Posted: 17 Feb 2012 08:47 PM PST
မန္တလာနွေ
မန္တလာနွေ ၊ ကြင်ဖေါ်တို့ အတွက်
သင့် လက်ကြမ်း နဲ့  နှိပ်စက် မင်း မူ နေ
စိမ်းရောင်စို ထို မျက်ခင်းနဲ့  ရှုချင်ဖွယ် ရေ ကမ်း စပ် တို့ 
မွဲခြောက် အ ကျည်း တန် ဆဲ
ဟေမာန်ခါ ဒီ ဆောင်း ၊ နုပြောင်း ညက်လို့ 
ငွေ စက် နှင်း မှုန် တွေ ၊ နွမ်း မျက် ခင်း သေ
ရေ ကမ်း စပ် ကို နူးညံ့လက်တွေ နဲ့  အလှဆင်နေ
ငှက်တူ စုံ ပျော်မြူး လို့  နှင်းဦးပွင့် တို့  ကို
သောက်သုံး ပြုံး ပျော် နေ
ပူလောင်စွာ နေခဲ့ဖူးတော့ ဆောင်းရဲ့  အလှကို လေ
မပြော တတ် အောင် ခံစားနိုင် ပေ
လောက ရဲ့  ဖြစ် အင် တွေ သည်လို တွေး လို့ 
ပူလောင် ရက် များ နဲ့  သောက မျက်ရည် တွေ
ပန်းတိုင် အရသာ ခံစားဖို့  အတွက်
ဆ တန်ဖိုး တိုး လို့  တိုက်ခိုက်ကြပါလေ...
ပူပါစေ မန္တလာ နွေ
ပူပါစေ မန္တလာ နွေ
ပူပါစေ လေ
ဒီသီချင်း လေး ပါဝင်တဲ့ CD ခွေလေးကို ဒီသီိချင်းရေးတဲ့ အတူသေဖေါ် ကိုညီညီ က မြောက်ပိုင်းတွင်ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့  မှာ ကိုထွန်းအောင်ကျော် ကို ဂုဏ်ပြု အမှတ်ရစေဖို့  ဝေငှပေးခဲ့ပါတယ် ) WAVY ECHO မှာ ဝိုင်းခေါင်းဆောင် Key bo.ard တီးတဲ့ ကိုထွန်းအောင်ကျော် က Arrangement... လုပ်ထားတာဖြစ်ပါတယ် ၁.ရွေးချယ်ချက်-ညီညီ သံစဉ် ၀င်းဗိုလ် http://www.mediafire.com/?vtcvpoa4vkvfrfr ၂.နေရာတိုင်းမှာ http://www.mediafire.com/?spn9phnd2fhywv4 ၃.ပြင်ဆင်ချိန် - ညီညီ သံစဉ် ၀င်းဗိုလ် http://www.mediafire.com/?8w44ez3tpnp1eo5 ၄.ဘယ်မှာလည်း http://www.mediafire.com/?52dpt76jcfdehtj ၅.သက်မွန် - ထွန်းအောင်ကျော် သံစဉ် ထွန်းအောင်ကျော် http://www.mediafire.com/?eadh7cxq4ndoh64 ၆.တရေးအိပ်ပါလေ http://www.mediafire.com/?c4y55qp4cvgg6pf ၇.သစ္စာပန်းရဲ့ ကာရံ -ညီညီ http://www.mediafire.com/?9dgt6ynezfbwrbn ၈.ချယ်ရီ http://www.mediafire.com/?iu256mwrzuj2vfk ၉.ရွက်လှရဲ့ အားမာန်- ညီညီ http://www.mediafire.com/?b1s3cpc92ibkt31 ၁၀.လှလွန်းရက်သူ -ညီညီ http://www.mediafire.com/?08nblawx1nwha7x ၁၁.ဘယ်အချိန်ဘယ်အခါ. http://www.mediafire.com/?87zfzd89kc6px4j ၁၂.ပန်း http://www.mediafire.com/?jgkvsbdqffkbw98 ၁၃.ဝေးသွားတဲ့ အချိန် http://www.mediafire.com/?dcnvw99wlfmlw32 ၁၄.လာလမ်းလေးအတိုင်း http://www.mediafire.com/?hbq52zchd2ppzqy ၁၅.မောလှပြီကွယ် http://www.mediafire.com/?osruc3r47a1rcr7 ၁၆.မန္တလာနွေ -ညီညီ http://www.mediafire.com/?6s8jd2sl29c22hs ၁၇. အမှောင်ကမ္ဘာ http://www.mediafire.com/?t0bc6ab8aatotb4 |
Posted: 17 Feb 2012 08:37 PM PST
မန္တလေး Bar Camp က ပြန်လာပြီးကတည်းက ကျွန်တော် တို. Mandalay Bar Camp မှာ လုပ်ခဲ့တဲ့ ၅၀၀၀ တန် Sim Card Sticker Campaign နဲ.ပတ်သက်ပြီး တည့်တိုးတမျိုး ၊ ရိသဲ့သဲ့ တမျိုး အမေးခံခဲ့ရပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်မဖြေ ၊ ပြန်မပြောဖြစ်ခဲ့ ပါဘူး ။ ဒါပေမယ့် ဒီရက်ပိုင်း online ပေါ်မှာ တွေ.ရတဲ့ စာတချို. ပုံတချို.ကြောင့် ဒီ Note လေးရေးပြီး ကျွန်တော် တတ်နိုင်တဲ့ ဘက်က ဖြေရှင်းလိုက်ရပါတယ် ။ မည်သူ တဥိးတစ်ယောက်ကိုမှ ပုတ်ခတ် စော်ကားလိုတဲ့ ဆန္ဒမရှိကြောင်း ကြိုပြောထားပါရစေ ။ ဒီရက်ပိုင်း တွေ.နေရတဲ့ အထဲမှာ တချို.စာတွေမှာ တချို.ပုံတွေမှာ ဒီ ၅၀၀၀ တန် Sim Card ( တန်ဖိုးနည်းဖုန်းလိုင်း ) ကို လိုချင်လို.ကြိုးစား နေသူတွေဟာ ၅ သိန်းတန်ဖုန်းကိုတောင်မှ မကိုင်နိုင်တဲ့လူတန်းစားတွေ သို.မဟုတ် ကြီးဒေါ်နွား အလကားကျောင်းနေတဲ့ သူတွေလို. တိုက်ရိုက် မပြောရုံတမည်ပါပဲ ။ ကျွန်တော် ဥာဏ်မှီသလောက် နဲ. သိထားသလောက်ဖြေရှင်းကြည့်ပါမယ် ။ Mandalay Bar Camp 2012 မှာ ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို.ရဲ. Sticker Campaign ကို ငွေကုန် ၊ အချိန်ကုန်ခံပြီး ဦးဆောင်ခဲ့တဲ့ ကျွန်တော့ဆရာ လည်းဟုတ် ၊ အကိုကြီးဆိုလည်းဟုတ်တဲ့ ( နာမည်ကိုတော့ ကျွန်တော့မှာ Permission မရှိတဲ့အတွက်မပြောတော့ပါဘူး ) သူအကြောင်းအရင်စပြောပါ့မယ်။ သူ.ရဲ့အဖေက ဒီနေ.နေပြည်တော်ဆိုတဲ့ နေရာက မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးဆိုတဲ့ ဌာန တစ်ခုမှာ ထိပ်ပိုင်းရာထူးကြီးတစ်ခုနဲ.လူကြီးတစ်ဦးပါ ။ ဒီနေ.မန္တလေးမြို.မှာ ကာလတန်ဖိုး သိန်း ၃၀၀ အောက်လျော့ဖို.မရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ဆိုင်တစ်ခုရဲ. တစ်ဦးတည်းသော Founder ပါ။ ကျွန်တော်သိတဲ့ personal ပိုင်ဆိုင်ရာ တစ်ခုကိုထပ်ပြောရမယ်ဆိုရင် GSM ဖုန်းတွေပေါ်လာကာစတုန်းက သူစိတ်ကြိုက် ဖုန်းနံပါတ်ကို အဲဒီ အချိန်က တရုတ်နိုင်ငံလုပ် လိုင်စင်ဆိုင်ကယ် ၅ စီးတန်ဖိုးနဲ.ညီမျှတဲ့ ငွေကြေးပေးပြီး ၀ယ်ကိုင်ခဲ့တဲ့သူပါ ။ ဆိုလိုတဲ့ သဘောက သူလိုလူမျိုးဟာ ၅၀၀၀ တန် Sim Card ထွက်လာမှ ဖုန်းကိုင်နိုင်မယ့်လူမျိုးလား လို.ကျွန်တော်မေးပါရစေ ။ ဘာ အစွဲမှ မပါပဲ ရိုးရိုးလေးတွေးကြည့်ပေးပါ ။ နောက်တယောက်က ကျွန်တော်နဲ. တမြို.တည်.်းသား ညီအကို ရင်းတွေလိုနေတဲ့သူတစ်ယောက်ပါ ။ ရှည်ရှည်ဝေးဝေး မပြောတော့ဘူးဗျာ ။ သူကိုင်တဲ့ ဖုန်းက ၂၀ နဲ. စတယ်ဗျာ ။ သူကိုင်တဲ့ Hand Set က IPhone 4 ဗျာ ။ ကဲ ။ ဒီလိုလူမျိုးတွေက ဘာကြောင့် ဒီတန်ဖိုးနည်းဖုန်းလိုင်း ထွက်ပေါ်ဖို. အားတက်သရော ငွေကုန်ခံပြီး ကြိုးစားနေသလဲ ။ ဒီအဖြေကို ကျွန်တော် ဖြေပေးပါ့မယ် ။ တစ်ခုအရင်ပြောပါရစေ ။ ခု ၅သိန်းတန် ဖုန်းတွေ ပေါ်လာကာစမှာ နာမည်ကြီးဂျာနယ် တစ်စောင်က ရေးခဲ့တာလေးပါ ။ လူလတ်တန်းစားတွေ ဖုန်းကိုင်န်ုင်တဲ့ခေတ် ……………………… လို.ရေးထားခဲ့တာပါ ။ ကောင်းပြီ ။ ကျွန်တော်တစ်ခုပြောပါ့မယ် ။ ကျွန်တော် ကွန်ပြူတာ အစုတ်တွေပြင်ပါတယ် ။ နည်းနည်း လူရှိန်အောင်ပြောရရင် Hardware Engineer ပေါ့ဗျာ ။ ကျွန်တော့မှာ ကျွန်တော် ကိုယ်တိုင်ရှာလို.ရတဲ့ ပိုက်ဆံနဲ. ၀ယ်ထားတဲ့ လက်ကိုင်ဖုန်းတလုံး မရှိပါဘူး ။ ဒါဆို အထက်မှာ ပြောခဲ့တဲ့ လူလတ်တန်းစား ထဲမှာ ကျွန်တော် မပါဝင်နိုင်တော့ဘူးဗျာ ။ ဒါဆိုကျွန်တော်ဘာလဲ … ။ လူလတ်တန်းစားထဲမှာ မပါဝင်နိုင်ဘူးဆိုတော့ ရှင်းရှင်းလေးပါ ။ အောက်တန်းစား ပေါ့ဗျာ ။ ( နည်းနည်းရိုင်းသွားရင် ခွင့်လွတ်ပါ ) ။ ကောင်းပြီ ။ ကျွန်တော့ အဒေါ်တစ်ယောက်က နည်းပညာ တက္ကသိုလ် တစ်ခုမှာ နည်းပြ တစ်ယောက်ပါ ။ သူ.မှာ ကိုယ်ပိုင်ဖုန်းတစ်လုံးမရှိဘူးဗျာ ။ ကဲ ……. ။ ကျွန်တော့ သူငယ်ချင်းတစ်ယောက် က စစ်တက္ကသိုလ်ကနေ ၂၀၀၇ ခုနှစ်မှာ သင်တန်းဆင်းခဲ့ တဲ့ ပြန်တမ်းဝင် အရာရှိတစ်ယောက်ပါ ။ သူ.မှာ လက်ကိုင်ဖုန်းတစ်လုံးမရှိဘူးဗျာ …။ ကဲ …… ။အဖြေက ဒါပါပဲ ။ ကျွန်တော်တို. နိုင်ငံမှာ ကျွန်တော်တို.လိုအောက်တန်းစားတွေ(ဖုန်းမကိုင်နိုင်လို.သတ်မှတ်ခံလိုက်ရသော) ဘယ်လောက်များနေမလဲဗျာ ။ ကွန်တော်တို. က ဒီနေ. အမေရိကမှာ ၊ ထိုင်းမှာ ၊ အိန္ဒိယ မှာ ၊ တရုတ်မှာ ဒေါ်လာသောင်းချီပေး ရတဲ့ ပြိုင်ကား တစ်စီးကို မြန်မာနိုင်ငံမှာ ကျပ်ငွေ တစ်သိန်းနဲ. ရောင်းပေးပါဆိုပြီးတောင်းဆိုနေတာ မဟုတ်ပါဘူး ။ ဒီနေ. ဖုန်းတစ်လုံးကို အနည်းဆုံး ၅သိန်းကျပါတယ် ။ ဒေါ်လာ ဈေး ၈၀၀ နဲ.ပဲတွက်ကြည့်ရအောင်ဗျာ ။ ဘယ်လောက်ဒေါ်လာကျသလဲ ခင်ဗျ ။ ကဲ …. အိန္ဒိယ မှာ ဖုန်းတစ်လုံး အဲလောက်ရှိသလားခင်ဗျ ။ ဖြေကြည့်ပေးပါ ။ အဖြေကဒါပါပဲ ။ ကျွန်တော်တို. တန်ဖိုးနည်းဖုန်းလိုင်းကို တောင်းဆိုနေတယ်ဆိုတာ ရွေပြည်တံခွန် အတွက်မဟုတ်ပါဘူး ။ မြန်မာ့ ဆက်သွယ်ရေးကို မုန်းလို.လည်းမဟုတ်ပါဘူး ။ သန်းပေါင်းများစွာသော ဘ၀တူ အောက်တန်းစားတွေ အတွက်ပါ ။ ထပ်ပြီးပြောရရင်တော့ ကြီးတော် နွား အလကားကျောင်းနေကြတယ်လားဆိုရင်တော့ ….. ဟုတ်ပါတယ်ခင်ဗျာ ….. ကျွန်တော်သာ မဖြစ်မနေ နွားအလကားကျောင်းပေးရမယ်ဆိုရင်တော့ ကျွန်တော့ ဆွေမျိုးအရင်းဖြစ်တဲ့ ကြီးတော်ရဲ. နွားကိုပဲ အလကားကျောင်းလိုက်ပါတော့မယ် ။ အဖေရင်း လဲမဟုတ်ပဲနဲ. အဖေ့နေရာ ၀င်ယူထားတဲ့ ပထွေးနွားတော့ အလကားမကျောင်းတော့ပါဘူးခင်ဗျာ . ။ အပြုသဘောဆောင်သော သဘောထားကွဲလွဲမှုအာလုံးကို ကြိုဆိုပါတယ်ခင်ဗျာ ။ အညာဘက်မှာဆို မိုဘိုင်းဆဲလ်ဖုန်းတိုင်တောင် မလိုဘူး Yzet Emolord |
Posted: 17 Feb 2012 08:09 PM PST
ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ပွဲကိုရွှေသံစဉ်တေးဂီတအဖွဲ့မှ ဂီတမှူးကိုဝင်းမော်လည်းတက်ရောက်အားပေး ခဲ့ပါတယ်။ သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းကသူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသား တွေလာမယ်ဆိုရင် ပွဲလုပ်ခွင့်မပြုဘူးလို့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက လာရောက်ပြောကြားခဲ့တဲ့ အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါတယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။ shwe than zin |
Posted: 17 Feb 2012 08:34 AM PST
Photo..u than win ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရမည့် ရွှေညဝါဆရာတော် ဦးပညာသီဟသည် ကျောင်းတိုက်မှ မထွက်ခွာမီ အချိန်အတွင်း ၎င်း၏ ဒကာ/မများအား နှုတ်ဆက်သည့်အနေဖြင့် ကျောင်းတိုက်မှ အရပ်လေးမျက်နှာအား လှည့်လည်၍ ရာနှင့်ချီသော သံဃာများနှင့် အတူ ဆွမ်းခံကြွခဲ့သည်ဟု သိရသည်။ "ဆရာတော်က ၁၅၊ ၁၆၊ ၁၇၊ ၁၈ရက်တွေမှာ ဆွမ်းခံကြွခဲ့တာဖြစ်တယ်။ အဲဒီလို ဆွမ်းခံကြွရောက်တဲ့အခါမှာ ဆွမ်းတွေ၊ ဝတ္ထုတွေ၊ ဘုန်းကြီး အသုံးအဆောင်တွေလည်း လှူကြတယ်။ ဒကာ၊ဒကာမတွေလည်း တော်တော်ကြီးကို စိတ်မကောင်းဖြစ်နေကြတယ်။ တစ်ချို့ဆိုရင် ဆွမ်းလှူရင်းနဲ့ ငိုတောင်ငိုတယ်"ဟု ကမာရွတ်မြို့နယ်မှ မိန်းမတစ်ဦးမှ ပြောကြားသည်။ ရွှေညဝါဆရာတော်သည် ဒကာ/မများမှ လှူဒါန်းသည့် ဝတ္ထုငွေစုစုပေါင်း သိန်းချီရရှိခဲ့သော်လည်း ထိုဝတ္ထုငွေများနှင့် ဆွမ်းနှင့် ဆွမ်းဟင်း များအား လှိုင်သာယာ မီးဘေးဒုက္ခသည်များသို့ ပြန်လည်ဝေငှလှူဒါန်းခဲ့သည်ဟုလည်း သိရသည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ရွှေညဝါဆရာတော်ထံသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ လာရောက်၍ ဆရာတော်အနေဖြင့် နိုင်ငံရေးသမားများ၏ အသုံးချခံမဖြစ်စေရန် တိုင်းဝန်ကြီးချုပ်မှ လာရောက်လျှောက်ထားခိုင်းခြင်းဖြစ်ကြောင်းနှင့် ဆရာတော်မှလည်း ၎င်းအနေဖြင့် နိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ လှိုင်သာယာ မီးဘေးဒုက္ခသည်များအား ကူညီရန်အတွက် ဆွမ်းခံကြွရခြင်းဖြစ်ကြောင်း လည်း ဆရာတော်မှ မိန့်ကြားသည်။ ထိုသို့ ဆွမ်းခံထွက်ရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ၈၈မျိုးဆက်ကျောင်းသားများ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ GWမှ မျိုးဆက်သစ်လူငယ်အချို့နှင့် သံလျင်မှ ကရုဏာ အဖွဲ့လူငယ်များမှလည်း ဆွမ်းခံကြွသည့် သံဃာများအတွက် ဝေယျာဝစ္စနှင့် ပတ်သက်၍ ပါဝင်ကူညီမှုများ ပြုလုပ်ခဲ့သေး သည်ဟုလည်း သိရသည်။ ရွှေညဝါဆရာတော်သည် လောလောဆယ်အချိန်တွင် သီတင်းသုံးရန်အတွက် ပြင်ဆင်မှုများ မလုပ်ရသေးသည့်အတွက် မှော်ဘီမှ ဒကာများ လှူထားသည့် ခြံထဲတွင်ရှိသော သစ်ပင်တစ်ပင်အောက်တွင် သီတင်းသုံးမည်ဖြစ်ပြီး ဆရာတော်နှင့်အတူ စာသင်သားသံဃာ အပါး ၁၀၀ကိုလည်း ခေါ်ဆောင်သွားမည်ဟုလည်း သိရသည်။ "စာသင်သားသံဃာတွေအကုန်လုံးကို ခေါ်သွားမှာ။ မခေါ်သွားရင်လည်း သူတို့တွေနေဖို့အတွက် အခက်အခဲ ဖြစ်လိမ့်မယ်။ ကျုပ်ကတော့ အမြန်ဆုံး သီတင်းသုံးနိုင်ဖို့အတွက် အဆောက်အဦးကို ချက်ချင်း ပိုက်ဆံပေးပြီး ဆောက်ခိုင်းရမှာပဲ။ ဆောက်နေတဲ့အချိန် လောလောဆယ်မှာတော့ သစ်ပင်အောက်မှာပဲ နေရမယ်"ဟု ၎င်းမှ မိန့်ကြားသည်။ ရွှေညဝါဆရာတော် အရှင်ပညာသီဟအား၂၀၁၁ခုနှစ် ဖေဖော်ဝါရီလထဲတွင် တရားဟောခွင့် တစ်နှစ်ပိတ်ခံထားရ ပြီးနောက် ယင်းနှစ် နိုဝင်ဘာလထဲတွင် တရားဟောခွင့်အား တစ်နှစ်ထပ်မံပိတ်ပင်ခံခဲ့ရသည်ဟုလည်း သတင်းဖော်ပြချက် များအရ သိရသည်။ ATM(yangonchronicle) |
Posted: 17 Feb 2012 07:51 AM PST
|
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment