငလျင်ဘေးအတွက် ဝမ်၆သန်း အရင်းစိုက်ထုတ် လှူဒါန်းခဲ့ပါတယ်..။ ဒါဟာ မြန်မာအစိုးရနဲ့
ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ချီးကျူးအမွှမ်းတင် ခံရဘို့အတွက် လုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ်..။

တရုတ်၊ မြန်မာရေနံပိုက်လိုင်း စီမံကိန်းဟာ ဆင်းရဲတဲ့ မြန်မာပြည်သူတွေအတွက်  အလုပ်အကိုင်တွေ
အခွင့်အလမ်းတွေ အများအပြား ဖော်ဆောင်ပေးနိုင်ခဲ့တယ် ဆိုတာ သံသယရှိစရာမရှိပါဘူး။ မြန်မာတရုတ်
ရေနက်ဆိပ်ကမ်း စီမံကိန်းကိန်း စတင်အကောင်အထည် ဖော်ရာမှာ အလုပ်သမား အနည်းဆုံး မြန်မာအလုပ်သမား
၁သိန်းခန့် အလုပ်ရရှိနေပါတယ်..။ (ဆောင်းပါးပါ ရေးသားချက်ပါ.. total employment Myanmar
nearly 100,000 man-days work.)။ တိုးတက်ပြောင်းလဲ လာတာကတော့ ရေနံပိုက်လိုင်း စီမံကိန်းရဲ့
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်သားဝန်ထမ်း
အားလုံးရဲ့ (၇၀)ရာခိုင်နှုန်းဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်..။ မြန်မာဘက်အခြမ်းမှာ တရုတ်ကျွမ်းကျင်
လုပ်သားတွေနဲ့ အတူ ပူးတွဲလုပ်ကိုင် သင်ယူခွင့်ရတဲ့အတွက် စီမံကိန်းပြီးတဲ့ အခါမှာ
မြန်မာလုပ်သားတွေဟာ အတတ်ပညာကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု ရရှိမှာဖြစ်သလို
စွမ်းရည်မြင့်တဲ့ ရေနံ၊ ဂတ်စ်ပိုက်လိုင်းဟာ မြန်မာပြည်ရဲ့ အဓိကကျောရိုး လုပ်ငန်းတခုဖြစ်လာမှာ ဖြစ်ပါတယ်..။


တရုတ်၊ မြန်မာရေနံပိုက်လိုင်း စီမံကိန်းနဲ့ အရေးကြီးဆုံး ဆက်စပ်နေတာကတော့  သဘာဝဝန်းကျင်
ပျက်ဆီးမှုကို ကာကွယ်နိုင်ဖို့ပါ..။ ဒီစိမံကိန်းဟာ သဘာဝဝန်းကျင် အပေါ်ထိရောက်တဲ့ အကျိုးသက်ရောက်
မှုတွေနည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ပါတယ်..။ ဒီစီမံကိန်းဟာ လူအများနဲ့ လုပ်ကိုင်ရတာ ဖြစ်တဲ့အတွက်
လုပ်ငန်းခွင်ဆိုင်ရာ ဝန်ထမ်းများအား ပြင်ပလုပ်ငန်းခွင်များ၌ ကျောက်တုံးများအား တွန်းချခြင်း၊
သစ်ပင်များအား ပိုင်းဖြတ်ခုတ်ထွင်ခြင်း၊  သတိထား လုပ်ဆောင်စေပါတယ်..။ သင်္ဘောကျင်း၊
စီမံကိန်းပတ်ဝန်းကျင်မှာ ယခင်က ရေမရှိပဲ မြက်တွေသာ ရှိတဲ့နေရာမှာ
ရေထည့်လိုက်တဲ့ အတွက် မြေဆီလွှာတိုက်စားမှု တွေဖြစ်ပေါ်လာတဲ့အတွက် ပင်လယ်ရေပြင် သဘာဝ
သယံဇာတတွေ ပျက်ဆီးမှု အစရှိတဲ့ သဘာဝဝန်းကျင် ဆိုင်ရာတွေပျက်ဆီးမှု မရှိအောင် တင်းကြပ်စွာ
လုပ်ဆောင်နေပါတယ်..။

    မတ်လ ၆ရက်နေ့က စတင်တဲ့ အရှည် ၁၇၉၀ မီတာ ရှိတဲ့ ဧရာဝတီမြစ်ကို  ဖြတ်ကျော်တဲ့
ပိုက်လိုင်း စီမံကိန်း စတင်တဲ့အခမ်းအနား..။ ပိုက်လိုင်းစီမံကိန်းရဲ့
အရှည်ဆုံးဖြစ်တဲ့ ဧရာဝတီမြစ်ကို ကျော်ဖြတ်သွယ်တန်းတဲ့ စီမံကိန်းပါ...

(မီးသူငယ်ချောင်း) ကျော်ဖြတ်တဲ့ စီမံကိန်း ၂၀၁၀ဇွန်လ ၃ရက်နေ့မှာ စတင်ပြီး ၂၀၁၁ ဇွန်လ ၅ရက်နေ့မှာ ပြီးစီးပါတယ်..။

တရုတ်၊ မြန်မာပိုက်လိုင်း စီမံကိန်းအတွက် သံမဏိပိုက်လိုင်း တန်ချိန် သန်း(၅၀)တန်အား ပယ်လယ်ကူး သဘောင်္များ၊ မြစ်ကြောင်းများနဲ့ ကုန်းတွင်းလမ်းကြောင်းတို့မှ သယ်ဆောင် ဖြန့်ချီပါတယ်..။

  ပိုက်လိုင်းစီမံကိန်းမှ သတ်မှတ်ချက် ကွာလတီ မှီမမှီ စစ်ဆေးပါတယ်..
ပိုက်လိုင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ စီမံကိန်း စတင်ရာ (မ)ကျွန်းမှာ  1.2 million m3 tank, 300,000-ton crude oil dock, 5,000 tons of work boat
dock and 650,000 m3 reservoir composition, loading and unloading capacity of
22 million tons  အထိထားရှိ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်..လို့ ဆိုပါတယ်။

  June 2011, ပိုက်လိုင်းစီမံကိန်း ရေနံကုမ္ပဏီမှ ဤသို့ ကလေးများအတွက် ကျောင်းလှူဒါန်းကြောင်း


မြစ်ဆုံဆည် စီမံကိန်းမှ လှူဒါန်းမှုနဲ့ အလားတူ (သန်းပေါင်းများစွာ မြင်လို့ ရာဂဏန်းမျှကို
စွန့်လွှတ် အနစ်နာခံပြပါတယ်..)။

  ပိုက်လိုင်းစီမံကိန်း ရေနံသိုလှောင်ရာဋ္ဌာနမှ လုပ်သားများ ရေထဲမျောလာတဲ့ အမှိုက်သရိုက်တွေ
ဆယ်ပြပြီး ဤသို့သဘာဝဝန်းကျင်ကို ထိန်းသိမ်းကြောင်း ပုံဖော်ခဲ့ပါတယ်..။
(နောက်ပိုင်းမှာ Oil Tanker များမှ ဆီများယိုဖိတ်မှု၊ တခြားသော သဘာဝဝန်းကျင်ဆိုင်ရာ
ဆိုးကျိုးတွေ မရှိနိုင်ဟု မည်သူက အာမခံပါမည်နည်း..)
နောက်ဆုံးအနေနဲ့ ရေးထားတာကတော့ မိုးကြီးမှု၊ အဆက်မပြတ်ရေကြီးမှု၊ အပူချိန်မြင့်မှု၊
ပူအိုက်စွတ်စို မှုစတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို အံ့တုရင်း ရာသီဥတု ကြမ်းတမ်းမှုတွေနဲ့
အပြိုင် စီမံကိန်း ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နေကြောင်း ရေးသားထားကို
ဘာသာပြန် တင်ပြလိုက်ပါတယ်။
တရုတ်ရေနံကုမ္ပဏီရဲ့ ကျောက်ဖြူ ရေနက်စီမံကိန်းနဲ့ေ
ရနံပိုက်လိုင်း စီမံကိန်းမှာ ရေးသားတဲ့ ဆောင်းပါးရှင်ရဲ့ အာဘော်တွေကတော့  မြန်မာပြည်သူေ
တွအတွက် မိမိတို့ မည်၍၊ မည်မျှ အပင်ပန်းခံေ
ဆာင်ရွက်နေကြောင်း တရုတ်စီမံကိန်းတွေကြောင့် မြန်မာပြည်သူတွေ ချက်ချင်းလက်ငင်း
ချမ်းသာ ကြွယ်ဝ အဆင်ပြေလာသယောင် အမွှန်းတင် ရေးသား ဖော်ပြနေကြတာပါ..။

ရခိုင်ပြည်သူတွေ အတွက် ဘာအကျိုးအမြတ်မှမရ ချဉ်သီးပင်အောက်
ချဉ်သီးပျောက်နေရတဲ့ အဖြစ်ပါ။ ရေးသားချက်တွေကတော့
မြစ်ဆုံဆည် စီမံကိန်းမှာ ရေးသားဖော်ပြနေတာတွေနဲ့ ထပ်တူထပ်မျှပါပဲ..။
အာဖရိကမှာ တရုတ်တွေ ဒေသခံတွေအတွက်ေ
န့လည်စာ လာကျွေးနေတာပါလို့ ပြောသလို မြန်မာနိုင်ငံသားတွေ အတွက်
နေ့လည်စာ လာကျွေးနေတာလား နေ့လည်စာ ကိုယ်တိုင်တည်ခင်း စားသောက်
နေတာလား ဆိုတာပါပဲ..။ မြန်မာနိုင်ငံအတွက် အကျိုးရှိစေဖို့ အပင်ပန်းခံ ငွေကုန်ခံနေတာလား
မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချ လက်ဝါးကြီးအုပ် ရသလောက် နှိုက်ယူေ
နတာလားဆိုတာ စာဖတ်သူ မြန်မာပြည်သူများ လေ့လာသိရှိနိုင်ရန်
ရရှိထားသော ဓာတ်ပုံများ၊ တရုတ်သတင်းဋ္ဌာနမှ ဓာတ်ပုံများနှင့်
ရေးသားချက်များအား ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်..။

ဒီမိုဝေယံ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment