ကျန်းမာရေး နှင့်လိုအပ်ချက်များ
ခန္ဓာကိုယ် ကျစ်လစ်သွယ်လျလိုသူများ အတွက် Fitne' ကော်ဖီနှင့် လက်ဖက်ရည်
ယနေ့ခေတ်တွင် နေထိုင်စားသုံးမှုပုံစံ ပြောင်းလဲလာသည့်နှင့်အမျှ လူတို့သည်
အဝလွန်ခြင်းကို ခံစားလာကြသည်။ အဝလွန်ခြင်းသည် မိမိကိုယ်ကို ယုံကြည်မှု
လျော့နည်းစေရုံမျှမက ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။
ထို့ကြောင့်ပင် ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ခြင်း၊ ကယ်လိုရီပမာဏ
များစွာ ပါဝင်သော အစားအစာ လျော့စားခြင်း တို့အပြင် အဆီကျစေသည့် နည်းလမ်း
အမျိုးမျိုးကို ရှာဖွေလာကြသည်။ ခန္ဓာကိုယ် အလေးချိန် လျော့ချလိုသည့်
စာဖတ်ပရိသတ်များကို ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝ ထုတ်ကုန်များဖြင့်
ထုတ်လုပ်ထားသော Fitne' အဆီကျ ကော်ဖီနှင့် လက်ဖက်ရည်တို့ကို မိတ်ဆက်
ဖော်ပြပေးလိုက်သည်။
Fitne' Coffee Plus White Kidney Bean Extract & L-Lysine
ဗိုလ်စားပဲ အဆီအနှစ်သည် ခန္ဓာကိုယ်ရှိ အဆီပိုများကို အထိရောက်ဆုံး
ဖယ်ရှားပေးနိုင်ရုံ သာမက နေ့စဉ်စားသုံးသည့် အစားအစာများမှ
ကယ်လိုရီများကိုပါ လျော့ချပေးနိုင်သော အာနိသင်ရှိသည်။ L-Lysine နှင့်
ဗီတာမင် B1, B2, B6 တို့ ပါဝင်သောကြောင့် ဗိုလ်စားပဲ၏ လုပ်ဆောင်ချက်ကို
ပိုမိုထိရောက်စေသည်။ အစာမစားမီ နာရီဝက် အလိုတွင် သောက်သုံးရမည်ဖြစ်ပြီး
တစ်ဘူးကို ဆယ်ထုပ်ပါဝင်သည်။ ဈေးနှုန်းမှာ ၄၂၀၀ ကျပ်ဖြစ်သည်။
Fitne' Coffee Plus Collagen and Vitamin C
ကိုလာဂျင် အဆီပါဝင်ပြီး ကာဗွန်ဟိုက်ဒရိတ် လောင်ကျွမ်းခြင်း
ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုကောင်းမွန် မြန်ဆန်အောင် ပံ့ပိုးပေးနိုင်ကာ
အရေးပြား ဆဲလ်များ အသစ် ဖြစ်ပေါ်လာစေသည်။ ဗီတာမင်စီ ကလိုလာဂျင်၏
လုပ်ဆောင်ချက်ကို ပိုမိုထိရောက်စေပြီး အဆီပိုများကို ဖယ်ရှားပေးရုံ သာမက
အသားအရေကို တင်းရင်းလှပစေသည်။ အစာမစားမီ နာရီဝက် အလိုတွင် သောက်သုံးရမည်
ဖြစ်သည်။ ဆယ်ထုပ် ပါဝင်သော တစ်ဘူးလျှင် ၄၂၀၀ ကျပ် ဖြစ်သည်။
Fitne' Coffee Premium Series With Cereal & L-Carnitine Plus Multi-Yitaming
ကျန်းမာရေးကို ညီညွတ် ကောင်းမွန်စေသော မုယောစပါးနှင့် ဗီတာမင်ဓာတ်
ပေါင်းစုံ ပါဝင်ခြင်းကြောင့် သွယ်လျ ကျစ်လစ်သော ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နိုင်ရုံသာမက ကျန်းမာကြံခိုင်စေသည်။ ကော်ဖီသောက်ချိန်တွင်
ပေါ်တက်သော ကယ်လိုရီနှင့် မုန့်စားချင်စိတ် အာသီသကို လျော့ပါးစေနိုင်ရုံ
သာမက အဆီပိုများကို ချေဖျက်ပေးပြီး ကြွက်သားအဖြစ် ပြောင်းလဲစေနိုင်သည်။
အစာမစားမီ နာရီဝက် အလိုတွင် သောက်သုံးရမည် ဖြစ်သည်။ ဆယ်ထုပ်ပါ
တစ်ဘူးလျှင် ၄၅၀၀ ကျပ်ဖြစ်သည်။
Fitne' Coffee Premium Series With Fibres (3200mg) and Collagen
ဖိုက်ဘာ အမျှင်ဓာတ် ၃၂၀၀ မီလီဂရမ် ပါဝင်သဖြင့် အစာထဲမှ
အဆိပ်အတောက်အားလုံးကို ချေဖျက်ပေးနိုင်သည်။ ကယ်လိုရီများကို ချေဖျက်ကာ
ကြွက်သားအဖြစ် ပြောင်းလဲစေသည်။ ခန္ဓာကိုယ်ကို ကျန်းမာကြံခိုင်စေပြီး
ကိုလာဂျင် ပေါင်းစပ်ပါဝင်သဖြင့် အသားအရေကို တင်းရင်းလှပစေသည်။ အစာမစားမီ
နာရီဝက် အလိုတွင် သောက်သုံးရမည် ဖြစ်သည်။ ဆယ်ထုပ်ပါ တစ်ဘူးလျှင် ၄၅၀၀
ကျပ်ဖြစ်သည်။
Fitne' Coffee Premium Series With Apple Extract, Promegreanate Extract
& Pine Bark Extract
ပန်းသီး၊ သလဲသီး၊ ထင်းရှူးခေါက်တို့၏ သဘာဝ အဆီအနှစ်များမှ ပေါင်းစပ်
ထုတ်လုပ်ထားသဖြင့် အသားအရေကို ဝင်းမွတ် တောက်ပစေသည်။ သွေးလည်ပတ်မှု
ကောင်းမွန်စေပြီး ကျန်းမာကြံခိုင်စေသည်။ ကျန်းမာရေးကို အထောက်အကူ
ဖြစ်စေသည့် Antioxidant များ ကြွယ်ဝစွာ ပါဝင်ပြီး အစာထဲရှိ အဆီနှင့်
ကာဗွန်ဟိုက်ဒရိတ် စုပ်ယူမှုကို တားဆီးပေးသည်။ အဆီပိုများကို
ချေဖျက်ပေးပြီး ခန္ဓာကိုယ် အလေးချိန် ထိန်းညှိပေးကာ ကြွက်သားများအဖြစ်
ပြောင်းလဲပေးနိုင်သည်။ အစာမစားမီ နာရီဝက်အလိုတွင် သောက်သုံးရမည် ဖြစ်သည်။
ဆယ်ထုပ်ပါ တစ်ဘူးလျှင် ၄၅၀၀ ဖြစ်သည်။
Fitne' Herbal Injusion Tea
ဤလက်ဖက်ရည်သည် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှာ အရောင်းရဆုံး
လက်ဖက်ရည်အဖြစ် နှစ်ပေါင်း ၂၀ တိုင် ရပ်တည်လျက် ရှိသည်။ သဘာဝ
ဆေးပေါင်းလက်ဖက်ရည် ဖြစ်သည့်အတွက် အူသိမ်၊ အူမများ၏ ပုံမှန် ယန္တရား
ကောင်းမွန်အောင် ပံ့ပိုးပေးပြီး ဝမ်းချုပ်၊ ဓာတ်ချုပ်ခြင်း မဖြစ်စေပါ။
အဆီပိုများကို လျော့ချပေးပြီး သွယ်လျ ကျစ်လစ်သော ခန္ဓာကိုယ်ကို
ပိုင်ဆိုင်စေသည်။ ဘေးထွက်ဆိုးကျိုး မဖြစ်စေဘဲ အူ၌ဖြစ်ပွားတက်သော
ကင်ဆာနှင့် သွေးမတိတ်ရောဂါများကို ကာကွယ်ပေးသည်။
Fitne' Herbal Tea-Original Flavor
ပွေးကိုင်းပင် အရွက်နှင့် အသီးတောင့်များမှ ထုတ်ယူထားသော သဘာဝ
အဆီအနှစ်များနှင့် ပြုလုပ်ထားသည့် သဘာဝ ဆေးပေါင်း လက်ဖက်ရည် ဖြစ်သည်။
ညအိပ်ရာဝင်ခါနီး အချိန်တိုင်း တစ်နေ့လျှင် တစ်ထုပ် သောက်သုံးနိုင်ပြီး ၁၅
ထုပ်ပါ တစ်ဘူးလျှင် ၂၇၀၀ ကျပ်ဖြစ်သည်။
Fitne' Herbal Tea-Chrysanthemum
သင်းပျံ့သည့် ဂန္ဓာမာ ပန်းရနံ့နှင့် ထုတ်လုပ်ထားသော ဆေးပေါင်း လက်ဖက်ရည်
ဖြစ်သည်။ အိပ်ရာဝင်ခါနီး အချိန်တိုင်းသောက်သုံးနိုင်ပြီး ၁၅ ထုပ်ပါ
တစ်ဘူးလျှင် ၂၇၀၀ ကျပ်ဖြစ်သည်။
Fitne' Herbal Tea-Green Tea Flavor
လက်ဖက်စိမ်း၊ ပွေးကိုင်းပင်တို့၏ အရွက်နှင့် အတောင့်များမှ
အဆီအနှစ်များကို ပေါင်းစပ် ထုတ်လုပ်ထားသော ဆေးပေါင်း လက်ဖက်ရည် ဖြစ်သည်။
ခန္ဓာကိုယ်ထဲရှိ ဓာတ်တိုး ဆန့်ကျင်မှုကို တိုးပွားစေပြီး သွေးသား
စင်ကြယ်သန့်စင်စေသည်။ ညအိပ်ရာဝင်ခါနီးတိုင်း သောက်သုံးနိုင်ပြီး ၁၅
ထုပ်ပါ တစ်ဘူးလျှင် ၂၇၀၀ ကျပ်ဖြစ်သည်။
Fitne' အဆီကျကော်ဖီနှင့် လက်ဖက်ရည်တို့ကို ထိုင်းနိုင်ငံမှ ထုတ်လုပ်ပြီး
ရွှေစင်ဝင်း ဖြန့်ချိရေးမှ တင်သွင်း ဖြန့်ချိလျက်ရှိကာ ဖုန်း-၀၉-၅၁၀၆၁၃၅၊
၀၉-၇၃၁၂၇၀၄၃၊ ၀၉-၇၃၁၂၂၄၆၇၊ ၀၉-၄၉၂၄၈၄၈၈ သို့ ဆက်သွယ်နိုင်သည်။ Fitne'
အဆီကျကော်ဖီနှင့် လက်ဖက်ရည်များကို Easy Shop အမှတ် (အီး-၂/၃)၊ သုံးလွှာ၊
ယုဇန ပလာဇာ၊ ဖုန်း - ၂၀၀၇၄၇၊ လိုင်းခွဲ ၄၀၃၂ နှင့် အမှတ် ၂၆၊ အေ၊
နဝဒေးလမ်း၊ ဒဂုံ၊ ဖုန်း- ၀၉-၂၀၁၂၅၈၀ တွင်လည်း ဝယ်ယူရရှိနိုင်မည်။
************************************************************
အသက် ၄၀ ကျော် နာမည်ကြီး အမျိုးသားတို့၏ ကျန်းမာကြံ့ခိုင်အောင်
ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ
အမျိုးသားတွေ အနေနဲ့ အသက် ၄၀ ကျော်တဲ့အထိ ခန္ဓာကိုယ် ကျန်းမာ
ကြံ့ခိုင်နေအောင် ထိန်းထားနိုင်တာက အရည်အချင်း တစ်ရပ်ပါပဲ။ ခန္ဓာကိုယ်
ကျန်းမာ ကြံ့ခိုင်နေအောင် ထိန်းထား ပေးနိုင်မှသာ ဘဝမှာ
အောင်မြင်မှုရမှာပါ။ ဒါကြောင့် စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာကြံ့ခိုင်နေတဲ့
အသက် ၄၀ ကျော် နာမည်ကြီး အမျိုးသားတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြ
ပေးလိုက်ပါတယ်။
HUGH JACKMAN
အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ဟူး ဂျက်မန်းက ကြံ့ခိုင်သန်စွမ်းမှု
အပြည့်ရှိသူပါ။ နေ့စဉ် ပင်လယ်ထဲမှာ ရေကူးတာ အပြင် ၇ မိုင်- ၈ မိုင် လောက်
ပြေးလေ့ရှိပြီး ကခုန်တာကိုလည်း လုပ်ဆောင်ပါတယ်။ လက်ဝှေ့ထိုးပြီး
ကြံ့ခိုင်သန်စွမ်းအောင် လုပ်ရတာကို သဘောကျတယ်လို့ ဂျက်မန်းက ဆိုပါတယ်။
"ခင်ဗျားအနေနဲ့ ကိုယ်အလေးချိန် အနည်းငယ် လျော့ကျဖို့ လိုအပ်တယ်ဆိုရင်
လက်ဝှေ့ထိုးတဲ့ ကစားနည်းက အသင့်တော်ဆုံးပါ" လို့ အကြံပြုထားပါတယ်။
PATRICK DEMPSEY
အသက် ၄၅ နှစ်အရွယ်ရှိ ပက်ထရစ်က အပတ်တိုင်း အလေးမ လေ့ကျင့်ခန်း
လုပ်တယ်လို့ ဆိုပါတယ်။ သူက စက်ဘီးစီး သမားတစ်ဦးလည်း ဖြစ်ပြီး တစ်ပတ်မှာ
မိုင် ၁၀၀ လောက် စက်ဘီး စီးနိုင်တယ်လို့ ဆိုပါတယ်။ စက်ဘီးစီးတာက
တစ်နာရီမှာ ကယ်လိုရီ ၅၀၀ အပိုလောင်ကျွမ်းတာကြောင့် ခန္ဓာကိုယ်ကို
သန်စွမ်းစေပါတယ်။ ပက်ထရစ်က စက်ဘီးစီးရတာကို အလွန်သဘောကျပြီး
သူတည်ထောင်ထားတဲ့ ကင်ဆာစင်တာအတွက် ရန်ပုံငွေရှာရာမှာ စက်ဘီးစီးသူ၊
ပြေးသူနဲ့ လမ်းလျှောက်သူတွေကို ပါဝင်ယှဉ်ပြိုင် စေခဲ့ပါတယ်။
ွGEORGE CLOONEY
အော်စကာဆုရ မင်းသားဂျော့ဂ်ျက လူးနီက ငှက်ဖျားနဲ့ ဦးနှောက်ကို ဖုံးထားတဲ့
Duramater တို့ ထိခိုက်မှု စတဲ့ ရောဂါတချို့ခံစားခဲ့ရပေမယ့် အသက် ၅၀
အရွယ်အထိ ကျန်းမာနေဆဲ၊ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန် ကြည့်ကောင်းဆဲ ဖြစ်တာကို
တွေ့ရပါတယ်။ သူရဲ့ လျှို့ဝှက်ချက်က ယောဂကျင့်တာပဲ ဖြစ်ပါတယ်။
ROB LOWE
အသက် ၄၇ နှစ်အရွယ်ရှိ ရော့ဘ်က အရက် သောက်တတ်သူ ဖြစ်လို့ အိုနေတဲ့
အသွင်တော့ ပေါက်ပါတယ်။ ဒါပေမဲ့ နှစ်၂၀ ကြာ ဣနြေ္ဒမပျက် အရက်သောက်
နိုင်ခဲ့တဲ့ ရော့ဘ်ဟာ လှိုင်းကြီးနေချိန်မှာ လှိုင်းစီးကစားတာ၊
စကိတ်စီးတာတွေလို စွန့်စားရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အခုအချိန်မှာတော့ သူက အရက်မပါတဲ့ ကာဗိုဟိုက်ဒရိတ် လျှော့စားတဲ့ ဘဝမှာ
နေထိုင်နေပြီ ဖြစ်ကာ ခန္ဓာကိုယ် အဆီတစ်ဝက်ကျော် လျော့ကျသွားခဲ့ပြီး
ကျန်းမာရေး ပိုကောင်းလာကာ ကြည့်ကောင်း လာပါတယ်။
************************************************************
လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း
ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းက
သောက်ခဲ့ကြသည်။ နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်း ရှိခဲ့သည်။
ဧည့်သည်လာလျှင် ရေနွေးကြမ်း အရင်ချပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့
ဘာကြောင့် သောက်ခဲ့ရသနည်း။ ကျန်းမာရေး အတွက်လား။ အဆီကျ၍လား။ အစာအိမ်နှင့်
အူလမ်းကြောင်း ကောင်းစေ၍လား။ ကင်ဆာကို ကာကွယ်၍လား။ အမှန်အတိုင်း
ဖြေရလျှင် မဟုတ်ပါ။ သောက်ကောင်း၍ သောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။
မိတ်ဆွေတစ်ဦးက ခေါ်၍ ဧည့်ခံပွဲတစ်ခုသို့ သွားခဲ့သည်။ ရန်ကုန်မြို့လယ်က
ဟိုတယ်ကြီး တစ်ခုတွင် ဖြစ်သည်။ အစားအသောက်များက စုံလှသည်။ အချိုရည်ကလည်း
အစုံ၊ ဘီယာ၊ အရက်ကြိုက်သလောက် သုံးဆောင်ပါဟု ဆိုသည်။ သို့သော်
ထမင်းစားပြီးနောက် သောက်နေကြ ရေနွေးကြမ်းကို တမ်းတမိသည်။ သည်လို
ဟိုတယ်ကြီးမှာ ရ၊ မရမသိ။ ခေတ်မီစွာ အနောက်တိုင်းစတိုင်လ် အပြည့်ဝတ်ထားသော
နံဘေးမှ ပုဂ္ဂိုလ်တစ်ဦးကို မေးကြည့်မိပါသည်။ "ဒီမှာ ရေနွေးကြမ်းများ
မရနိုင်ဘူးလား" ဟု သူက အသာတကြည်ပင် ပြုံးပြပြီးလူကို ကြည့်သည်။ မိမိ
ဘာမှားသွားသလဲဟု စိတ်က ထင့်သွားသည်။ ခပ်ရှက်ရှက် ဖြစ်မိသည်။
"ရနိုင်ပါတယ်" ဟု သူက ပြောသည်။ တော်ပါသေးရဲ့။ ဒါပေမယ့်
"ရေနွေးကြမ်းမှာလို့တော့ မရဘူး" ဟု ပြောသည်။ ဘယ်လိုပါလိမ့်ဟု
ထင်နေစဉ်မှာပင် သူက ဝိတ်တာကို လှမ်းခေါ်လိုက်သည်။ အနောက်တိုင်း ဝတ်စုံကို
သူ့ထက်ပင် သပ်ရပ်စွာ ဝတ်ဆင်ထားသော ဝိတ်တာလူငယ် ရောက်လာသည်။ "ဂရင်းတီး . .
. ပလိစ်" ဟု သူကပြောလိုက်သည်။ ဝိတ်တာက ကိုယ်ကိုကိုင်း၊
ခေါင်းကိုငြိမ့်ပြီး ပြန်ထွက်သွားပါသည်။ မကြာမီ ကြွေကရား ဖြူဖြူကလေးနှင့်
အိုးတစ်အိုး ရောက်လာသည်။ "ဒါရေနွေးကြမ်းလား" ဟု မေးရာ "ဟုတ်တယ်" သူက
အနည်းငယ် ငှဲ့ပြီး အနံ့ခံပြီးနောက် "ဂျပ်စမင်တီးပဲ" ဟု ပြောသည်။
သူပြောသည့် jasmine tea ဆိုသည်မှာ စံပယ်ပွင့် ရနံ့ပါသော လက်ဖက်ခြောက်
ဖြစ်သည်။ တစ်ကယ် စံပယ်ပွင့် ပါမပါတော့ မသိပါ။ ထိုနေ့က သောက်ရသော
ရေနွေးကြမ်းကို ယနေ့အထိ မမေ့သေးပါ။ သို့သော်လည်း ယခု စာရေးနေချိန်
စာရေးသူ၏ စားပွဲပေါ်မှ ရေနွေးကြမ်းနှင့်တော့ မလဲနိုင်ပါ။ ဒီမှာက
ကျောက်မဲလက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်း အနီဖျော့ဖျော့ ဖြစ်ပါသည်။
ရေနွေးကြမ်းကို jasmine tea ဟု ခေါ်ရခြင်းကို စာရေးသူ မနှစ်မြို့ပါ။
ပေါင်ဒါနံ့လိုလို စံပယ်နံ့လိုလို ပါသော ရေနွေးကြမ်းကိုလည်း မကြိုက်ပါ။
လျှာတွင် အရသာတွေ့သည်မှာ မွေးကတည်းက၊ လူမှန်းစသိကတည်းက အဖိုး၊
အဘတို့နှင့် သောက်ခဲ့သော "အခါးရည်" လည်းကောင်း၊ "အဖန်ရည်"ဟု လည်းကောင်း
ခေါ်ကြသည့် ရေနွေးကြမ်းကိုသာ ကြိုက်ပါသည်။ တစ်ကယ်တော့ ထမင်းစားပြီးလျှင်
သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက်သူနှင့် ရေနွေးကြမ်း
သောက်သူတို့မှာ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အစာအိမ် သက်တမ်းရှည်မှု
မတူညီကြပါ။
တိုင်းရင်းဆေးပညာ ရှုထောင့်တွင် ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒ
ဆေးပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် "ဝမ်းမီး" လိုသည်။
"ဝမ်းမီး" ကို ဒေသနာနယ ဆေးပညာတွင် "ပါစကတေဇော" ဟုလည်း ခေါ်သည်။ "ဝမ်းမီး"
မှာ ဝမ်းထဲမှမီး ဖြစ်သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွားမည်
ဖြစ်သည်။ "ပါစကတေဇော" သည် အစာကို လောင်မြိုက်ပြီး ကြေကျက်အောင်
ချက်ပြီးသော တေဇောဖြစ်၍ ပူသောတေဇော (ဥဏှတေဇော) ဖြစ်ပြန်သည်။ ပူသောတေဇော၏
ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊
အချိုရည်တို့မှာ အေးသောအရသာ ရှိသဖြင့် "သီတ" အစာ ဖြစ်သည်။ အစာကြေစေသောအပူ
ဆန့်ကျင်ဘက် လောင်းထည့်လိုက်လျှင် မည်သို့ ဖြစ်မည်နည်း။ ရှင်းပါသည်။
အစာမကြေနိုင်တော့။ မကြေသည့်အပြင် ပါစကတေဇော ပျက်မည် ဖြစ်လေသည်။
ပူလိုက်အေးလိုက် ဖြစ်ပါများလျှင် အစာအိမ် ပျက်စီးသည်။ အစာအိမ်
ပျက်စီးလျှင် ရောဂါတစ်ခုခု ရမည်မှာ သေချာသည်။ ရနိုင်သော ရောဂါများမှာ
(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃) အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆) အစာအိမ်ကင်ဆာ စသော ရောဂါများ ဖြစ်နိုင်လေသည်။
ရိုးရာဆေးပညာ၊ အာယုဗေဒ ဆေးပညာ အလိုအရ "ရောဂါမှန်သမျှသည် အစာမကြေမှစသည်"
ဟု ဆိုသည်။ အနောက်တိုင်း ဆေးပညာများတွင် မကြာသေးမီကမှ ဖတ်လိုက်ရသည်မှာ
အစာစားပြီး အချိုရည်နှင့် သံဗူးများ၊ ဂက်စ်ပါသော အချိုရည် သောက်သုံးလေ့
ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင်
ပြုလုပ်လိုက်သဖြင့် ချေဖျက်ရန် ခက်ခဲပြီး "ဆီးချို" ရောဂါဖြစ်ဖို့
လမ်းစဖြစ်လာနိုင်သည်။ ထို့အပြင် ထိုအက်ဆစ်ဖတ်များကို အာဟာရအဖြစ် အူသိမ်မှ
စုပ်ယူရာမှ သွေးကြောများအတွင်း ရောက်ရှိပြီး သွေးတွင်းအဆီထု တက်လာလေသည်။
သွေးတွင်းအဆီထု တက်လာသူများမှာ သွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါများ
ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲပြတ်ထွက် မျောပါသွားပြီး
ဦးနှောက်အတွင်းသို့ ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊
ဦးနှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊
လေဖြတ်ခြင်းများပါ ဖြစ်နိုင်သည်။ စာရေးသူ လေဖြတ်သူများကို နှစ်ပေါင်း
(၂၀) ကျော် ကုသလာခဲ့သည့် အတွေ့အကြုံများ အရလည်း လေဖြတ်သူ
အတော်များများမှာ ဆီးချိုနှင့် သွေးတိုးရောဂါ ရှိခဲ့ကြပြီး ရေခဲရေ၊
အချိုရည်ကို ထမင်းစားပြီးတိုင်း သောက်လေ့ရှိသူများ ဖြစ်သည်ကို
တွေ့ရပြန်ပါသည်။ ရေနွေးကြမ်းနှင့် ပတ်သက်ပြီး ပြန်လည်ကောက်ချက်
ချရမည်ဆိုလျှင် ကျေးလက်တောရွာများတွင်၊ မြို့ကြီးပြကြီးများ၌
နေထိုင်သူများလောက် လေဖြတ်သူ မများရခြင်း အကြောင်း အရင်းများတွင်
ရေနွေးကြမ်းသောက်သော ဓလေ့သည်လည်း တစ်ခုအပါအဝင် ဖြစ်နိုင်ပါသည်။
တောနယ်များတွင် ဆင်းရဲသား လယ်သမား၊ ယာသမားများ ဘဝတွင် အချိုရည်၊
ရေခဲရည်လည်း မသောက်နိုင်ကြပါ။
တရုတ်ပြည်မှ ရှေးနှစ်ပေါင်းများစွာ (အေဒီ-၆၀၀) ကျော် ကတည်းက ဆူပွက်သော
ရေနွေးထဲသို့ သစ်ရွက်ကြွေကျရာမှ စတင်ခဲ့သော လ္ဘက်ခြောက် ခတ်သောက်သော
ဓလေ့ကြောင့် အာရှနှင့် အရှေ့တောင်ဥရောပ နိုင်ငံများတွင် အစာအိမ်နှင့်
အူမကြီးကင်ဆာ ဖြစ်သူ နည်းပါးသည်။ ဥရောပ နိုင်ငံများမှာ အဖြစ်များသော
ကင်ဆာသည် အရှေ့တောင်အာရှရှိ ရေနွေးကြမ်းသောက်သော နိုင်ငံများတွင်
ဖြစ်ပွားမှု ရာနှုန်းနည်းသည်ကို လေ့လာ တွေ့ရှိကြသည်။ လေဖြတ်ခြင်းသည်
လူမသေသော်လည်း ဘဝဆုံးရသော ရောဂါမျိုး ဖြစ်သည်။ စီးပွားရေး အရလည်း မိသားစု
တစ်ခုလုံး ငွေကုန်ကြေးကျများပြီး နှစ်ရှည်လများ ထိခိုက်စေသော
ရောဂါဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့ လိုသည်။ အမှန်တော့
လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေး ဟူ၍ မရှိပါ။ သွယ်ဝိုက်သော နည်းဖြင့်သာ
အကျိုးရှိနိုင်သော ဆေးများကိုသာ ရောင်းနေကြခြင်း ဖြစ်သည်။ လေမဖြတ်အောင်
နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ဖူးသည်။ အလွန်မှားသော
လုပ်ရပ်ဖြစ်သည်။ နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ကြုံဖူးပါသည်။
သတ္တုစပ် လက်ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့် လက်ကောက်၊
ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်းနေခြင်းများလည်း
ရှိသည်။ စာရေးသူ၏ လက်တွေ့ လူနာများကို ကုသခဲ့ဖူးသော အမြင်ဖြင့်
လေဖြတ်ခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းကောင်း တစ်ခုကို ညွှန်ပြပါဆိုလျှင်
"ရေနွေးကြမ်း" တစ်ခွက်ကိုပင် ညွှန်ပြလိုပါသည်။ သင်လေဖြတ်ခြင်းမှ ကာကွယ်သော
ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီးတိုင်း ရေနွေးကြမ်းတစ်ခွက်
သောက်ပါ။ အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း
သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကိုလည်း ကာကွယ်ပြီး
သွေးတွင်း အဆီကျစေသည့်အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့်
ငွေကုန်ကြေးကျ နည်းသော ဆေးကောင်းဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
************************************************************
သံပရာရည်၏ ကျန်းမာရေး အကျိုးကျေးဇူး
သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အကောင်းဆုံး
ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို
ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ သံပရာရည်ဟာ ပိုးဝင်
ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။
ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက် မြန်စေပါတယ်။ လည်ချောင်း
နာတာ၊ အာသီး ရောင်တာတွေကို သက်သာ စေပါတယ်။ သံပရာရည်ဟာ အစာခြေစနစ်ကို
ကျန်းမာရေး ကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို အားပေးကာ
ဝမ်းချုပ်တာ၊ အစာ မကြေတာ၊ ပျို့ချင်အန်ချင် ဖြစ်တာ၊ ရင်ပူတာစတဲ့
အစာခြေစနစ် ပြဿနာတွေကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ သံပရာရည်ဟာ
ခန္ဓာကိုယ်တွင်း စနစ်တွေကို သန့်စင်စေပြီး အဆိပ်တွေကို ပြေစေပါတယ်။
သံပရာရည်ဟာ ဆီးသွားစေတဲ့ အာနိသင် ရှိတာကြောင့် ဆီးလမ်းကြောင်း
ပိုးဝင်နေသူတွေ အတွက် အကျိုးကျေးဇူး ရှိပါတယ်။ သံပရာရည်ကို နေ့စဉ်
သောက်ပေးရင် အဝ လွန်တာနဲ့ ဗိုက်အဆီကို လျော့စေပါတယ်။ သံပရာရည်ဟာ
အသားအရေနဲ့ ဆံပင်သား ကျန်းမာရေးအတွက် အရေးပါတဲ့ အိမ်သုံးဆေးပါ။
သံပရာရည်ကို ပုံမှန် သောက်တာက အရေပြားကို ကြည်လင်အောင် ပြုပြင်ပေးပြီး
အသားအရေကို ဝင်းပသန့်စင် စေပါတယ်။ သံပရာရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရင်
နေလောင်ဒဏ် မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ သံပရာရည်ကို
ခေါင်းမလျှော်ခင် ဆံပင်ပေါ် လိမ်းပေးပြီး ရေနဲ့ ဆေးချပေးရင် သန့်စင်တောက်ပ
စေပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်း ကွဲနေပါက နှုတ်ခမ်းသားပေါ် သံပရာရည်နဲ့
ဂလစ်ဆရင် အလှဆီကို ရောမွှေပြီး လိမ်းပေးရင် အနာကျက်စေ နိုင်ပါတယ်။
************************************************************
သင့်ကျန်းမာရေး အတွက် အနက်ရောင် အစားအစာများ
သင့်ကျန်းမာရေး ကောင်းဖို့ အစိမ်းရောင်ရှိတဲ့ အစာတွေကို စားရမယ်
ဆိုတာတော့ သိလောက်ပြီလို့ ထင်ပါတယ်။ အခု အာဟာရ သုတေသီတွေရဲ့ နောက်ဆုံး
တွေ့ရှိချက်အရ အနက်ရောင်ဘက် သန်းနေတဲ့ အစားအစာတွေဟာ ကင်ဆာရောဂါကို
ကာကွယ်နိုင်တာ၊ ခါးအရွယ်အစား သေးတာ၊ အရိုး သန်မာစေတာတွေ အပြင်
ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုနိုင်တယ်ဆိုတာ
သက်သေပြနိုင်ပြီလို့ သိရပါတယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းစေတဲ့
အနက်ရောင် သန်းနေတဲ့ အစားအစာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
အူမကြီးကင်ဆာကို ကာကွယ်နိုင်အောင် ပဲနက် (Black Beans) စားပါ
နေ့စဉ် ပဲနက်ဟင်းကို လေးပတ်ကြာ စားတဲ့သူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ
၇၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ Michigan မှ လေ့လာမှုအရ သိရပါတယ်။
ဘာကြောင့်လဲ
ပဲနက်ဟာ အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အူမကြီးအတွင်း အိတ်မြှောင် (Polyps)
ဖြစ်ပေါ်မှုကို နည်းလမ်းနှစ်မျိုးနဲ့ ကာကွယ်နိုင်ပါတယ်။ သူ့မှာပါဝင်တဲ့
များစွာသော အမျှင်တွေက ဝမ်းဗိုက်ပြည့်တင်းမှုကို အချိန်ကြာစွာ
ရရှိစေတာကြောင့် ခန္ဓာကိုယ်အဆီတွေ လျော့သွားနိုင်ပါတယ်။ (ကိုယ်တွင်း
အဆီများလွန်းတာဟာ အူမကြီးကင်ဆာနဲ့ ဆက်စပ်မှု ရှိပါတယ်)။ ဒါ့အပြင် ပဲနက်ဟာ
Butyric Acid ဖြစ်နှုန်း ကောင်းမွန်စေပါတယ်။ အဲဒီအက်စစ်ကို
အူမကြီးအမြှေးမှ Cell တွေက အစာခြေစနစ် ကျန်းမာရေး ကောင်းဖို့
အသုံးပြုကြပါတယ်။
ဗိုက်ပွမှု မရှိအောင်
ပဲနက် စားချင်ပေမယ့် ဗိုက်ပွမှာ စိုးရိမ်နေသလား။ ပဲဟင်းမချက်ခင်
ပဲကိုရေစိမ်ပြီး ရေနဲ့ဆေးပါ။ ဒီလို လုပ်တာကြောင့် လေပွစေနိုင်တဲ့
ကာဗိုဟိုက်ဒရိတ်တွေကို ၂၅ ရာခိုင်နှုန်းခန့် လျော့သွားနိုင်တယ်လို့
လေ့လာမှုအရ သိရပါတယ်။
ဦးနှောက်အိုမင်းမှုကို ကာကွယ်နိုင်အောင် ခရမ်းသီးစားပါ
ခရမ်းသီးကို ကြိုက်သလို ချက်စားနိုင်ပေမယ့် သူရဲ့အခွံကို မနွှာဖို့
အရေးကြီးပါတယ်။ အခွံပါ ခရမ်းသီးဟင်းကို ပုံမှန်စားသူတွေဟာ အခွံခွာပြီးသား
ခရမ်းသီးဟင်းကို စားသူတွေထက် မှတ်ဉာဏ် ပိုပြီး ကောင်းမွန်တာနဲ့
တွေးခေါ်အား ပိုကောင်းတာကို တွေ့ရှိခဲ့ပါတယ်လို့ California တက္ကသိုလ်မှ
သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ဘာကြောင့်လဲ
ခရမ်းသီး အခွံမှာသာ ပါဝင်တတ်တဲ့ Nasunin ဟာ ဦးနှောက် Cell အမြှေးပါးတွေ
ပျက်စီးမှု မရှိအောင် ကာကွယ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ Cell
အမြှေးပါးတွေဟာ Cell တွေကို ဓာတ်တိုးပစ္စည်း အန္တရာယ်မှ ကာကွယ်ပေးပြီး
အမြှေးပါးအတွင်း Nasunin ဝင်ရောက် သွားတာကြောင့် အမြှေးပါးရဲ့
လုပ်ငန်းဆောင်တာ ပိုကောင်းမွန် သွားပါတယ်။
Blackberries စားပါ
မကြာခင်က ပြုလုပ်တဲ့ Tufts တက္ကသိုလ်မှ လေ့လာမှုအရ Blackberries
မှာပါဝင်တဲ့ Polyphenols တွေဟာ အသက်အရွယ်ကြောင့် ဖြစ်တဲ့ ဦးနှောက် Cell
ရောင်ရမ်းမှုကို လျှော့ချနိုင်တာကြောင့် မှတ်ဉာဏ် ကောင်းမွန်ပြီး ပညာရပ်
အသစ်တွေကို သင်ယူနိုင်စွမ်းအား ကောင်းမွန်တယ်လို့ သိရပါတယ်။
အရိုးဆုံးရှုံးမှု မရှိအောင် ဆီးသီးခြောက်စားပါ
လေ့လာမှု အသစ်တွေအရ နေ့စဉ် ဆီးသီးခြောက် (Prunes) သုံးလုံးမှ ၁၀ လုံးလောက်
စားတာကြောင့် ခြောက်လအကြာမှာ အရိုးဆုံးရှုံးမှုကို ပြန်လည်
ပြုပြင်နိုင်ပြီး အရိုးသိပ်သည်းဆကို ခြောက်ရာခိုင်နှုန်းထိ ပိုမိုမြင့်မား
နိုင်တယ်လို့ သိရပါတယ်။
ဘာကြောင့်လဲ
ဆီးသီးခြောက်မှာ အရိုးထုတ်လုပ်နိုင်တဲ့ Cell တွေကို လှုံ့ဆော်နိုင်တဲ့
Polyphenols တွေ များစွာ ပါဝင်လို့ပါ။ ဒါ့အပြင် အရိုးသိပ်သည်းဆ
မြင့်တက်စေနိုင်တဲ့ သတ္တုဓာတ်၊ ပိုတက်စီယမ်နဲ့ ဘိုရွန်တွေလည်း
ပါဝင်တာကြောင့်ပါလို့ Floride တက္ကသိုလ်မှ ပါမောက္ခ Bahram က ပြောပါတယ်။
ဝမ်းမှန်အောင် ဆီးသီးခြောက်စားပါ
Lowa Larve ဆေးတက္ကသိုလ်မှ သုတေသီတွေက နေ့စဉ် ဆီးသီးခြောက် ခြောက်လုံး
စားသူတွေဟာ ဝမ်းနုတ်ဆေး စားသလိုမျိုး ဝမ်းမှန်မှန် သွားနိုင်တယ်လို့
မကြာခင်က တွေ့ရှိခဲ့ပါတယ်။
ကိုယ်အလေးချိန် ကျဆင်းအောင် အနက်ရောင် ပေါင်မုန့်စားပါ
မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နံနက်စာအဖြစ် အနက်ရောင် ပေါင်မုန့်
စားထားသူတွေဟာ နေ့လယ်စာ စားချိန်အထိ ဝမ်းဗိုက် ပြည့်တင်းနေကာ နေ့လယ်စာ
စားပြီးရင်လည်း အဆာပြေ စားချင်စိတ် လျော့နည်း သွားတယ်လို့ သိရပါတယ်။
ဘာကြောင့်လဲ
သူ့မှာပါဝင်တဲ့ rye အမျှင်ဓာတ်တွေက အစာစားအပြီး သွေးတွင်း သကြားဓာတ်ကို
ထိန်းချုပ် နိုင်တာကြောင့်ပါ။ သူ့မှာပါဝင်တဲ့ Noncellulose
Polysaccharide တွေကလည်း ဝမ်းဗိုက်အတွင်း ပွလာတတ်တာကြောင့် အစာခြေတာ
နှေးသွားပြီး နာရီပေါင်းများစွာ ဝမ်းဗိုက် ပြည့်တင်းမှု
ရရှိစေနိုင်တာကြောင့်ပါ။
အစာကြေလွယ်အောင် ငရုတ်ကောင်းစားပါ
အစာမကြေတာ အများစုဟာ အစာအိမ်အတွင်း အက်စစ် လုံလောက်မှု မရှိတာကြောင့်
အစာကို သေသေချာချာ မဖြိုခွဲနိုင်လို့ပါ။ ငရုတ်ကောင်းဟာ လျှာမှအရသာခံ
အဖုတွေကို လှုံ့ဆော်နိုင်ပြီး အစာအိမ်မှ အက်စစ်တွေ ထွက်ရှိ
လာစေတာကြောင့်ပါ။
အထွေထွေ ကျန်းမာရေး ကောင်းမွန်အောင် ပဲငံပြာရည် (အနောက်) စားပါ
သိပ္ပံပညာရှင်တွေက မကြာခင်က ဓာတ်တိုးဆန့်ကျင် ပစ္စည်းအသစ် တစ်မျိုးကို
ထုတ်ဖော် လိုက်ပါတယ်။ ပဲငံပြာရည် (အပျစ်ရည်) ဖြစ်ပြီး National
University Of Singapore ရဲ့ မကြာခင်က လေ့လာမှုအရ ထမင်းနဲ့အတူ ပဲငံပြာရည်
အပျစ်ရည် (Dark Soy Souce) ခြောက်ဇွန်း စားသူတွေဟာ ဓာတ်တိုးပစ္စည်းကြောင့်
ပျက်စီးမှု ၂၀ ရာခိုင်နှုန်း လျော့နည်းပြီး စားပြီး နာရီပိုင်းအကြာမှာ
သွေးစီးဆင်းမှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း
ပိုမိုကောင်းမွန်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဘာကြောင့်လဲ
ဓာတ်တိုးဆန့်ကျင် ပစ္စည်းနှစ်မျိုးကြောင့်လို့ ဆိုပါတယ်။ ပဲပိစပ်ကို
အချဉ်ဖောက်ထားတဲ့ ပဲငံပြာရည် အပျစ်ရည်တွေဟာ ဝိုင်အနီထက် ၁၀ ဆပိုပြီး
ဓာတ်တိုးပစ္စည်းတွေကို တွန်းလှန်နိုင်ကာ ဗီတာမင်စီနဲ့ ဗီတာမင်အီးထက် အဆ
၁၅၀ ထက်ပိုပြီး အစွမ်းထက်တယ်လို့ ဆိုပါတယ်။ ပဲငံပြာရည် (Soy Sauce)
အသုံးပြုထားတာကြောင့် ဟင်းချက်ရာမှာ ဆားလျှော့ထည့်ပါ။
သားမြတ်ကင်ဆာမှ ကာကွယ်နိုင်အောင် ကောက်ညှင်းငချိတ်စားပါ
သုတေသန ပြုသူတွေက အနက်ရောင်ဆန် (ကောက်ညှင်းငချိတ်) အနှစ်ကို အသုံးပြုပြီး
သားမြတ်ကင်ဆာ Cell သုံးမျိုးကို လေ့လာရာမှာ ကင်ဆာ Cells အားလုံး
အားပျော့ပြီး ပျက်စီးသွားတယ်လို့ Nutrition နဲ့ Cancer ဂျာနယ်မှာ
ဖော်ပြထားပါတယ်။
ဘာကြောင့်လဲ
အနက်ရောင်ဆန် (ကောက်ညှင်းငချိတ်) မှာ ကင်ဆာ ဖြစ်ပေါ်စေတဲ့ ရောင်ရမ်းမှုကို
လျှော့ချနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်လို့ပါ။ ဒါ့အပြင်
သူ့မှာပါဝင်တဲ့ Anthocyanins တွေဟာ ကင်ဆာ Cell ကို သေစေနိုင်ပြီး ကင်ဆာ
Cell တွေကို အာဟာရ ဖြစ်စေတဲ့ သွေးကြောတွေ မဖြစ်ပေါ်အောင်
တားမြစ်နိုင်တာကြောင့် ကင်ဆာ Cell တွေ ပျက်စီးသွားလို့ပါ။
************************************************************
No comments:
Post a Comment