Tuesday 27 December 2011

နိုင်ငံကျော်Ironcrossတေးဂီတအဖွဲ့သားများနှင့် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(ရုပ်/သံ-ဓာတ်ပုံ)
Posted: 26 Dec 2011 11:12 PM PST




Photo..IronCross Video.. Burma vj media network

Posted: 26 Dec 2011 11:00 PM PST


အမှန်တရားသစ်ကို ရှာဖွေသူ (၁၁) ဦး

နာရေးကူညီမှုအသင်း(ရန်ကုန်) (၁၁)နှစ်မြောက် အထိမ်းအမှတ် ၁.၁.၂၀၁၂ (တနင်္ဂနွေ)နေ့တွင် ပါမောင့်မန့် ပညာရှင် (၁၁)ဦးတို့မှ လာရောက်ကာ နေ့လည် (၂း၀၀) နာရီအချိန်မှစ၍ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် တင်ဆက်ပြသမည် ဖြစ်ပါသည်။

"ပါဖောင့်မန့် အက် (Performance art) ဆိုတာ ပရိသတ်ကိုဖျော်ဖြေတဲ့ တင်ဆက်တဲ့ Entertainment မဟုတ်ပါဘူး ။ အနုပညာရှင်များရဲ့ ရင်ထဲမှ ပွင့်အန်ထွက်ကျလာတဲ့ ခံစားမှုများကို ဖော်ထုတ်တင်ဆက်တဲ့ အနုပညာအမျိုးအစားဖြစ်ပါတယ်။ အနုပညာပစ္စည်းဆိုတာ လူချမ်းသာများရဲ့ ဈေးကွက်ကစားမှု၊ အသုံးချခံမှုများကို စက်ဆုတ်ရွံရှာပြီး တော်လှန်ပြောင်းလဲထားတဲ့ အနုပညာပုံသဏ္ဍာန် အမျိုးအစားဖြစ်သည်။ ပါဖောင့်မန့် အနုပညာဆိုတာ၊ အနုပညာရှင်ရဲ့ ခံစားမှုကို ချက်ခြင်းတုန့်ပြန်ရိုက်ခတ် ခံစားလာရသည့်အတိုင်း တင်ဆက်ခြင်းဖြစ်ပါတယ်။ ပစ္စုပ္ပုန်တည့်တည့်မှာလုပ်ပြီး၊ ချက်ခြင်းပြီးပျောက် သွားတဲ့ အနုပညာပါ။ အရောင်းအ၀ယ်သဘောတရားတွေလုပ်လို့ မရတော့တဲ့အတွက် အနုပညာသမား စစ်စစ်ဘ၀ကို ခံယူချင်သူများသာ တင်ဆက်ပြသတဲ့အနုပညာ ပုံသဏ္ဍန်ဖြစ်ပါတယ်။ အနုပညာနဲ့ ငွေရှာမှု ကို စက်ဆုတ်ရွံ့ရှာသူများ မိမိရဲ့ခံစားမှုကို ရိုးရိုးသားသားနဲ့ စစ်မှန်စွာတင်ပြသူများသာ လုပ်ဆောင်တဲ့ အနုပညာအမျိုးအစား ဖြစ်ပါတယ်။ လွတ်လပ်မှုကိုမြတ်နိုးသူများ၊ အဆောင်အယောင်များကို ငြီးငွေ့ လွယ်သူများ၊ အမှန်တရားသစ်ကို ရှာဖွေသူများသာလုပ်ဆောင်နိုင်တဲ့ အနုပညာအမျိုးအစား ဖြစ်ပါတယ်။

ပါဖောင့်မန့် အနုပညာသမားတစ်ယောက်ဟာ ဇာတ်လမ်း (Script)၊ ဒါရိုက်တာ (Director) နဲ့ တိတိကျကျစည်းမျဉ်း၊ စည်းကမ်းဘောင်များနဲ့ လုပ်ဆောင်ဖျော်ဖြေခြင်းမဟုတ်ဘဲ၊ အနုပညာရှင်ဘ၀နဲ့ သမိုင်းကြောင်းက ခံစားမှုများကလူးလွန့်လာပြီး၊ စူးစူးနစ်နစ်ခံစားပြီး ပေါက်ကွဲလာတဲ့ ခံစားမှုများကို အနုပညာပုံသဏ္ဍာန်အသစ်နှင့် တင်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီတင်ဆက်မှုများဟာ အနုပညာနဲ့ဘ၀၊ ဘ၀နဲ့သမိုင်းကြောင်း၊ သမိုင်းကြောင်းနဲ့ပတ်ဝန်းကျင်၊ စက်ဆပ်မှုများ ရှုပ်ထွေးစွာ ရောနှောပေါင်းစပ် လာခဲ့ပါတယ်။ ဒါကြောင့် ပါဖောင့်မန့်အနုပညာသမားများဟာ သူနေထိုင်တဲ့ လူနေအဖွဲ့အစည်းရဲ့ မကျေနပ်မှုများကို တင်ပြလာတာတွေ့နိုင်ပါတယ်။ ဥပမာ - နိုင်ငံရေး၊ လူမှုရေး၊ အရှုပ်အထွေးများ ပေါက်ကွဲ မှုများ၊ ပြုပြင်ပြောင်းလဲရေး သဘောတရားများဖြင့် ကိုယ်ရဲ့ပါဖောင့်မန့်အနုပညာနဲ့ တင်ဆက်လေ့ ရှိပါတယ်။

ရိကလင်း (Yues Klein)၊ ဂျိုးဆက်ဘွိုင် (Joseph Beuys) စတဲ့ ပါဖောင့်မန့် အနုပညာကို ၁၉၆၀ တစ်ဝိုက်တွင် စတင်ပြုလုပ်ခဲ့သည်။ အဲ့ဒီမှ တစ်ဆင့်အနောက်ဥရောပမှ အရှေ့ဥရောပသို့ ပျံ့နှံ့လာခဲ့ ပါတယ်။ ၁၉၆၀ ပတ်ဝန်းကျင်လောက်မှာပဲ ဂူထိုင်းအုပ်စုကလည်း ဂျပန်နိုင်ငံ၊ အာရှမှာ ပါဖောင့်မန့် အနုပညာကို စတင်လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။ ၁၉၆၂ မှာတော့ ဂျပန်နိုင်ငံမှ ပါ့ဖောင့်မက်ပွဲတော် (performance festival) ကိုစတင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် အာရှတိုင်းပြည်များကို တစ်စ တစ်စ ပျံ့နှံ့သွားခဲ့တယ်။ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်မှာ အနုပညာရှင် "ပိုပို"က စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၇-၂၀၀၀ ထိ အောင်မြင့်၊ ထိန်လင်း၊ ငြိမ်းချမ်းစု၊ အေးကို ပြုလုပ်လာပြီး ပါဖောင့်မန့်အနုပညာကို ပျံ့ပွားစေ ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ပါဖောင့်မန့်ပွဲတော် (performance festival) ကို စတင်ပြုလုပ်နိုင်ခဲ့တယ်။

ယခုအချိန်မှာဆိုရင် နိုင်ငံတကာပါဖောင့်မန့် အနုပညာရှင်များနှင့် ပူးပေါင်းကာ (Exchange program)နှင့် (performance festival)များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။"

ကိုကျော်သူ

Posted: 26 Dec 2011 09:19 AM PST

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို အစိုးရ ထိပ်ပိုင်းအရာရှိကြီးတွေက သူတို့ကြုံကြိုက်သလို အစိုးရလုပ်ငန်းနဲ့ တရားဝင် ဆက်နွယ်တဲ့ နေရာတွေမှာ မကြာခဏ ထုတ်ဖော်ပြောဆိုနေကြပါတယ်။ တနည်းအားဖြင့် ဒီလိုအပြုအမူဟာ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အာဏာကို ခွဲဝေကျင့်သုံးတဲ့သဘောကို ဖော်ဆောင်နေကြတာပါပဲ။

ဒါပေမယ့် အကြောင်းအရာတခုအပေါ်မှာ သူတို့ပြောဆိုပုံ အမျိုးမျိုးအဖုံဖုံ ဖြစ်နေပါတယ်။ အရိပ်အမြွက် ပြလိုက်၊ တည့်တည့်ပြောလိုက်၊ ရက်အတိအကျ ပေးလိုက်၊ ခန့်မှန်းခြေပြောလိုက်နဲ့ နည်းနည်းစီကွဲနေကြလို့ လူထုအနေနဲ့ ဟိုဟာ ယုံရနိုး၊ ဒီဟာလက်ခံရနိုး ဇဝေဇဝါ ဖြစ်ရပါတယ်။ အစိုးရအပေါ် ပြည်သူတွေ ယုံကြည်အားကိုး ထောက်ခံအောင် အစိုးရကိုယ်တိုင်က အလုပ်နဲ့ အမြဲသက်သေပြနေရပါတယ်။ ဒါမှလည်း အစိုးရသက်တမ်း ကြာရှည်နိုင်ပါတယ်။ လူထု အကျိုးမဲ့စေတာမျိုး၊ သံသယ ဖြစ်စေတာမျိုး၊ ငြိုငြင်တာမျိုး မလုပ်တာ အကောင်းဆုံးပါပဲ။

အစိုးရ အပြောတွေအရ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ကတော့ ကျိန်းသေသလောက် ရှိပါပြီ။ ဒီလိုပြောဆိုနေတာတွေဟာ ပြည်သူတွေ အာသီသပြင်းပြင်းနဲ့ တောင်းဆိုတဲ့ကိစ္စအပေါ် အရှိန်ပြန်ကျအောင် ချော့မော့ဖြောင့်ဖျပေးနေတယ်လို့ ယူဆရင်လည်း ရနိုင်သလို နိုင်ငံရေးအရ တခုခုကို ကစားနေတယ်လို့လည်း အဓိပ္ပာယ်ကောက်ချင် ကောက်လို့ ရနေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၂ မျိုးစလုံးကို ဦးတည်ပြီး လုပ်ဆောင်တာ မဖြစ်သင့်ပါဘူး။

ဒီမိုကရေစီ အစိုးရ ဆိုတာ မိုးပေါ်က အလိုလိုကျလာတာ မဟုတ်ဘဲ ဒီမိုကရေစီသဘောအရ လူထုက ရွေးချယ် တင်မြှောက်ပြီး နိုင်ငံ့အရေးအရာတွေကို ဦးဆောင်စီမံဖို့ အများသဘောတူ ထားရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဥပမာတခုနဲ့ နှိုင်းယှဉ်ရရင် ပွင့်လင်းတဲ့၊ တာဝန်ခံတတ်တဲ့၊ ရိုးသားဖြောင့်မတ်ပြီး အားကိုးရတဲ့၊ အခကြေးငွေယူပြီး လုပ်နေတဲ့ ကားဒရိုင်ဘာနဲ့ တူပါတယ်။

ဒီကားဒရိုင်ဘာဟာ ကားပိုင်ရှင်ရဲ့ ဆန္ဒအတိုင်း ညွှန်ကြားရာကို ဘေးကင်းစွာနဲ့ ပို့ဆောင်ပေးဖို့သာ တာဝန်ရှိပြီး ကားပိုင်ရှင်ကို ဘယ်သွား၊ ဘာလုပ် ညွှန်ကြားလို့ မရပါဘူး။ အစိုးရဆိုတာလည်း ဒီသဘောအတိုင်းသာ ဖြစ်နေရပါမယ်။ နိုင်ငံ့အရေးအရာကိစ္စတွေကို ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာ ရိုးသားဖြောင့်မတ်စွာ ထိရောက်အောင် ဆောင်ရွက်ပေးဖို့ကလွဲလို့ အခြားဘာမှ မလုပ်အပ်ပါဘူး။

မြန်မာပြည်သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်စေချင်တဲ့ဆန္ဒ ရှိကြပါတယ်။ ပြည်သူ့ဆန္ဒဖြစ်လို့ ဒါဟာ နိုင်ငံ့အရေးအရာကိစ္စတခု ဖြစ်လာရပါပြီ။

အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ နိုင်ငံတော်သမ္မတထံမှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ၂ဝဝ၈ အခြေခံဥပဒေမှာ အတိအလင်းပြဌာန်းထားဟာ အင်မတန် ကောင်းမွန်လှပါတယ်။ သမ္မတကလည်း ဒီလုပ်ပိုင်ခွင့်ကို အသုံးချပြီး လွှတ်ပေးမယ်လို့ ပြောဆိုထားတာကလည်း ဘဝင်ကျစရာပါ။

ခုတလော ကြားနေရတဲ့ သတင်းတွေထဲမှာ အတိကျဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို ၂ဝ၁၂ ခုနှစ် လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အသီးသီးမှာ ၂ သုတ်ခွဲပြီး လွှတ်ပေးမယ် ဆိုတဲ့သတင်းပါ။ ဒီသတင်းကြောင့် ပြည်သူတွေ ဝမ်းသာအားရဖြစ်ကြပါတယ်။ အစိုးရအပေါ်လည်း ပိုပြီး အကောင်းမြင်လာ ပါတယ်။ အမှန်တကယ်သာ ဖြစ်လိုက်ရင် အကောင်းမြင်တာအပြင် အပြုသဘောနဲ့ ပိုမို ယိုင်းပင်း ပူးပေါင်းလာနိုင်မယ့် ကောင်းကျိုးတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပြုတာဟာ သမ္မတကနေ ပြည်သူ တဦးချင်းရဲ့ဆန္ဒအပေါ် အလေးအနက်ထားပြီး တုန့်ပြန်မှုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုနဲ့လည်း ဆိုင်သလို သမ္မတရဲ့ ဖြူစင်တဲ့ စေတနာ၊ ကိုယ်ချင်းစာ ငဲ့ညှာမှု၊ အမြော်အမြင်ကြီးမှုတို့နဲ့လည်း သက်ဆိုင်ပါတယ်။ နိုင်ငံသမ္မတ ဖြစ်နေတဲ့အတွက် ဒီလို စိတ်ထားနဲ့ အမူအကျင့်ဟာ အချိန်တိုင်းမှာ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ လူတိုင်းက သမ္မတကို ကြည့်ပြီး စံနမူနာယူနိုင်အောင် အချိန်တိုင်းမှာ ပြသနေရမှာလည်း ဖြစ်ပါတယ်။

ဘယ်သူမှ စေတနာတရား ဖြူစင်မှုကို အချိန် အကန့်အသတ်နဲ့ ဖော်ထုတ်တာမျိုး ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ်ချင်းစာတရား ဆိုတာကလည်း နေ့ရွှေ့ညရွှေ့ လုပ်ကောင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီလိုပဲ အမြော်အမြင် စွမ်းပကားကို လိုအပ်မှ ထုတ်သုံး မလိုရင် သိမ်းထား ဆိုတာလည်း မဖြစ်သင့်ပါဘူး။ ဒီ ၃ ချက်ကို အမြဲ ထာဝစဉ် ထားရှိ ကျင့်သုံးနေရမှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းဟာခွင့်ပေးခြင်းဟာ နိုင်ငံရဲ့ နေ့ကြီးရက်ကြီးရောက်မှ ထုတ်ဖော်ပြသရတာမျိုး မဖြစ်သင့်ပါဘူး။ နိုင်ငံတကာ ဧည့်သည်တွေ ရောက်လာခါနီးမှ၊ နိုင်ငံတကာ ခရီးကို စတင်ခါနီးမှ၊ နိုင်ငံရေး ချိန်ခွင်လျှာ ညှိလိုတဲ့အခါမှ စတဲ့ နိုင်ငံရေး ကစားကွက်အနေနဲ့လည်း အသုံးမချသင့်ပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်စရာရှိရင် ဘာမှ နောက်ဆံတင်းမထားဘဲ နေ့ကြီးအခါကြီးတွေလည်း ရွေးနေစရာ မလိုဘဲ အမြန်ဆုံးသာ လွှတ်ပေးလိုက်စေချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်လို့လည်း နိုင်ငံရေး အကျဉ်းသားတွေ ရှိနေခြင်းကိုက အနုတ်လက္ခဏာ ဆောင်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအဖို့ တရက် တနာရီ စောပြီး လွတ်မြောက်လာသမျှ တရက် တနာရီ ပိုမို စိတ်ချမ်းသာမယ့်အရေးကိုပါ ထည့်တွက် ငဲ့ညှာပေးရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အချိန်စောပြီး နာမည်ကောင်းလည်းရ အလုပ်လည်း ပိုမို မြန်ဆန် တွင်ကျယ်လာနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၆-၁၂-၂ဝ၁၁

Posted: 26 Dec 2011 09:08 AM PST


အပေါ်မှ မြန်မာပြည်မြေပုံလေးကိုနှိပ်ပြီး တိုင်းနှင့်ပြည်နယ်များ၏ တည်နေရာများထည့်ပြီး Flash gameလေးကို ကစားကြည့်နိုင်ပါတယ်.ထည့်လို့မှန်သွားရင် တိုင်းရင်းသားသွေးစည်းညီညွတ်ရေး သီချင်း ထွက်ပေါ်လာပြီး နားထောင်နိုင်ပါတယ်.ပြန်ပိတ်ချင်ရင် ကွန်ပြူတာရဲ့ကီးဘုတ်က ESC ကီးလေးကိုနှိပ်လိုက်ပါ။



You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment