Tuesday 27 December 2011

တောင်ဒဂုံရှိ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ဖျော်ဖြေခဲ့တဲ့ Sky Heart (လူသားအကျိုးပြု ဂီတဥယျာဉ်အဖွဲ့) (သတင်း၊ ဓာတ်ပုံ)
Posted: 26 Dec 2011 08:34 AM PST
မြန်မာပြည်တွင်းက လူမှုရေးလုပ်ငန်းတွေ စိတ်ဝင်စားတဲ့ ဂီတဝါသနာရှင် လူငယ်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့
Sky Heart  (လူသားအကျိုးပြု ဂီတဥယျာဉ်အဖွဲ့)ဟာ ၂၅ရက်နေ့က တောင်ဒဂုံရှိ  မဖြူဖြူသင်း တာဝန်
ယူလုပ်ဆောင်နေတဲ့ HIV/ AIDS စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ခဲ့ပြီး
ဝေဒနာရှင်များအား မိမိတို့တတ်ကျွမ်းသည့် တေးသီချင်း ဂီတများနဲ့ ဖျော်ဖြေပါတယ်...။ အဆိုပါ
ဂီတဝါသနာရှင် လူငယ်လေးများဟာ အဆိုဂီတများနဲ့ ဝေဒနာရှင်များအား သီဆိုဖျော်ဖြေ အားပေးခဲ့သလို
ဝေဒနာရှင်များအတွက် ယူဆောင်လာတဲ့ အဝတ်အထည်များနဲ့ မိမိတို့ စုဆောင်းထားတဲ့ မုန့်ဖိုးငွေ
ကျပ်၁သိန်း၎ထောင်အား လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်...။
  Sky Heart ညီငယ်၊ ညီမငယ်လေးများအား လေးစားဂုဏ်ယူပါတယ်...
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ
Posted: 26 Dec 2011 08:02 AM PST
 မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Koichiro Gembaဟာ
ယနေ့ညနေပိုင်းက တက္ကသိုလ် ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်သို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်..။
ဓာတ်ပုံ AP, Getty Images, Reuters
Posted: 26 Dec 2011 07:41 AM PST
ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် (၈)ဦးဟာ
ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ ပိုလန်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး
ဒီဇင်ဘာလ ၁၈ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါတယ်..။

ပိုလန်နိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr.Krzysztof
Stanowski နဲ့တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီးက ပိုလန်နိုင်ငံရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေး
အခြေအနေများအား ရှင်းလင်းပြောပြခဲ့ပါတယ်..။ ထို့နောက် ပိုလန်သတင်းထောက်များ၊ ဂျာနယ်လစ်များနဲ့
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။ ပိုလန်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ပိုလန် လူမှုရေး အဖွဲ့အစည်းများ၊
လူအခွင့်အရေး အဖွဲ့အစည်းများ၊ ပိုလန်လွှတ်တော် အမတ်များနဲ့ တွေ့ဆုံခဲ့ပြီး အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပါတယ်..။
ပိုလန်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက် လေ့လာခွင့်ရခဲ့တဲ့ ယခုခရီးစဉ်ဟာ
ပြောင်းလဲ တိုးတက်လာတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ၂၃နှစ်တာကာလအတွင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များရဲ့ ပထမဦးဆုံး သွားရောက်ခွင့်ရခဲ့တဲ့ ဥရောပ ခရီးစဉ်လည်း ဖြစ်ပါတယ်..။
NLD Youth Members Visited Poland

On invitation of the Foreign Ministry of Poland, eight members of NLD Youth visited Poland
on 11th through 17th December and came back to Burma on 18th December, 2011. NLD youth
team led by Ma Aye Aye Nyein (Information Department) composed of Ko Nyi Nyi Min
(South Dagon Township), Ma Kyi Pyar (office - NLD youth), Ma Thuzar Myint
(teacher – NLD English Course), Ma Hnin Win Aung (Pegu Division Youth), Ma May Latti
(teacher – Aung San Jarmon library), Ko Win Maw (Indakaw Township youth) and
Ma Cho Cho Aung (Democracy Network).
During their visit, they met with Poland Deputy Foreign Minister Mr.Krzysztof Stanowski who
explained them developments of current political situation. After the meeting, the team
held a press conference with reporters and journalists from Poland. Moreover, under the
arrangement of Foreign Affairs Ministry, they met with organizations working for democracy
and human rights, Members of Parliament, social organizations and civil society organizations,
and exchanged experiences with them.

According to the program, the team also visited Czosnow city on 13th December and met with
responsible persons from the City Council and discussed about city administrative models
and projects. They also visited primary and middle schools of the town. On 15th December,
the team attended the European Development Day held in Warsaw and met with different
organizations from European countries.

ကိုငယ်အား ကျေးဇူးတင်ပါသည်...။
Posted: 26 Dec 2011 07:16 AM PST
မြန်မာပြည်၏ အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင် ကူညီမည့်
အကြီးကျယ်ဆုံး ရန်ပုံငွေ ပွဲတော်ကြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ယက်မှ ဦးဆောင်၍ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ
ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမ ၌( ၃၀.၁၂.၂၀၁၁
) နှစ်သစ် ကူးအကြို ညချမ်းတွင် ခန်းနားကြီးကျယ်စွာကျင်းပပြုလုပ်ပါမည်။
မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက် ဘူးသေးသော နိုင်ငံကျော်
အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင်ကူညီ သီဆိုဖျော်ဖြေ လှူဒါန်းကြမည့်
ပညာရေး ရန်ပုံငွေပွဲတော်ကြီးဖြစ်ပါသည်။

( ၃၀.၁၂.၂၀၁၁ ) နေ့ မနက်( ၉း၀၀) နာရီမှစတင်၍ MCC ၀င်း အတွင်း ပညာရေးကွန်ယက်နှင့်ဆက်သွယ် ဆောင်ရွက်
နေကြသော ပညာဒါနကျောင်းများ၊ လူမူရေးအသင်း အဖွဲ့ များ၊ ကျန်းမာရေးကူညီပေးနေသည့် အဖွဲ့  အစည်းများမှ
ဆိုင်ခန်းပေါင်း (၆၀) ကျော်ဖွင့်လှစ်၍ လူသုံးကုန် ပစ္စည်းများ၊ အမှတ်တရပစ္စည်းများ၊ အစား အသောက်များကို
မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မှာဖြစ်ပြီး ရရှိလာမည့် အမြတ်ငွေအား လုံးကို ပြည်ထောင်စု တိုင်းရင်းသားဒေ
သများတွင် ပညာရေးမြှင့်တင်ဆောင်ရွက် ပေးရန်အတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ်။
ဂီတဖျော်ဖြေပွဲ လက်မှတ်များကိုလည်း အောက်ပါနေရာများတွင်စတင်ရောင်းချပေးနေပါပြီ။
( ၁ ) အမေ့သားဆန်ဆိုင်(၂၄၇)ဗိုလ်ချုပ်လမ်း၊လမ်း(၄၀) နှင့် ဗိုလ်အောင်ကျော်လမ်းကြား။
( ၂ ) အမိုင်တူရိယာပစ္စည်းအရောင်းဆိုင်၊(၁၃၈)လသာလမ်း၊အထက်ဘလောက်။
( ၃ ) NLD ရုံချုပ်၊ ရွှေဂုံတိုင်၊
( ၄ ) Morning Star လ္ဘက်ရည်ဆိုင်( တိရိစ္ဆာန်ရုံ )
( ၅ ) Morning Star လ္ဘက်ရည်ဆိုင်( ဦးချစ်မောင်လမ်း)
( ၆ ) Morning Star လ္ဘက်ရည်ဆိုင်( တော်ဝင်စင်တာ )
လက်မှတ်တန်ဘိုးများမှာ၊ ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀၊ ၅၀၀၀
ကျပ်သတ်မှတ်ထားပါတယ်။ လက်မှတ် ရောင်းရငွေအားလုံးကိုလည်း ပြည်ထောင်စု တိုင်းရင်းသားများ
ပညာရေးအတွက် အနုပညာရှင်များမှ ၀မ်းမြောက်စွာ လှူဒါန်းကြမှာဖြစ်ပါတယ်။

(၃၀.၁၂.၂၀၁၁) ညနေ (၃း၃၀) နာရီအချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်
တိုင်တက်ရောက်ပြီး ဂီတဖျော်ဖြေပွဲ ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပညာရေးရန်ပုံငွေပွဲ အဖွင့်မိန့် ခွန်းပြောကြားမှာ
ဖြစ်ပါတယ်။

မိဘပြည်သူအပေါင်းမှလည်း ရန်ပုံငွေပွဲတော်သို့ ကြွရောက်၍ အားပေးကြပါရန်ဖိတ်ကြားအပ်ပါသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေပွဲတော် ကျင်းပရေးကော်မတီ
ကိုငယ်အား ကျေးဇူးတင်ပါသည်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment